ကျွန်ုပ်တို့သိသင့်သမျှ
အဆိုတော် ဖာနန်ဒို အော်တီဂါက `ရှိသည့်အတိုင်း ကုသိုလ်မရှိ´ ဟူသည့် ဓမ္မတေး သီဆိုနေစဉ် နာမည်ကျော်သာသနာပြု ဆရာကြီး ဘီလီဂရေဟမ်၏ နောက်ခံစကားပြောသံကိုကြားရ ပါသည်။ ဆရာကြီးက ယခင်က သူသည် ပြင်းထန်စွာ နေမကောင်းဖြစ်ခဲ့ပြီး သူသေတော့မည်ဟုပင် ထင်ခဲ့ ကြောင်း၊ ထိုအချိန်တွင် သူ့ဘဝအသက်တာကို ပြန်ပြောင်းစဉ်းစားရာ သူသည် အပြစ်များသူဖြစ်ပြီး ဘုရားသခင်ထံမှ ခွင့်လွှတ်မှုကို နေ့စဉ်လိုအပ် ကြောင်း သိခဲ့ရသည် ဟုဆိုသည်။
ဘုရားသခင်နှင့် ဝေးကွာနေလည်း ဘဝက အဆင်ပြေပါသည်ဟူသော ခံယူချက်ကို ဆရာကြီး ဘီလီဂရေဟမ် က အဆုံးသတ်လိုက်ခြင်း တည်း။ မိမိကိုယ်ကို အဆင်ပြေသည်ဟု ခံစားရသည်တွင် ကျွန်ုပ်တို့သည် သားကောင်း သမီးကောင်းများ ဖြစ်ခြင်းကြောင့် မဟုတ်ဘဲ (ရော ၇း၁၈) အလွန်အချစ်ခံရသည့် ဘုရားသားသမီးများဖြစ်ခြင်းကြောင့် (ယော ၃း၁၆) ထိုသို့ စိတ်ချမှုရှိခြင်းသာဖြစ်သင့်သည်။
ခရစ်တော်၏…
အတူခံစားရသော ချစ်ခင်ရင်းနှီးမှု
ကျွန်တော့်ဖို့ဒ်ကား တံခါးသော့ပျက်ပြီး ဖွင့်မရသောကြောင့် သော့ပြင်ဆရာခေါ်ပြင်ရာ အံ့ဩဝမ်းသာစရာ အဖြစ်တစ်ခုကို ကျွန်တော် ကြုံတွေ့ခဲ့သည်။ သော့ပြင်ဆရာက ကားတံခါး ပြန်ပြင်ပေးခဲ့ပြီးနောက် သူနှင့်ထွေရာလေးပါး စကားစမြည်ပြောဆိုကြရာ သူ၏နွေးထွေးဖော်ရွေ သော စကားပြောဆိုဟန်ကို ကျွန်တော် ရင်းရင်း နှီးနှီး သတိပြုမိခဲ့သည်။
ကျွန်တော့်ကို ကူညီခဲ့သည့်သော့ပြင် ဆရာသည် ကျွန်တော် မကြာခဏ သွားရောက် လေ့ရှိပြီး ကျွန်တော် နှစ်သက်သဘောကျသော ဂျမေးကား နိုင်ငံမှဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် စိတ်ညစ်စရာအဖြစ်က စိတ်ပျော်စရာ အခြေအနေသို့ ပြောင်းသွားသည်။ ကျွန်တော်တို့နှစ်ဦး၌ ထိုလှပသော ကျွန်းနိုင်ငံလေးကို ချစ်မြတ်နိုးစိတ်ရှိနေပုံ တူသောကြောင့် အတူခံစားရရှိသော ချစ်ခင်ရင်းနှီးမှုရှိသွားသည်။
တစ်စုံတစ်ယောက်နှင့် စတင်ရင်းနှီးခွင့်ရပြီး သူသည် ခရစ်တော်ကို ယုံကြည်သူ ဖြစ်ကြောင်းသိရပါက ယုံကြည်သူချင်း ထိုသို့ခင်မင်ရင်းနှီးခွင့်ရ၍ ဝမ်းမြောက်မှုခံစား ရကြောင်း ထိုအတွေ့အကြုံက ကျွန်တော့်အတွက် သတိပေးချက်ဖြစ်သည်။
ယုံကြည်သူအများအပြားရှိသည့် နေရာ၌ ဤကဲ့သို့သော…
ကျေးဇူးတော်ကြွယ်ဝသည့်နေရာ
အမေရိကန်ပြည်ထောင်စု၊ တန်နက်စီ ပြည်နယ်၊ မန်မ်ဖစ်ဒေသရှိ ကျေးဇူးတော်ကြွယ်ဝ သည့် စံအိမ်ကြီး (The Graceland Mansion) သည် လူအများလာရောက်လည်ပတ်ကြည့်ရှုသည့် နေရာတစ်နေရာဖြစ်သည်။ ၎င်းကို ၁၉၃၀ ပြည့်လွန် နှစ်များတွင် တည်ဆောက်ခဲ့ပြီး မူလပိုင်ရှင်၏ အဒေါ်ဖြစ်သူ ဂရေ့စ်၏အမည်ကို အစွဲပြုကာ မှည့်ခေါ်ထားခြင်းဖြစ်သည်။ သည့်နောက်တွင် ၎င်းသည် ကမ္ဘာကျော်အဆိုတော် အဲလ်ဗစ် ပရက်စလေ ၏ အိမ်အဖြစ် ထင်ရှားခဲ့သည်။
ကျေးဇူးတော် ကြွယ်ဝသည့်နေရာ (Graceland) ဟူသောအမည်ကို ကျွန်တော် နှစ်သက်သည်။ ဘုရားသခင်သည် ကျွန်တော့်အပြစ်ကို ခွင့်လွှတ်ပြီး ကိုယ်တော်နှင့် ဆိုင်သူအဖြစ် ကျွန်တော့်ကို ရွေးနုတ်လျက် ထိုအံ့ဖွယ်နေရာသို့ ပို့ဆောင်ပေးသည်။ ကိုယ်တော်သည် ကျွန်တော့်ကို အပြစ်ဒုစရိုက်အမှောင်ထုမှ ထုတ်ဆောင်ခဲ့ပြီး သူ၏ ကျေးဇူးကရုဏာ ကြွယ်ဝသည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်။
ရှင်ပေါလုက `တစ်ယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့်ကျေးဇူးတော်၏အကျိုးသည် လူများတို့၌…
ခိုလှုံရာမြို့
ဩစတြေးလျနိုင်ငံရှိ မြို့တစ်မြို့သို့ ကျွန်တော်တို့ရောက်ရှိလာစဉ် မြို့အဝင်၌` ခိုလှုံခွင့် ရှာနေသူအားလုံးကို ကျွန်ုပ်တို့မြို့မှ ကြိုဆိုပါ၏´ ဟု ရေးသားထားသော ဆိုင်းဘုတ်က ဆီးကြိုနေ၏။ ထိုသို့ရေးထားပုံက ဓမ္မဟောင်းကျမ်းတွင် ဖော်ပြ ထားသော ခိုလှုံရာမြို့များနှင့် ဆင်တူနေသည်။ ဓမ္မဟောင်းခေတ်တွင် မရည်ရွယ်ဘဲ မတော်တဆ လူသတ်မှုကျူးလွန်မိသူများအား နေထိုင်ခိုလှုံခွင့် ပေးရန်နှင့် အကာအကွယ်ပေးရန် ခိုလှုံရာမြို့များ တည်ဆောက်ခဲ့ကြသည်။ ထိုသို့ မှီခိုရာမြို့များ တည်ဆောက်ရန် ဘုရားသခင်က မိမိလူများကို စေခိုင်းခဲ့သည် (တော ၃၅း၆)။
သို့သော် ထိုအယူအဆက ရှေးခေတ် ဣသရေလလူတို့အတွက် သာမန်ကျင့်ဝတ်မျှသာ မဟုတ်ပါ။ ထိုမှီခိုရာမြို့များသည် လူသားများ အတွက် ဘုရားသခင်၏နှလုံးသားကို ထင်ဟပ် ဖော်ပြခဲ့သည်။ ဘဝ၏ဆုံးရှုံးမှုများ၊ နှလုံးသား နာကျင်ကြေကွဲမှုများနှင့် အရှုံးများ ခံစားရစဉ် ဘုရားသခင် ကိုယ်တော်တိုင်သည် ကျွန်ုပ်တို့ ပြေးဝင်ခိုလှုံရာ ငြိမ်ဝပ်ရာနေရာဖြစ်လိုသည်။ `အကျွန်ုပ်မူကား၊ တန်ခိုးတော်ကို သီချင်း…