ကျွန်ုပ်ကို မမေ့လျော့ပါ
ဘယ်အချိန်မဆို စောင့်ဆိုင်းရသည့် အမှုမှာ ခက်ခဲပါသည်။ နေ့လရက်တို့ ကုန်လွန် သွားသည့်တိုင် ကျွန်ုပ်တို့၏ဆုတောင်းများလည်း အဖြေမရ၊ ဘုရားသခင် ကျွန်ုပ်တို့ကို မေ့လျော့ သွားပြီဟု လွယ်လင့်တကူ ခံစားရတတ်သည်။ နေ့အချိန်ကိုဖြင့် လုပ်စရာများလုပ်ရင်း ရုန်းကန် ကျော်ဖြတ်သွားနိုင်သော်လည်း ညအချိန်၌ပူပန်စရာ အတွေးများနှင့် ရင်ဆိုင်ရသည်မှာ နှစ်ဆခက်သည်။ စိုးရိမ်ပူပန်စရာများ ကြီးမားလှပြီး ညအမှောင် ကလည်း မဆုံးနိုင်တော့ပြီ။ လုံးဝပူပန်နေခြင်းက နေ့သစ်ကို ရင်ဆိုင်ကျော်လွှားရန် မဖြစ်နိုင်ပြီဟု အတွေးဝင်စေသည်။
ဆာလံဆရာလည်း စောင့်ဆိုင်းရင်း ပူပင်စရာများ များလာသည် (ဆာ ၁၃း၁)။ သူ့ ရန်သူများက အထက်စီးမှအနိုင်ရနေသယောင် (း၂)။ ခက်ခဲသည့် အခြေအနေများကို ဖြေရှင်းပေးရန် (သို့) ထပ်တလဲလဲ တောင်းလျှောက်နေသည့် ဆုတောင်းချက်အဖြေရရန် ဘုရားသခင်ကို စောင့်ဆိုင်းနေရစဉ် အလွယ်တကူပင် စိတ်အားလျော့တတ်သည်။
ဘုရားသခင်က ကျွန်ုပ်တို့ကို မေ့လျော့သွားပြီ။ စိုးရိမ်ပူပန်စရာများလည်း ဘယ်တော့မှ ပြောင်းလဲမည်မဟုတ်…