အချစ်ဆိုသည်မှာ
လွန်လေသော နှစ်များစွာက လက်ထပ် ထိမ်းမြားရန် စေ့စပ်ထားသည့် လူရွယ်တစ်ဦးအား “သူ့ကို ချစ်တယ်ဆိုတာ မင်းဘယ်လိုသိလဲ” ဟု
ကျွန်တော်မေးဖူးသည်။ မေးခွန်းက ပြန်၍ဆင်ခြင်
သုံးသပ်စေသောမေးခွန်းမျိုးဖြစ်ပြီး၊ မကြာမီ လက်ထပ်မည့် သူ့စိတ်ရင်းရည်ရွယ်ချက်ကို ပြန်၍
သုံးသပ်နိုင်အောင်မစရန် ရည်ရွယ်ပါသည်။ အချိန်အတန်ကြာမျှ ဆင်ခြင်သုံးသပ်ပြီးမှ “ သူ့ကို
ချစ်တယ်ဆိုတာ ကျွန်တော်သိတယ်။ ဘာဖြစ်လို့လဲ
ဆိုတော့ ကျွန်တော့်တစ်ဘ၀လုံး သူ့ကို ပျော်ရွှင် အောင် လုပ်ပေးရင်းနဲ့ ကုန်လွန်သွားချင်ပါတယ်” ဟု သူက ဖြေသည်။
ထိုစကား၏ဆိုလိုရင်းမှာ မိမိအရေးကို ရှေ့တန်းတင်ခြင်းထက် အခြားသူ၏အရေး/အကျိုးကို မပြတ်ရှာကြံခြင်းဖြစ်ပြီး ၎င်းသည် ကိုယ်ကျိုးမငဲ့ အတ္တမဆန်သောသဘောဖြစ်သည်။ ၎င်းနှင့်တွဲပါလာသည့် ပေးဆပ်ရမည့်အဖိုးအခကို ကျွန်တော်တို့ ဆွေးနွေးဖြစ်ကြသည်။ အချစ်စစ် မေတ္တာမှန်သည် ကိုယ်ကျိုးစွန့်ရမည့် ကိစ္စများစွာနှင့် ဆက်စပ်ပတ်သက်နေသည်။
ထိုအယူအဆက သမ္မာကျမ်းစာ သွန်သင်ချက်နှင့်ထပ်တူဖြစ်သည်။ ကျမ်းစာတွင် ဂရိဘာသာဖြင့် အချစ်/မေတ္တာကိုပြသည့်…
တေးဂီတနှင့် အသံချဲ့စက်
ခရစ္စတိုဖာ လော့ခ်သည် ကြေးတံပိုး ခရာ တူရိယာအဟောင်းများကိုဝယ်ပြီး အိုင်ဖုန်းနှင့် အိုင်ပက်များ၌ တပ်ဆင်သည့် အသံချဲ့စက်များ အဖြစ် အသွင်ပြောင်းယူသည်။ ခရာနှင့် သဏ္ဌာန်တူသည့် သူတီထွင်သော အသံချဲ့ စပီကာကို (၁၈၀၀) ပြည့်နှစ် နောက်ပိုင်းက ကနဦး ဓာတ်ပြားစက်များတွင် စတင်အသုံးပြုခဲ့သည့် တံပိုးခရာပုံစံ အသံချဲ့စက်ပုံစံမျိုး ထုတ်လုပ်ခြင်း ဖြစ်သည်။ ခရစ္စတိုဖာ တီထွင်ထားသည့်ပစ္စည်းကို အသုံးပြုပြီး တေးဂီတနားထောင်ပါက ဒစ်ဂျစ်တယ် စပီကာငယ်လေးများမှ ကြားရသည့် အသံထက် အသံပိုကျယ် ပိုကြည်ပြီး အသံအား ပိုပြည့်သည်။ ဤအသံချဲ့ ကြေးစပီကာ၏စွမ်းဆောင်နိုင်ချက်က လျှပ်စစ်ပါဝါအားမလိုဘဲ လူတို့နားဆင်လိုသည့် တေးဂီတသီချင်းများကို အသံချဲ့ပေးသည်။
ခရစ်တော်အတွက် အသက်ရှင်ရာ၌၊ အခြားသူများအား ခရစ်တော်အကြောင်း ဝေမျှပြောပြရာ၌ ကျွန်ုပ်တို့သည် တေးဂီတသီချင်းမဟုတ်ဘဲ၊ အသံချဲ့စက်သာ ဖြစ်ကြောင်း၊ ကောရိနသုမှခရစ်တော်နောက်လိုက်များအား ရှင်ပေါလုပြောကြားသည့်စကားက ယနေ့ ကျွန်ုပ်တို့အတွက်လည်း သတိပေးချက်ဖြစ်သည်။ “ငါတို့သည် ကိုယ်အကြောင်းကို…
နောက်ယောင်လိုက်ခံရခြင်း
ကျွန်တော့်ကို တစ်စုံတစ်ယောက်က နောက်ယောင်ခံလိုက်နေသည်။ မှောင်နေသည့် စင်္ကြံလမ်း ထောင့်ချိုးလှေကားထစ်အတိုင်း တက်ရန် စိုင်းပြင်းနေစဉ် လူရိပ်တွေ့ရ၍ လန့်ဖျပ် ကာ
ကြက်သေ သေသွားရသည်။ နောက်ထပ် ရက် အတန်ကြာတွင် ထပ်ကြုံရပြန်သည်။ ကော်ဖီဆိုင် တစ်ဆိုင်၏နောက်ဖေးမှ လှည့်ပြန်လာစဉ် ကျွန်တော့်ထံလာနေသည့် လူရိပ်ကြီးတစ်ခုကို မြင်လိုက်ရသည်။ အဖြစ်အပျက် နှစ်ကြိမ်စလုံးတွင် ကိုယ့်အရိပ်နှင့်ကိုယ် ပြန်လန့်နေခြင်းဖြစ်၍ ရှက်ပြုံး နှင့်သာ အဆုံးသတ်သွားသည်။
ပရောဖက် ယေရမိက ကြောက်စရာ အစစ်နှင့် မိမိတွေးပြီးကြောက်နေသည့်အရာက မတူကြောင်း မိန့်ကြားသည်။ ဗာဗုလုန်မင်းကို ကြောက်သဖြင့် ယေရုရှလင်၌နေရမည်လား၊ ၎င်း တို့၏လုံခြုံမှုအလို့ငှာ အဲဂုတ္တုပြည်သို့ ပြန်ရမည်လား၊ ဘုရားအလို မည်သို့ရှိသည်ကို ယုဒလူတို့က ပရောဖက်ကြီးကို မေးမြန်းကြသည် (ယေ ၄၂း၁-၃)။ ယေရမိက ဤပြည်၌
နေပြီး ထာဝရဘုရားသခင်ကို ကိုးစားယုံကြည်ပါလျှင် ဘာမှကြောက်စရာမလိုဟု ပြန်ဖြေ ခဲ့သည် (း၁၀-၁၂)။…
အချည်းနှီး သက်သက်
ဟောင်ဝဒ် လီဗစ် သည် ဒေါ်လာ နှစ်သိန်းတန် ဖဲရရီပြိုင်ကားကို ရေမြုပ်နေသည့် တိုရန်တို အဝေးပြေးလမ်းမ၌ ဆုံးရှုံးခဲ့သည်။ ဗွက်အိုင်ဟုထင်ရသည့်ရေထဲ ကားကို မောင်းချ သွားပြီးမှ ရေပိုနက်ပြီးရေတက်မြန်လာသည်ကို သိလိုက်ရသည်။ ရေက ကားရွှံ့ကာအထိ တက်လာ ပြီး ပါဝါ မြင်းကောင်ရေ (၄၅၀) အား စက်အင်ဂျင်လည်း ထိုးရပ်သွားတော့သည်။ သို့သော် ဟောင်ဝဒ်ကိုယ်တိုင် ကားထဲမှ လွတ် ထွက်ပြီး မြေအမြင့်ပိုင်းသို့ လွတ်မြောက်နိုင်ခဲ့၍ တော်တော့သည်။
ဟောင်ဝဒ်၏ ပြိုင်ကားလေးက “စည်းစိမ်သည် မကောင်းသောအမှုအားဖြင့် ပျောက်ပျက်တတ်ကြောင်း” (ဒေ ၅း၁၄) ရှောလမုန် မင်းကြီး တွေ့ရှိဖော်ပြခဲ့သည့်အချက်ကို သတိပေးသည်။ သဘာဝဘေးဒဏ်၊ သူခိုးဘေး၊ မတော်တဆမှုများက ကျွန်ုပ်တို့အမြတ်နိုးဆုံး ပိုင်ဆိုင်မှုများကို လုယူသွားနိုင်သည်။ ကျွန်ုပ်တို့က ကာကွယ်မှုအစီအမံများ ပြင်ဆင်ထားလည်း ၎င်းတို့ကို ကောင်းကင်နိုင်ငံသို့ မိမိနှင့်အတူ ယူမသွားနိုင်ပါ (း၁၅)။ ရှောလမုန်မင်းကြီးက…
မိသားစုဝင်အသစ်
ခရစ်ယာန် အထက်တန်း ကျောင်းသား သီချင်းအဖွဲ့နှင့် ဂျမေးကားနိုင်ငံသို့ သာသနာပြုခရီး ပြုခဲ့စဉ် ဘုရား၏မေတ္တာတော်ကို ဖော်ကျူးသည့် အဖြစ်တစ်ခုကို လက်တွေ့မြင်ခဲ့ရသည်။ မိဘမဲ့ မသန်စွမ်းကလေးများဂေဟာသို့ ကျွန်တော်တို့ သွား ရောက်သည့်နေ့တွင် ကျွန်တော်တို့ လူငယ်များနှင့် အပြန်အလှန်ရင်းနှီးပြီး ဦးနှောက်နှင့်အာရုံကြော ချို့ယွင်းမှုကြောင့် မသန်စွမ်းဖြစ်သွားသည့် ဒေါနယ် ဆိုသည့်လူငယ်လေးမှာ မွေးစားခံရကြောင်း သိလိုက်ရသည်။
ကျွန်တော်တို့ရှိနေသည့် `ဌာနချုပ်´ အခန်းသို့ မွေးစားသည့်ဇနီးမောင်နှံတို့ ရောက်ရှိ လာရာ သူတို့အား ဒေါနယ်အကြောင်း ပြောပြ ရခြင်းက ၀မ်းသာစရာပါ။ မိဘမဲ့ဂေဟာမှ ဒေါနယ်ကိုထုတ်ပြီး ဒေါနယ်နှင့် သူ့မိဘအသစ် စက်စက်တို့ ထွက်လာစဉ် ကျွန်ုပ်တို့ အခန်းထဲရှိနေ ကြသည်။ မိခင်အသစ်စက်စက်က သူ့သားကို ပွေ့ဖက်ထားပြီး ကျောင်းသားများက သူတို့
သားအမိကို ပတ်လည်ဝိုင်းကာ ချီးမွမ်းသီချင်းများသီဆိုကြသည်။ ၀မ်းမြောက်သော မျက်ရည်များကျရသည်။ ဒေါနယ်၏မျက်နှာကတော့ ရွှင်လန်းတောက်ပနေသည်။
“လူတစ်ဦးကယ်တင်ခြင်းသို့ရောက်တဲ့အခါ ကောင်းကင်ဘုံမှာဖြစ်ပျက်နေမယ့်…
အားလုံးအတူတကွ
ကျွန်တော့်ဇနီး၏ စန္ဒယားနှင့် ကျွန်တော့်ဘင်ဂျို - ဤတူရိယာနှစ်ခုကို အတူ တီးခတ်ရသည်မှာ အဆင်မပြေပါ။ ထို့ကြောင့်လည်း
အတူမတီးခတ်ခဲ့ရသလောက်ပါ။ ထို့နောက် ကျွန်တော့်မွေးနေ့၌ ဂျဲနက်က ဂီတာအသစ်တစ်လုံး လက်ဆောင်ပေးပြီး၊ ကျွန်တော့်ဂီတာအဟောင်း လေးကို သူတီးခတ်ကြည့်လိုကြောင်း စိတ်ဝင်စားမှု ပြလာသည်။ သူမက တော်သောဂီတပညာရှင်ဖြစ်၍၊ မကြာမီမှာပင် ကျွန်တော်တို့ဂီတာများဖြင့် ချီးမွမ်း
သီချင်းများကို အတူတီးခတ်ခဲ့ကြသည်။ “ချီးမွမ်း ခြင်းဖြင့် ချိတ်ဆက်မှုက ကျွန်တော်တို့အိမ်၌ ပြည့်လျှံ
သွားသည်” ဟု ကျွန်တော်တွေးချင်မိသည်။
ဆာလံဆရာသည် ဘုရားသခင်ကို ၀တ်ပြုကိုးကွယ်ခြင်းအကြောင်းစပ်ဆိုရန် နှိုးဆော် ခံရစဉ် ဤသို့အစပြုရေးသားခဲ့သည်။ “မြေကြီးသား အပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြ
လော့။ အသံဗလံကိုပြု၍ ရွှင်လန်းစွာသီချင်းဆိုလျက် ချီးမွမ်းကြလော့” (ဆာ ၉၈း၎)။
စောင်း၊ တံပိုး၊ နှဲခရာ စသည့်တူရိယာများ တီးမှုတ်တီးခတ်ကာ ဘုရားသခင်အား ရွှင်လန်းစွာ
သီချင်းဆိုရန် ကျွန်ုပ်တို့ကို…
ပထမဆုံး တုံ့ပြန်မှု
ကျွန်မခင်ပွန်း တွမ် ကို အရေးပေါ်ခွဲစိတ် ရန် ဆေးရုံသို့ခေါ်ဆောင်သွားစဉ် မိသားစုများထံ ကျွန်မ ဖုန်းခေါ်လိုက်သည်။ ကျွန်မအမနှင့် သူ့ ခင်ပွန်းက ကျွန်မနှင့် အဖော်နေပေးရန် ချက်ချင်း ရောက်လာသည်။ ကျွန်မတို့စောင့်စားနေချိန်၌ အတူ
ဆုတောင်းကြသည်။ တွမ်၏ညီမက သောကရောက် နေသည့် ကျွန်မစကားသံများကို ဖုန်းမှတစ်ဆင့် နားထောင်ပေးပြီး “စင်ဒီ၊ နင်နဲ့ငါနဲ့အတူ ဆုတောင်း ရအောင်” ဟု ပြောလိုက်သည်။ ကျွန်မ၏သင်းအုပ်
ဆရာနှင့်ဆရာကတော်တို့ ရောက်လာသောအခါ ဆရာကလည်း ကျွန်မတို့အတွက် ဆုတောင်းပေး ပြန်သည် (ယာ ၅း၁၃-၁၆)။
ဆရာကြီး အော့စ်ဝဲလ် ချိန်းဘားစ် က “ကျွန်ုပ်တို့သည် နောက်ဆုံးမှ ဆုတောင်းတတ်ကြ သည်။ သို့သော် ဘုရားသခင်က ပထမဆုံးခံစစ် အဖြစ် ဆုတောင်းခြင်းအမှုပြုရန် အလိုရှိသည်။ ဘာမှမလုပ်နိုင်၊ မလုပ်တတ်တော့မှ ကျွန်ုပ်တို့ ဆုတောင်းတတ်ကြသည်။ သို့သော် ကျွန်ုပ်တို့…
ကျွန်းငယ်သေးသေးလေး
စင်္ကာပူနိုင်ငံသည် သေးငယ်သောကျွန်း
ဖြစ်သည်။ ကမ္ဘာ့မြေပုံပေါ်၌ မတွေ့နိုင်လောက် အောင် သေးငယ်သည်။ (စင်္ကာပူနိုင်ငံ ဘယ်မှာ ရှိသည်ကို မသိလျှင် အစမ်းရှာကြည့်ပါ။) လူဦးရေ အလွန်ထူထပ်ခြင်းကြောင့် အခြားသူအတွက် စဉ်းစားပေးရခြင်းက အလွန်အရေးကြီးသည်။ အမျိုးသားတစ်ဦးသည် သူနှင့်စေ့စပ်ထားသည့် အမျိုးသမီး စင်္ကာပူသို့ ပထမဆုံးအကြိမ် လာရောက်
မည်ဖြစ်၍ ဤသို့ စာရေးသားခဲ့သည်။ “နေရာ အကျယ်အ၀န်းက အကန့်အသတ်ရှိတယ်။ ဒါကြောင့် ... ကိုယ့်အနားကနေရာကို အမြဲ သတိထား
ရမယ်။ အခြားသူတွေကို လမ်းမပိတ်မိဖို့ အမြဲ ဘေးဖယ်ရပ်ပေးရမယ်။ စာနာထောက်ထားစိတ် ရှိဖို့က အဓိကပါပဲ။”
နုငယ်သောသင်းအုပ် တိတုထံ “လူတို့သည် ... မင်း၏စကားကို နားထောင် စေခြင်းငှာ၎င်း၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြု၍ အသင့်ဖြစ်စေခြင်းငှာ၎င်း၊ အဘယ်သူ
ကိုမျှမကဲ့ရဲ့၊ ရန်တွေ့ခြင်းကိုမပြု၊ ဖြည်းညှင်းသောသဘောရှိ၍ ခပ်သိမ်းသောသူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာ ပြုစေခြင်းငှာ သတိပေးလော့” (တိ…
ဗီရိုရှင်းပါ
ကျွန်တော့်အခန်းကို သွားရှင်းရန် ပြောသည့် အမေ့စကားသံကို ယနေ့ထိတိုင် ကျွန်တော် ကြားယောင်ဆဲ ဖြစ်သည်။ နားထောင် ရမည့် တာဝန်ရှိသည့်အတိုင်း ကျွန်တော့်အခန်းသို့ သွားပြီး စတင်ရှင်းလင်းသော်လည်း စားပွဲပေါ်၌ သေသပ်စွာစီရမည့် ကာတွန်းစာအုပ်ကိုဖတ်ရင်း အာရုံလွဲသွားသည်။ သို့သော် ငါးမိနစ်အတွင်း အမေ
လာစစ်မည်ဟု သတိပေးသံကြောင့် ကာတွန်း ဖတ်နေခြင်းကို အဆက်ပြတ်သွားစေသည်။ အချိန် ငါးမိနစ်အတွင်း အခန်းကို သေသပ်စွာ မရှင်းနိုင် သဖြင့် ပစ္စည်းအားလုံးကို ဗီရိုထဲပစ်ထည့်ပြီး အိပ်ရာ
ခုတင်ကို ရှင်းလင်းခင်းကျင်းကာ အမေ၀င်လာမည့် အချိန်ကို အသင့်စောင့်နေလိုက်သည်။ ဗီရိုထဲ အမေ မကြည့်ပါစေနှင့်ဟုလည်း စိတ်ထဲမှာ ဆုတောင်းမျှော်လင့်မိနေခဲ့သည်။
ကျွန်ုပ်တို့၏ ဘ၀အသက်တာများကိုလည်း ကျွန်ုပ်တို့ ထိုသို့ပြုမူတတ်ကြောင်း ထိုအဖြစ်က သတိပေးလာသည်။ အသက်တာ၏အပြင်ပန်းသဏ္ဌာန်ကို ကျွန်ုပ်တို့ ရှင်းလင်း ထားပြီး၊ မိမိအပြစ်ဒုစရိုက်အတွက် အကြောင်းပြဆင်ခြေပေးမှု၊ မိမိအမှားအတွက် အခြားသူကို အပြစ်တင်မှု…
အကျွန်ုပ်ကိုနားလည်သိကျွမ်းသူ
ကျွန်တော့်မိတ်ဆွေ၏ခင်ပွန်းမှာ ရောဂါ ကြောင့် ဦးနှောက်ထိခိုက်ပြီး စိတ်ဖောက်ပြန်သည့် နောက်ဆုံးအဆင့်၌ ရှိနေသည်။ သူ့ကို ကြည့်ရှုပြုစု
မည့် သူနာပြုဆရာမနှင့်ပထမဆုံး တွေ့ဆုံချိန်တွင် သူက ဆရာမ၏လက်မောင်းကို လှမ်းကိုင်ပြီး မသွားရန် တားလိုက်သည်။ ထို့နောက် ဆရာမအား သူ့ကိုအလွန်ချစ်သည့် သူ၏အကောင်းဆုံး မိတ်ဆွေ
နှင့်မိတ်ဆက်ပေးလိုကြောင်း ပြောသည်။
လူနာခန်းထဲ၌ အခြားမည်သူမျှမရှိ သဖြင့် ဆရာမက လူနာကယောင်ကတမ်း ဖြစ်နေ သည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် လူနာက သူ့ကို
ယေရှုအကြောင်း ပြောပြခြင်းဖြစ်နေသည်။ ဆရာမလေး စိတ်ထိခိုက်သွားသော်လည်း အခြား လူနာတစ်ဦးကိုလည်း ပြုစုရမည်ဖြစ်၍ လုပ်ဆောင် စရာများကို ခပ်သွက်သွက်လုပ်ပြီး ထွက်သွားသည်။ သူနောက်တစ်ကြိမ်ပြန်လှည့်လာသောအချိန်၌ လူနာမှာ ရောဂါပြန်ဝင်နေ၍ ရှင်းလင်း နားလည်လွယ်သောစကားများ မပြောတော့ချေ။
ထိုလူနာက စိတ်ဖောက်ပြန်မှုအမှောင်ထုသို့ ရောက်နေခဲ့သော်လည်း ထာဝရ
ဘုရားကို သူ၏အကောင်းဆုံးမိတ်ဆွေအဖြစ် သူသိသည်။ နားမလည်နိုင်အောင်…