နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်း (ယခင် “ အာရ်ဘီစီ သာသနာလုပ်ငန်း” )၏သမိုင်းကြောင်းတစ်လျှောက်တွင် နိုင်ငံအသီးသီးရှိ လူအပေါင်း တို့သည် ခရစ်တော်ကို ကိုယ်ပိုင်ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံပြီး ခရစ်တော်၌ ကြီးပွား ရင့်ကျက်သူများဖြစ်လာစေရေး ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်ကြားပေးလျက်ရှိပါသည်။
 
ဘာသာပြန်ခြင်း၊ တည်းဖြတ်ခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်း စသည့်လုပ်ငန်းများတွင် ကူညီပေးသည့် ခရစ်ယာန်မိတ်ဆွေများ၏ ပံ့ပိုးမှုဖြင့် ၁၉၉၀ ခုနှစ် ဝန်းကျင်၌ မြန်မာနိုင်ငံတွင် နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်း စတင်ခဲ့ပါသည်။ နောက်ပိုင်းတွင် ဝင်ရောက်လာသည့် ဝန်ထမ်းများအားဖြင့် အမှုတော်လုပ်ငန်း ကျယ်ပြန့်လာပြီး လက်ရှိတွင် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သောအဖွဲ့ဝင်ဖြစ်လာပါသည်။
 
ယနေ့တွင် “ နေ့စဉ်ခွန်အား” စာအုပ်ကို အင်္ဂလိပ်၊ မြန်မာဘာသာ (သုံးလတစ်ကြိမ်)၊ ကရင်ဘာသာ(တစ်နှစ်စာ)စသည်တို့ကို ထုတ်ဝေဖြန့်ချိလျက်ရှိပြီး၊ ကချင်၊ ဖလမ်းချင်း၊ လိုင်ချင်း၊ စီးယင်းချင်း၊ မီဇိုချင်း၊ တီးတိန်ချင်း ဘာသာများဖြင့်လည်း သက်ဆိုင်ရာ အဖွဲ့ချုပ်နှင့် အသင်းတော်များမှ တာဝန်ယူစီမံလုပ်ဆောင်မှုများဖြင့် ထုတ်ဝေလျက်ရှိပါသည်။
 
“ နေ့စဉ်ခွန်အား” ဝတ်ပြုကိုးကွယ်ခြင်းစာအုပ်အပြင် လေ့လာမှတ်သားဖွယ်စာစဥ်(Discovery Series), နှုတ်ကပတ်တော်သမ္မာကျမ်းစာအတွင်း စွန့်စားဖြတ်သန်းခြင်း၊ နှင့် ခရစ်ယာန်များအတွက် ယုံကြည်ခြင်း လမ်းခရီး အထောက်အကူပြု အခြားသော စာအုပ်စာပေများကိုလည်း ထုတ်ဝေဖြန့်ချိပါသည်။ စာဖတ်သူများအနေဖြင့် ဝက်ဆိုက်မှလည်း နေ့စဉ်ခွန်အား ကို ဝင်ရောက်ဖတ်ရှုနိုင်သည်။ အသံလွှင့်ချက်များကိုလည်း နားဆင်နိုင်ပါသည်။
 
ကျွန်ုပ်တို့၏ရည်မှန်းချက်ပေါက်ရောက်စေရေး နည်းလမ်းပေါင်းစုံဖြင့် ရနိုင်သမျှမီဒီယာ ပေါင်းစုံကို အသုံးပြုလျက် လုပ်ဆောင်လျက်ရှိကြောင်း ဤဝက်ဘ်ဆိုဒ်၏စာမျက်နှာများ၌ မြင်ရပါမည်။
 
ကျွန်ုပ်တို့လုပ်ဆောင်သောနည်းလမ်းစုံလင်သကဲ့သို့ ကျွန်ုပ်တို့၏ပရိသတ်များ မှာလည်း လူအမျိုးမျိုးပါဝင်သည်။ သင်းအုပ်ဆရာ၊ အကြံပေးပညာရှင်များ၊ သာမန်အရပ်သား စသည်ဖြင့် လူအသီးသီးမှတဆင့်၊ အကျဉ်းထောင်၊ ကျောင်း၊ စီးပွားရေးလုပ်ငန်းစသည့် အဖွဲ့ အစည်းများမှတဆင့် မိသားစု၊ မိတ်ဆွေနှင့်အသင်းတော်များကို ဆက်သွယ်ထိတွေ့လုပ် ဆောင်နေပါသည်။ ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့ ဆက်သွယ်ထိတွေ့လိုက်သောသူများသည် သခင်ယေရှု၏ အမိန့်တော်နှင့်အညီ ဧဝံဂေလိသတင်းကောင်းဖြန့်ဝေရန် စွမ်းရည်အလင်းရှိသူများဟု မှတ်ယူပါသည်။
 
ဒေါက်တာ အမ်. အာရ်. ဒီဟန်းမှ အာရ်ဘီစီ သာသနာလုပ်ငန်းကြီးကို စတင်ခဲ့သည့်အချိန်မှစ၍ ဘုရားသခင်သည် တိုင်းတာမရနိုင်လောက်အောင် ကောင်းကြီးပေးခဲ့ ပါသည်။ ဒေါက်တာ အမ်. အာရ်. ဒီဟန်း ချမှတ်ခဲ့သည့် မူလအခြေခံရည်မှန်းချက်များအတိုင်း တည်ကြည်စွာ၊ သစ္စာာရှိစွာ ဆက်ကပ်အပ်နှံလုပ်ဆောင်သူများပါဝင်သည့်သာသနာပြုလုပ်ငန်းမှာ ကျယ်ပြန့်တိုးပွားအောင်  မြင်ခဲ့သည်။ ကျွန်ုပ်တို့၏အမှုတော်လုပ်ငန်းသည် စာဖတ်သူမိတ်ဆွေများ၏ ထောက်ပံ့ပေးလှူမှုဖြင့် ရပ်တည်နေပါသည်။
 
သင့်ကိုကြိုဆိုလျက် ကျွန်ုပ်တို့နှင့် ဆက်သွယ်ပါရန်လည်း တိုက်တွန်းလိုပါသည်။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းမှ သင်အသုံးချနိုင်မည့်အရာဘာရှိမလဲ မေးမြန်းစုံစမ်းနိုင်ပါသည်။ သိလိုသမျှ မေးမြန်းနိုင်ပါသည်။ ဝေဖန်သုံးသပ်မှုများကိုလည်း လက်ခံပါသည်။ မည်သည့်ကိစ္စဖြစ်စေ သင့်ဖက်မှတုံ့ပြန်ဆက်သွယ်လာမှုကို လက်ခံရရှိလိုပါသည်။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းကို စိတ်ဝင်စားသောကြောင့် ကျေးဇူးတင်ပါသည်။