ဖခင်အတွက် အကြံပြုချက်များ

ဖန်တီးထားသောဇာတ်လမ်းကို
ကဗျာဆန်ဆန် (သို့) ဝတ္ထုဆန်ဆန် ဖတ်ပြခြင်းဖြင့်
ဇာတ်လမ်းကိုပိုမိုနားလည်သဘောပေါက်စေသည်။

ပထမဦးဆုံးမိသားစု

တစ်ဆင့်ချင်းစီ ဖန်ဆင်းခြင်း

ကမ္ဘာဦးကျမ်း ၁:၂-၂၁

အစအဦး၌ မြေကြီးသည် အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လဟာဖြစ်ပြီး အလင်းရောင်မရှိပေ။ ပထမနေ့တွင် ဘုရားသခင်က “အလင်းဖြစ်စေ” ဟု မိန့်တော်မူရာ၊ အလင်းသည် တောက်ပလာပြီး၊ မှောင်မိုက်သည် ကွယ်ပျောက်သွားသည်။ အစအဦး၌ မြေကြီးသည် လွတ်လပ်လဟာဖြစ်သော်လည်း၊ ယခုအခါ အလင်းရှိလာခဲ့သည်။ ဒုတိယနေ့တွင် ဘုရားသခင်က “မိုးမျက်နှာကြက်သည် ရေနှင့်ရေချင်းကို ပိုင်းခြားစေ” ဟု မိန့်တော်မူ၏။ တိမ်များ မိုးမျက်နှာကြက်ပေါ်မှာ ဖြစ်ပေါ်လာပြီး၊ မိုးမျက်နှာကြက်အောက်၌ ရေများ စီးဆင်းလာသည်။

အစအဦး၌ မြေကြီးသည် လွတ်လပ်လဟာဖြစ်သော်လည်း၊ ယခုအခါ အလင်းနှင့် တိမ်များရှိလာသည်။ သုံးရက်မြောက်သောနေ့၌ ဘုရားသခင်သည် မြေကြီးနှင့်ပင်လယ်ကို ဖန်ဆင်းခြင်းဖြင့် အဘယ်မျှလောက် အလုပ်များသောနေ့ဖြစ်ခဲ့ပါသနည်း။ ထို့နောက် အပင်များ၊ အသီးအနှံများနှင့် သစ်ပင်များကို ဖန်ဆင်းတော်မူ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။

အစအဦး၌ လွတ်လပ်လဟာဖြစ်နေသော ကမ္ဘာမြေကြီးသည် အလင်း၊ တိမ်များ၊ ပင်လယ်နှင့် အပင်များရှိသော ကုန်းမြေဖြစ်လာခဲ့သည်။ လေးရက်မြောက်သောနေ့၌ ဘုရားသခင်သည် နေ၊ လနှင့် ကြယ်များဖြစ်စေဟု မိန့်တော်မူ၏။ ထိုအလင်းအိမ်များသည် ရာသီ၊ နေ့ရက်၊ နှစ်ကာလများအတွက် အမှတ်လက္ခဏာဖြစ်စေသည်။ ၎င်းတို့သည် မြေကြီးကို နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်းရာသီတို့ကို ဖြစ်ပေါ်စေသည်။

ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။

အစအဦး၌ လွတ်လပ်လဟာဖြစ်နေသော ကမ္ဘာမြေကြီးသည် အလင်း၊ တိမ်များ၊ ပင်လယ်၊ ကုန်းမြေနှင့် ကြယ်များ ရှိလာခဲ့သည်။ ပဥ္စမနေ့တွင် ဘုရားသခင်သည် ရေနေတိရစ္ဆာန်များနှင့် ငှက်များကို ဖန်ဆင်းခဲ့သည်။

ပင်လယ်ကိုကြည့်လိုက်ပါဦး။ အရောင်အသွေးစုံလင်တဲ့ငါးတွေနှင့် အံ့သြဖွယ်ပင်လယ်သတ္တဝါများကို တွေ့ပါလိမ့်မယ်။ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင်လည်း အရွယ်အစားမျိုးစုံရှိသောငှက်များကို တွေ့မြင်ပါလိမ့်မယ်။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။

အစအဦး၌ လွတ်လပ်လဟာဖြစ်နေသော ကမ္ဘာမြေကြီးသည် အလင်း၊ တိမ်များ၊ ပင်လယ်၊ ကုန်းမြေ၊ ကြယ်များ၊ ငါးများနှင့် ငှက်များရှိလာခဲ့သည်။ ဆဋ္ဌမနေ့တွင် ဘုရားသခင်သည် တိရစ္ဆာန်များနှင့် လူကို ဖန်ဆင်းခဲ့သည်။

 

မတူညီသော တိရိစ္ဆာန်များ၏အသံများကို နားထောင်ကြည့်ပါ။ အဦးဆုံးသောလူယောက်ျားနှင့် မိန်းမတို့၏ အသံကိုလည်း နားထောင်ကြည့်ပါ။

ဘုရားသခင်သည် သူဖန်ဆင်းခဲ့သော အမှုအရာအားလုံးကောင်းသည်ကို မြင်လေ၏။

 

 

စာမူအသစ်သို့