ဖခင်အတွက် အကြံပြုချက်များ
သင်သည်လက်မှုပညာဖြင့်
ကိုးကွယ်ခြင်းကို အစပြုချင်ပေလိမ့်မည်
(ဥပမာ - ရွံ့စေးကို သုံး၍ လူပုံစံပြုလုပ်ပါ)။
ပထမဦးဆုံးမိသားစု
ရည်ရွယ်ချက်ရှိရှိ ဖန်ဆင်းထားခြင်း
ကမ္ဘာဦးကျမ်း ၁:၂၇-၂:၇, ၂၁-၂၂
ဘုရားသခင်သည် အလင်း၊ ကောင်းကင်နှင့် ပင်လယ်၊ နေနှင့် လ၊ ငှက်များနှင့် ငါးများကို ပထမငါးရက်အတွင်း ဖန်ဆင်းသောအခါ၊ ကိုယ်တော်သည် ရိုးရှင်းစွာဖြင့် ဖြစ်စေဟုသာမိန့်တော်မူခဲ့ပြီး ဖြစ်လည်းဖြစ်ခဲ့သည်။သို့သော်၊ ဆဌမနေ့ရက်၌ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းသောအခါ၊ ကွဲပြားစွာ ဖန်ဆင်းခဲ့ပုံကို ယခု နားထောင်ကြည့်ကြပါစို့။
ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်းခြင်းဖြင့် လူသည် သက်ရှိသတ္တဝါ ဖြစ်လာ၏။ လူကို ဘုရားပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းထားသည့်အတွက် ကောင်းတာကို
သိနိုင်ပြီး မိမိကိုယ်ကို တိုးတက်အောင်ဆောင်ရွက်နိုင်သောကြောင့် မြေကြီးပေါ်ရှိတိရစ္ဆာန်များ၊ ပင်လယ်ရှိ ငါးများနှင့် ကောင်းကင်ရှိငှက်များကို အုပ်စိုးနိုင်လိမ့်မည်။
ဘုရားသခင်၏ပုံသဏ္ဌာန်ကို ထင်ဟပ်စေရန်နှင့် ဆက်နွယ်မှုရှိစေရန်၊ ကိုယ်တော်၏ပုံသဏ္ဌာန်အတိုင်း လူကို ဖန်ဆင်းခဲ့သည်။
တိရစ္ဆာန်များကို လူရှေ့သို့ ခေါ်ဆောင်လာခဲ့သော်လည်း၊အထောက်အမပြုနိုင်မည့်သူကို မတွေ့ရှိခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်သည် လူကို အိပ်မောကျစေတော်မူ၍၊ ယောက်ျားသည် အိပ်ပျော်နေစဉ် ဘုရားသခင်သည် သူ၏နံရိုးတစ်ချောင်းကို ထုတ်ယူပြီးလျှင် မိန်းမကို ဖန်ဆင်းခဲ့သည်။ ထို့နောက် ကိုယ်တော်သည် သူတို့ကို ကောင်းချီးပေးကာ၊ မြေကြီးကို အုပ်စိုးစေပြီး များပြားစွာ မွေးဘွားကြလော့ဟု မိန့်တော်မူခဲ့သည်။
ဘုရားသခင်သည် မြေကြီး၊ ပင်လယ်နှင့် ကောင်းကင်ပေါ်ရှိ တိရစ္ဆာန်များကို အုပ်စိုးစေရန် ကျွန်ုပ်တို့အား ထူးတာဝန်ပေးထားသည်။
ဘုရားသခင်က ကျွန်ုပ်တို့ ဤကမ္ဘာလောကကြီးကို ကြည့်ရှုစောင့်ရှောက်စေခြင်းငှာ အလိုရှိ၏။
<<<စာမူအဟောင်းသို့ | စာမူအသစ်သို့>>>