ဖခင်အတွက် အကြံပြုချက်များ
သင့်မိသားစုနှင့်အတူ ဂိမ်းတစ်ခုကစားပါ။
ကစားသမားများသည် “ဖေဖေက ပြောတယ်” ဟူသောစကားလုံးဖြင့်
ပြောသည့်အမိန့်အားလုံးကို လိုက်နာရမည်။
ဥပမာအားဖြင့် “ဖေဖေက သင်၏နှာခေါင်းကို ထိပါလို့ပြောတယ်” ဆိုရင်
ကစားသမားများက သူတို့၏နှာခေါင်းကို ထိရမည်။
သို့သော် “ ဖေဖေက ပြောတယ်” ဆိုသောစကားလုံးကို ထည့်မပြောဘဲ
“ခုန်ပါ” လို့သာပြောလျှင် ကစားသမားများက မခုန်ရပါ။
အကယ်လို့ ခုန်မိလျှင် ၎င်းကစားသမားသည်
နောက်ပွဲမစခင်ထိ ပါဝင်ခွင့်မရှိတော့ပါ။
ပထမဦးဆုံးမိသားစု
နာခံခြင်းဖြင့် ကောင်းချီးများခံစားရခြင်း
ကမ္ဘာဦးကျမ်း ၇:၁-၉:၁၇
ဘုရားသခင်သည် လူသားများ ဆိုးညစ်သောလူများ ဖြစ်လာသည်ကို မြင်သောအခါ စိတ်ပျက်ခဲ့သည်။ ဖြောင့်မတ်သောနောဧအားဖြင့် လူသားမျိုးနွယ်ကို ပြန်လည်စတင်လိုသောကြောင့် နောဧအား သင်္ဘောကြီးကို တည်ဆောက်ဖို့ ပြောသောအခါ၊ နောဧသည် ဘုရားသခင်စကား နာခံခဲ့သည်။
ထာဝရဘုရားက စင်ကြယ်သော တိရစ္ဆာန်အထီးအမ ခုနစ်စုံစီ၊ မစင်ကြယ်သော တိရစ္ဆာန်အထီးအမတစ်စုံစီနှင့် မိုးကောင်းကင်ငှက်မျိုးစုံ
အထီးအမ ခုနစ်စုံစီတို့ကို ယူဆောင်ရန် မှာထားတော်မူ၏။ ဤသည်မှာ မြေကြီးတစ်ပြင်လုံးရှိ တိရစ္ဆာန်များမျိုးဆက်မပြတ်စေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သောကြောင့် နောဧသည် ဘုရားသခင်စကား နာခံလေ၏။
ဘုရားသခင်က နောဧတို့မိသားစုများကိုပါ သင်္ဘောထဲကို ဝင်ခိုင်းခဲ့ပြီး ကိုယ်တော်က “အကြောင်းမူကား နောက်ခုနစ်ရက်ပြည့်လျှင် ငါသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်တွင်မိုးရွာစေ၍ ငါဖန်ဆင်းသောသတ္တဝါအပေါင်းတို့ကို မြေပြင်ပေါ်မှ ငါသုတ်သင်ပယ်ရှင်းမည်” ဟု မိန့်တော်မူသောအခါ၊ နောဧသည် ဘုရားသခင်စကား နာခံလေ၏။
ရက်ပေါင်း ၄၀ ကြာ မိုးဆက်တိုက်ရွာပြီး ရေလွှမ်းမိုးမှုသည် မြင့်ပြီးရင်း မြင့်တက်လာခဲ့သည်။ မြေကြီးပေါ်ရှိ တောင်များအားလုံးသည်ပင် ရေဖုံးလွှမ်းခဲ့ပြီး ရက်ပေါင်း ၁၅၀ ကြာအောင် ကမ္ဘာကြီး ရေလွှမ်းမိုးခဲ့သည်။
သို့သော် ဘုရားသခင်သည် နောဧနှင့် သူ၏မိသားစုကို အောက်မေ့ခဲ့သည်။ ဘုရားသခင်သည် လေတိုက်စေပြီး ရေကို လျော့ကျစေခဲ့သော်လည်း ဘုရားသခင်က “သင့်မိသားစုနှင့် တိရိစ္ဆာန်များကို သင်္ဘောထဲမှ ထွက်လာလော့” ဟု မပြောသရွေ့ ၃၇၅ ရက်တိုင်တိုင် နောဧသည် သင်္ဘောထဲမှ မထွက်လာဘဲ ဘုရားသခင်စကားကို နာခံလေ၏။
နောဧသည် သင်္ဘောမှထွက်လာပြီးနောက် ကိုယ်တော်၏ကာကွယ်စောင့်ရှောက်မှုအတွက် ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းရန် ယဇ်ပလ္လင်တစ်ခုကို တည်ဆောက်ခဲ့သည်။
ဘုရားသခင်သည် နှစ်သက်တော်မူသဖြင့်၊ နောဧနှင့် သူ၏သားများကို ကောင်းချီးပေးတော်မူ၏။ ထို့နောက် နောဧအား မြေကြီးကို နောက်တစ်ဖန်မည်သည့်အခါမျှ ရေလွှမ်းမိုးဖျက်ဆီးတော့မည်မဟုတ်ဟု ကတိပြုခဲ့သည်။ ကိုယ်တော်သည် နောဧနှင့် နောက်မျိုးဆက်များနှင့်ပြုသောပဋိညာဉ်ကို
အောက်မေ့ရန် မိုးကောင်းကင်၌ သက်တံကို ထားတော်မူ၏။
နောဧသည် နာခံပြီး ဘုရားသခင်သည် သူနှင့်သူ၏မိသားစုကို ကောင်းချီးပေးခဲ့သည်။
နာခံခြင်းသည် ကောင်းချီးများကို ယူဆောင်ပေးသည်။
<<<စာမူအဟောင်းသို့ | စာမူအသစ်သို့>>>
