ဖေဖော်ဝါရီလခေါင်းစဥ် | နှိမ့်ချခြင်း

ကျွန်မကိုယ်ကျွန်မ ပထမတန်းစား စာရေးဆရာဟု ကျွန်မထင်ပါသည်။ အခြေခံပညာကျောင်းသူဘဝက ရခဲ့သည့် စာပေအရေးအသား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကအခန်းနံရံထက်၌ အစီအရီရှိနေပြီး ကျွန်မကို ဂုဏ်ယူစေရုံမက မာန်လည်း တက်စေခဲ့သည်။

ထို့နောက် ကောလိပ်ကျောင်းတွင်လည်း စာရေးသားခြင်းအတန်း၌ ပထမဦးဆုံး ဖြေဆိုရသည့်စာမေးပွဲ၏ အောင်မှတ်များသည် ပျမ်းမျှသာဖြစ်ပြီး အောင်မြင်မှုအမှတ် ‘C’ သာရခဲ့သည်။ အမှတ်အဆင့် ‘C’ များစွာ ရခြင်းက အမှားအယွင်းသာ ဖြစ်မည်။ သို့နှင့် ဆောင်းဝင်ချိန် စာသင်နှစ် ပထမပိုင်းအကုန်တွင် ‘ကျရှုံး’ ဟူသည့် အမှတ် ‘F’ ကို ရရှိခဲ့သည်။

မျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့် မျက်ရည်ကိုထိန်းရင်း ကြေကွဲနေပြီး အဆင်ပြေသည့်ပုံပေါက်အောင် ဟန်မပျက်ထိုင်နေရန် ကြိုးစားရင်း စိတ်ထဲ၌ နာကျင်မှု၊ မယုံကြည်မှုများနှင့် အော်ဟစ်မိသည်။ ကျွန်မတို့၏ထောင်လွှားစိတ်က ထိုသို့အဆိပ်တက်စေပါသည်။ သုတ္တံကျမ်း ၁၁:၂ တွင် “မာနထောင်လွှားသောအခါ အရှက်ကွဲခြင်းဖြစ်တတ်၏”ဟု ဆိုထားသည်။

“ငါ ကျတယ်တဲ့လား” ဟုတွေးကာ ကျွန်မ၏စိတ် ချာချာလည်နေသည်။ ပါမောက္ခ ဆရာမကြီးက “အရေးအသားကောင်းသော်လည်း အချက်အလက်များ မှားယွင်းနေသည်” ဟုမှတ်ချက်ပေးခဲ့သည်။ သတင်းရေးသားခြင်းအတန်းဖြစ်၍ ကျပြီးသားဖြစ်သွားသည်။

ကိုယ့်အမှားကို တွေ့ခဲ့ရ၍ အတန်းပြီးချိန်တွင် ကျွန်မအမှားကို ထောက်ပြခြင်းအတွက် ကျေးဇူးတင်ကြောင်း ဆရာမကြီးကို ပြောခဲ့သည်။ နောက်တစ်နေ့တွင် အခြားဆရာတစ်ဦးကို သွားတွေ့ပြီး၊ ကျွန်မ၏အားနည်းချက်များကို စစ်ပေးရန်တောင်းဆိုခဲ့သည်။ ဆရာကြီးရှေ့၌ ငြိမ်သက်စွာထိုင်ရင်း ဆရာကြီးက ‘ပိုကောင်းသော’ စာတမ်းများပြပေးခဲ့သည်။

တိုးလျိုးတောင်းပန်ခြင်းသည် စိတ်နှိမ့်ချခြင်းကို ရှာဖွေတွေ့ရှိစေသောအရာဖြစ်ပြီး၊ တန်ဖိုးမဖြတ်နိုင်သည့် ပညာဆုကျေးဇူးကို ရရှိစေသည် (သု ၁၁:၂)။ နှိမ့်ချခြင်းကို ရှာဖွေခြင်းက မိမိကိုယ်ကို နှိမ့်ကျစေခြင်း မဟုတ်ဘဲ ၎င်းသည် တစ်ဘက်သားကို ဦးစားပေးခြင်းဖြစ်ကြောင်း သိနားလည်စေသည်။ “ဘုရားသခင်ရှေ့တော်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့။ သို့ပြုလျှင် သင်တို့ကို ချီးမြှောက်တော်မူလိမ့်မည်” (ယာ ၄:၁၀) ဟု ရှင်ယာကုပ်သွန်သင်ထားသည်။

ဤသို့ ချိန်ညှိပြုပြင်မှုကြောင့် ဘာဆုံးရှုံးစရာရှိသနည်း။ နှိမ့်ချခြင်းဖြင့် ဆုံးရှုံးမှု မရှိသည့် အပြင် စင်စစ် အမြတ်ချည်းသာရှိသည်။ မိမိအားနည်းချက်ကို သိပြီး အကူအညီရယူခြင်းဖြင့် မကြာမီ ကျွန်မသည် အမှတ်ကောင်း ‘A’ များရရှိခဲ့ပြီး၊ နှိမ့်ချခြင်း၌ ပညာတည်ရှိနေကြောင်း တစ်သက်တာ တန်ဖိုးမဖြတ်နိုင်သည့် သင်ခန်းစာရရှိခဲ့သည်။

Patricia Raybon ၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်