ဧပြီလခေါင်းစဥ် | လူမှုအသိုက်အဝန်း

လူ့အသိုင်းအဝန်း၌ အချင်းချင်း နှိမ့်ချခြင်း၊ ခွင့်လွှတ်ခြင်း၊ ချစ်ခြင်းနှလုံးသားများရှိရန် ဘုရားရှင် ကျွန်ုပ်တို့ကို စေခိုင်းခန့်အပ်သည် (ဧ ၄:၃၃၊ ၅:၂၁၊ ၁ ပေ ၅:၅)။ ခရစ်တော်၏ခန္ဓာ အစိတ်အပိုင်း ဖြစ်ခြင်းသည် “မိမိတစ်ဖို့အတွက်” မဟုတ်ဘဲ၊ “အချင်းချင်းအတွက်” ဖြစ်သည်။

အတူတကွ အစေခံပါ။ “မေတ္တာစိတ်ရှိခြင်းငှာ လည်းကောင်း၊ ကောင်းသောအကျင့် ကျင့်စေခြင်းငှာ လည်းကောင်း” အချင်းချင်း တိုက်တွန်းနိုးဆော်ပါ (ဟေဗြဲ ၁၀:၂၄)။ သင်၏ပတ်လည်၌ လိုအပ်မှုများရှိပါသည်။ သင်၏မိတ်ဆွေများနှင့် သူစိမ်းတစ်ရံဆံတို့အတွက် ဘာလုပ်ပေးနိုင်မည်ကို ဘုရားသခင်ကို မေးပါ။ ထမင်းတစ်နပ် ကျွေးမွေးခြင်း၊ အားပေးစကား စာတိုလေးပေးပို့ခြင်း၊ လက်ဆောင် (သို့) အချိန်ပေးခြင်း စသည်တို့ကို လုပ်ဆောင်ပါ။ လူတို့အနေနှင့် သူတို့ကို မြင်ပြီး ဂရုစိုက်ကြောင်း ခံစားရအောင် ဘုရားရှင် သင့်အား ပေးအပ်ထားသည့် ဆုကျေးဇူးများကို အသုံးပြုပါ။ ဘုရားအလိုတော် ပြီးပြည့်စုံစေရေး အခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ပါ။

အတူတကွ ဆုတောင်းပါ။ “ထမ်းရွက်စရာဝန်ချင်းတို့ကို ကူညီ၍ထမ်းရွက်”ပါ (ဂလ ၆:၂)။ သင့်လိုအပ်မှုများကို ဘုရားသခင်ထံ ယူဆောင်လာပါ။ ကူညီရာမဲ့ အားနည်းမှုနှင့် ရိုးသားမှုက ရင်းနှီးသော ဆက်ဆံရေးကို ဖြစ်စေပြီး သင်နှင့်အခြားသူများ ကိုယ်တော်ကို အတူကိုးစားနိုင်ရန် မစလျက် သင့်အသက်တာ၌ ကိုယ်တော်အလုပ်လုပ်နေကြောင်း သင်တွေ့ရလိမ့်မည်။

အတူတကွ မျှဝေပါ။ “ဒုစရိုက်၏လှည့်ဖြားခြင်းအားဖြင့် သင်တို့စိတ်နှလုံး မခိုင်မာစေခြင်းငှာ ယနေ့ဟူ၍ ခေါ်ဝေါ်သောအချိန် နေ့တိုင်းအစဥ် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်ကြလော့” (ဟေဗြဲ ၃:၁၃)။ လူတို့အား ၎င်းတို့၏အတွေး ထင်မြင်ချက်များကို အရှိအတိုင်း၊ အမှန်အတိုင်း မျှဝေခွင့်ကိုပေးခြင်းဖြင့် လုံခြုံစိတ်ချရသည့် ဝန်းကျင်ကို ဖန်တီးပေးပါ။ သမ္မာကျမ်းစာအားဖြင့် အချင်းချင်းကို စိန်ခေါ်ပြီး၊ မိမိအကြောင်းကို မျှဝေကာ ကြီးထွား ရင့်ကျက်လာစေရေး တစ်ဦးနှင့်တစ်ဦး ကူမပါ (၁ သက် ၅:၁၁)။ အသက်အရွယ်မျိုးစုံပါဝင်သောအဖွဲ့ဖြစ်လျှင် ပိုကျယ်ပြန့်သော အတွေ့အကြုံ၊ အသိအမြင်များကို ကြားနာသိရှိရမည်။

အတူတကွ အနားယူပါ။ “မြည်တမ်းခြင်းမရှိဘဲ အချင်းချင်း ဧည့်သည်ဝတ်ကို ပြုကြလော့” (၁ ပေ ၄:၉)။ အခြားသူများကို သင့်အိမ်သို့ ဖိတ်ခေါ်ကာ သာမန်ကာလျှံကာ စကားများဖြင့် ရင်းနှီးဆက်သွယ်မှု ရှိစေပါ။ ဂိမ်းကစားပြီး အချိုပွဲစားကာ ရုပ်ရှင်အတူကြည့်ခြင်းဖြင့် ပျော်ရွှင်စွာ တွေ့ဆုံကြပါ။

ဘုရားသခင်၌ “အချင်းချင်း” ဟူသည်ကို သင်နှင့် သင့်လူမှုအသိုက်အဝန်းသည် မည်သို့ ပို၍ရည်ရွယ်ချက်နှင့် လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။

Anne Cetas ၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်