မေလခေါင်းစဥ် | ဝိညာဥ်ရေးရာတိုက်ပွဲ

ဝိညာဥ်ရေးရာအောင်ပွဲကို ခံစားရရှိနိုင်ရေး အတွက် သမ္မာကျမ်းလာ လမ်းညွှန်ချက် (၅) ချက်ရှိပါသည်။

၁ – ဘုရားသခင်၌ ယုံကြည်စိတ်ချမှုရှိပါ။ မိမိ၏ဇာတိအပြစ်သဘောကို ဝန်ခံပြီး ဘုရားရှင် အခမဲ့ပေးသော ကယ်တင်ခြင်းလက်ဆောင်ကို လက်ခံသောအခါ ကျွန်ုပ်တို့သည် ခရစ်တော် ၏ဖြောင့်မတ်ခြင်းကို ခြုံလျက် ဘုရားရှင်ရှေ့မှောက်တွင် ရပ်တည်နိုင်ပါပြီ (၂ ကော ၅:၂၁)။

၂ – ဘုရားသခင်ကိုဆက်ကပ်နာခံလျက် စာတန်ကို ဆန့်ကျင်ခံရပ်ပါ။ စာတန်ကို အောင်နိုင်သည့် အခွင့်အာဏာကို ခရစ်တော်ပေးခဲ့ပြီးဖြစ်သော်လည်း (၁ ယော ၄:၄) ကျွန်ုပ်တို့သည် ဘုရားရှင်ကို ဆက်ကပ်နာခံ၍ ရန်သူကိုဆန့်ကျင်မှသာ ထိုအခွင့်ကို လေ့ကျင့်အသုံးပြုနိုင်မည်။

၃ – စာတန်၏နည်းဗျူဟာများကို သတိပြုပါ။ စာတန်၏အကြံအစည်များကို ကျွန်ုပ်တို့ သတိမပြုပါက စာတန်အခွင့်အရေးယူသွားလိမ့်မည် (၂ ကော ၂:၁၁)။

၄ – ဘုရားသခင်၏လက်နက်စုံကို ယူတင်ဝတ်ဆင်ပါ။ ဝတ်စုံပြည့် ရောမစစ်သားကဲ့သို့ ဝိညာဥ် ရေးတိုက်ပွဲအတွက် ဘုရား၏လက်နက်စုံကို အသင့်ယူတင်ဝတ်ဆင်ထားပါ (ဧ ၆:၁၁-၁၈)။

သစ္စာခါးပန်း – ခုခံကာကွယ်ရန် ပထမစည်းမှာ မှန်ကန်သစ္စာရှိရန်ဖြစ်သည်။ သမ္မာတရားကို တစ်လွဲမဖော်ပြရပါ။ ဖြောင့်မတ်ခြင်းပါရမီ ရင်အုပ်တန်ဆာ – မိမိအသက်တာရှိအပြစ်များ က မိမိကို စာတန်တိုက်ခိုက်နိုင်‌အောင် လမ်းဖွင့်ပေးသည်။ ကျွန်ုပ်တို့အား ခရစ်တော်၏ဖြောင့်မတ်ခြင်းကို ပေးထားပြီဖြစ်ရာ (၂ ကော ၅:၂၁)၊ ဓမ္မပညာရှင်တစ်ဦးဆိုသကဲ့သို့ သခင်၏ “ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းကို” (၁ ကော ၁:၃၀) နေ့စဥ်အသက်တာတွင် ယခု ကျွန်ုပ်တို့ကျင့်ဆောင်နေပါသည်။ ယုံကြည်ခြင်းဒိုင်းလွှား – အသက်တာ၏ကဏ္ဍတိုင်းအတွက် ဘုရားသခင်မိန့်ကြားသမျှကို ယုံကြည်လျှင် စုံစမ်းနှောင့်ယှက်ခြင်း “မီးစက်လက်နက်”ကို ယုံကြည်ခြင်းဒိုင်းလွှားဖြင့် ကာသတ်နိုင်ပါသည် (ဧ ၆:၁၆)။ ကယ်တင်ခြင်းသံခမောက်လုံး (သို့) “ကယ်တင်ခြင်းသို့ ရောက်မည်ဟု မျှော်လင့်ခြင်း”က (၁ သက် ၅:၈) စိတ်ပျက်အားလျော့ခြင်းနှင့် သံသယ ဟူသည့် စာတန်၏ဓါးအန္တရာယ်မှ ကာကွယ်ပေးသည်။ ဝိညာဥ်တော်၏ဓါး – နှုတ်ကပတ်တော်သည် စာတန်ကို တိုက်ခိုက်ရန် အကောင်းဆုံးလက်နက်ဖြစ်သည် (မ ၄:၁-၁၁)။

၅ – ဆုတောင်းပါ။ ဆုတောင်းခြင်းသည် ဘုရားသခင်အပေါ် ကျွန်ုပ်တို့ အမှီပြုကြောင်းကို ပြသသည် (ဧ ၆:၁၈)။ ခရစ်တော်၏တန်ခိုးတော်အားဖြင့် ဝိညာဥ်တော်၏ လက်နက်စုံနှင့် အောင်ပွဲကို ကျွန်ုပ်တို့ရရှိခံစားရနိုင်ပါသည်။

၊ နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်