ဇွန်လခေါင်းစဥ် | ဘုရားသခင်၏သဘောလက္ခဏာတော်

ဘုရားသခင်သည် သူ့သဘောသဘာဝကိုက ချစ်ခြင်းမေတ္တာဖြစ်တော်မူပြီး၊ သူ၏မေတ္တာတော်ကို နည်းလမ်းများစွာဖြင့် ဖော်ပြထားပါသည်။

ဖန်ဆင်းခြင်း၌ ဖော်ပြသည် – ဘုရားသခင်၏အသံတော်သည် လေလှိုင်းကြား၌ ရှိသည်။ နေထွက်ချိန်၊ နေဝင်ချိန်တို့တွင် ကိုယ်တော်ကို တွေ့ရပြီး၊ ငှက်များ၏တေးဆိုသံ၊ လူ့နှလုံးသားမှ ချစ်မေတ္တာတွင်လည်း ကိုယ်တော်၏အသံတော်ရှိသည်။

သူ၏ပညာတော်၌ ဖော်ပြသည် – ဘုရားသခင်သည် သူ၏ကြွယ်ဝသောမေတ္တာတော်နှင့် ကောင်းမြတ်ခြင်းမှ ကျွန်ုပ်တို့ကို ဖန်ဆင်းပြီး၊ ကျွန်ုပ်တို့အတွက် သူပြင်ဆင်ထားသည့်အရာအားလုံးကို ကျွန်ုပ်တို့ ရရှိနိုင်အောင် ပြုလုပ်ထားသည်။ ကြီးမြတ်သော သူ၏စိတ်နှလုံး၌ ကျွန်ုပ်တို့ကို “တွေးပြီး” အလွန်အားရဝမ်းမြောက်သည်။

သူ၏တန်ခိုးတော်၌ ဖော်ပြသည် – ကမ္ဘာကြီးတစ်ခုလုံးသည် ကြီးမြတ်၍လျှို့ဝှက်နက်နဲသောဘုရားသခင်၏အလိုတော်အတိုင်း ဖြစ်ပျက်လှုပ်ရှားနေသည်။ “ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်း တန်ခိုးဖြစ်စေ … ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏” (ကော ၁:၁၆)။

သူ၏တရားမျှတဖြောင့်မတ်ခြင်း၌ ဖော်ပြသည် – ဘုရားရှင်၏အာဏာတော်ကို လေးစားလိုက်နာခြင်းသည် ထာဝရကောင်းကျိုးချမ်းသာ၊ ပြောမပြနိုင်လောက်သော ဝမ်းမြောက်ခြင်း၊ အသက်၊ ပညာနှင့် ထာဝရပြည့်စုံခြင်းကို ဆိုလို‌ကြောင်း လူသားတို့အား ကိုယ်တော်ပြသခဲ့သည်။ သို့သော် နာခံရန်ပျက်ကွက်ပါက ဘုရားသခင်နှင့်ရှင်သန်ရမည့်အသက်တာကို ဆုံးရှုံးခြင်း၊ ထာဝရသေခြင်းကို ရင်ဆိုင်ရခြင်းဖြစ်လိမ့်မည်။

တောက်ပသော လောကနံနက်ခင်းတွင် ကြယ်များအတူ သီချင်းဆိုလျက် ဖန်ဆင်းခံ သတ္တဝါအားလုံးတို့ ဝမ်းမြောက်ကခုန်ကြသည်။ သို့သော် မနာခံမှု၊ မာန်မာနနှင့် အပြစ်ဒုစရိုက်သဘောများ ဝင်ရောက်လာပြီး၊ ဘုရားသခင်နှင့် သူ၏သားသမီးကြား၌ ကြီးမားသော ချောက်ကြီးကို ဖြစ်စေခဲ့သည်။ သို့သော် ဘုရားသခင် သည် ကျွန်ုပ်တို့ထံသို့ ကြွလာခဲ့သည်။ တစ်ပါးတည်းသားတော်ဟူသည့် ဘုရားရှင်၏လက်ဆောင်က ကိုယ်တော်၏ မေတ္တာတော်ကို အံ့ဖွယ်သော အဆင့်အတိုင်းအတာအထိ ဧကန်မုချဖော်ပြနေတော့သည် (ရော ၈:၃၂)။

နေ့စဉ်ခွန်အားစာရေးသူ

<<ယခင်လစာမူ ပြန်ဖတ်ရန်