ဩဂုတ်လခေါင်းစဥ် | သနားခြင်းကရုဏာနှင့် တရားမျှတခြင်း
ပြောသင့်လား။ တိုင်ကြားရမည်လား။ နာမည်ကြီး Manhattan (မန်ဟက်တန်) အထက်တန်းကျောင်းမှ ကျောင်းသားတစ်ဦးသည် ယခင်က သူနှင့်ရင်းနှီးခဲ့သည့် သူငယ်ချင်းတစ်ဦး၏အနိုင်ကျင့်မှုခံနေရ၍ မည်သို့တုံ့ပြန်ရမည်ကို စိတ်သောကရောက်နေခဲ့သည်။ ထိုအတန်းဖော်က မဟုတ်မတရား စွတ်စွဲပြောဆိုသည်။ အခြားကျောင်းသားတစ်ဦးကလည်း “မျောက်ကြီး”ဟု ခေါင်းစဥ် တပ်ကာ သူ့ဓာတ်ပုံကို ကျောင်းထဲ၌ ဖြန့်ခဲ့သည်။
ကျောင်းစာ၌သာ အာရုံစိုက်ရန် ကြိုးစားရင်း ထိုသို့ ဖိနှိမ်မှုကို လျစ်လျူရှုရန် သူစိတ်ဆုံးဖြတ်ထားသည်။ ၎င်းတို့ အပြစ်ပေးခံရရေးကို သူမကြံစည်ပါ။ ထိုသို့မတရားခံရပြီး နာကျည်းမှုဖြင့် တုံ့ပြန်ခြင်းကြောင့် ကျောင်းထုတ်ပယ်ခံရခြင်းကို သူမြင်တွေ့ခဲ့ရဖူးသည်။
ထို့နောက် ဆရာတစ်ဦးက ဖြစ်ပျက်နေသောအမှုကြောင့် ထိတ်လန့်ခဲ့ရပြီး၊ တရားမျှတမှုကို ပြန်လည်တည်ဆောက်ရန် ဖြေရှင်းရန်နည်းလမ်းကို တီထွင်ကြံဆရန် ကျောင်းအုပ်ချုပ်ရေးသို့ တွန်းအားပေးခဲ့သည်။ သို့နှင့် ထိုကျောင်းသားနှင့် သူ့အပေါ်အမှားပြုသည့်ကျောင်းသားတို့ကို စိတ်ရင်းအတိုင်း ရိုးသားစွာ တွေ့ဆုံစကားပြောစေသည်။ နောက်ဆုံးတွင် သူငယ်ချင်းဟောင်းက တောင်းပန်ခဲ့ပြီး၊ ၎င်းတို့၏မိတ်ဆွေဖြစ်ခြင်းသဘောကို ချိုမြိန်စွာ တစ်ဖန်ပြန်လည်မွေးဖွားခဲ့သည်။
မည်သည့်အရာက ဤတရားမျှတမှုပြန်ရရန် ကုသပေးခဲ့သနည်း။ ကရုဏာတရားပင်ဖြစ်သည်။ ၎င်းသည် အံ့ဖွယ်ဖြစ်သော သမ္မာကျမ်းဆိုင်ရာ လက်ဆောင်ပင်ဖြစ်သည်။ ဣသရေလလူမျိုးများ သင်ယူခဲ့ရသည့်အတိုင်း ဘုရားသခင်သည် တစ်ဘက်က တရားမျှတမှုအတိုင်း ဆုံးမနေစဥ်၊ နောက်တစ်ဘက်၌ ကရုဏာတော်ကို ကမ်းလှမ်းပေးနေသည်။
သခင်ယေရှုသည် ကျွန်ုပ်တို့၏အပြစ်များအတွက် ကားတိုင်ထက်၌ “တစ်ခါတည်းနှင့် စင်ကြယ်ခြင်းသို့” ရောက်စေပြီး(ဟေဗြဲ ၁၀:၁၀)၊ အဖိုးတန်သည့် ပြန်လည်ပေါင်းစည်းမှုကို ပေးသနားခဲ့သည်။ ထိုသို့သောအားဖြင့် သူ့ကရုဏာတော်ကို ကျွန်ုပ်တို့အား ပေးသနားလျက် တစ်ဘက်တွင်လည်း တရားမျှတဖြောင့်မတ်သော ဘုရားရှင်ကို ကျေနပ်စေခဲ့သည်။
Patricia Raybon | နေ့စဉ်ခွန်အားစာရေးသူ