အောက်တိုဘာလခေါင်းစဥ် | ဝိညာဥ်ပကတိ/ ဝိညာဥ်အသီး

သခင်ယေရှုကို ယုံကြည်သူတစ်ဦးသည် ဝိညာဥ်တော်၌ အသက်ရှင်ခြင်းနှင့် ဇာတိအလိုသို့လိုက်၍ အသက်ရှင်ခြင်း ဟူသည့် အသက်ရှင်မှုနှစ်ခု၏ကြား အဆက်မပြတ်သော တင်းအားကို ခံစားကြရသည်။ ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်းနှစ်ခုသာရှိသည်။ ပထမနည်းလမ်းမှာ သေလိုက်ပြီး ဘုရားရှင်ထံ ဘုန်းဝင်စားရန်ဖြစ်သည်။ ဒုတိယနည်းလမ်းမှာ ကြိုးစားရုန်းကန်ရမှုကို လက်လျော့လိုက်ပြီး ဇာတိအလိုသို့ လိုက်ရန် ဖြစ်သည်။ ဒုတိယနည်းလမ်းမှာ ကျွန်ုပ်တို့ရှောင်ကြဥ်ရမည့်နည်းလမ်းဖြစ်သည်။

ကျွန်ုပ်တို့သည် အပြစ်၏တန်ခိုးအောက်၌ ရှိမနေခြင်းကြောင့် ဇာတိအလိုကို လွန်ဆန်ရသည့်တိုက်ပွဲက ကျွန်ုပ်တို့အတွက် မျှော်လင့်ချက်မဲ့ မဟုတ်ပါ။ ရောမဩဝါဒစာ ၆ တွင် အပြစ်တရားက ကျွန်ုပ်တို့အပေါ် ဩဇာမရှိရသည့်အကြောင်းရင်းကို ရှင်ပေါလုက ရှင်းပြထားသည်။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ သေပြီဖြစ်လျှင် အပြစ်မှ လွတ်မြောက်ခွင့်ရပြီဖြစ်သည် (:၇)။ အပြစ်တရားက ကျွန်ုပ်တို့၏သခင် လုံးဝမဟုတ်တော့သော်လည်း အပြစ်၏ဆွဲအားနှင့်တန်ခိုးက အမှန်ရှိနေသည်။ သို့သော် အပြစ်နောက်သို့ ကျွန်ုပ်တို့လိုက်ပါသွားစရာ အကြောင်းမရှိပါ။

အပြစ်ဒုစရိုက်သည် တစ်ချိန်က ကျွန်ုပ်တို့ကို အုပ်စိုးခဲ့သော်လည်း ခရစ်တော် အားဖြင့် ကျွန်ုပ်တို့သည် အပြစ်၏ကျေးကျွန် လုံးဝမဟုတ်တော့ပါ။ ကျွန်ုပ်တို့သည် ဝိညာဥ်တော်နှင့် သခင်ဟောင်းဖြစ်သည့် ဒုစရိုက်နှင့်ဇာတိသဘောကြား တင်းမာမှုရှိသည့်အသက်တာဖြင့် ရှင်သန်နေရသည်။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့် သက်ဆိုင်သူ ဖြစ်ခြင်းကြောင့် ကျွန်ုပ်တို့သည် ဝိညာဥ်တော်ကို အစဥ်မပြတ် ရွေးချယ်ရမည် ဖြစ်သည်။

ဇာတိကို ဆန်သည့်တိုက်ပွဲ၌ မျှော်လင့်ချက်မဲ့ မဖြစ်ရသည့် ဒုတိယအကြောင်းရင်းမှာ တစ်နေ့တွင် ဇာတိသည် အဆုံးသတ်သွားမည် ဖြစ်သည်။ ဧဖက်သြဝါဒစာ ၁:၁၃-၁၄ တွင် ရှင်ပေါလုပြောသကဲ့သို့ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်သက်ဆိုင်ကြောင်း ဝိညာဥ်တော်သည် တံဆိပ်ခတ်သော အမှတ်သညာ စရန်ဖြစ်သည်။ ဝိညာဥ်တော်သည် ကျွန်ုပ်တို့အနာဂတ်၏ သက်သေဖြစ်သည်။ ဝိညာဥ်တော်နှင့် ပြည့်ဝသူတို့သည် တစ်နေ့တွင် ထမြောက်သောခန္ဓာဖြင့် အပြည့်အဝပြောင်းလဲကာ၊ ကျွန်ုပ်တို့သည် တစ်ကြိမ်တည်းနှင့် အပြီးအစီးအပြစ်ပြုခြင်းမှ လုံးဝ လွတ်မြောက်သွားမည်ဖြစ်သည်။

ကျွန်ုပ်တို့၏အသက်တာ၌ သန့်ရှင်းသောဝိညာဥ်တော်တည်ရှိခြင်းက ဘုန်းတော်လွှမ်းသော ဘုရားသားသမီးအနေဖြင့် ခံစားရမည့်အပြစ်၊ ဝေဒနာခံစားရခြင်း၊ ရှက်ဖွယ် အကျိုးနည်းခြင်းတို့ ကင်းစင်သော ဘုန်းအသရေနှင့်ပြည့်စုံသည့် အနာဂတ်ကို ပြညွှန်နေ တော့သည်။

နေ့စဉ်ခွန်အားစာရေးသူ | Arthur Jackson

<<ယခင်လစာမူ ပြန်ဖတ်ရန်