နေ့ – ၁

ခေတ်ကာလ၏ နိမိတ်လက္ခဏာများ ဗျာဒိတ်ကျမ်း

အဆုံးနှင့် အသစ်စတင်ခြင်း


စာအုပ်တစ်အုပ်၏ နောက်ဆုံးအခန်းကို ဦးစွာဖတ်ချင်အောင် မည်သည့် အရာက ပြုလုပ်ပါသနည်း။ အကြောင်းကြောင်းကြောင့် လူအများသည် ဗျာဒိတ်ကျမ်းနှင့်အစပြု၍ သမ္မာကျမ်းစာကိုဖတ်ရှုကြသည်။ ယင်းမှာ မှားလေ့ ရှိသောအရာဖြစ်သည်။ ဤကျမ်းသည် ကွက်ကွက်ကွင်းကွင်း သိသာထင်ရှား၍ စိတ်လှုပ်ရှားဖွယ်ကောင်းသော်လည်း ယင်းက သင့်အား နဂါးများနှင့် တံပိုးများ၊ ဖလားများနှင့် တံဆိပ်များ၊ သင်္ကေတများနှင့် ဓမ္မဟောင်းမှ စိတ်ကူးပုံရိပ်များ တို့ဖြင့် ရှုပ်ထွေးချာလပတ်လည်စေမည်ဖြစ်သည်။ ဗျာဒိတ်ကျမ်းနှင့် အစပြုသူတစ်ဦးအနေဖြင့် ဗျာဒိတ်ကျမ်းကို အဓိပ္ပာယ်ဖော်ရန်ကြိုးစားရင်း စိတ်ရှုပ်ထွေးလျက် ကျမ်းတစ်အုပ်လုံးကို လက်လျော့သွားနိုင်ပါသည်။ ဓမ္မဟောင်း၊ ဓမ္မသစ် နောက်ခံ မသိပါက ဤစာစောင်က သင့်အား ဦးနှောက်ခြောက်စေမည်ဖြစ်ပါသည်။

ဗျာဒိတ်ကျမ်းသည် ဓမ္မသစ်ကျမ်းရှိ တစ်ခုတည်းသော ပရောဖက်ကျမ်း ဖြစ်ပါသည်။ သို့သော် အခြားဓမ္မသစ်ကျမ်းများတွင် ပရောဖက် စကားများပါရှိသည်။ ခရစ်ဝင်ကျမ်းများတွင် သခင်ယေရှု၏ ပရောဖက်ပြုချက်များပါဝင်ပြီး ရှင်ပေါလုအားဖော်ပြသော ပရောဖက်ဖွင့်ပြခြင်းများကို အဓိကအားဖြင့် သက်သာလောနိတ်သြဝါဒစာစောင်များတွင် တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ ဗျာဒိတ်ကျမ်းသည် ဓမ္မသစ်ကျမ်းတွင် ပရောဖက်ပြုခြင်းကို အဓိက အလေးထားသည့် တစ်ခုတည်းသောကျမ်းဖြစ်သည်။

ဤကျမ်း၏ခေါင်းစဉ်ကို ပထမစာကြောင်းတွင် တွေ့ရပါသည်။

“ယေရှုခရစ်တော်၏ ဗျာဒိတ်တော် …”

၎င်းသည် ဤစာစောင်၏ ခေါင်းစီးစာမျက်နှာပင်ဖြစ်သည်။ “ဖွင့်ပြခြင်း ဗျာဒိတ်တော်များ” ဟု အများကိန်း မဟုတ်ကြောင်း သတိပြုပါ။ ယေရှုခရစ်တော် ဟူသော ပုဂ္ဂိုလ်တစ်ဦး၏ဖွင့်ပြခြင်း ဗျာဒိတ်တော်တစ်ခုပင်ဖြစ်သည်။ ရှင်ယောဟန်ကဆက်၍“ကာလမကြာမြင့်မီဖြစ်ရမည့် အမှုအရာများကို ယေရှုခရစ်သည် မိမိ အစေခံကျွန်တို့အား ပြစေခြင်းငှာ ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင်၏ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်းကင် တမန်ကိုစေလွှတ်၍ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော် အရိပ်ကို ပြတော်မူ၏။” (၁:၁)

“ကာလမကြာမြင့်မီဖြစ်ရမည့် အမှုအရာများကို ယေရှုခရစ်သည်မိမိ အစေခံကျွန်တို့အားပြစေခြင်းငှာ ဘုရားသခင်အပ်ပေးတော်မူသောထိုသခင်၏ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိကောင်းကင်တမန်ကိုစေလွှတ်၍ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော် အရိပ်ကို
ပြတော်မူ၏။”(ဗျာ ၁:၁)

ခမည်းတော်ဘုရားက ဤဖွင့်ပြခြင်းကို ယေရှုခရစ်တော်အားပေးခဲ့သည်။ ထို့နောက် သခင်ယေရှုက ကောင်းကင်တမန်အားဖြင့် ရှင်ယောဟန်အား ဖွင့်ပြခဲ့ သည်။ ဤဖွင့်ပြခြင်း၏ရည်ရွယ်ချက်မှာ သင်၊ ကျွန်ုပ်နှင့်တကွ ခရစ်တော်နောက်လိုက်သူများအားလုံးဖြစ်သည့် သခင်ဘုရား၏အစေခံကျွန်များအား မကြာမီဖြစ်လာမည့်အရာကို ပြသရန်ဖြစ်သည်။ ဤစာစောင်ကို အာဂျီယန်ပင်လယ် အတွင်းရှိ ပတ်မုကျွန်းတွင် အကျဉ်းချခြင်းခံရစဉ် ရှင်ယောဟန်ရေးသားထားခြင်း ဖြစ်ပြီး အေဒီ ၉၅ ခန့်က ဖြစ်သည်။ သခင်ဘုရား၏နေ့၌ ဝိညာဉ်တော်အားဖြင့် မကြာမီဖြစ်မည့်အရာများကို ရူပါရုံများ အဖြစ်မြင်ရသည်ဟု ရှင်ယောဟန်က ဆိုသည်။ ထို့ကြောင့် ဤကျမ်းစောင်မှာ ကြိုတင်ဟောပြောချက်ဖြစ်ကြောင်း ထင်ရှားပါသည်။

၁:၁ ၏ အဆုံးပိုင်းဖြစ်သော “မိမိကောင်းကင်တမန်ကိုစေလွှတ်၍ သိရှိ စေသည် ဟူသောဖော်ပြချက်ကို သတိပြုပါ။ “သိရှိစေသည်” ဟူသည့်စကားလုံးမှာ “ညွှန်ပြသည်” ဟူသောဂရိစကားလုံးကို ပြန်ဆိုထားခြင်းဖြစ်သည်။ ဤစကားလုံးကို ခွဲခြားပါက ဘုရားသခင်သည် ဤဗျာဒိတ်တော်ကို သင်္ကေတ အမှတ်လက္ခဏာများဖြင့် သိရှိစေသည်ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။

ဘုရားသခင် အဘယ်ကြောင့် သင်္ကေတများကို အသုံးပြုပါသနည်း။ အနာဂတ်ကာလနှင့်စပ်လျဉ်း၍ သာမန်သိသာရှင်းလင်းသော စကားဖြင့် အဘယ်ကြောင့် မပြောပါသနည်း။ အကြောင်းတစ်ခုမှာ ၎င်းသည် ပထမရာစုရှိ လူယောကျာ်း၊ မိန်းမတို့နားမလည်နိုင်သော နျူကလီးယားစစ်ပွဲ၊ ကမ္ဘာအနှံ့ ကပ်ရောဂါများ၊ ဇီဝကမ္မစစ်ပွဲများ၊ နည်းပညာဆိုင်ရာ သတင်းအချက် အလက်များ၊ အာကာသဆိုင်ရာ သတင်းအချက်အလက်များ၊ အစရှိသည့် အနာဂတ်၌ ဖြစ်ပျက်မည့်အရာများနှင့်စပ်ဆိုင်၍ ပြောနေခြင်းကြောင့်ဖြစ်သည်။ ကွန်ပျူတာ၊ ဒုံးကျည်၊ နယူကလီးယား စွမ်းအင်၊ နည်းပညာသုံးထားသောလေယာဉ်၊ ရဟတ်ယာဉ်တို့အကြောင်း ဘာမျှမသိသောမျိုးဆက်အား ဤအတွေးအမြင်များကို မည်သို့ရှင်းပြနိုင်မည်နည်း။

ဤသင်္ကေတများအား နားလည်နိုင်ရန် အထောက်အကူဖြစ်သော အခြားအရာတစ်ခုမှာ – သမ္မာကျမ်းစာရှိ အခြားပရောဖက်ပြုခြင်းဆိုင်ရာ ကျမ်းပိုဒ်များ၌တွေ့ရသည့် သင်္ကေတများနှင့် ညီညွတ်မှုရှိခြင်းကြောင့်ဖြစ်သည်။ ၎င်းတို့သည် သမ္မာကျမ်းစာ၏ ပရောဖက်ပြုချက်များနှင့် ပုံဖော်ထားသမျှ၏အစိတ်အပိုင်း များသာဖြစ်၏။ ထို့ကြောင့် အကယ်၍ သင်သည် ဗျာဒိတ်ကျမ်းကို နားလည်လိုပါက ဗျာဒိတ်ကျမ်းကို ဒံယေလ၊ ယေဇကျေလနှင့် ဓမ္မဟောင်း၊ ဓမ္မသစ်တို့ရှိ အခြားအပိုင်းများနှင့် ယှဉ်ကြည့်ခြင်းဖြင့် အစပြုသင့်ပါသည်။

ဤစာစောင်သည် လူအတော်များများအတွက် ခက်ခဲမည်ကို သန့်ရှင်းသောဝိညာဉ်တော်က သိရှိကြောင်း ကျွန်ုပ်ယုံကြည်ပါသည်။ ဤကျမ်း၏ အစပိုင်းတွင် အောက်ပါစကားလုံးများကို တွေ့ရပါသည်။ “ကာလအချိန်ရောက်လုနီးပြီဖြစ်၍ ဤအနာဂတ္တိကျမ်းစကားကို ကြည့်ရှု ဖတ်ရွတ်နားထောင်၍ ရေးထားသမျှတို့ကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။” (ဗျာ ၁:၃)

“ကာလအချိန်ရောက်လုနီးပြီဖြစ်၍ ဤအနာဂတ္တိကျမ်းစကားကို ကြည့်ရှု ဖတ်ရွတ်နားထောင်၍ ရေးထားသမျှတို့ကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။” (ဗျာ ၁:၃)

ကျွန်ုပ်တို့၏အသက်တာအတွင်း ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ရှာဖွေသူများနှင့် ရောက်ရှိ ဖြစ်ပျက်လာမည့်အရာတို့၏ပုံစံကို နားလည်လိုသူများက ဘုရားသခင်၏ဗျာဒိတ်ကျမ်း အတွင်းရှိ သင်္ကေတများနှင့် အနှစ်သာရကို အလွန်နားလည်လိုကြပါသည်။

ဗျာဒိတ်ကျမ်းကို အာရှမိုင်းနား (ယနေ့တူရကီ)ရှိ အသင်းတော် ၇ ပါး သို့ ရေးသားလိုက်ခြင်းဖြစ်သည်။ ဤကျမ်းစောင်၏ပထမပိုင်းတွင် ဤအသင်းတော် ၇ ပါး သို့ရေးလိုက်သော စာ ၇ စောင် ပါရှိသည်။ ထိုဒေသ၌ အသင်းတော် ၇ ပါးမက ရှိပါသည်။ သို့သော် ဤ ၇ ပါးကိုသာ ရွေးချယ်ထားသည်မှာ ဤအသင်းတော်များသည် ကျွန်ုပ်တို့ခေတ်အပါအဝင် ခေတ်ကာလတိုင်းကို ကိုယ်စားပြုနိုင်သောကြောင့်ဖြစ်သည်။ ဤစာစောင်များမှာ တမန်တော်ကြီးရှင်ယောဟန်ထံမှမဟုတ်ပဲ ဤစကားလုံးများကို မှုတ်သွင်းပေးသော သုံးပါးတစ်ဆူ ဘုရားသခင်ထံတော်ပါးမှ လာပါသည်။ နားလည်ရန် အသေအချာဖတ်ရမည် ဖြစ်သော်လည်း ဤစာစောင်များအား ရေးသားသောဘုရားသခင်၏ သုံးပါးတစ်ဆူ သဘာဝကို ရှင်ယောဟန်က ဗျာဒိတ် ၁:၄-၅တွင် ဖော်ပြထားပါသည်။

ဗျာဒိတ်ကျမ်းကို အာရှမိုင်းနား (ယနေ့တူရကီ)ရှိ အသင်းတော် ၇ ပါး သို့ ရေးသားလိုက်ခြင်းဖြစ်သည်။ ဤကျမ်းစောင်၏ပထမပိုင်းတွင် ဤအသင်းတော် ၇ ပါး သို့ရေးလိုက်သော စာ ၇ စောင် ပါရှိသည်။ ထိုဒေသ၌ အသင်းတော် ၇ ပါးမက ရှိပါသည်။ သို့သော် ဤ ၇ ပါးကိုသာ ရွေးချယ်ထားသည်မှာ ဤအသင်းတော်များသည် ကျွန်ုပ်တို့ခေတ်အပါအဝင် ခေတ်ကာလတိုင်းကို ကိုယ်စားပြုနိုင်သောကြောင့်ဖြစ်သည်။ ဤစာစောင်များမှာ တမန်တော်ကြီးရှင်ယောဟန်ထံမှမဟုတ်ပဲ ဤစကားလုံးများကို မှုတ်သွင်းပေးသော သုံးပါးတစ်ဆူ ဘုရားသခင်ထံတော်ပါးမှ လာပါသည်။ နားလည်ရန် အသေအချာဖတ်ရမည် ဖြစ်သော်လည်း ဤစာစောင်များအား ရေးသားသောဘုရားသခင်၏ သုံးပါးတစ်ဆူ သဘာဝကို ရှင်ယောဟန်က ဗျာဒိတ် ၁:၄-၅တွင် ဖော်ပြထားပါသည်။ “ငါယောဟန်သည် အာရှိပြည်၌ရှိသော အသင်းတော်ခုနစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလအစဉ် ရှိတော်မူသော ဘုရားသခင့်အထံတော်ကလည်းကောင်း၊ ပလ္လင်တော် ရှေ့၌ရှိသော ဝိညာဉ်ခုနစ်ပါးအထံကလည်းကောင်း၊ သစ္စာစောင့်သော သက်သေခံဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွတ်ဖြစ်တော်မူသော ယေရှုခရစ်အထံတော်လည်းကောင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။”

ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်က ပူးပေါင်း၍ ဤစာ ၇ စောင်နှင့်အတူ အံ့ဖွယ်ကြိုတင်ဟောပြောချက်များကို အသင်းတော် ၇ ပါး နှင့် ကျွန်ုပ်တို့အား ပေးလိုက်ခြင်းဖြစ်သည်။ ခေတ်မီစာအုပ်များကဲ့သို့ပင်၊ ရှေးဟောင်းကျမ်းစောင်ဖြစ်သည့် ဗျာဒိတ်ကျမ်းတွင် ကျေးဇူးတင်ခြင်းနှင့် ရိုသေလေးမြတ်ခြင်းကို ရည်စူးဖော်ပြချက်ပါဝင်သည်။

“ငါယောဟန်သည် အာရှိပြည်၌ရှိသော အသင်းတော်ခုနစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလအစဉ် ရှိတော်မူသော ဘုရားသခင့်အထံတော်ကလည်းကောင်း၊ ပလ္လင်တော် ရှေ့၌ရှိသော ဝိညာဉ်ခုနစ်ပါးအထံကလည်းကောင်း၊ သစ္စာစောင့်သော သက်သေခံဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွတ်ဖြစ်တော်မူသော ယေရှုခရစ်အထံတော်ကလည်းကောင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။”
(ဗျာ ၁:၄-၅)

“ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ၍ မိမိခမည်းတော်ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း ခန့်ထားတော်မူသောသူသည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေအစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင်။”(ဗျာ၁:၅-၆)

ဤကျမ်းစောင်ကို လူသားအတွက် ကောင်းချီးမင်္ဂလာအလုံးစုံကို အုတ်မြစ်ချပေးသော ယေရှုခရစ်တော်အတွက် ရည်စူးသည်။ ထို့နောက် ဤကျမ်း၏ အဓိကအချက်ကို မိတ်ဆက်ပေးထားသည်။

“ကြည့်ရှုလော့ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍ ကိုယ်တော်ကို ထိုးဖောက်သောသူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။” (၁:၇)

ဤကျမ်းစောင်သည် ယေရှုခရစ်တော်ဒုတိယအကြိမ် ကြွလာခြင်း- မည်သို့ဖြစ်ပျက်မည်၊ ဤအဖြစ်အပျက်နှင့်အတူ ဖြစ်ပေါ်လာမည့် ကမ္ဘာပေါ်ရှိ အဖြစ်အပျက်များ၊ ထိုနောက်ပိုင်းတွင် ဖြစ်ပျက်မည့်အရာများအကြောင်းကို ရေးသားထားခြင်းဖြစ်ပြီး ကျမ်းစာကိုရေးသားသူအဖြစ် သခင်ဘုရားက ၎င်း၏ကိုယ်ပိုင်လက်မှတ်ကို ရေးထိုးခဲ့သည်။

“ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏ဟု အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလအစဉ်ရှိတော်မူသော ထာဝရအရှင်ဘုရားသခင် မိန့်တော်မူ၏။” (၁:၈)

ဤစာစောင်အား အသင်းတော်ကို ပြင်းထန်စွာ နှိပ်စက်ညင်းပန်းချိန်၊ မိမိကိုယ်ကို ရောမတို့၏သခင်နှင့်ဘုရားအဖြစ်ပြောသော ရောမဧကရာဇ် ဒိုမီရှန်း စိုးစံချိန်တွင် ရေးသားထားခြင်းဖြစ်သည်။ ထိုအချိန်က ခရစ်ယာန်များသည် အားပေးမှုနှင့် စိတ်ချမှုကို အသည်းအသန်လိုနေကြသဖြင့် အာလဖနှင့် သြမေဃ၊ အစနှင့်အဆုံးဖြစ်တော်မူသော သခင်ဘုရားထံမှ သတင်းစကားကို လက်ခံရရှိခဲ့သည်။ သူတို့ရင်ဆိုင်နေရသည့် ဆင်းရဲခြင်းဘေးဒဏ်ကြုံရသည့် ကာလအပါအဝင် သမိုင်းကြောင်းတစ်ခုလုံးသည် ဘုရားရှင်၏ ထိန်းချုပ်မှု အောက်၌ရှိကြောင်း ၎င်းတို့ကြားသိရန်လိုအပ်သည်။

အငယ် ၁၉ တွင် ကျမ်းစောင်၏အခြေခံကို ဖော်ပြထားပြီး သခင်ဘုရား သူ့အားပြောထားသောအရာကို ရှင်ယောဟန် မှတ်တမ်းတင်ထားသည်။

“ထို့ကြောင့် သင်သည်မြင်ပြီးသောအရာတို့ကိုလည်းကောင်း ယခုရှိသောအရာတို့ကို လည်းကောင်း၊ နောက်ဖြစ်လတံ့သော အရာတို့ကို လည်းကောင်း ရေးထားလော့။”


ဗျာဒိတ်ကျမ်းကို ၃ ပိုင်း ခွဲခြားလျက်ကြည့်ကြပါစို့။

(၁) ရှင်ယောဟန် မြင်သောအရာ – အခန်းကြီး ၁။
(၂) အသင်းတော် ၇ ပါးသို့ ရေးသားလိုက်သော စာ ၇ စောင်တွင်
ဖော်ပြထားသည့် လက်ရှိအခြေအနေများ အခန်းကြီး ၂ နှင့် ၃။
(၃) နောက်ဖြစ်လာမည့်အရာများ – အခန်းကြီး ၄ မှ ၂၂။

“နောက်ဖြစ်မည့်အရာ” ဟူသောစကားစုက အသင်းတော်ချီဆောင် ခံရပြီးနောက်ပိုင်း အဖြစ်အပျက်များကို ညွှန်းဆိုခြင်းဖြစ်သည်။ အခန်းကြီး ၂ နှင့် ၃ က ခေတ်ကာလအားလုံး (ရှင်ယောဟန်ခေတ်မှ ကျွန်ုပ်တို့ ခေတ်အထိ)ကို ခြုံငုံမိသော်လည်း နောက်ပိုင်းအခန်းများက လူသားတို့၏ အဖြစ်အပျက်နိဂုံးနှင့်ရလဒ်ကို အလေးထားပေသည်။ ဤကြောက်မက်ဖွယ် အဖြစ်အပျက်ကို သမ္မာကျမ်း၏ မည်သည့်အပိုင်းတွင်မဆို ဘေးဒဏ်ကြီးကာလ (သို့) နောက်ဆုံးသောအချိန် (သို့) ဒံယေလ၏ ရက်သတ္တပတ် ၇၀ ဟု ခေါ်ကြသည်။ ယနေ့ကျွန်ုပ်တို့ခေတ်ရှိ ကြောက်လန့်ဖွယ်ပဋိပက္ခများ အားလုံးသည် ထိုအဖြစ်အပျက်ဆီသို့ ဦးတည်ရွေ့လျားနေသည်။

ဗျာဒိတ်ကျမ်းကို ခြုံ၍ကြည့်ပါက သခင်ဘုရား၏အကြံတော်ကို ဖွင့်ပြခြင်းမှ အထူးမီးမောင်းထိုးပြမှုအချို့ကို ဖော်ပြသွားမည်ဖြစ်သည်။ ဤအံ့ဖွယ်ကျမ်းစောင်၏ ကျောရိုးမှာ-

 

သင်မြင်ခဲ့သောအရာ။ (ဗျာ ၁)

၁။ နိဒါန်း။ ၁:၁-၈
၂။ ခရစ်တော်၏ဗျာဒိတ်တော်။ ၁:၉-၂၀

ယခုဖြစ်သောအရာ။ (ဗျာ ၂-၃)

၃။ ဧဖက်သို့ပေးသော သခင်ဘုရား၏စာ။ ၂:၁-၇
၄။ စမုရနသို့ပေးသော သခင်ဘုရား၏စာ။ ၂:၈-၁၁
၅။ ပေရဂံသို့ပေးသော သခင်ဘုရား၏စာ။ ၂:၁၂-၁၇
၆။ သွာတိရသို့ပေးသော သခင်ဘုရား၏စာ။ ၂:၁၈-၂၉
၇။ သာဒိသို့ပေးသော သခင်ဘုရား၏စာ။ ၃:၁-၆
၈။ ဖိလဒေလဖိသို့ပေးသော သခင်ဘုရား၏စာ။ ၃:၇-၁၃
၉။ လောဒိကိသို့ပေးသော သခင်ဘုရား၏စာ။ ၃:၁၄-၂၂

နောင်ဖြစ်လာမည့်အရာ။ (ဗျာ ၄-၂၂)

၁၀။ ဘုရားသခင်၏ပလ္လင်တော်နှင့် သိုးသူငယ်/ခြင်္သေ့။ ၄
၁၁။ တံဆိပ်ခတ်ထားသောစာအုပ်။ ၅
၁၂။ ဘေးဒဏ်ကြီးကာလနှင့်ဆိုင်သည့် ပရောဖက်ပြုချက်များ။ ၆:၁-၁၉:၆

(က)     စီရင်ခြင်းတံဆိပ် (၇) ချက်။      ၆:၁-၈:၅

(ခ)      စီရင်ခြင်းတံပိုး (၇) လုံး။          ၈:၆-၁၁:၁၉

(ဂ)      အမျိုးသမီး၊ သားရဲ၊ လူ ၁၄၄၀ဝ၀နှင့်    ၁၂:၁-၁၄:၂၀
ရိတ်သိမ်းခြင်းဆိုင်ရာ စီရင်ခြင်း စသည့်အကြောင်းများနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်များ။

(ဃ)     စီရင်ခြင်း ဖလားခုနစ်လုံး။       ၁၅:၁-၁၆:၂၁

(င)      ပြည်တန်ဆာကြီးအား ဖယ်ရှားခြင်း။    ၁၇

(စ)      လျှို့ဝှက်ဆန်းကြယ်သောဗာဗုလုန်အား ဖျက်ဆီးခြင်း။  ၁၈:၁-၁၉:၃

၁၃။ ယေရှုခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်းအကြောင်း။
ပရောဖက်ပြုချက်များ။ ၁၉:၄-၂၁
၁၄။ မိလေနိကာလဆိုင်ရာ ပရောဖက်ပြုချက်များ။
စာတန်ကို နှစ်ပေါင်းတစ်ထောင်ချုပ်ထားပြီး ပလ္လင်ဖြူကြီး၌
စီရင်ခြင်းဖြင့် အဆုံးသတ်ခြင်း။ ၂၀
၁၅။ ကောင်းကင်သစ်၊ မြေကြီးသစ်နှင့် ယေရုရှလင်မြို့သစ်
အကြောင်း ပရောဖက်ပြုချက်များ။ ၂၁:၁-၂၂:၅
၁၆။ နိဂုံး။ ကောင်းချီးပေးခြင်းနှင့် ဆုတောင်းချက်
“သခင်ယေရှု၊ ကြွလာတော်မူပါ။” ၂၂:၆-၂၁

အခန်းကြီး ၂ နှင့် ၃ တွင် အသင်းတော် ၇ ပါး အတွက် စာများပါရှိ ပါသည်။ ဤစာစောင်များအား အဆင့် ၃ ဆင့် ခွဲ၍ ရှုမြင်သင့်သည်။ ပထမ အနေဖြင့် အသင်းတော်များသို့အမှန်တကယ်ရေးသားပြီး၊ ၎င်းအသင်းတော်များ၌ အမှန်တကယ်တွေ့ရသော ပြဿနာများကို ဖြေရှင်းထားခြင်းဖြစ်သည်။ ဒုတိယမှာ ဤအသင်းတော်များသည် သမိုင်းတစ်လျှောက် မည်သည့်ကာလ၌မဆိုရှိနေသည့် အသင်းတော်များကို ပုံဆောင်နေပါသည်။ တတိယမှာ ဤအသင်းတော်များသည် ပထမရာစုမှစ၍ ယနေ့ခေတ်အထိ အသင်းတော်သမိုင်းတစ်လျှောက်ရှိ အဆင့် ၇ ဆင့် ကို ကိုယ်စားပြုနေပါသည်။

ဤစာစောင်တစ်ခုစီနှင့် အသင်းတော်များကို ကြည့်ကြပါစို့။

ဧဖက်အသင်းတော်သည် အပြင်ပန်းအရ အောင်မြင်သော်လည်း ခရစ်ယာန်အသက်တာ၌ ထိရောက်မှုရှိစေရန် အလွန်လိုအပ်ပြီး လှုံ့ဆော်ပေးနိုင်သော ရှေးဦးမေတ္တာကို စတင်ဆုံးရှုံးနေပြီဖြစ်သည်။ ဤစာစောင်ကို အသင်းတော်သမိုင်းရှုထောင့်မှကြည့်ပါက တမန်တော်များသေဆုံးပြီးသည်နှင့် နောက်ပိုင်းအချိန်များတွင် အသင်းတော်အတော်များများ၌စတင်၍ ရှေးဦးမေတ္တာ လျော့နည်းလာသည်။ အသင်းတော်သမိုင်းရှိ ဧဖက်အသင်းတော်၏ ကာလမှာ ယေရုရှလင်ရှိ အသင်းတော်ပျက်စီးသည့် အေဒီ ၇၀ မှ အေဒီ ၁၆၀ ခန့်အထိ ဖြစ်သည်။ ထိုအချိန်အတွင်း အသင်းတော်ရာပေါင်းများစွာသည် ကမ္ဘာကြီးအား နွေးထွေးကြင်နာစွာ အမှုဆောင်ခြင်းမှ သမားရိုးကျမေတ္တာကင်းမဲ့သော အဖွဲ့အစည်းဆန်သည့် သာတရားမျိုးဖြစ်သွားသည်။ အသင်းတော်သည် ပဋိပက္ခများနှင့် ဓမ္မအတွေးအမြင် ငြင်းခုံမှုများနှင့် ပြည့်နှက်လာသည်။

စမုရနဟူသောစကားလုံးမှာ ပွင့်နေသောမုရန်အပင်၏ နူးညံ့သော အခေါက်ကို ထိုးဖောက် (သို့) ခြေပစ်သည့်အခါ ရရှိလာသော မွှေးရနံ့ (သို့) ရေမွှေး “မုရန်”ဟု အဓိပ္ပာယ်ရပါသည်။ ၎င်းသည် ပထမရာစုရှိ စမုရနအသင်းတော်နှင့် လိုက်ဖက်သောအမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မကြာခဏဖိစီးနှိပ်စက်ခံရသော အသင်းတော်ဖြစ်၍ ဒေသတစ်ခုလုံး၌ အမွှေးရနံ့ကို ပေးနိုင်ခဲ့သည်။ သမိုင်းအရ စမုရနရှိအသင်းတော်သည် အေဒီ ၁၆၀မှ ခရစ်ယာန်ဧကရာဇ်ဟုခေါ်သည့် မဟာကွန်စတင်တိုင်း နန်းတက်လာချိန် အေဒီ ၃၂၄ အထိ ကြာမြင့်သည့် “မာတုရများ၏နှစ်”ဟု ခေါ်သည့်ကာလကို ကိုယ်စားပြုနေပါသည်။ ဤကာလကို မာတုရများ၏နှစ်ဟုခေါ်ဆိုခြင်းက သမိုင်း၌ ခရစ်ယာန်များ မာတုရအဖြစ် ဤတစ်ကြိမ်တည်း အသေခံကြရသည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ ဤခရစ်ယာန်များမှာ အထူးသဖြင့် မမျှတသောရက်စက်မှုများဖြင့် နှိပ်စက်ခံခဲ့ရခြင်းကြောင့်ဖြစ်သည်။

ပေရဂံမှာ “လက်ထပ်ထိမ်းမြားပြီး” ဟု အဓိပ္ပာယ်ရပါသည်။ ဤအသင်းတော်သည် လောကီနှင့် ထိမ်းမြားထားပြီး ဘုရားမဲ့လောကကြီး၏စနစ်များနှင့်ပေါင်းဖက်ရန် ကြိုးစားကြသည်။ မယုံကြည်သည့် လောကကြီး၏သဘောထားများနှင့် တန်ဖိုးထားမှုပုံစံများမှာ အသင်းတော်၏ဖြစ်စဉ်ထဲသို့ စိမ့်ဝင်လာသည်။ အသင်းတော်သမိုင်း၌ ပေရဂံအသင်းတော်၏ကာလမှာ အေဒီ ၂၄ ကွန်စတင်တိုင်းနန်းတက်ချိန်မှ ပုပ်ရဟန်းမင်းကာလအစပြုသည့် ၆ ရာစုကြားရှိကာလဖြစ်သည်။ ယင်းမှာ အသင်းတော်နှင့်အစိုးရ ပထမဆုံး စတင်ပေါင်းဖက်ချိန်ဖြစ်ပြီး ကွန်စတင်တိုင်းက ခရစ်ယာန်ဘာသာကို ရောမအင်ပါယာ၏ တရားဝင်ဘာသာအဖြစ် သတ်မှတ်လိုက်ချိန်ဖြစ်သည်။ သမိုင်း၌ ဤအချိန်အတွင်း အသင်းတော်သည် အရေးပါလျက် ရေပန်းစား ခဲ့သည်။ ယုံကြည်ခြင်း၏ မိသားစုဟု သိပ်မမြင်ရတော့ပဲ အခြားနိုင်ငံများ ကဲ့သို့ သာမန်လောကီနိုင်ငံပုံစံအဖြစ် တွေ့ရပေသည်။ အသင်းတော်၏ နိုင်ငံရေးသြဇာတက်လာသည်နှင့်အမျှ ဝိညာဉ်ရေးအရလွှမ်းမိုးမှုမှာ ကျဆင်းသွားသည်။

သွာတိရမြို့ရှိ အသင်းတော်မှာ ဝိညာဉ်ရေးဖောက်ပြန်မှုကာလကို ဖြတ်သန်းရသည်။ သခင်ဘုရားကိုယ်တော်တိုင်က နာကျင်စွာဆုံးမလျက် သန့်စင်ပေးရသည်အထိဖြစ်သည်။ ၎င်း၏သန့်စင်မှုဆုံးရှုံးပြီး ကိုယ်ကိုကိုယ် စင်ကြယ်မှုပြုရန် လိုအပ်သည်။ အသင်းတော် ၇ ပါးအနက် အဖောက်ပြန်ဆုံး အသင်းတော်ဖြစ်ပြီး၊ ခရစ်ယာန်သမိုင်းရှိ မှောင်မိုက်ပျက်စီးသောကာလကို ပုံဆောင်သည်။ အမှောင်ခေတ်ကာလတွင် အသင်းတော်သည် ၎င်း၏စိတ်အားထက်သန်မှု၊ သန့်စင်မှုတို့ ပျောက်ကွယ်ပြီး အယူသည်းမှုများနှင့် မယုံကြည်သူများ၏ဝါဒများ ထိုးဖောက်ဝင်ရောက်ရာ ကာလဖြစ်သည်။ အမှောင်ခေတ်သည် ၇ ရာစုမှ ပြုပြင်ပြောင်းလဲခြင်းစတင်သည့် ၁၆ ရာစုအထိ ကြာမြင့်ခဲ့သည်။

သာဒိမြို့ရှိအသင်းတော်မှာ သမ္မာတရားကို ရရှိခဲ့သော်လည်း ရှင်သန်မှု မရှိပါ။ အသင်းတော်အနေဖြင့် နာမည်ကောင်းကို တည်ဆောက်နိုင်သော်လည်းအတွင်း၌မူ သေကြေပျက်စီးနေသည်။ သာဒိမြို့ရှိ ခရစ်ယာန်များအား မျက်မှောက်ခေတ် “အမည်ခံခရစ်ယာန်များ”ဟု ဆိုနိုင်ပါသည်။ “အမည်ခံ” ဟူသောစကားလုံးမှာ “အမည်နာမ” ဟူသော ရင်းမြစ်စကားလုံးမှလာပါသည်။ သာဒိမြို့ရှိခရစ်ယာန်များမှာ အမည်ခံခရစ်ယာန်များသာဖြစ်သည်။ သခင်ယေရှုက ၎င်းတို့အား “သင်တို့အသက်ရှင်သည့် ဂုဏ်သတင်းရှိသော်လည်း အသေဖြစ်ကြ၏”ဟု ဆိုပါသည်။ သာဒိမြို့ရှိ အသင်းတော်၌ အပြင်ပန်းအားဖြင့် ခရစ်တော်ကို ယုံကြည်ကိုးကွယ်သော်လည်း စစ်မှန်သောဝိညာဉ်အသက်တာမရှိသူအများစုနှင့် ဖွဲ့စည်းထားပါသည်။ ယင်းမှာ ၁၆ ရာစုမှ ၁၈ ရာစုအတွင်း ပြုပြင်ပြောင်းလဲရေးကာလ၏ ပုံရိပ်ပင်ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေး အသင်းတော်များသည် မီးတောက်ကဲ့သို့ စိတ်အားထက်သန်မှုနှင့် အစပြုသော်လည်း မကြာမီမှာပင် အသေဖြစ်သည့် ရှေးရိုးယုံချက်များဖြင့်သေကာ ပြာဖြစ်သွားပါတော့သည်။

ဖိလဒေလဖိအသင်းတော်သည် အံ့ဖွယ်အသင်းတော်ဖြစ်ပါသည်။ သခင်ဘုရားက ဤအသင်းတော်ကို ထောက်ခံခဲ့သည်။ အကြောင်းမှာ နှုတ်ကပတ်တော်၌မှန်ကန်၍ သစ္စာရှိခြင်းကြောင့်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အတွင်းခွန်အားကိုရည်ညွှန်းလျက် ထိုအသင်းတော်သည် “အနည်းငယ်သော ခွန်အားရှိသည်နှင့်”ဟု သခင်ပြောခဲ့သည်။ ကမ္ဘာကြီး၏နိုင်ငံရေးတည်ဆောက်ပုံ သြဇာတန်ခိုးနှင့် နှိုင်းစာပါက ဖိလဒေလဖိ အသင်းတော်သည် အလွန်အားနည်းသည်။ ဤအသင်းတော်သည် ၁၉ရာစုခရစ်ယာန် အသင်းတော်အနေဖြင့် နိုင်ငံရေး သြဇာရယူရန်ထက် သန့်ရှင်းသောဝိညာဉ်တော်ဟူသည့် အတွင်းတန်ခိုးကို နာခံရန် အလေးထားသောအချိန်၊ ဧဝံဂေလိနိုးထမှုကြီးဖြစ်သောအချိန်ကို ထင်ဟပ်ပြနေပါသည်။ ဤကာလရှိအသင်းတော်သည် လုပ်ဆောင်မှုနှင့် ရောယှက်သော ကြီးမားသောသာသနာပြုခြင်း လှုပ်ရှားမှုဖြင့် ကမ္ဘာကြီး၏အဝေးစွန်းထိတိုင် ချဲ့ထွင်နိုင်ခဲ့သည်။

ချမ်းသာသောအသင်းတော်ဖြစ်သည့် လောဒိကိ အသင်းတော်က “ငါတို့ဘုရားဆီက ဘာမှမလိုဘူး။ ငါတို့မှာ ငွေ၊ သြဇာ၊ အာဏာရှိတယ်။ ငါတို့ လိုတာလည်း ဒါတွေပဲ}}ဟု ဆိုပါသည်။ ဘုရားသခင်က “မျက်စိမမြင်တဲ့ လူမိုက်တွေ၊ မင်းမှာ ဘာမှမရှိတာမသိဘူးလား။ မင်းကဒုက္ခရောက်ပြီး ဆင်းရဲနေသူ၊ သနားစရာကောင်းပြီး မျက်စိမမြင်တဲ့သူဖြစ်တယ်။ ငါ့ဆီက မီးနဲ့သန့်စင်ထားတဲ့ ရွှေကိုဝယ်ပါ” ဟု မိန့်ကြားသည်။ သခင်ဘုရားသည် မိမိကိုယ်ကို အသင်းတော် အပြင်တံခါးရှေ့၌ရပ်၍ ဝင်ခွင့်ရရန် တံခါးခေါက်နေသူအဖြစ် မိမိကိုယ်ကိုဖော်ပြ ထားပါသည်။ သင်သည် အအေးမဟုတ်၊ အပူမဟုတ်ဟု သခင်ဘုရားကဆိုသည်။

လောဒိကိမြို့သားများသည် သေနေသကဲ့သို့ အေးစက်နေသော သာဒိမြို့ရှိ အသင်းတော်နှင့်မတူပါ။ ထို့အတူ ပူနွေးပြီး ရှင်သန်နိုးကြားနေသော ဖိလဒေလဖိ အသင်းတော်နှင့်လည်း မတူပါ။ ၎င်းတို့သည် နွေးရုံမျှသာရှိသည်။

ဗျာဒိတ်ကျမ်းရှိ အသင်းတော် ၇ ပါးလုံးသည် အသင်းတော်သမိုင်းရှိ အချိန်ကာလကို ကိုယ်စားပြုပါသည်။ အသင်းတော်သမိုင်း၏ ရာစုနှစ် ၂၀ ကို ပြန်ပြောင်းကြည့်ပါက ဤပရောဖက်ပြုချက် သင်္ကေတတစ်ခုစီတိုင်းသည် မည်မျှ မှန်ကန်သည်ကို သင်တွေ့ပေလိမ့်မည်။ လောဒိကိအသင်းတော်သည် နောက်ဆုံးခေတ်-ကျွန်ုပ်တို့ခေတ်ရှိ အသင်းတော်ကို ပုံဆောင်နေကြောင်း သမိုင်းရော ပရောဖက်ပြုချက်ကပါ အတိအလင်း အတည်ပြုထားပါသည်။ ဆိုလိုသည်မှာ အသင်းတော်သည် မိမိကိုယ်ကို ချမ်းသာသည်ဟုထင်သော်လည်း ဆင်းရဲနေပြီး မပူမအေးနွေးရုံရှိကာ လောဒိကိအချိန်၌ အသက်ရှင်သကဲ့သို့ပင် ဖြစ်ပေသည်။

ယင်းမှာ ယေဘုယျဖော်ပြချက်သာဖြစ်ပြီး ဤနွေးရုံရှိသောခေတ်ကာလထဲ၌ပင် ရှင်သန်နိုးကြားသောခရစ်ယာန်များစွာကို တွေ့ရပါသည်။ ဤလောဒိကိ ခေတ်ကာလအတွင်း၌ပင် ဖိလဒေလဖိခရစ်ယာန်များကဲ့သို့ အသက်ရှင်ရန်မှာ ကျွန်ုပ်တို့အတွက် စိန်ခေါ်မှုနှင့် ကျွန်ုပ်တို့၏တာဝန်ဖြစ်သည်။ ကျွန်ုပ်တို့ဝန်းကျင်ရှိ အခြားအသင်းတော်များတွင် လောဒိကိပုံစံကူးစက်ခြင်းခံရသော်လည်း ကျွန်ုပ်တို့အနေဖြင့် အသင်းတော်၏ကာလ ကုန်ဆုံးခါနီးအချိန်တွင် သခင်ခရစ်တော်၏အလင်းကိုပေးကာ၊ တောက်ပပူလောင်စွာလောင်ကျွမ်းရန် ရွေးချယ်ရပေမည်။ အကယ်၍ ကျွန်ုပ်တို့ဤသို့ပြုပါက ဗျာဒိတ် ၃ ရှိ နိဂုံးချုပ်ထားသော ကတိတော်မှာ ကျွန်ုပ်တို့အတွက်ဖြစ်မည်ဟု သခင်ယေရှုမိန့်ကြားထားပါသည်။

“ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့သို့ အောင်မြင်သောသူသည် ငါ၏ပလ္လင်ပေါ်မှာ ငါနှင့်အတူထိုင်နေရသောအခွင့်ကို ငါပေးမည်။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။”(၃:၂၁-၂၂)

အခန်းကြီး ၄ ၌ စာစောင်သည် ချက်ချင်းပြောင်းသွားသည်။ အငယ်၂ ရှိ “ဝိညာဉ်တော်ကိုခံ၍” ဟူသည့် အဓိကစကားစုကို သတိပြုပါ။ ဤစကားစုကို ဗျာဒိတ်ကျမ်းတွင် ၄ ကြိမ်တိုင်တွေ့ရသည်။ ၁:၁၀တွင် ရှင်ယောဟန်သည် ပတ်မုကျွန်း၌နေရစဉ် ဤရူပါရုံတစ်ခုလုံးအား စတင်ဖော်ပြ ပေးသည်။ ၄:၂တွင် တံပိုးခရာကဲ့သို့သော အသံကိုကြားရချိန်၊ ၁၇:၃ တွင် ကောင်းကင်တမန်က သူ့ကိုတောသို့ဆောင်သွား၍ သားရဲနီအပေါ်၌ ထိုင်နေသော အမျိုးသမီးအားတွေ့ချိန်၊ ၂၁:၁၀တွင် ရှင်ယောဟန်အား တောင်ပေါ်သို့ ခေါ်ဆောင်သွားလျက် ကောင်းကင်ဘုံမှဆင်းသက်သော သန့်ရှင်းသောမြို့တော် ဖြစ်သည့် ယေရုရှလင်မြို့သစ်ကိုပြသချိန် စသည်ဖြင့် တွေ့ရပေသည်။ ထိုအချိန် တိုင်း၌ ရှင်ယောဟန်သည် “ဝိညာဉ်တော်ကိုခံရပါသည်။” ယင်းက အလွန်ထူးခြားသောအရာ တစ်စုံတစ်ခုဖြစ်မည်ကို သင်္ကေတအချက်ပြနေခြင်းဖြစ်သည်။

“ထိုအခါ ဝိညာဉ်တော်ကို ငါသည်ချက်ချင်းခံရ၍ ကောင်းကင်ဘုံ၌ ပလ္လင်တစ်ခု တည်လျက်ရှိ၏။ ပလ္လင်ပေါ်မှာထိုင်သောသူလည်းရှိ၏။”(၄:၂)

ဤအဆင့်မှာထူးခြားပါသည်။ အကြောင်းမှာ မြင်ကွင်းသည် မြေကြီးမှကောင်းကင်သို့ ကူးပြောင်းသွားခြင်းကြောင့်ဖြစ်သည်။ “ကောင်းကင်နိုင်ငံ” ဟုဆိုရာ၌ အာကာသထဲရှိ နေရာတစ်ခုခုကို ဆိုလိုခြင်းမဟုတ်ပါ။ သမ္မာကျမ်း၌ ကောင်းကင်ဟူသည်မှာ မမြင်ရသောနယ်ပယ်တစ်ခုဖြစ်ပြီး အခြားရှုထောင့်တစ်ခုမှာ ကျွန်ုပ်တို့အကြား၌ရှိနေသော်လည်း ကျွန်ုပ်တို့မမြင်အောင် ဖုံးကွယ်ထားသော ဘုရားသခင်အုပ်စိုးသည့်နေရာဖြစ်သည်။ ယင်းမှာ ဝိညာဉ်ရေးနှင့်ဆိုင်သော နယ်ပယ်ဖြစ်ပြီး၊ အဘက်ဘက်မှ ကျွန်ုပ်တို့ကို ဝန်းရံထားသည်။ သို့သော် မြည်းစမ်း၊ တို့ထိ၊ မြင်၍ရသောအရာမဟုတ်ပေ။ သို့သော်လည်း ယင်းမှာ အလွန်စစ်မှန်သောအရာဖြစ်ပြီး “လက်တွေ့ဘဝ”ဟု ကျွန်ုပ်တို့ ခေါ်သည့် ထင်ရှားသောတည်ရှိမှုထက်ပင် ပို၍စစ်မှန်မှုရှိပါသည်။ လက်တွေ့ ဘဝကို ကောင်းကင်နယ်ပယ်နှင့်ယှဉ်ပါက အငွေ့မျှသာဖြစ်ပါသည်။

ဤကောင်းကင်နိုင်ငံတော်ကို ရှင်ယောဟန်အတွက်ဖွင့်လှစ်၍ သူသည် ပလ္လင်နှင့်၊ ပလ္လင်ပေါ်၌ထိုင်နေသောသူကိုလည်း မြင်ခဲ့ပါ၏။ ပြောပြစရာမလိုဘဲ မည်သူဖြစ်ကြောင်း သူချက်ချင်းသိခဲ့ပါသည်။ ယင်းမှာ ဘုရားသခင်၏ပလ္လင်ဖြစ်ပြီး၊ ဘုရားသခင်သည် သမိုင်းကြောင်းတစ်ခုလုံးကို ထိန်းချုပ်နေပါသည်။ ရှင်ယောဟန်သည် တန်ခိုးအစွမ်းကြီးမားသော ဘုရားနှင့်ဆန့်ကျင်ဖက်ဖြစ်သော လူသား၏အစွမ်းမဲ့ခြင်းနှင့် အားနည်းခြင်းဟူသည့် မှတ်သားဖွယ်ရာရူပါရုံကို ရှုမြင်ခဲ့ပါသည်။

ထို့နောက် ရှင်ယောဟန်ပလ္လင်ရှေ့၌ သိုးသူငယ်ကိုမြင်၏။ လည်ပင်း ဖြတ်ထားခြင်းခံရသော သိုးသူငယ်ဖြစ်သည်။ ဘုရားသခင်၏သားတော်အတွက် ယင်းမှာ ထူးဆန်းသောသင်္ကေတဟု ထင်ရဟန်ရှိသော်လည်း ယင်းမှာအလွန်လိုက် ဖက်ကိုက်ညီပေသည်။ အသေသတ်ခြင်းခံရသောအပြစ်မဲ့သိုးသူငယ် ယဇ်ကောင် ပင်ဖြစ်သည်။ ရှင်ယောဟန်ကြည့်နေစဉ်ပင် သိုးသူငယ်မှာ ခြင်္သေ့အဖြစ်ပြောင်း သွားပြီး၊ သိုးသူငယ်မှခြင်္သေ့အဖြစ်သို့ ပြောင်းသူမှာလည်း အားလုံး၏ရှင်ဘုရင်မင်းဖြစ်ကြောင်းတွေ့ရပေသည်။ ပလ္လင်ပေါ်ရှိလူ၏ရှေ့တွင်ရပ်နေရာ၊ ထိုသူ၏လက်ထဲတွင်စာအုပ်ငယ်လေးတစ်အုပ် ကိုင်ထားပါသည်။ ဤစာအုပ်ငယ်လေးမှာ ဗျာဒိတ်ကျမ်းအတွင်း အလွန်ထူးခြားသောစာအုပ်ဖြစ်ပါသည်။ ၎င်းသည် ဘုရား သခင်၏ မိမိနိုင်ငံတော်ကို မြေကြီးပေါ်၌တည်ထောင်ရန် အစီအစဉ်များပင် ဖြစ်သည်။ ကောင်းကင်နိုင်ငံ၌ ဘုရားသခင်သည် ပြိုင်ဘက်မရှိ စိုးစံသည်။ မြေကြီးပေါ်၌မူ စကြဝဠာကိုဖန်ဆင်းသော အရှင်ဘုရားသခင်ကို လက်သီးလက် မောင်းတန်းရဲသူ၊ သေးနုပ်သူများက ဘုရားရှင်၏အလိုတော်ကို အဆက်မပြတ် စိန်ခေါ်နေကြပါသည်။ သို့ရာတွင် ဘုရားသခင်က ဤအရာအားလုံးကို ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ခြင်္သေ့ဖြစ်သော သိုးသူငယ်အားဖြင့် ထိုသို့ပြုမည်ဖြစ်သည်။ သိုးသူငယ်သည် စာအုပ်(အမှန်မှာ စာလိပ်)ကိုယူ၍ ဖွင့်နိုင်သော တစ်ဦးတည်းသောသူ ဖြစ်ပါသည်။

ဤစာအုပ်၏ တံဆိပ် ၇ ချက်ကို ဖြည်ဖွင့်ပြလိုက်သည်နှင့် စာလိပ်ရှိ ကျမ်းပိုဒ်များ အားလုံးရှေ့၌ ထင်ရှားစွာပေါ်လာသည်။ ရှင်ယောဟန်သည် ကျမ်းစာလိပ်ကို ပထမမြင်စဉ်က  ငိုကြွေးခဲ့သည်။ အကြောင်းမှာ ထိုစာလိပ်ကို ဖွင့်ရန် မည်သူ၌မျှ အခွင့်မရှိဟု ထင်သောကြောင့်ဖြစ်သည်။ သို့သော် လူသားကိုမြင်သောအခါ ဘုရားသခင်၏နိုင်ငံတော်ကို မြေပေါ်၌တည်စေရန် စာလိပ်ကိုဖွင့်ရန် ထိုက်တန်သောသူမှာ သခင်ယေရှုတစ်ပါးတည်းဖြစ်ကြောင်း၊ သူသိလိုက်သည်။

စာလိပ်ကိုဖြေလိုက်သည်နှင့် တံဆိပ် ၇ ခုကို တွေ့ရပါသည်။ ဗျာဒိတ်ကျမ်း၌ နံပါတ် ၇ ကို မကြာခဏတွေ့ရကြောင်းသတိပြုပါ။ ၎င်းသည်ထူးခြားသောနံပါတ်ဖြစ်သည်။ အသင်းတော် ၇ ပါးကို ကျွန်ုပ်တို့တွေ့ပြီးဖြစ်သည်။ ယခု တံဆိပ်(၇)ခုကိုတွေ့ရပြန်သည်။ တံဆိပ်တစ်ခုစီက မြေကြီးပေါ်၌လှုပ်ရှားမည့် စွမ်းအားသစ်ကို ဖော်ပြနေပါသည်။ ယင်းနောက် တံပိုးခုနစ်လုံးနှင့် ဘုရားသခင့်အမျက်တော်နှင့်ပြည့်နေသော ဖလား ၇ လုံး တို့ကို တွေ့ရမည်ဖြစ်သည်။

ဗျာဒိတ် ၆ တွင် ပရောဖက်ကြီးဒံယေလပြောသော သမိုင်း၏အဆုံးသတ်ဖြစ်သော ၇ နှစ်တာကာလ၏အစကို တွေ့ရသည်။ ယနေ့ကမ္ဘာတစ်ဝန်း ဖြစ်ပျက်နေသော အဖြစ်အပျက်အားလုံးသည် ဘေးဒဏ်ကြီးကာလဟူသည့် ဤ ၇ နှစ်တာကာလသို့ ဦးတည်ရွေ့လျားနေပါသည်။ သံလွင်တောင်ပေါ်၌ သခင်ဘုရားက တပည့်တော်များအား မိန့်ကြားချက်၌ တွေ့ရသည့်အတိုင်း ဤကပ်ဆိုးသည် ကမ္ဘာအနှံ့ဧဝံဂေလိတရားဟောပြောခြင်းဖြင့် အစပြုမည်ဖြစ်သည်။

“လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း၊ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံ အရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့။” (မဿဲ ၂၄:၁၄)

ဗျာဒိတ်ကျမ်းတွင် ဦးစွာအသင်းတော်ကို အခြေခံအဖြစ်စဉ်းစားရာမှ ကမ္ဘာကြီးရှိ ကျန်သောအရာများနှင့်ဆိုင်သည့် သမိုင်းအဖြစ်အပျက်များဘက်သို့ ပြောင်းသွားသည်။ ဤအချက်အားဖြင့် အသင်းတော်သည် ၇နှစ်တာဘေးဒဏ်ကြီး ကာလမတိုင်မီ သခင်ဘုရားနှင့်အတူ ရှိရမည်ဖြစ်ကြောင်း ယုံကြည်မိပေသည်။ ဤခေတ်ကာလ၏ ပထမအဖြစ်အပျက်မှာ ဤတံဆိပ် ၇ ခုထဲမှ ပထမတစ်ခုဖြင့် သင်္ကေတပြုထားသော ကမ္ဘာအနှံ့ဧဝံဂေလိတရားဟောပြောခြင်းဖြစ်သည်။

“ထိုအခါ ငါကြည့်လျှင် မြင်းဖြူတစ်စီးရှိ၏။ မြင်းစီးသောသူသည် လေးကိုကိုင်၏။ သူ၌ သရဖူကို ပေးတော်မူ၏။ အောင်မြင်လျက် လည်းကောင်း၊ အောင်မြင်ခြင်းငှာလည်းကောင်း ထွက်သွား၏။” (၆:၂)

အဖြူရောင်သည် ဘုရားသခင်နှင့် ဘုရားဇာတိကိုပုံဆောင်ပြီး သန့်စင်ခြင်းနှင့် သန့်ရှင်းခြင်းကို ကိုယ်စားပြုသည်။ လေးက အောင်မြင်မှုကို ကိုယ်စားပြုသည်။ ယင်းမှာ ဧဝံဂေလိတရားက ကမ္ဘာကြီးကို အောင်နိုင်ခြင်း ပုံရိပ်ပင်ဖြစ်သည်။

ဒုတိယတံဆိပ်မှာ “စစ်”ကို ဆိုလိုသည်။ ရှင်ယောဟန်ရေးသည်မှာ “ထိုအခါ မြင်းနီတစ်စီးထွက်၍ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးက ရုတ်သိမ်းခြင်းငှာလည်းကောင်း၊ မြေကြီးသားတို့ကို အချင်းချင်း အသေသတ်စေခြင်းငှာလည်းကောင်း အခွင့်ရ၏။ သူ၌ ဓားကြီးကို ပေးတော်မူ၏။” (၆:၄)

ဤဓားကြီးက ကြောက်မက်ဖွယ် နျူကလီးယားစွမ်းအင်ကို ကိုယ်စား ပြုမည်လား။ (သို့) မမျှော်မှန်းနိုင်သည့် အတိုင်းအတာဖြင့် ဖြစ်ပွားသည့် သာမန် စစ်ပွဲများပေလား။

တတိယတံဆိပ်နှင့် တတိယမြင်းစီးသူသည် ကမ္ဘာအနှံ့စစ်ပွဲများ ပေါ်ပေါက်ခြင်းကြောင့် ရှောင်လွှဲမရ ပေါ်ပေါက်လာသော ငတ်မွတ်ခေါင်းပါးခြင်းကို ပုံဆောင်နေပါသည်။

စတုတ္ထတံဆိပ်နှင့် စတုတ္ထမြင်းစီးသောသူက ဘေးဒုက္ခသေခြင်းကို သယ်ဆောင်လာသည်။ ဓားဘေး၊ ငတ်မွတ်ခြင်းဘေး၊ ကပ်ရောဂါနှင့် သားရဲများဆိုသည့် နည်းလမ်း ၄ သွယ်ဖြင့် သေခြင်းဖြစ်သည်။

“ထိုအခါ ငါကြည့်လျှင် မြင်းမွဲတစ်စီးရှိ၏။ မြင်းစီးသောသူသည် မရဏာဟူသော အမည်ရှိ၏။ မရဏာနိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ၏။ သူသည် မြေကြီးလေးစိတ်တစ်စိတ်ကို အစိုးရရန် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာ၍သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင်သော အခွင့်ကိုရ၏။” (၆:၈)

နောက်ဆုံးသောနေ့များ၌ လူသားတို့အတွင်း ဖြစ်ပွားလာမည့် အဖြစ်အပျက်များကိုဖြစ်စေမည့် အင်အားစုများအကြောင်းကို ဒုတိယ၊ တတိယနှင့် စတုတ္ထတံဆိပ်များဖြင့် ရှင်ယောဟန်က ရှင်းပြထားပါသည်။ ဤကာလတစ်လျှောက် လူသားတို့အစွမ်းမှာထင်ရှားပြီး ဘုရားသခင်က အပြစ်နှင့်ပြည့်သော လူသားမျိုးနွယ်အား ကြောက်မက်ဖွယ်အဖြစ်အပျက်များ ဖြစ်လာစေရန် ခွင့်ပြုထားပါသည်။

ပဉ္စမတံဆိပ်မှာ လူသားမျိုးနွယ်၏ အတွင်းတန်ခိုး-မာတုရများ၏ဆုတောင်းခြင်းကို ဖော်ပြပါသည်။ ယင်းနောက်တွင် စာစောင်တစ်ခုလုံး၏သော့ချက်ကိုပေးမည့် စကြဝဠာဆိုင်ရာတားဆီးမှုများကို တွေ့ရပါသည်။

“ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသောမြေလှုပ်ခြင်း ဖြစ်၏။ နေသည် အမွှေးဖြင့်ရက်သော အဝတ်ကြမ်းကဲ့သို့မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။ သင်္ဘောသဖန်းပင်ကို ပြင်းစွာလေ တိုက်လျှင်၊ အချိန်မတန်သောအသီးကြွေသကဲ့သို့ ကောင်းကင်ကြယ် တို့သည် မြေပေါ်သို့ကျကြ၏။ မိုးကောင်းကင်သည် စာစောင်လိပ် သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ကျွန်းများအပေါင်းတို့သည် မိမိနေရာအရပ်မှ ရွေ့ကြ၏။” (၆:၁၂-၁၄)

ဤကျမ်းပိုဒ်ရှိ မြေငလျင်လှုပ်ခြင်းက ဗျာဒိတ်ကျမ်းကိုနားလည်နိုင်မည့် သဲလွန်စကို ပေးပါသည်။ ဤဆဋ္ဌမမြောက်တံဆိပ်၌ နောက်ဆုံးအဖြစ်အပျက်အဖြစ် ကြီးမားသောငလျင်လှုပ်ခြင်း၊ မိုးသီးကြွေ ခြင်း၊ မီးတို့ဖြင့် အမှတ်ပြုထားသည်ကို ကြိုတင်မြင်ရပြီး (မဿဲ ၂၄း၂၉)တွင် သခင်ယေရှု ရှင်းပြထားသော ၇ နှစ်တာကာလ၏အဆုံးကို ညွှန်ပြနေပါသည်။ “ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည်အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။” ၎င်းသည် မိမိ၏အသင်းတော်နှင့်အတူ သခင်ယေရှုခရစ်တော် ပြန်ကြွလာခြင်းမတိုင်မီတွင် ဖြစ်ပွားမည်ဖြစ်သည်။

တံပိုးခုနစ်လုံးအသံမြည်ချိန် မြေငလျင်လှုပ်ခြင်းကို ထပ်မံဖော်ပြ ထားသည့် ဗျာဒိတ် ၁၀ နှင့် ၁၁ တွင် သတ္တမမြောက်တံဆိပ်က ဤ ၇ နှစ်တာကာလနောက်ပိုင်း ဒုတိယ၃နှစ်ခွဲ၌ဖြစ်ပျက်မည့် အဖြစ်အပျက်များကို အကျဉ်းချုပ် ဖော်ပြထားသည်။

“တစ်ဖန် ကောင်းကင်ဘုံ၌ ဘုရားသခင်၏ဗိမာန်တော်ကိုဖွင့်ထား၍ ဗိမာန်တော်ထဲမှာ ပဋိညာဉ်သေတ္တာတော်ထင်ရှားလေ၏။ လျှပ်စစ် ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုးချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အလုံးကြီးစွာသော မိုးသီးကျခြင်း ဖြစ်ကြ၏။” (၁၁:၁၉)

 

အခန်းကြီး ၁၂ မှ ၁၄ တွင် ကမ္ဘာပေါ်၌ လှုပ်ရှားမည့် ပိုစိတ်လှုပ်ရှား၊ စိတ်ဝင်စားဖွယ်ကောင်းသည့် ဝတ္ထုဆန်သည့် ဇာတ်ကောင်များကို မိတ်ဆက်ပေးထားပါသည်။ ပထမမှာ အမျိုးသမီးတစ်ဦးဖြစ်သည်။ ၎င်းကို (ဣသရေလဟု လွယ်ကူစွာမှတ်သားနိုင်သည်။) သူသည် ဖော်ပြထားပြီးဖြစ်သည့် ဘုရားသခင်၏ သားတော်ဟူသော လူသားသူငယ်ကို မွေးဖွားပေးသည်။ သူ့ကိုအကြီးအကျယ် ဆန့်ကျင်သူများမှာ မကောင်းဆိုးဝါး၏ကောင်းကင်တမန်များနှင့် စာတန်ဟု ခေါ်သော နဂါးကြီးဖြစ်ကြောင်း ဖော်ပြထားသည်။ ရှင်ယောဟန်ကြည့်နေစဉ်မှာပင် ပင်လယ်ထဲမှ သားရဲထွက်ပေါ်လာပြီး၊ ထိုသားရဲမှာ ဒံယေလပြောသည့် စတုတ္ထမြောက်လောကီနိုင်ငံဖြစ် သောရောမနှင့် ဆက်စပ်နေသော လူသားအစိုးရ ပုံစံဖြစ်ကြောင်း ရှင်ယောဟန် သတိပြုမိပါသည်။ တစ်နည်းဆိုလျှင် ရောမ အင်ပါယာကြီးမှာ ကာလအဆုံးထိ တည်ရှိနေမည်ဖြစ်သည်။

 

ကျွန်ုပ်တို့အနောက်ကမ္ဘာကိုကြည့်လျှင် ၎င်းသည်မည်မျှမှန်ကန်ကြောင်း တွေ့ရမည်။ အနောက်ကမ္ဘာခြမ်းရှိနိုင်ငံတိုင်းသည် ရောမအင်ပါယာ၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို လက်ခံသဘောတူရသည်။ ကျွန်ုပ်တို့သည် အခြေခံအားဖြင့် ရောမများဖြစ်ကြသည်။ အနောက်ကမ္ဘာခြမ်းတစ်ခုလုံး၏စဉ်းစားပုံ၊ အတွေးအခေါ်နှင့် သဘောထားအားလုံးသည် ရောမကဲ့သို့ပင် ဖြစ်သည်။ ပင်လယ်ထဲမှတက်လာသော သားရဲနှင့် ဆက်စပ်ပတ်သက်နေသူမှာ အခြားသားရဲ (သို့) မြေကြီးထဲမှထွက်လာပြီး အန္တိခရစ်နှင့်ဆက်စပ်နေသည့် ဘာသာရေး ခေါင်းဆောင်ပင်ဖြစ်သည်။

 

အခန်းကြီး ၁၄ မှ ၁၆သည် အများအားဖြင့် ဘုရားသခင့်အမျက်တော်ဖလား ဖော်ပြချက်တို့နှင့် ဆိုင်ပါသည်။ ၎င်းသည် သခင်ယေရှုမိန့်ကြားသည့် နေသည်မည်းပြီး၊ လသည် အသွေးအဖြစ် ပြောင်းကာ ဘုရားသခင့် အမျက်တော် သည် မြေကြီးပေါ်သို့ သွန်းလောင်းမည်ဟူသော ကြောက်မက်ဖွယ်စီရင်ချက်များနှင့် တစ်ထပ်တည်းတူညီပါသည်။

 

အခန်းကြီး ၁၆ နောက်ပိုင်းနှင့် အခန်းကြီး ၁၇ နှင့် ၁၈ တွင် ဘာသာရေးပြည့်တန်ဆာကြီး “ပဟေဠိဆန်ပြီး လျှို့ဝှက်ဆန်းကြယ်သော မဟာ ဗာဗုလုန်” အား စီရင်ခြင်းကိုတွေ့ရပေမည်။ ဗာဗုလုန်သည် ရှေးဟောင်းရုပ်တု ကိုးကွယ်မှု၏ အရင်းအမြစ်ဖြစ်ပြီး ဘာသာရေးရာ ဘုရားမဲ့မှုဖြစ်သည်။ ဘုရားတရားကိုင်းရှိုင်း၍ ဝိညာဉ်သဘောပြည့်ဝဟန်ရှိသော်လည်း အခြေခံသဘောသဘာဝအရ ဘုရားမဲ့မှုပင်ဖြစ်သည်။ ယင်းမှာ ဘာသာရေးအခွင့်သြဇာဖြင့် နိုင်ငံရေးအာဏာကိုကျင့်သုံးသော ဘာသာတရားဖြစ်သည်။

 

ဤကျမ်းပိုဒ်ကို သေချာစွာဖတ်ပါက ဤပဟေဠိဆန်သော ဗာဗုလုန် ဟူသည်မှာ စနစ်တစ်ခု၊ အဖွဲ့အစည်းတစ်ခု (သို့) ဂိုဏ်းဂဏတစ်ခုမဟုတ်ဘဲ၊အသင်းတော်တစ်ခုလုံးသို့ စိမ့်ဝင်ပျံ့နှံ့လာသော သဘောထားတစ်ခုဖြစ်သည်။ ဘာသာရေးအရလုပ်ဆောင်ပြီး နိုင်ငံရေးသြဇာအာဏာကိုရယူရန် ကြိုးပမ်းနေသူတစ်ဦးဦးကိုတွေ့သည့်အခါတိုင်း သင်တို့၌ပဟေဠိဆန်သောဗာဗုလုန်ရှိနေပြီဖြစ်ကြောင်း သတိမှတ်ပါ။ ၎င်းကို အသင်းတော်တိုင်း၌ တွေ့ရပေသည်။ ၎င်းသည် ကောင်းသောအပင်ကြားက တောမျိုးပင်ကိုညွှန်းဆို၍ သခင်ယေရှု ပြောသကဲ့သို့ “စပါးရိတ်သည့်ကာလတိုင်အောင်၊ အပင်နှစ်မျိုးတို့သည် အတူ ကြီးပွားပါလေစေ” (မဿဲ ၁၃း၃၀)။ တစ်ဖန် ဗျာဒိတ်ကျမ်း ၁၉ တွင် ရိတ်သိမ်းခြင်း နှင့်ဆိုင်၍တွေ့ရပါသည်။ (အခန်းကြီး ၁၄တွင် ကြိုတင်ပြောထားနှင့်သည်အတိုင်း) “တစ်ဖန် ငါကြည့်လျှင် ဖြူသောမိုးတိမ်ရှိ၏။ သားတော်နှင့်တူသောသူသည် ခေါင်းတော်ပေါ်၌ ရွှေသရဖူကိုဆောင်းလျက် ထက်သော တံစဉ်ကိုကိုင်လျက် မိုးတိမ်ပေါ်မှာထိုင်တော်မူ၏။ ကောင်းကင်တမန် တစ်ပါးသည် ဗိမာန်တော်ထဲကထွက်၍ ကိုယ်တော်၏တံစဉ်ကို လွှတ်၍ စပါးကိုရိတ်တော်မူပါ။ ရိတ်ရသောအချိန်ရောက်ပါပြီ။ မြေကြီး၌ ရိတ်စရာစပါးမှည့်ပါပြီဟု မိုးတိမ်ပေါ်မှာထိုင်သောသူကို ကြီးသောအသံနှင့်ဟစ်လေ၏။” (၁၄:၁၄-၁၅)

ဤရိတ်သိမ်းချိန်သည် သခင်ယေရှုခရစ်တော် ကမ္ဘာပေါ်ပြန်ကြွဆင်း လာချိန်တွင်ဖြစ်ပေါ်မည်။

“ထိုအခါ ကောင်းကင်ဘုံဖွင့်လှစ်လျက်ရှိသည်ကိုငါမြင်လျှင် မြင်းဖြူရှိ၏။ မြင်းစီးသောသူသည် သစ္စာဟူသောအမည်၊ သမ္မာဟူသောအမည် ရှိသတည်း။ ထိုသူသည် တရားသဖြင့် စီရင်တတ်၏။ တရားသဖြင့် စစ် တိုက်တတ်၏။ မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်းတော်ပေါ်၌ သရဖူများကိုဆောင်း၏။ ကိုယ်တိုင်မှတစ်ပါး အဘယ်သူမျှမသိသော နာမတော်သည် ရေးထားလျက်ရှိ၏။ အသွေး၌ နှစ်ပြီးသောအဝတ်ကို ဝတ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသောအမည်ရှိ၏။ကောင်း ကင်ဗိုလ်ခြေတို့သည် မြင်းဖြူကိုစီးလျက် စင်ကြယ်သောပိတ်ချောဖြူကို ဝတ်လျက် နောက်တော်သို့လိုက်ကြ၏။ လူမျိုးတို့ကို ဒဏ်ခတ်စရာဖို့၊ ထက်သောသန်လျက်သည် ခံတွင်းတော်ထဲကထွက်၏။ သူတို့ကို သံလှံ တံနှင့် အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရား သခင်၏ ဒေါသအမျက်တော်၏ စပျစ်သီးနယ်ရာတန်ဆာကို ဖိနင်း တော်မူမည်။” (၁၉:၁၁-၁၅)

ဤအချိန်တွင် ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံအားလုံးသည် ဘုရားသခင်၏ သားတော်၊ ကောင်းကင်မှဗိုလ်ခြေများနှင့်အတူ ပေါ်ထွက်လာမည့် ဣသရေလနယ်မြေရှိ အမေဂဒုန်ဟုခေါ်သည့် စစ်မြေပြင်၌ စုဝေးကြလိမ့်မည်။ နောက်ဆုံးတွင်မူ လူသားတို့၌ ကြာမြင့်စွာရှိခဲ့သော်လည်း၊ မထီမဲ့မြင်ပြုလျက် ငြင်းပယ်ခံခဲ့ရသော သဘာဝလွန်အင်အားစုများသည် လူတို့မျက်မှောက်၌ ရုတ်ချည်းထင်ရှားလျက် ဘုရားသခင်၏အလိုတော်နှင့် အချုပ်အခြာအာဏာကိုဆန့်ကျင်သည့် အမြစ်တွယ် နေသော မကောင်းမှုအားလုံးကို နှိမ်နင်းမည့်ပုံစံဖြင့် လူတို့မျက်မှောက်တွင် ပေါ်လာမည်။

ဘုရားသခင်၏သားတော်က ၎င်းကတိထားသည့် ၎င်း၏နိုင်ငံတော်ကို ကမ္ဘာမြေကြီး၌တည်ခြင်းနှင့် ဗျာဒိတ်ကျမ်းကို အဆုံးသတ်ထားပါသည်။ သေသောသူများကို စီရင်ပြီးနောက် ကောင်းကင်သစ်၊ မြေကြီးသစ်နှင့်ဘုရားသခင်၏မြို့တော်၊ ယေရုရှလင်မြို့သစ်သည် ကောင်းကင်မှသက်ဆင်းလာသည်။ ထိုနေရာ၌ဘုရားသခင်သည် လူသားမျိုးနွယ်နှင့်အတူ နေထိုင်မည်ဖြစ်သည်။ ယင်းမှာ သခင်ယေရှု ကျွန်ုပ်တို့ဆုတောင်းရန်သင်ကြားပေးသော “နိုင်ငံတော်တည်ထောင် ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌ပြည့်စုံပါစေသော” (မဿဲ ၆:၁၀) ဟူသည့် ဆုတောင်းချက် ပြည့်စုံလာခြင်း ဖြစ်သည်။

ဤမြို့ကြီးသည် အံ့အားသင့်ဖွယ်လှပပေသည်။ ရှင်ယောဟန်က ယင်း မြို့ထဲတွင် ဗိမာန်တော်ကို မတွေ့ပါ။ အကြောင်းမှာ ဗိမာန်တော်ကို မလို ခြင်းကြောင့်ဖြစ်ပြီး၊ အလင်းထွန်းလင်းရန် နေ (သို့) လကိုလည်း မလိုအပ်ပါ။ ဘုရားသခင်ကိုယ်တော်တိုင် တည်ရှိခြင်းသည် ယင်းမြို့ထဲရှိ အလင်းဖြစ်သည်။

၎င်း၏တံခါးဝများမှာလည်း နေ့ရောညပါ ပိတ်ထားခြင်းမရှိပါ။ စကြဝဠာကြီး တစ်ခုလုံးက နောက်ဆုံး၌ လူသားတို့၏ပုန်ကန်မှုကို သန့်စင်လိုက်ပြီဖြစ်၍ ဘာမျှကြောက်စရာမရှိတော့ပါ။ ပရောဖက်များ၏လှပသောအိပ်မက်များအားလုံး ဤအချိန်၌ ပြည့်စုံလာပြီးဖြစ်သည်။ ဓားများသည် ထယ်သွားများအဖြစ်၊ လှံတံများမှာ အသီးများနှင့်ပြည့်နေသော အပင်များကိုချိုင်ရန် ချိတ်များအဖြစ်သို့ပြောင်းသွားသည်။ စစ်ပွဲများ မရှိတော့ပါ။

စာစောင်၏အဆုံး၌ ကျွန်ုပ်တို့အား သခင်ယေရှုကြွလာခြင်းကို စောင့်ဆိုင်းရန်နှင့် ဘုရားသခင်၏သားတြွော်ကလာချိန်အထိ လုပ်ဆောင်ရန်၊ ဇွဲလုံ့လဝီရိယနှင့် သစ္စာရှိရန်၊ နာခံမှုရှိရန် တိုက်တွန်းထားပါသည်။ ဤစာစောင်သည် အလွန်အပြုသဘောဆောင်ကြောင်း တွေ့ရှိခြင်းက သင့်ကို အံ့အားသင့်ကောင်း အံ့အားသင့်စေမည်။ ဗျာဒိတ်ကျမ်းကို သေခြင်းမြင်ကွင်းများ၊ ကြောက်မက်ဖွယ်ရာ ကသောင်းကနင်းဖြစ်မှုများ၊ ဗရုတ်ဗရက်ဖြစ်မှုများ၊ အစုလိုက်အပြုံလိုက် ပျက်စီးခြင်းမြင်ကွင်းတို့ဖြင့် လူသိများကြသော်လည်း အမှန်တွင် ဤနေရာ၌ ရပ်တန့်မသွားပါ။ ဗျာဒိတ်ကျမ်းက ဘေးဒဏ်ကြီးကာလနှင့် အမေဂဒုန်စစ်ပွဲကိုကျော်လွန်ပြီး နောက်ဆုံး ဘုရားသခင်၏အောင်မြင်ချိန်အထိ ရှုမြင်ခြင်းဖြစ်သည်။ ရောက်ရှိလာမည့် ဘုန်းထင်ရှားရာနေ့နှင့်ပတ်သက်၍ စီ၊ အက်စ်၊ လူးဝစ်(စ်)က ဤသို့အနက်ဖွင့်ရေးသားထားသည်။

ဘုရားသခင်သည် ဝင်ရောက်လာမည်ဖြစ်သည်။ ကောင်းပါ၏။ သို့သော် ဘုရားဘက်၌သင်ရှိခြင်းက မည်သည့်အကျိုးရလဒ် ရှိစေသနည်း။ သဘာဝစကြဝဠာကြီးတစ်ခုလုံးက အိပ်မက်ကဲ့သို့ အရည်ပျော်ပျောက် ကွယ်သွားချိန်၌ သင့်ခေါင်းထဲသို့ မည်သည့်အခါမျှ မတွေးခဲ့ဖူးသော အတွေးတစ်ခု ဝင်ရောက်လာသည်။ ထိုအချိန်တွင် မည်သူမျှ ရွေးချယ်ဆုံးဖြတ်စရာမလို၊ ရွေးချယ်ရန်အခွင့် မရှိတော့ပါလား။ ထိုအတွေးက အချို့အတွက် အလွန်လှပပြီး၊ အချို့အတွက် အလွန်ထိတ်လန့်ဖွယ် ကောင်းသည်။ ထိုအချိန်တွင် ဘုရားသခင်သည် ကွယ်ဝှက်ထားခြင်း မရှိ။ အရာရာထင်ရှားမည်။ လူတိုင်းသည် အံ့သြတွေဝေလျက် အချို့က တားဆီး၍မရသောမေတ္တာကို ခံစားရမည်။ အချို့က ကြောက်ရွံ့ခြင်းကို ခံစားရမည်။ ထိုအချိန်၌ သင်ရပ်တည်မည့်ဘက်ကိုရွေးချယ်ရန် အလွန်နောက်ကျလေပြီ။ . . . ထိုအချိန်သည် ရွေးချယ်မှုပြုရမည့်အချိန် မဟုတ်ပါ။ ယခင်က ကျွန်ုပ်တို့ သိသိမသိသိ၊ ယခု ကျွန်ုပ်တို့ မည်သည့်ဘက်ကိုရွေးချယ်ခဲ့ကြောင်း တွေ့ရမည့်အချိန်ပင်ဖြစ်သည်။ ထို့ကြောင့် ယခုယနေ့အချိန်သည် မှန်ကန်သောဘက်ကိုရွေးချယ်ရန် အခွင့်အရေး ပင်ဖြစ်သည်။ ကျွန်ုပ်တို့အား ထိုအခွင့်အရေးကိုပေးရန် ဘုရားသခင်က ချုပ်ထိန်းထားသည်။ ထိုအချိန်က အစဉ်အမြဲတည်မည်မဟုတ်ပါ။ ကျွန်ုပ်တို့အနေဖြင့် ထိုအခွင့်အရေးကို ယူလျှင်ယူ၊ မယူလျှင် ချန်ထားရမည်ဖြစ်သည်။

ဗျာဒိတ်ကျမ်း၌ အားပေးမှုများနှင့်ပြည့်နေပါသည်။ ယင်းက သင့် ယုံကြည်ခြင်းကို နှိုးဆော်သလို ကြောက်ရွံ့စိတ်နှင့်လည်း ပြည့်စေမည်ဖြစ်သည်။ အကယ်၍ သင်သည် နေရာ၊ အချိန်အားလုံး၏အရှင်ကို သိကျွမ်းပါက သင့်အတွက် ကြီးစွာသောနှစ်သိမ့်ခြင်းနှင့် သက်သာမှုကို ပေးမည်ဖြစ်သည်။ ဗျာဒိတ်ကျမ်းသည် လေးနက်သောစာစောင်ဖြစ်ပြီး၊ စာလိပ်ကိုဖွင့်သူမှာ တစ်ခါက ဤကမ္ဘာမြေတွင်ကျင်လည်ခဲ့ပြီး ကရာနီရှိကားတိုင်၌ အသေခံသူဖြစ်ကြောင်း၊ ကမ္ဘာကြီးတစ်ခုလုံး၏ဘုရင်အဖြစ် ခြင်္သေ့ဟူသောအခွင့်ကိုရရန်၊အသေသတ်ခြင်းခံရသော သိုးသူငယ်ဖြစ်ကြောင်း ကျွန်ုပ်တို့ကို နားလည်စေ ပါသည်။

သခင်ဘုရား ကြွလာတော့မည်ဖြစ်သည်။ ယခုကဲ့သို့ ကြာတော့မည် မဟုတ်ပါ။ သူ့အား သိကျွမ်းသူများက ထိုနေ့ကိုကြိုဆိုပြီး ထိုနေ့မြန်မြန်ရောက် လာအောင်လုပ်ဆောင်လျက် ဆုတောင်းရမည်ဖြစ်သည်။ သခင့်အား မသိသူ များက ထိုနေ့နှင့်ပတ်သက်၍ လှောင်ပြောင်ချင်လှောင်ပြောင်မည် (သို့) ကြောက်ရွံ့ကြမည်ဖြစ်သည်။ ဗျာဒိတ်ကျမ်းကို သခင်ယေရှုကိုယ်တော်တိုင်ပေးခဲ့သော ကတိတော်ဖြင့် နိဂုံးချုပ်ထားပါသည်။

“ငါသည် အလျင်အမြန်လာမည်မှန်ပေ၏ဟု ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှု ကြွလာတော်မူပါ။ ငါတို့သခင်ယေရှု၏ ကျေးဇူးတော်သည် သန့်ရှင်းသူအပေါင်း တို့၌ ရှိစေသတည်း။” (ဗျာ ၂၂:၂၀-၂၁)

နောက်တစ်နေ့စာမူ ဖတ်ရန်>>