‌နေ့ – ၂

ယုံကြည်ခြင်းဆိုင်ရာအကြောင်းများအားလုံး ဟေဗြဲသြဝါဒစာမှရှင်ယုဒသြဝါဒစာအထိ ဖြတ်သန်းခြင်း
ယုံကြည်ချက်ကို ထိန်းထားခြင်း


စီအဲန်အဲန် (CNN) မှ နာမည်ကြီးတွေ့ဆုံမေးမြန်းသူတစ်ဦးဖြစ်သော လာရီကင်းသည် တွေ့ဆုံမေးမြန်းသူအစား၊ မေးမြန်းခံရသူအဖြစ်ရှိနေသည်။ ဒေးဗစ်လက်တာမဲန် ပြပွဲတွင် လက်တာမဲန်က ကင်းအား၊ “အကယ်၍ သမိုင်းထဲက လူတစ်ယောက်ကို တွေ့ဆုံမေးမြန်းရမယ်ဆို ဘယ်သူ့ကို မေးမှာလဲ” ဟု မေးလိုက်ရာ

ချက်ချင်းပင်၊ ကင်းက “ယေရှုခရစ်တော်”ဟု ပြန်ဖြေသည်။
လက်တာမဲန်သည် အလွန်အံ့သြသွားပြီး နောက်ထပ်မေးခွန်းကို ဆက်မေးရန် စက္ကန့်အနည်းငယ်အချိန်ယူလိုက်ရသည်။ “ကောင်းပါပြီ။ ခင်ဗျား သူ့ကိုဘာမေးမှာလဲ။

“အိုး၊ မေးခွန်းတွေအများကြီးပေါ့ ဒါပေမယ့် ကျွန်တော့်ရဲ့ ပထမမေးခွန်းက “ခင်ဗျား တကယ်ပဲ အပျိုစင်ကမွေးတာလား” ဆိုတာပဲဖြစ်မှာပါဟု ကင်းက ပြန်ဖြေသည်။ ထိုမေးခွန်း၏အဖြေက သမိုင်းကိုပြဋ္ဌာန်းပေးပေလိမ့်မည်။

ယင်းအဖြေသည် အမှန်ဖြစ်သည် မဟုတ်ပါလား။ ဤမေးခွန်း၏အဖြေက အမှန်ပင်သမိုင်းကို ပြဋ္ဌာန်းပေးပါသည်။ အကယ်၍ သခင်ယေရှုသည် အပျိုစင်မှ အမှန်ပင်မွေးဖွားခဲ့လျှင်၊ ဘုရားသခင်အားဖြင့်ဖြစ်ပွားခဲ့လျှင်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိကိုခံယူလျှင် ကျွန်ုပ်တို့၌ယုံကြည်ကိုးစားစရာ အံ့သြဖွယ်တစ်စုံတစ်ခု ရရှိမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ယုံကြည်ခြင်းသည် အဓိပ္ပာယ်မဲ့ပြီး ဘဝမှာလည်း အဓိပ္ပာယ်မရှိတော့ပါ။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် သခင်ယေရှု၏လူ့ဇာတိခံခြင်း၊ သူ၏အသက်တာ၊ သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းစသည့် အမှန်တရားတွင် အမြစ်တည်ရမည်။ ထိုသို့မဟုတ်ပါက ကျွန်ုပ်တို့ အသက်ရှင်ရန်အကြောင်း ဘာမျှရှိမည်မဟုတ်ပေ။

ယုံကြည်ခြင်းဟူသည်မှာ မျက်လှည့်စွမ်းအား (သို့) မျက်လှည့်ဆေးရည်မဟုတ်ပေ။ စိတ်ခံစားမှုလည်းမဟုတ်ပါ။ သွန်သင်ချက် (သို့) ဝန်ခံချက်အစုအပေါင်းလည်းမဟုတ်ပါ။ ယုံကြည်ခြင်းဟူသည်မှာ စကြဝဠာကြီး၏ အန္တိမအစစ်အမှန်တရားကို ကိုးစားခြင်းဖြစ်သည်။ ယုံကြည်ခြင်းသည် ဘုရားသခင်ထံပါးသို့ တံခါးဖွင့်ပေးသည့် သော့တစ်ချောင်းဖြစ်သည်။ ယုံကြည်ခြင်းမရှိပါက ဘုရားသခင်ထံသို့ တံခါးကိုဖွင့်ပေးမည်မဟုတ်သလို ဘုရားသခင်ထံမှ ကယ်တင်ခြင်းလည်းရမည်မဟုတ်ပေ။ ထို့ကြောင့် ယုံကြည်ခြင်းအမှန်ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကိုတွေ့ရှိရန်မှာ ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးလှသည်။ ယင်းမှာ ဟေဗြဲသြဝါဒစာမှ ယုဒသြဝါဒစာအထိ တစ်လျှောက်လုံး၏ အဓိကအချက်ဖြစ်သည်။ ၎င်းတို့က ကျွန်ုပ်တို့အား ယုံကြည်ခြင်းအကြောင်း၊ မည်သည့်နေရာမှယုံကြည်ရရှိသည်၊ မည်သည့်အပေါ်၌တည်နေသည်၊ ယုံကြည်ခြင်းကို မည်သို့စွဲကိုင်ရမည်၊ ကျွန်ုပ်တို့၏နေ့စဉ်အသက်တာ၌ ယုံကြည်ခြင်းကို မည်သို့ရှင်သန် ရမည်ဖြစ်ကြောင်း ပြောနေပါသည်။

သင်းအုပ်တစ်ပါးအနေဖြင့် နှစ်ပေါင်းများစွာအတွင်း လူအများထံမှ သခင်ယေရှုအားကယ်တင်ရှင်အဖြစ် လက်မခံနိုင်ရခြင်း (သို့) ခရစ်ယာန်အသက်တာနှင့် ရှင်သန်ရန်၎င်း၏တန်ခိုးကို အသုံးမချနိုင်ရခြင်းတို့အတွက် အကြောင်းပြချက်များကို မကြာခဏဆိုသလို ကြားရပါသည်။ ထိုအထဲမှနံပါတ်တစ်တစ်ချက်မှာ “ငါမယုံနိုင်တာပါ။ ယုံကြည်ခြင်းမရှိတာ” ဟူ၍ဖြစ်ပါသည်။ သို့သော်ယုံကြည်ခြင်းဟူသည် ကိုယ်တိုင်လုပ်ဆောင်ရန် လူကို ဒီဇိုင်းပြုထားခြင်းပင်ဖြစ်သည်။ သက်သေကို ဖော်ပြပါလူသိများသော ကျမ်းပိုဒ်၌တွေ့နိုင်ပါသည်။

“ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင် ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်။”(ဟေဗြဲသြဝါဒစာ ၁၁း၆)

တစ်နည်းဆိုရလျှင် ဤသည်မှာ ယုံကြည်ခြင်း၏ အနည်းဆုံးအဆင့်ဖြစ်သည်။ အကယ်၍ကျွန်ုပ်တို့သည် ဘုရားသခင်ထံပါး မချဉ်းကပ်ပါက၊ ကယ်တင်ခြင်းရမည်မဟုတ်ပေ။ အကယ်၍ ယုံကြည်ခြင်းရှိရန် မဖြစ်ပါက မည်သူမဆိုသည် ကယ်တင်ခြင်းနှင့် ရွေးနှုတ်ခြင်းကို ရနိုင်ခြင်းရှိမည်မဟုတ်ပေ။ သို့သော် ယင်းမှာမမှန်။ လူတိုင်းယုံကြည်ခြင်း ရနိုင်ပါသည်။ ယင်းအတွက် ကျွန်ုပ်တို့ကိုဖန်ဆင်းထားခြင်းဖြစ်သည်။ မှီခိုတတ်သောသတ္တဝါအဖြစ်၊ ကျွန်ုပ်တို့ထက်ပို၍ကြီးမားသော၊ တန်ခိုးရှိသောသူတစ်ဦး (သို့) တစ်စုံတစ်ခုထံမှ အသက်ကိုရှာဖွေရန်နှင့် ယုံကြည်ကိုးစားရန် ဖန်ဆင်းထားပါသည်။

“ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင် ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်။”
(ဟေဗြဲသြဝါဒစာ ၁၁:၆)

ကျွန်ုပ်တို့သည် မိမိတို့ဝန်းကျင်ရှိအရာများအပေါ်၌ ယုံကြည်လေ့ရှိ သည်။ မိမိထိုင်သောကုလားထိုင်က မိမိကို ပင့်မထောက်မသည်ကိုယုံသည်။ (သို့) ကျွန်ုပ်တို့ခေါင်းပေါ်ရှိခေါင်မိုးက ကျွန်ုပ်တို့အား ပိကျသေစေမည်မဟုတ်ဟု ယုံကြည်သည်။ ၎င်းသည် ယုံကြည်ခြင်းဟူသည် လူ့စိတ်ဝိညာဉ်၏ အလိုအလျောက် တုံ့ပြန်မှုဖြစ်သည်။ ပြဿနာက ကျွန်ုပ်တို့အား ပျက်စီးစေမည့်အရာများအပေါ် ကျွန်ုပ်တို့က အလွယ်တကူယုံကြည်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့အား ဝမ်းနည်းကြေကွဲစေမည့် (သို့) ပျက်စီးမှုကိုပင် ဖြစ်စေမည့်လူများ (သို့) စနစ်များ (သို့) မှားယွင်းသောဘုရားများကို ယုံကြည်ကြသည်။

စတဲန်လော်ရယ်နှင့် အော်လီဗာဟာဒီတို့၏ ဟာသအဖွဲ့ကြီးမှ ဟာသ သရုပ်ဆောင်များက အလွန်ရယ်ရွှင်ဖွယ် အိမ်ကိုလုံးဝဖြိုချဖျက်ဆီးသည့်အကြောင်း “Big Business” ဟူသည့် ရုပ်ရှင်ကိုရိုက်ခဲ့ကြသည်။ဇာတ်ညွှန်းတွင် ပြတင်းပေါက်များမှ ပရိဘောဂများကိုလွှင့်ပစ်ခြင်း၊ တံခါးကိုဖြိုချခြင်း၊ မီးခိုးခေါင်းတိုင်ကိုဖျက်ဆီးခြင်း၊ ဘေ့စ်ဘောရိုက်တံဖြင့် ပန်းအိုးများကိုခွဲပစ်ခြင်း၊ သစ်ပင်၊ ချုံပုတ်များကိုဆွဲနှုတ်ခြင်းတို့ ပါဝင်သည်။ ဖန်သားပြင်ပေါ်၌ ဤသို့ဝရုန်းသုန်းကားဖြစ်မှုကို သင့်တော်သောကုန်ကျစရိတ်ဖြင့် ရိုက်ကူးနိုင်ရန်အတွက် ထုတ်လုပ်သူများက ဖျက်ဆီးပစ်ရန်သတ်မှတ်ပြီးသား အိမ်ကို ရှာဖွေသည်။ ၎င်းတို့သည် လော့စ်အိန်ဂျယ်လိစ်ဒေသတွင် သင့်တော်သောအိမ်အိုကြီးတစ်လုံးကို တွေ့ရှိခဲ့ပြီး၊ ပိုင်ရှင်များကလည်း၊ ၎င်းတို့အိမ်ကို နာမည်ကြီးဟာသအဖွဲ့က သမားရိုးကျမဟုတ်သည့် နာမည်ကြီးရုပ်ရှင်တစ်ကားရိုက်မည်ဖြစ်၍ ကျေနပ်နေကြသည်။

ချိန်းချက်ထားသောနေ့၌ ရိုက်ကူးရေးအဖွဲ့က ရောက်ရှိလာရာ အိမ်ကို သော့ဖွင့်ထားကြောင်း တွေ့ရသဖြင့် ၎င်းတို့၏ကင်မရာများကိုဆင်ကာ၊ စတင် ရိုက်ကူးလေသည်။ နာရီအနည်းငယ်အတွင်းမှာပင် ရိုက်ခွဲမှုတိုင်း၊ တခွပ်ခွပ်မြည်သံတိုင်း၊ ကွဲအက်မှုတိုင်းကိုရိုက်ကူးနိုင်ပြီး အိမ်မှာလည်း လုံးဝ ဖရိုဖရဲဖြစ်သွားသည်။ အားလုံးပြီးဆုံးလုနီးအချိန်တွင် ပျက်စီးသွားသော အိမ်ပိုင်ရှင်က ဒေါသူပုန်ထကာ၊ အလျင်အမြန်ပြေးဝင်လာသည်။ လော်ရယ်နှင့်ဟာဒီတို့ဖျက်ဆီးရမည့် အိမ်မှာ၊ ယခုအိမ်နှင့်ကပ်လျက် ဘေးအိမ်ဖြစ်သည်။

ရိုက်ကူးရေးတစ်ဖွဲ့လုံးက ၎င်းတို့ဖျက်လိုက်သောအိမ်ကို မှန်သည်ဟု ရိုးရှင်းစွာယုံကြည်ကြသည်။ သို့သော် ၎င်းတို့၏ မှားယွင်းသောယုံကြည်မှုက တန်ဖိုးကြီးသောအမှားကို ဖြစ်စေခဲ့သည်။ ရိုးသားစွာယုံကြည်ခြင်းဖြင့် မလုံလောက်ပါ။ ကျွန်ုပ်တို့၌ အမှန်တရား၌အမြစ်တွယ်သော ယုံကြည်ခြင်းမျိုးရှိရမည်။

သမ္မာကျမ်းစာသည် အမှန်တရားဖြစ်ကြောင်း ကျွန်ုပ်တို့မည်သို့သိနိုင်မည်နည်း။ ဆင်ခြင်တုံတရားနှင့် သမိုင်းကြောင်းဆိုင်ရာ သုတေသနပြုမှုတို့ဖြင့် သမ္မာကျမ်း၏အမှန်တရားများကို သက်သေပြသည့် အထောက်အထားများ ပါဝင်သည့် ခုခံကာကွယ်ထားသော စာအုပ်များစွာရှိသည်။ ကျွန်ုပ်တို့ယုံကြည်ခြင်း အတွက် အထောက်အထားမှာ ထိုနေရာတွင်ရှိပြီး၊ အမှန်ပင်ဖြစ်ပြီး အခိုင်အမာ ပင်ဖြစ်သည်။ ခရစ်ယာန်ယုံကြည်ခြင်းမှာ ကျိုးကြောင်းကျသော ယုံကြည်ခြင်းဖြစ် သည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် ]]လာကြ၊ တရားစီရင်ကြကုန်အံ့}} ဟု မိန့်တော်မူသော ယုတ္တိကျသည့် ဘုရားရှင်ကိုအစေခံနေသောကြောင့် ဖြစ်သည်။ သို့သော် ဆင်ခြင်တုံတရား၊ ကျိုးကြောင်းကျသော အထောက်အထား များနှင့် တင်ပြချက်များကြောင့် အမှန်တကယ်ယုံကြည်ခြင်းသို့ရောက်ရှိလာသူများသည် အနည်းငယ်သာရှိသည်။ လူအများစုက ကိုယ်ပိုင်အတွေ့အကြုံ အားဖြင့် ယုံကြည်ခြင်းကိုရရှိပြီး ယုံကြည်ခြင်း၌ကြီးပွားလာသည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။

လူအချို့က မြင်ရခြင်းသည် ယုံကြည်ခြင်းဟုဆိုကြသည်။ သို့သော် ယုံကြည်ခြင်းသည် မြင်ရခြင်းဆိုသည်က ပို၍မှန်ကန်သည်ဟုဆိုချင်ပါသည်။ သခင်ယေရှုခရစ်တော်ကို သင်ယုံကြည်ပါက သင့်ယုံကြည်ခြင်းသည် စစ်မှန်ပြီး အဖိုးထိုက်ကြောင်း သေချာမှုကို စတင်ခံစားလာရပြီး၊ သင့်ယုံကြည်ခြင်းပို၍ ခိုင်ခံ့နက်ရှိုင်းလာမည်ဖြစ်သည်။ သခင်ယေရှုကို သင်တွေ့ကြုံခံစားရလေ၊ သူ့အားပို၍ရှင်းလင်းစွာ မြင်လာလေဖြစ်မည်။ အမှန်တကယ် ယုံကြည်ခြင်းက မြင်ရခြင်းပင်ဖြစ်သည်။ ယင်းမှာ သခင်ယေရှုအား ၎င်း၏နတ်ဆိုးစွဲသော သားငယ်အား ကုသပေးရန်တောင်းဆိုသော ဖခင်၏ဖော်ပြချက်ဖြစ်သည်။

“သူငယ်၏အဘသည် ချက်ချင်းဟစ်ကြော်၍ အကျွန်ုပ်ယုံကြည်ပါ၏သခင်။ မယုံကြည်သည်ကို မစတော်မူပါဟု မျက်ရည်နှင့်လျှောက်ပြန် လေ၏။” (မာကု ၉း၂၄)

“သူငယ်၏အဘသည် ချက်ချင်းဟစ်ကြော်၍ အကျွန်ုပ်ယုံကြည်ပါ၏သခင်။ မယုံကြည်သည်ကို မစတော်မူပါဟု မျက်ရည်နှင့်လျှောက်ပြန် လေ၏။”
(မာကု ၉း၂၄)

မည်မျှအားနည်း၊ သေးငယ်သည်ဖြစ်စေ၊ သင်၌ရှိသောယုံကြည်ခြင်း အမှုန်လေးဖြင့်အစပြုကာ ယင်းကို ဘုရားသခင်အား ပေးအပ်ပါ။ ဘုရားသခင်အား ရိုးသားစွာဖြင့် “ကျွန်ုပ်မှာ ယုံကြည်ခြင်းမရှိသလောက် နည်းလှပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲသေးငယ်ပါစေ၊ သခင့်ကိုပေးဆပ်ပြီး အဲ့ဒီအပေါ်မှာ ကျွန်ုပ် လုပ်ဆောင်ပါ့မယ်။ အမှန်တရားကိုသိပြီး ယုံကြည်နိုင်အောင်မစပါ။ သခင့်ရဲ့ အမှန်တရားကို ဖွင့်ပြမူပါ”ဟု ပြောပြပါ။

ဤသြဝါဒစာစောင်များတစ်လျှောက် ဟေဗြဲသြဝါဒစာ မှ ယုဒသြဝါဒစာ အထိ အတူစွန့်စားသွားလာကြည့်ပါက ယုံကြည်ခြင်းအကြောင်းအားလုံး သင်ယူ ရပေမည်။


ဟေဗြဲသြဝါဒစာ ခေါင်းစဉ်မှာ “ယုံကြည်ခြင်းဟူသည်မှာ” ဖြစ်ပြီး၊ ဟေဗြဲကျမ်းရေးသူက မောရှေ၊ ယောရှု၊ မေလခိဇေဒက်၊ အာရုန်မှစ၍ ဓမ္မဟောင်းမှ အခြားယုံကြည်ခြင်းသူရဲကောင်းများ၏အကြောင်းများဖြင့် ယုံကြည်ခြင်း၏အဓိပ္ပာယ်ကို ရှင်းလင်းပြသခဲ့သည်။ ဤအကြောင်းများအားလုံးက ယုံကြည်ခြင်း ဟူသည်မှာ အာရုံငါးပါးဖြင့် မဖမ်းဆုပ်နိုင်သော၊ မျက်မြင်မရသည့် အမှန်တရားများရှိကြောင်းကို ဘုရားသခင်နှင့်အတူ နေ့စဉ်အသက်ရှင်ခြင်းဖြင့် ပြသနိုင် ကြောင်းသာဖြစ်သည်ဟု ဖော်ပြနေပါသည်။ ဤအမှန်တရားများကို ကျွန်ုပ်တို့ တိုး၍သိလာသည်နှင့်အမျှ၊ ၎င်းကိုတိုး၍စမ်းသပ်ကာ ဘုရားသခင်အပေါ် အမှီပြုခြင်းတိုးပွားလာရန် ဘုရားသခင်က မျှော်လင့်ပါသည်။ ယုံကြည်ခြင်း၌ ကျွန်ုပ်တို့မတိုးပွားပါက သေးသိမ်ရှုံ့တွသွားမည်ဖြစ်သည်။ ဟေဗြဲသြဝါဒစာက ကျွန်ုပ်တို့အား နောက်ဆုတ်မသွားပဲ ဘုရားသခင်၌ယုံကြည်ခြင်းကို အပြည့်အဝ နစ်ဝင်သွားစေလိုသည်။

ဟေဗြဲအခန်းကြီး ၁၁ တွင် ယုံကြည်ခြင်းအမည်စာရင်းကို တွေ့ရသည်။ ယုံကြည်ခြင်းဖြင့်အသက်ရှင်ပြီး ဘုရားသခင်အတွက် အံ့ဖွယ်အမှုများကို ပြီးမြောက်စေသော အမျိုးသား၊ အမျိုးသမီးတို့၏ မှတ်တမ်းကြီးပင်ဖြစ်သည်။ ၎င်းတို့မှာ(သင်နှင့်ကျွန်ုပ်ကဲ့သို့)၊ သာမန်လူများပင်ဖြစ်ပြီး၊ ဘုရားသခင်၏ တန်ခိုးတော် နစ်ဝင်ခြင်း၊ ယုံကြည်ခြင်းဖြင့် ရိုးရှင်းစွာလုပ်ဆောင်ခြင်းဖြင့် အစပြုကာ၊ မုန်ညင်း စေ့ခန့်မျှ သေးငယ်သောယုံကြည်ခြင်းအားဖြင့်လုပ်ဆောင်ပြီး၊ ယင်းကို စမ်းသပ် ခြင်းဖြင့် ယုံကြည်ခြင်းကိုအပြည့်အဝ ဝေဆာလာရန် ပြုစုခဲ့ကြသည်။ ဤဓမ္မဟောင်း ရှိလူများက ၎င်းတို့ဘဝအတွက် ဘုရားသခင်က မည်သို့ကြံစည်ထားကြောင်း လုံးဝ မသိသည့်တိုင် ဘုရားသခင်အား နာခံနိုင်သည်အထိ ၎င်းတို့၏ ယုံကြည်ခြင်းကို မည်သို့ပြုမူလုပ်ဆောင်ခဲ့ကြောင်း တွေ့ရပါသည်။

“အာဗြံဟံသည် အမွေခံရလတံ့သောပြည်သို့ ထွက်သွားမည်အကြောင်း ဘုရားသခင်ခေါ်တော်မူသောအခါ သူသည် အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက် ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။” (၁၁း၈)

“အာဗြံဟံသည် အမွေခံရလတံ့သောပြည်သို့ ထွက်သွားမည်အကြောင်း ဘုရားသခင်ခေါ်တော်မူသောအခါ သူသည် အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက် ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏။” (‌ဟေဗြဲ၁၁:၈)

အာဗြံဟံဘဝရှိ ထိုအဖြစ်အပျက်က ဟေဗြဲသြဝါဒစာ၏ အဓိကကျမ်းချက်၌ ဖော်ပြထားသော နိယာမသဘောတရားကို ပြသနေပါသည်။

“ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်း ဖြစ်၏။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်း ဖြစ်၏။” (၁၁:၁)

“ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်း ဖြစ်၏။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်း ဖြစ်၏။” (‌ဟေဗြဲ၁၁:၁)

ဤသည်မှာ ယုံကြည်ခြင်း၏ အဓိကသော့ချက် သဘောတရားပင် ဖြစ်သည်။ ယုံကြည်ခြင်းဟူသည်မှာ ကျွန်ုပ်တို့အာရုံဖြင့် အတည်ပြုနိုင်သော အချက်အလက်၊ ကျိုးကြောင်းကျမှု၊ စာမျက်နှာအောက်ခြေ၌ ရှင်းလင်းချက်ထည့်ထားသည့်၊ ဓာတ်ပုံရိုက်ထားသည့်၊ ရှေ့နေထောက်ခံထားသည့် သေချာသော အထောက်အထားများမဟုတ်ပါ။ ကျွန်ုပ်တို့မမြင်ရသော သေချာသည့်အရာများဖြစ်ပါသည်။ မည်သို့ဖြစ်နိုင်မည်နည်း။ ယုံကြည်ခြင်းကို မည်သည့်အရာက နားလည်စေသနည်း။ ရိုးရိုးလေးပင်ဖြစ်သည်။ ယုံကြည်ခြင်း အနည်းငယ်မျှ အပေါ် ကျွန်ုပ်တို့လုပ်ဆောင်ပါက ကျွန်ုပ်တို့ဘဝအတွင်း ဘုရားသခင်၏ စစ်မှန်မှုကို ခံစားမှုတိုးတက်လာပြီး၊ ၎င်း၏နှုတ်ကပတ်တော်အသံက ကျွန်ုပ်တို့ နှလုံးသားတွင်း မြည်ဟီးစေမည်ဖြစ်သည်။ ယင်းက အမှန်တရားကို မြည်စေခြင်းဖြစ်သည်။ ကျွန်ုပ်တို့အတွေ့အကြုံက ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားနှင့် အတူတူပင်ဖြစ်သည်။

ရှင်ယာကုပ်သြဝါဒစာသည် အလွန်လက်တွေ့ကျသော စာစောင်ဖြစ်သည်။ ယင်း၏အမှန်တရားများကို သင့်ဘဝအသက်တာ၌ သင်၏တုံ့ပြန်မှုနှင့် ဆက်ဆံရေးများ၌ အဆက်မပြတ်အသုံးချနိုင်သည်။ ရှင်ယာကုပ်က ယုံကြည်ခြင်းသည် မျက်မြင်ရသောပုံစံဖြင့် မည်သို့လှုပ်ရှားသည်ကို ဖော်ပြထားပါသည်။ ရှင်ယာကုပ်သြဝါဒစာအတွက် သော့ချက်မှာ ဤလူသိများသော ကျမ်းပိုဒ်ဖြစ်သည်။

“ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့ အကျင့်နှင့် ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏။” (ယာ ၂း၂၆)

“ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့ အကျင့်နှင့် ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏။” (ယာ ၂း၂၆)

တစ်နည်းဆိုလျှင် သင်မကျင့်သ၍ ယုံကြည်ခြင်းသည် ယုံကြည်ခြင်း အစစ်အမှန် မဖြစ်နိုင်ပါ။ “ယုံကြည်သည်” ဟုဆိုကာ မယုံကြည်သကဲ့သို့ အသက်ရှင်ပါက မယုံကြည်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ လူအများက ယုံကြည်ခြင်းဟူသည်မှာ ဖော်ပြချက် (သို့) ဝန်ခံချက်အပေါ်ထားရှိသော သဘောထား (သို့) သဘောတူညီမှုဟုထင်ကြသည်။ ယင်းမှာ ယုံကြည်ခြင်းလုံးဝမဟုတ်ပါ။ စစ်မှန်သောယုံကြည်ခြင်းက ကျွန်ုပ်တို့ကိုပြောင်းလဲစေသည်။ ကျွန်ုပ်တို့အပြုအမူအပေါ် သက်ရောက်မှုရှိသည်။ ကျွန်ုပ်တို့လုပ်ဆောင်ချက်များကို ထိန်းချုပ်ထားသည်။ စိတ်ပိုင်းဆိုင်ရာသဘောထားထက် မပိုသောယုံကြည်ခြင်းမှာ တန်ဖိုးမရှိ၊ အသေဖြစ်ပြီး အကျိုးလည်းမရှိပါ။ ယုံကြည်ခြင်းက စွန့်စား၊ အရဲစွန့် ရမည်ဖြစ်ပြီး၊ ကျွန်ုပ်တို့အသက်တာကို ပြောင်းလဲစေပါသည်။

ရှင်ယာကုပ်သြဝါဒစာအရ စစ်မှန်သောယုံကြည်ခြင်းသည် သက်ဝင်လှုပ်ရှားမှုရှိပြီး၊ စုံစမ်းခြင်းများကိုခံရပ်နိုင်ကာ အယူသည်းမှုမရှိ၊ လူသားတို့၏လိုအပ်ချက်အပေါ် ကြင်နာတုံ့ပြန်တတ်၍ ကျိန်ဆဲခြင်းထက် ကောင်းကြီးပေးခြင်းနှင့် မေတ္တာစကားကိုပြောတတ်ကာ၊ သည်းခံခြင်းနှင့် ဆုတောင်းခြင်းကို သင်ကြားပေးပါသည်။ ယင်းတို့မှာ ရှင်ယာကုပ်သြဝါဒစာ၌တွေ့ရသည့် စစ်မှန်သောယုံကြည်ခြင်း၏ လုပ်ဆောင်ချက်များပင်ဖြစ်သည်။

ရှင်ပေတရုသည် ၎င်း၏အရှင်ဘုရားအား ကားတိုင်သို့ဆောင်ယူ သွားချိန်၊ မီးနှင့်စစ်ဆေးခံရချိန်၌ ယုံကြည်ခြင်းကျဆုံးခဲ့သူဖြစ်သည်။ ၎င်း၏မိတ်ဆွေ တမန်တော်များရှေ့၌ အခြားတမန်တော်များက သခင်ဘုရားအား စိတ်ပျက်စေသည့်တိုင်၊ သခင်ယေရှုအား သူမည်သောအခါမျှ ငြင်းပယ်မည်မဟုတ်ကြောင်း ရဲရင့်စွာဖော်ပြခဲ့သော်လည်း သခင်ဘုရားအား ဆိုးယုတ်စွာ တစ်ကြိမ်ကျိန်ဆိုခြင်းအပါအဝင် ၃ ကြိမ် ငြင်းဆိုခဲ့သည်မှာလည်း သူပင်ဖြစ်သည်။ သခင်ဘုရားအား စိတ်ပျက်စေပြီး ညအမှောင်တွင်း ချွတ်နင်းဝင်ရောက်စဉ်၊ ၎င်း၏စိတ်နှလုံးသားကို လောင်ကျွမ်းစေသည့် သခင်ယေရှု၏စကားများကို ကြားယောင်မိသည်။ “သင်သည် သတိရပြန်သောအခါ၊ သခင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့။” (လု  ၂၂:၃၂)

“ရှင်ပေတရု၏စာစောင်နှစ်စောင်လုံးတွင် တမန်တော်ကြီးက စုံစမ်းခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းခံရချိန်များအတွက် အခြားခရစ်ယာန်များအား အားပေးခြင်းကို အသေအချာပြုလုပ်ခဲ့ကြောင်း တွေ့ရပါသည်။ မိမိတို့ ယုံကြည်ခြင်းကို စစ်မှန်စွာကျင့်သုံးသော ခရစ်ယာန်များအနေဖြင့် ၎င်းတို့၏ယုံကြည်ခြင်းမှာ စုံစမ်းစစ်ဆေးခံနိုင်ကြောင်း တွေ့ရှိပေလိမ့်မည်။ ယင်းမှာ ဤစာစောင်များ၏အဓိကအကြောင်းကြီးပင်ဖြစ်သည်။

“ဒုက္ခဝေဒနာက ယုံကြည်ခြင်းကို တုန်လှုပ်စေသည်။ သဘာဝဘေး အန္တရာယ်ကြီးများက အနက်ရှိုင်းဆုံးမေးခွန်းများ ထွက်ပေါ်လာစေသည်။ “ဘာ ကြောင့်လဲ” ဟု ကျွန်ုပ်တို့မေးကြသည်။ ထိုမေးခွန်းကို ရှင်ပေတရုက ဤစာစောင် နှစ်စောင်တွင် ဖြေကြားထားသည်။ ခရစ်တော်၌ကျွန်ုပ်တို့ယုံကြည်ခြင်းက ခရစ် တော်၏ ဝေဒနာခံခြင်းအပါအဝင်၊ ခရစ်တော်၏အသက်တာနှင့် ကျွန်ုပ်တို့ကို ဆက်စပ်ပေးသည်။ ကျရှုံးလျက်နာခံမှုမရှိသော ကမ္ဘာကြီးရှိလူများထံအရောက် သွားရာလမ်း၌ နာကျင်မှုနှင့် ညှဉ်းပန်းမှုကို လွှဲရှောင်နိုင်မည်မဟုတ်ပါ။

“ကျွန်ုပ်တို့သည် ခရစ်တော်၏အစိတ်အပိုင်းတစ်ခု ဖြစ်လာပါက ကမ္ဘာလောက ကြီး၌ ကိုယ်တော်၏အမှုတော်ကို ပြည့်စုံစေမည့် တန်ဆာပလာများဖြစ်လာမည် ဖြစ်သည်။

“ဤစာစောင် ၃ ခုလုံး၏ အဓိကကျမ်းပိုဒ်ဖြစ်သည့် ၁ယော ၃း၂၃က ယုံကြည်ခြင်းအသက်တာနှင့် ခရစ်ယာန်မေတ္တာအကြားဆက်နွယ်မှုကို ဖော်ပြနေ ပါသည်။

“”ဘုရားသခင်၏ ပညတ်တော်ဟူမူကား သားတော်ယေရှုခရစ်ကို ယုံကြည်ရမည်။ သားတော်ပညတ်တော်မူသည်အတိုင်း၊ အချင်းချင်း ချစ်ရမည်ဟူသော ပညတ်တော်ပေတည်း။” (ယုံကြည်သူ၏ အသက်တာကို ရည်ညွှန်းသည်။)

“ဘုရားသခင်၏ ပညတ်တော်ဟူမူကား သားတော်ယေရှုခရစ်ကို ယုံကြည်ရမည်။ သားတော်ပညတ်တော်မူသည်အတိုင်း၊ အချင်းချင်းချစ်ရမည်ဟူသော ပညတ်တော်ပေတည်း။” (ယုံကြည်သူ၏ အသက်တာကို ရည်ညွှန်းသည်။) (၁ယော ၃:၂၃)

“ယုံကြည်ခြင်း အလုပ်လုပ်ပါသည်။ သက်ဝင်ယုံကြည်ပြီး ထိုယုံကြည်မှုက ချစ်ခြင်းမေတ္တာကိုဖြစ်ပွားစေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းဟူသော အဓိပ္ပာယ်က ဘုရားသခင်၏အသက်တာကို ဖော်ပြရန်ဖြစ်ပြီး၊ စင်စစ်ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ဘုရားသခင် ကျွန်ုပ်တို့ကို ချစ်သကဲ့သို့ ခရစ်တော်၌ တစ်ဦးကိုတစ်ဦးမချစ်နိုင်ပါက ဘုရားသခင်၌ အမှန်တကယ်ယုံကြည်ပါသည်ဟု မည်သို့ပြောနိုင်မည်နည်း။

ရှင်ယောဟန်သြဝါဒစာပထမစောင်ရှိ ရောယှက်နေသော ခေါင်းစဉ်သုံးခုမှာ အလင်း၌လျှောက်လှမ်းခြင်း၊ ချစ်ခြင်းမေတ္တာကိုဖော်ပြခြင်း၊ ခရစ်တော်၏ အသက်တာကိုထင်ဟပ်စေခြင်းဟူသည့် အလင်း၊ ချစ်ခြင်းမေတ္တာနှင့် ဘဝ အသက်တာဖြစ်သည်။ ၂ယောတွင် အဓိကခေါင်းစဉ်ကြီးမှာ ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ ချစ်တော်မူသောတမန်တော်ကြီးက ချစ်ခြင်းမေတ္တာကို ဘုရားသခင်၏ သမ္မာ တရားအား နာခံခြင်းဖြင့် ရှင်သန်ပြရမည်ဟုဖော်ပြထားပါသည်။

“”ပညတ်တော်အတိုင်း ကျင့်စောင့်ခြင်းအရာသည် ချစ်ရာရောက်၏။ သင်တို့သည် ပညတ်တော်နှင့်အညီ ကျင့်မည်အကြောင်း ရှေ့ဦးစွာ ကပင်၊ သင်တို့ကြားရသည်အတိုင်း ပညတ်တော်သည် ထိုသို့သော သဘောရှိ၏။” (၁ ယော ၃:၆)

“ပညတ်တော်အတိုင်း ကျင့်စောင့်ခြင်းအရာသည် ချစ်ရာရောက်၏။ သင်တို့သည် ပညတ်တော်နှင့်အညီ ကျင့်မည်အကြောင်း ရှေ့ဦးစွာ ကပင်၊ သင်တို့ကြားရသည်အတိုင်း ပညတ်တော်သည် ထိုသို့သော သဘောရှိ၏။” (၁ ယော ၃:၆)

“၃ယော တွင် အသင်းတော်တွင်းရှိပြဿနာကို တမန်တော်ကြီးက ဖော် ပြထားသည်။ အသင်းတော်၌ သခင်လုပ်လိုသူများ၏ ပြဿနာပင်ဖြစ်သည်။ ခရစ်တော်၏ခန္ဓာ၌ တစ်ဦးကိုတစ်ဦးချစ်ခြင်းနှင့် အသင်းတော်တွင်း၌ ပထမဖြစ် လိုသူများကို ယှဉ်၍ဖော်ပြထားသည်။ ထို့ကြောင့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာ မှာယှက်နွယ်လျက်ရှိသည်။ ယုံကြည်ခြင်းရှိသူသည် အခြားသူများအား ချစ်ခြင်းဖြင့်ယုံကြည်ခြင်းကို ပြသသူဖြစ်သည်။

ရှင်ယုဒသြဝါဒစာက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခြိမ်းခြောက်လာသော အန္တရာယ်များကို ဖော်ပြထားပါသည်။ မိမိအလိုအတိုင်းဖြစ်စေလိုသော အကျင့်တရားမဲ့သောအရာတို့၏ ဖြားယောင်းခြင်း၊ လောဘရမ္မက်၏ ထောင်ချောက်၊ မှားယွင်းသောအာဏာစက်၏ အန္တရာယ်များ၊ ကွဲပြားစေမှုများနှင့် လောကီ လွှမ်းမိုးမှုများအပါအဝင်၊ ယုံကြည်ခြင်းကို ပျက်ပြားစေသည့် ပါးနပ်သော အင်အားစုများအားဆန့်ကျင်၍ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စောင့်ရှောက်ရမည့် အကြံအစည်ကို ရှင်ယုဒက ဖော်ပြထားပါသည်။ ၎င်းစာစောင်၏ အဆုံးနားတွင် ရှင်ယုဒက ယနေ့ အချိန်ကာလနှင့် အလွန်ကိုက်သောအရာကို ကျွန်ုပ်တို့အတွက် သတိပေးထားပါသည်။

“”ချစ်သူတို့၊ သင်တို့သည် မိမိတို့အလွန်သန့်ရှင်းသော ယုံကြည်ခြင်း အပေါ်မှာ မိမိတို့ကို တည်ဆောက်လျက်၊ သန့်ရှင်းသောဝိညာဉ်တော် အားဖြင့် ဆုတောင်းပတ္ထနာပြုလျက် ဘုရားသခင်ကိုချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက်၍ ထာဝရအသက်အလိုငှာ၊ ငါတို့သခင် ယေရှု၏ကရုဏာတော်ကို မျှော်လင့်၍နေကြလော့။” (ငယ် ၂၀-၂၁)

“ချစ်သူတို့၊ သင်တို့သည် မိမိတို့အလွန်သန့်ရှင်းသော ယုံကြည်ခြင်း အပေါ်မှာ မိမိတို့ကို တည်ဆောက်လျက်၊ သန့်ရှင်းသောဝိညာဉ်တော် အားဖြင့် ဆုတောင်းပတ္ထနာပြုလျက် ဘုရားသခင်ကိုချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက်၍ ထာဝရအသက်အလိုငှာ၊ ငါတို့သခင် ယေရှု၏ကရုဏာတော်ကို မျှော်လင့်၍နေကြလော့။” (ယုဒ ၁:၂၀-၂၁)

“မိမိ၏ယုံကြည်ခြင်းကို ကာကွယ်ရန်မှာ ယုံကြည်ခြင်းကို လေ့ကျင့်ရန်ပင် ဖြစ်သည်။ ယုံကြည်ချက်ပျော့အိတွဲကျ၊ မကျန်းမမာ မဖြစ်စေရန် လေ့ကျင့်ခန်းလုပ်ရမည်။ ယုံကြည်ခြင်းဖြင့် စွန့်စားလုပ်ဆောင်ခြင်း၊ ဘုရားသခင်အား ကိုးစားလျက် ၎င်းအတွက် ကြီးမြတ်သောအရာများကို လုပ်ဆောင်ရဲခြင်း၊ ၎င်း၏ အမှုတော်သာသနာအတွင်း ရဲရင့်စွာ ဝင်ရောက်ဆက်ကပ်ပါဝင်ခြင်း၊
ဘုရားသခင်၌ ယုံကြည်သူများအားလုံးအတွက် ရရှိနိုင်သော ဝိညာဉ်တန်ခိုးများနှင့် ဝိညာဉ်ဆုကျေးဇူးများ၏ ဝှက်ထားသော အရင်းအမြစ်များကို တွေ့ရှိအသုံးချခြင်း တို့ဖြင့် ယုံကြည်ခြင်းကို လေ့ကျင့်နိုင်ပါသည်။

“ယုံကြည်ခြင်းဟူသည်မှာ ကြီးကျယ်၊ ရဲရင့်၊ စိတ်လှုပ်ရှားဖွယ် ကောင်းသော မိနစ်တိုင်းရင်ခုန်လှုပ်ရှားရသော စွန့်စားမှုခရီးစဉ်ဖြစ်သည်။ ၎င်းသည် ဟေဗြဲသြဝါဒစာမှ ယုဒသြဝါဒစာအထိ၊ စွန့်စားစူးစမ်းစဉ် တွေ့ရှိရသော အရာဖြစ်ပြီး ယုံကြည်ခြင်းဟုခေါ်သည့် ရဲတင်းသောအမှုကို ကျွန်ုပ်တို့ သင်ယူလေ့လာကြမည်ဖြစ်သည်။ ဤစာစောင်များအတွင်း ရှင်သန်ခြင်းဖြင့် မျက်မြင်မရသောအရာများကို ယုံကြည်နိုင်ရန်၊ ပိုမိုနက်နဲသောနည်းလမ်းများဖြင့် ချစ်ခင်၊ အစေခံရန် သင်ယူမိမည်။ မိမိတို့ယုံကြည်ခြင်းကိုစောင့်ရှောက်လျက် လေ့ကျင့်ယူရန် သင်ယူနိုင်မည်။ ထိုသို့သောအားဖြင့် ကမ္ဘာဦးအစကပင် ဘုရားသခင်၌ယုံကြည်ကိုးစားခဲ့ကြသော ဤသစ္စာရှိသောလူ အမျိုးသား၊ အမျိုးသမီးတို့၏ ထွန်းလင်းသော အမည်စာရင်းတွင် ကျွန်ုပ်တို့၏အမည်များကို ပေါင်းထည့်နိုင် မည်ဖြစ်သည်။

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်

နောက်တစ်နေ့စာမူ ဖတ်ရန်>>