ရှင်ပြန်ထမြောက်တော်မူရာနေ့ – အီစတာ အထူးစာမူ

ယေရှုအားဖြင့် ပြေလည်ပေါင်းစည်းခြင်း

 

ပထမနေ့

အတိတ်ကာလ၏ပြစ်မှုများ

 

ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏အပြစ်များကို မှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယ ဖွဲ့စေတော်မူ၏။
– ကောရိန္သုဩဝါဒစာဒုတိယစောင် ၅:၁၉

တန်(Tan)၌ အိမ်ထောင်နှစ်ဆက်မှ ရရှိသောသားသမီးများနှင့် ပေါင်းစည်းထားသော မိသားစုတစ်ခုရှိခဲ့သည်။ မိခင်နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး မုန်းတီးပြီး၊ သားသမီးများ တွေ့ဆုံခွင့်ကို ပိတ်ပင်ခဲ့ကြသည်။ နောက်ပိုင်းတွင် တန် ကွယ်လွန်သွားရာ၊ သူ၏ဈာပနအခမ်းအနားတွင် အရွယ်ရောက်ပြီဖြစ်သည့် သားသမီးများက တစ်ဦးနှင့်တစ်ဦး မဝံ့မရဲ ဆက်သွယ်ခဲ့ကြသည်။ အများစု က သခင်ယေရှုကို ယုံကြည်သူများဖြစ်ကြောင်း သိသောအခါ ဝမ်းမြောက် အံ့အားသင့်ခဲ့ကြသည်။ ၎င်းတို့အထဲမှ သားတစ်ယောက်က “အတိတ်ကို မေ့လိုက်ကြစို့။ ဖြစ်ပျက်ခဲ့သမျှက အတိတ်မျိုးဆက်မှာ ဖြစ်ခဲ့တာလေ” ဟု မောင်နှမများအား ပြောကြားခဲ့သည်။

သဘောထားကွဲလွဲမှု၏အရင်းအမြစ်ကို မဖယ်ရှားသရွေ့ ပြန်လည်သင့်မြတ်ရေးသည် ခက်ခဲပြီး ခွင့်လွှတ်ခြင်းသည် မဖြစ်နိုင်ဟု ထင်ရသည်။ လူသားများ အပြစ်ကျူးလွန်သောအခါလည်း၊ ဤသို့ပင် ဖြစ်ပျက်ခဲ့သည်။ ကျွန်ုပ်တို့၏မကောင်းမှုများက သန့်ရှင်းတော်မူပြီး၊ အပြစ်ကိုစီရင်မည့်ဘုရားသခင်နှင့် ကျွန်ုပ်တို့ကြားရှိ ဆက်ဆံရေးကို ထိခိုက်ပျက်စီးစေခဲ့သည်။

ထို့ကြောင့် ဘုရားသခင်သည် “လောကီသားတို့၏အပြစ်များကို မှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေ”လိုသောကြောင့် သားတော်ယေရှုကို လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံရန် စေလွှတ်တော်မူခဲ့သည် (၂ ကော ၅:၁၉)။ လက်ဝါးကပ်တိုင်တွင် ခရစ်တော်၏ကိုယ်စားအသေခံခြင်းသည် ကျွန်ုပ်တို့၏အပြစ်ကို ဖယ်ရှားပေးရုံသာမက ကျွန်ုပ်တို့ခံထိုက်သော အပြစ်ဒဏ်မှလည်း ကင်းလွတ်စေသည်။ ထို့ပြင်၊ ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်တို့သည် ဖြောင့်မတ်သူများဖြစ်လာပြီး၊ ကိုယ်တော်နှင့် ပြန်လည်သင့်မြတ်ခြင်းကို ရရှိစေပါသည်။ ယခုတွင် ကျွန်ုပ်တို့သည် လွတ်လပ်စွာ၊ ဝမ်းမြောက်စွာဖြင့် ကိုယ်တော်၏မျက်မှောက်တော်သို့ ဝင်ရောက်နိုင်ပြီး၊ အကြွင်းမဲ့ ခွင့်လွှတ်ခြင်းကို ခံခဲ့ရပြီ။ သခင်ယေရှုထမြောက်ခြင်းကြောင့် ကျွန်ုပ်တို့သည် အတိတ်မှအပြစ်များ၏ ချည်နှောင်ခံရမှုမှ လွတ်မြောက်ကာ “လူသစ်” ဖြစ်လာကြသည် (:၁၇)။ ဘုရားသခင်က “အတိတ်ကို မေ့ပစ်လော့။သင်သည် ငါနှင့်အတူ အစဉ်အမြဲရှိလိမ့်မည်” ဟု ကျွန်ုပ်တို့အား မိန့်တော်မူခြင်းသည် အဘယ်မျှ အံ့သြဖွယ် ကောင်းလှသနည်း။

ယနေ့ (သို့) ဤရက်သတ္တပတ်အတွင်း အနည်းအကျဥ်းပင်ဖြစ်ဖြစ် သင်ကူညီပေးနိုင်သည့် တစ်စုံတစ်ယောက် ရှိပါသလား။ သင်ဘာလုပ်ပေးနိုင်မည်နည်း။

ကောင်းကင်ဘုံရှင်အဘဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်အား များစွာပေးခဲ့ သောကြောင့် ပေးကမ်းခြင်းအရာ၌ စေတနာစိတ်နှင့်၊ သစ္စာတည်လျက် ပေးကမ်းနိုင်ရန် မစတော်မူပါ။ စိတ်နှလုံးမှ ပေးကမ်းသမျှကို ကိုယ်တော်ပွားများစေပါမည့်အကြောင်း ဆုတောင်းပါ၏။

Leslie Koh, နေ့စဥ်ခွန်အားစာရေးသူ 

 

 

ယနေ့ဖတ်ရန်ကျမ်းစာ –

ကောရိန္သုဩဝါဒစာဒုတိယစောင် ၅:၁၆-၂၁

 

 

<<<စာမူအဟောင်းသို့  | စာမူအသစ်သို့>>>