အားလုံးအတွက် လက်ဆောင်မွန်
ဘုရားသခင်မှ ကျွန်ုပ်တို့အတွက် ပေးသော လက်ဆောင်မွန်
ယေရှုခရစ်တော်
ခရစ်စမတ်ချိန်ခါ ဆင်စရာ ၁၀ ချက်
အားလုံးအတွက် လက်ဆောင်မွန်
တိုးပွားသွားသော လက်ဆောင်တစ်ခု
ရှင်ပေတရုသြဝါဒစာပထမစောင် ၄:၁၀
သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီးခံရကြသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်း ဝေငှပေးကမ်းကြလော့။
အန်ကယ်မင်းအား ဒေါ်လာ ၁၀၀ ပေးလိုက်ပြီးမှ ကျွန်တော် နောင်တရသွားသည်။ ကျွန်တော်တို့ပတ်ဝန်းကျင်၌ အမြဲတွေ့ရသည့် သက်ကြီးအဖိုးအိုမှာ နွမ်းပါးပုံပေါ်သဖြင့် သူ့ကို နည်းနည်းကူညီမည်ဟု စဥ်းစားမိခြင်းပါ။ သို့သော်သူ့ပိုက်ဆံအိတ်၌ ငွေစက္ကူများစွာရှိနေသည်ကို သတိပြုမိသောအခါ “သြော် သူက ဆင်းရဲနေတာ မဟုတ်ပါလား။ ငါ ပိုက်ဆံတွေကို ဖြုန်းလိုက်မိပြီလား” ဟု အတွေးဝင်သွားမိသည်။
ကျွန်တော်နောင်တရသလို ဖြစ်နေချိန်တွင် သူက “ကျေးဇူးတင်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ရဲ့ အိမ်ယာသန့်ရှင်းရေးဝန်ထမ်းကို ကူညီနိုင်ပြီ။ သူက မိသားစုကိုထောက်ပံ့နေရတာ။ သူ့ဝင်ငွေက နည်းနည်းလေးပဲရတယ်”ဟု ပြောပြသည်။ ကြားလိုက်ရသည့်သူ့စကားက ကျွန်တော့်ကို အရှက်ရစေခဲ့ပါ သည်။ သူ့ကို ပေးမိသည့်အကူအညီအတွက် အတွေးများပြီး စိုးရွံ့နေချိန်တွင် ပိုင်ဆိုင်မှု များများစားစား မရှိသည့် အန်ကယ်မင်းက လိုအပ်ချက်ရှိနေသူများအတွက် ကူညီရန်အသင့်ရှိနေခဲ့သည်။ တမန်တော်ပေတရု သတိပေးသည့် အတိုင်း ဘုရားသခင်သည် ကျွန်တော်တို့အား “ဆုကျေးဇူးတော် အသီးအသီးကို” ပေးထားသည် (၁ ပေ ၄:၁၀)။ အန်ကယ်မင်းက သူရရှိသည့်လက်ဆောင်ကို “အချင်းချင်းဝေငှပေးကမ်းခြင်းဖြင့် စစ်မှန်သောပေးကမ်းခြင်း၏အဓိပ္ပာယ်ကို ပြခဲ့သည်။
အန်ကယ်မင်း၏ရက်ရောမှုနှင့်ကရုဏာစာနာစိတ်က သူ့ကိုပေးလိုက်သည့် ကျွန်တော်၏ငွေကို ဆပွားတိုးစေကြောင်း ကျွန်တော်သတိပြုမိသည်။ ပေးကမ်းခြင်းနှင့်စပ်လျဥ်း၍ ကျွန်တော်က ရေရှည်မတွေးဘဲ လက်တွေ့ရလဒ်ကိုသာ ကြည့်တတ်သော်လည်း ဘုရား၏ကျေးဇူးတော်က ဤသက်ကြွယ် မှတစ်ဆင့် အခြားသူကို ကူညီနိုင်အောင်မစခဲ့သည်။ အန်ကယ်မင်းမှတစ်ဆင့် မိမိကိုယ်တိုင်မသိသည့် အခြားသူကို ကူညီနိုင်ခဲ့သည်။ မေတ္တာရှင် ဘုရားသခင်သည် တစ်ခါတစ်ရံ အံ့သြဖွယ် ဆန်းကြယ်သော နည်းလမ်းများဖြင့် လိုအပ်နေသူများအတွက် ဖြည့်ဆည်းပေးပါသည်။ ကျွန်တော်တို့လည်း မေတ္တာအခြေခံပြီး(:၈) ပေးကမ်းသည့် နာခံမှုရှိသူများဖြစ်လျက်၊ ကျွန်တော်တို့၏လက်ဆောင်ငွေကြေးများကို ဘုရားရှင် တိုးပွားများစေမည်ဟု ယုံကြည်ကြပါစို့။ – LESLIE KOH
*******************************************************
ယနေ့ (သို့) ဤရက်သတ္တပတ်အတွင်း အနည်းအကျဥ်းပင်ဖြစ်ဖြစ် သင်ကူညီပေးနိုင်သည့် တစ်စုံတစ်ယောက် ရှိပါသလား။ သင်ဘာလုပ်ပေးနိုင်မည်နည်း။
*******************************************************
ကောင်းကင်ဘုံရှင်အဘဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်အား များစွာပေးခဲ့သောကြောင့် ပေးကမ်းခြင်းအရာ၌ စေတနာစိတ်နှင့်၊ သစ္စာတည်လျက်
ပေးကမ်းနိုင်ရန် မစတော်မူပါ။ စိတ်နှလုံးမှ ပေးကမ်းသမျှကိုကိုယ်တော်ပွားများစေပါမည့်အကြောင်း ဆုတောင်းပါ၏။
ယနေ့ဖတ်ရန်ကျမ်းစာ –
ရှင်ပေတရုသြဝါဒစာပထမစောင် ၄:၇ -၁၁
