အားလုံးအတွက် လက်ဆောင်မွန်
ဘုရားသခင်မှ ကျွန်ုပ်တို့အတွက် ပေးသော လက်ဆောင်မွန်
ယေရှုခရစ်တော်
ခရစ်စမတ်ချိန်ခါ ဆင်စရာ ၁၀ ချက်
အားလုံးအတွက် လက်ဆောင်မွန်
အစဦး၌
ကမ္ဘာဦးကျမ်း ၁:၁
အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။
Frederick Buechner (ဖရက်ဒရစ်ဘိခ်နာ)သည် ၎င်း၏ ၁၉၆၆ လက်ရာ The Magnificent Defeat စာအုပ်တွင် “ဗက်လင်မြို့သည် ကျွန်တော်တို့၏ ခရီး၏အဆုံးမဟုတ်၊ အစသာဖြစ်သည်” ဟု ရေးသားခဲ့သည်။ သူ၏စကားလုံးများသည် မည်သည့်အစပြုခြင်းနှင့်မဆို သက်ဆိုင်နေသော်လည်း ဘိခ်နာ က ခရစ္စမတ်ရာသီနှင့် ဆက်စပ်ပြီး နွေးထွေးမှု၊ ငြိမ်းချမ်းမှုနှင့် ဝမ်းမြောက်ပျော်ရွှင်မှုတို့၌ လိုသည်ထက်ပို၍ ပျော်မွေ့နေရန် သွေးဆောင်ခံရခြင်းကို ရေးသားခဲ့ခြင်းဖြစ်သည်။ သို့သော် “ဗက်လင်မြို့သည် ငါတို့ခရီး၏ အဆုံးမဟုတ်”ဟု ဆိုရာ၌ သူဘာကိုဆိုလိုသနည်း။ ဘိခ်နာက “အိမ်ပြန်ရမယ်။… အလင်းရောင်ဖျော့ဖျော့နဲ့ နွားစားခွက်ရယ်၊ ဘုရားဖြစ်သည့် ကလေးငယ်ရှိတဲ့ ဒီနေရာက ကျွန်တော်တို့ ရှိနေရမဲ့နေရာ မဟုတ်ပါဘူး။ စစ်ဘေးက လွတ်အောင် ရှောင်နေလို့ ငြိမ်သက်ခြင်းမရနိုင်တဲ့နေရာ၊ ပြင်းထန်တဲ့ စစ်တလင်းပြင်ဖြစ်နေတဲ့ ကိုယ့်တိုင်းပြည်ကို ကျွန်တော်တို့ပြန်သွားရပါမယ်” ဟု ထိုအချက်ကို မီးမောင်းထိုးပြသည်။
ကျွန်တော်တို့တစ်ဦးစီအတွက် ရှိနေသော၊ များစွာသောအမှုအရာများကို မသိနားမလည်ကြောင်း ကျွန်တော်တို့ရိုးသားစွာ ဝန်ခံပါက “အစအဦး၌ ဘုရားသခင်သည်…” (က ၁:၁) ဟူသည့် သမ္မာကျမ်းစာ၏ပထမဆုံးစကားလုံးများ၌ ကျွန်တော်တို့ကို တည်ငြိမ်စေမည့် အစွမ်းရှိပါသည်။ မည်သည့်အရာမှ မဖွဲ့စည်းမဖြစ်ပေါ်မီကပင် “ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတော်မူ၏” (:၂)။ ၎င်းသည် မပြောင်းလဲသော ဘုရားသခင်၏ သမ္မာတရား၏သဘောသဘာဝဖြစ်သည်။ သူသည် အရာခပ်သိမ်း၏ရှေ့တွင် ရှိသည်။ ဆက်လက်၍လည်း ခပ်သိမ်းသောအမှုအရာတို့၌ ကျွန်တော်တို့ရှေ့မှ ကြွတော်မူ၏။ ကျွန်တော်တို့ အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ဘုရားသခင် ရှိနေပါသည်။ သို့ငြားလည်း ကျွန်တော်တို့က အဘယ့်ကြောင့် အသိအမှတ်မပြုသနည်း။ ကိုယ်တော်၏နည်းလမ်းနှင့် အလိုတော်ကို အလေးအနက်ထား လိုက်လျှောက်မည်ဆိုလျှင် နှစ်သစ်သို့ ကျွန်တော်တို့ဝင်ရောက်လျက် မသေချာမရေရာသောဘဝခရီးလမ်းကို လျှောက်လှမ်းစဥ် ထိုအမှန်တရားကို သတိရပြီး ကိုင်စွဲနိုင်မည်ဖြစ်သည်။
ဘဝခရီးကို ဆက်လက်လျှောက်လှမ်းစဉ် ဘုရားသခင်ရှိနှင့်နေပြီးသား ဖြစ်ကြောင်း သတိရ ရပါမည်။ ကိုယ်တော်သည် အစအဦးကတည်းကပင် ရှိနေပါသည်။ – JOHN BLASE
*******************************************************
လွဲမှားစွာထားခဲ့မိသော မျှော်လင့်ချက်ကြောင့် သင် စိတ်ပျက်ခဲ့ရဖူးပါသလား။ ဘုရားသခင်၏ ခိုင်မာသောကတိတော်များကို သတိရခြင်းက
ဘဝအပေါ် သင့်အမြင်ကို မည်သို့ပြောင်းလဲစေပါသနည်း။
*******************************************************
ချစ်လှစွာသောသခင်ယေရှု၊ ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာတို့ဖြင့်
မျှော်လင့်လျက် ဝမ်းမြောက်ကာ ကိုယ်တော်ကို စောင့်မျှော်တတ်ရန်
သင်ယူခွင့်ပေးတော်မူပါ။
ယနေ့ဖတ်ရန်ကျမ်းစာ –
ကမ္ဘာဦးကျမ်း၁:၁-၅
