အားလုံးအတွက် လက်ဆောင်မွန်
ဘုရားသခင်မှ ကျွန်ုပ်တို့အတွက် ပေးသော လက်ဆောင်မွန်
ယေရှုခရစ်တော်
ခရစ်စမတ်ချိန်ခါ ဆင်စရာ ၁၀ ချက်
အားလုံးအတွက် လက်ဆောင်မွန်
ခရစ်တော်ဖွားမြင်ခြင်း၏မျှော်လင့်ချက်
ဟေဗြဲသြဝါဒစာ ၇:၂၅
“အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏။ …ကိုယ်တော်သည် …သူတို့ကို အစဉ်ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူ၏။”
ကျွန်တော်ငယ်စဥ်က ခရစ်စမတ်ဟူသည် မိသားစုအတူရှိနေခြင်းဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ညနေပိုင်း ဘုရားရှိခိုးကျောင်းတက်ပြီးနောက် ဝမ်းမြောက်ခြင်းဖြင့် မိသားစုညစာ သုံးဆောင်ကြသည်။ ဘရာဇီးနိုင်ငံတွင် အရသာရှိသော ပေါ်တူဂီအခွံမာသီးနှင့် သစ်အယ်သီးများကို အထူးအချိန်အခါသမယတွင်မှသာ စားရသည်။
သို့သော် ကျွန်တော် ၁၀ နှစ်အရွယ်တွင် ခရစ်စမတ်အကြိုနေ့၌ စိတ်ပျက်စရာ တစ်ခုကြုံခဲ့ရသည်။ ကျွန်တော်တို့မိသားစု အလွန်ချစ်ခင်သောဆွေမျိုးတစ်ဦး ရောက်လာနိုးရောက်လာနိုးနှင့် စောင့်မျှော်ခဲ့သော်လည်း ဆက်သွယ်ရေး ညံ့ဖျင်းအဆင်မပြေမှုကြောင့် ခရစ်စမတ်အကြိုညတွင် သူမသည် အခြားအိမ်တစ်အိမ်၌ ရောက်ရှိနေခဲ့သည်(၎င်းသည် ဆဲလ်ဖုန်းများမပေါ်မီကဖြစ်သည်)။
အခြားသူများေကြောင့် ကျွန်တော်တို့စိတ်ပျက်ရမည့်အချိန်များ ရှိလာလိမ့်မည်။ သို့သော် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ခရစ်စမတ်တစ်ညတွင် ထိုခံစားချက်ဇာတ်လမ်းတစ်ခုလုံး ပြောင်းလဲသွားခဲ့သည်။ ကျွန်တော့် အသက် ၁၃ နှစ်တွင် ကျွန်တော့်အတွက် ယေရှုသည် ခရစ်စမတ်၏အဓိပ္ပာယ် အစစ်အမှန် ဖြစ်လာခဲ့သည်။ နွားစားခွက်ထဲမှ ကလေးငယ်သည် မည်သူဖြစ်သည်ကို ကျွန်တော် နားလည်လာသည်။ “အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏။ ထိုသူတို့၏အမှုကို ကိုယ်တော်သည် စောင့်လျက်၊ … သူတို့ကို အစဉ်ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူ၏”ဟု ဟေဗြဲ ၇:၁၅ တွင် ဖော်ပြထားသည်။ ဆိုလိုသည်မှာ ကိုယ်တော်သည် ကျွန်တော်တို့ ပြုသမျှ မကောင်းမှုများမှ ကယ်တင်နိုင်သော တန်ခိုးရှိသည့် အရှင်ဖြစ်ခြင်းတည်း။
သခင်ယေရှုသည် ကျွန်တော့်ကို ကယ်တင်ခဲ့သည်။ ကျွန်တော့်ခံစားချက်ကို ကုစားပေးပြီး ကျွန်တော့်ကို ပြောင်းလဲစေခဲ့သည်။ ဘုရားသခင်၏ကြီးမြတ်သည့်ချစ်ခြင်းမေတ္တာကို သတိရစေရန် ယနေ့ ဤခရစ္စမတ်ရာသီ၌ သူရောက်ရှိနေသည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏” (ယော ၃:၁၆)။ – ADOLFO ANTONIO HICKMANN
*******************************************************
မည်သည့်ဆိုးဝါးသည့်အတိတ်အကြောင်းများက သင့်ကို နှောင့်ယှက်နေပါသနည်း။ သင့်ကို မစစောင့်ရှောက်နိုင်သော ကယ်တင်ရှင်လက်ထဲသို့ ထိုအရာများကို သင်မည်ကဲ့သို့ လွှဲပြောင်းပေးမည်နည်း။
*******************************************************
ချစ်လှစွာသောယေရှု၊ ကိုယ်တော်သည် ကျွန်တော့်အတွက် အလွန်ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ပြီး၊ ကျွန်တော့်အနီးအပါးတွင် နေ့တိုင်းအစဥ်
တည်ရှိသောကြောင့် ကိုယ်တော်ကို ချီးမွမ်းပါ၏။
ယနေ့ဖတ်ရန်ကျမ်းစာ –
ဟေဗြဲသြဝါဒစာ ၇:၁၁-၁၇၊ ၂၃ -၂၄
