အားလုံးအတွက် လက်ဆောင်မွန်
ဘုရားသခင်မှ ကျွန်ုပ်တို့အတွက် ပေးသော လက်ဆောင်မွန်
ယေရှုခရစ်တော်
ခရစ်စမတ်ချိန်ခါ ဆင်စရာ ၁၀ ချက်
အားလုံးအတွက် လက်ဆောင်မွန်
ရွာခရစ်စမတ်ပွဲ
ရှင်မဿဲခရစ်ဝင် ၂:၁၁
(ပညာရှိများသည်) မိမိတို့ ဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန်တည်းဟူသော နံ့သာမျိုးကိုလည်းကောင်း၊ ရွှေကိုလည်းကောင်း ဆက်ကပ်ပူဇော်ကြ၏။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ဝါလန်ဂါ လူမျိုးများသည် သခင်ယေရှုဖွားမြင်ခြင်း ခရစ်စမတ်ပွဲ ဆင်နွဲရန် ဝေးလံစွာခရီးနှင်ခဲ့ကြသည်။ သူတို့မိသားစုသည် ခရစ်စမတ်ပွဲအတွက်နှင့် မိတ်ဆွေများအား လက်ဆောင်ပေးရန် ဆန်၊ ပလောပီနံ၊ မြေပဲ၊ ကြက်၊ ဆိတ်များကို သယ်ပိုးပြီး တောအုပ်ကိုဖြတ်ကာ ၂၅ မိုင်ကျော်ခရီးကို ခြေကျင်ခရီးထွက်ခဲ့ကြကြောင်း သင်းအုပ်ဆရာ ကဇ္ဇိုဘို ပြန်လည် အမှတ်ရနေခဲ့သည်။
ခရစ်စမတ်အကြိုနေ့တွင် နေရာအသီးသီးမှ ရောက်လာကြသူများသည် ဘုရားကျောင်းတစ်ခုတွင် စုဝေးကြပြီး ညသန်းခေါင်အထိ ဖျော်ဖြေပွဲများကိုကျင်းပကြသည်။ နောက်နေ့မနက်တွင် ဘုရားရှိခိုးဝတ်ပြုရန်အတွက် ပြန်လည်ဆုံတွေ့ကြသည်။ ပွဲတော်အထိမ်းအမှတ်အဖြစ် တောက်ပသောရောင်စုံအဝတ်အစားများ ဝတ်ဆင်ကြပြီး လူတိုင်းရွှင်လန်းစွာ သီချင်းဆိုကြသည်။ ပြဇာတ်၊ တေးသရုပ်ဖော်တင်ဆက်မှုများကို နှစ်သက်စွာခံစားကြည့်ရှုကြပြီး ဖွားမြင်တော်မူခြင်းအကြောင်း ဖတ်ကြားခြင်းကို နားထောင်ကြသည်။ သခင်ယေရှု
မွေးဖွားခြင်းသည် ခရီးပြုရန်အတွက် လုံလောက်သောလှုံ့ဆော်မှုဖြစ်သည်။
ရှင်မဿဲ၏မှတ်တမ်းတွင် မေရှိယ ကြွလာခြင်းကို ပညာရှိများ မည်သို့သိရှိသည်ကို ကျွန်ုပ်တို့မသိပါ။ မည်သို့ပင်ဖြစ်စေ ဤခရီးသွားများသည် စူးစမ်းရှာဖွေလျက်ရောက်လာကြသည်။ ပညာရှိတို့သည် “ယခုဖွားမြင်သော ယုဒရှင်ဘုရင်”ကို ရှာကြောင်း ဟေရုဒ်မင်း သိသောအခါ အလွန်“စိတ်ပူပန်”လျက် (မ ၂:၃)၊ “ယဇ်ပုရောဟိတ်အကြီး(ဦးဆောင်သော) ကျမ်းပြုဆရာရှိသမျှ”ကို (:၄) မေးမြန်းခဲ့သည်။ မေရှိယသည် “ယုဒပြည် ဗက်လင်မြို့”တွင် ဖွားမြင်မည်ကို (:၅)၊ ပရောဖက်မိက္ခာ၏စကားကို (:၆) ကိုးကားပြီး သူတို့သိခဲ့သည်။ သို့သော်လည်း သူတို့သည် ကိုယ်တော်ကို ဘယ်သောအခါမျှ မရှာဖွေကြပါ။ ပညာရှိတို့သည် “ဘုရားသခင်၏လက်ဆောင်”အဖြစ်မွေးဖွားလာသူအတွက် လက်ဆောင်များ ယူဆောင်ခဲ့ကြသည် (:၁၁)။
ကျွန်ုပ်တို့ မည်သည့်နေရာသို့၏ခရီးသွားနေပါစေ၊ ရှေးပညာရှိများနှင့် ဝါလန်ဂါလူမျိုးများကို အတုယူလျက် မိမိ၌ရှိသောအရာများကို အခြားသူများအားဝေမျှကြပါစို့။ ကျွန်တော်တို့၏ပြုမူလုပ်ဆောင်မှုများသည် ကျွန်ုပ်တို့အတွက် အသက်ကိုပေးသောအရှင်အား ချီးမြှောက်ပါစေ။ – TIM GUSTAFSON
*******************************************************
သင်၌ အခြားသူများကို ဝေမျှနိုင်သော မည်သည့်အရာများရှိသနည်း။ ဤရက်သတ္တပတ်တွင် အခြားသူများကို သင်မည်သို့ကူညီနိုင်မည်နည်း။
*******************************************************
အဘဘုရားသခင်၊ ကျွန်ုပ်အား ကယ်တင်ရန် သားတော်အား ဤလောကသို့ စေလွှတ်ခဲ့သည့်အတွက် ကျေးဇူးတင်ပါ၏။
ယနေ့ဖတ်ရန်ကျမ်းစာ –
ရှင်မဿဲခရစ်ဝင် ၂:၁-၁၁
