အားလုံးအတွက် လက်ဆောင်မွန်

ဘုရားသခင်မှ ကျွန်ုပ်တို့အတွက် ပေးသော လက်ဆောင်မွန်
ယေရှုခရစ်တော်
ခရစ်စမတ်ချိန်ခါ ဆင်စရာ ၁၀ ချက်

အားလုံးအတွက် လက်ဆောင်မွန်

ဘုရားသခင်၏ လှပသောအချိန်တန်မှု

ဒေသနာကျမ်း ၃:၁၁

ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။

ခရစ်စမတ်ရာသီ ‌ရောက်လာသည်နှင့် ရေပန်းစားသည့် “Rockin’ Around the Christmas Tree” သီချင်းကို နေရာတိုင်း၌ ကြားနိုင်ပြီ။ ဤသီချင်းကို စတင်ထုတ်လွှင့်ပြီး ၆၅ နှစ်အကြာ၊ ၂၀၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ သီချင်းအပုဒ် ၁၀၀ ကို အဆင့်သတ်မှတ်သည့် (Billboard Hot 100) ၏ နံပါတ် ၁ နေရာသို့ ပထမဆုံးရောက်လာခဲ့သည်။

ဤသီချင်းကို ၁၉၅၈ ခုနှစ်၌ အသံသွင်းခဲ့စဥ်က အဆိုတော် Brenda Lee (ဘရန်ဒါလီ)မှာ အသက် ၁၃ နှစ်သာ ရှိသေးသည်။ ယခုအချိန်တွင် သူမအသက် ၇၈ နှစ်ရှိပြီး သီချင်း၏ နောက်ဆုံးသောအောင်မြင်မှုကို ဂုဏ်ပြုနိုင်ပြီ ဖြစ်သည်။ ထိုသီချင်းသည် သီချင်းထွက်ရှိရန် စောင့်ဆိုင်းရချိန်အပါအဝင် ဂီတလောက၏ ဂုဏ်သိက္ခာရှိသော စာရင်းတွင် အဆင့် ၁ သို့ ရောက်ရှိချိန်အထိ မှတ်တမ်း စံချိန်များစွာ ချိုးခဲ့သည်။

အဆုံးစွန်ဆုံးအောင်မြင်မှုရရှိနိုင်ရေး နှစ်ပေါင်းများစွာ အချိန်ကြာမြင့်စွာ ဖြတ်သန်းခဲ့ရကြောင်း ဤသီချင်း၏အောင်မြင်မှုက ကျွန်မတို့ကိုသတိပေးနေသည်။ မိမိ၏ကြိုးစားမှုများအတွက် ရလဒ်ကို ကျွန်မတို့ချက်ခြင်းရလိုသည်။ သို့သော် ဘုရားသခင်သည် သူ၏အချိန်ဇယားအတိုင်းသာ လုပ်ဆောင်ပါသည်။ ကျွန်မတို့အနေနှင့် ဘုရားသခင်၏အချိန်ကို နားမလည်ခြင်း(သို့) ဘာကြောင့် ဤမျှကြာမြင့်စွာ စောင့်ရသနည်းဟု နားမလည်နိုင်ဖြစ်ရသည်။ သို့ငြားလည်း ဘုရားသခင်၏အချိန်သည် အလွန်ကွက်တိကျ‌ကြောင်း “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှ အသီးအသီးတို့ကို ပြုရသောအချိန်ရှိ၏”(ဒေ ၃:၁)ဟု ဒေသနာကျမ်း၌ ရှောလမုန်မင်းကြီး သတိပေးထားသည်။ နောက်တစ်မှတ်တိုင်သို့ ရောက်ရန် အလျင်လိုနေမည့်အစား မိမိ၏ကိုယ်ရေးကိုယ်တာ (သို့) အလုပ်အကိုင်ဘဝကို ဘုရားသခင်၏ ဦးဆောင်မှုနောက်သို့ လိုက်လျှောက်ပါက “ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ” (:၁၁) ဟူသည့် ရှောလမုန်မင်းကြီး၏အဆိုကို လက်ခံနိုင်လိမ့်မည်။

ပထမဆုံး ခရစ်စမတ်သည်ပင် ခရစ်တော်မွေးဖွားခြင်းကို ရာစုနှစ်များစွာစောင့်ခဲ့ရသည်။ အောင်မြင်မှုများကို တွေ့ကြုံခံစားရန်အတွက် ရက်သတ္တပတ်နှစ်လများစွာ စောင့်ရမည်လား မသိသော်လည်း၊ ငြီးငွေ့ခြင်းမရှိဘဲ စောင့်ဆိုင်းနေရန်ဖြစ်သည်။ အချိန်ကိုက်ပေးလာမည့် လှပသောလက်ဆောင်ကို ဘုရားသခင်ပေးမည်ဟု ကျွန်မတို့ ယုံကြည်နိုင်ပါသည်။ – NANCY GAVILANES

*******************************************************

သင်ဘာကို စောင့်နေသနည်း။ ဘုရားသခင်ပေးလာမည့်အချိန်ကို သင်မည်သို့ စိတ်ရှည်စွာ စောင့်ဆိုင်းနိုင်မည်နည်း။

*******************************************************

အိုအဘဘုရားသခင်၊ ကိုယ်တော်၏ပြီးပြည့်စုံသောအချိန်အတွက် ကျေးဇူးတင်ပါ၏။

 

ယနေ့ဖတ်ရန်ကျမ်းစာ –

ဒေသနာကျမ်း ၃:၁-၁၄

 

 

<<<နောက်သို့ | ရှေ့သို့>>>