အားလုံးအတွက် လက်ဆောင်မွန်
ဘုရားသခင်မှ ကျွန်ုပ်တို့အတွက် ပေးသော လက်ဆောင်မွန်
ယေရှုခရစ်တော်
ခရစ်စမတ်ချိန်ခါ ဆင်စရာ ၁၀ ချက်
အားလုံးအတွက် လက်ဆောင်မွန်
ကတိတော်လက်ဆောင်
ဟဂ္ဂဲအနာဂတ္တိကျမ်း ၂:၅
ငါ၏ဝိညာဉ်တော်သည် သင်တို့တွင် နေရာကျ၏။ မစိုးရိမ်ကြနှင့်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
Charles Jennens(ချားလ်စ်ဂျဲနင်းစ်)၏နာမည်ကို လူအနည်းငယ်သာ သိသည်။ သူသည် George Frideric Handel (ဂျော့ဖဲဒရစ်ဟဲန်ဒယ်)၏ ဂီတဖန်တီးခြင်းများစွာအတွက် သီချင်းစာသားများကို ပံ့ပိုးပေးသူဖြစ်သည်။ သူတို့နှစ်ဦး မကြာခဏ သဘောထားကွဲလွဲသော်လည်း ဂျဲနင်းစ် နှင့် ဟဲန်ဒယ်တို့သည် ကြီးကျယ်ခမ်းနားသော လက်ရာများကို အတူဖန်တီးခဲ့ကြသည်။ ဟဲန်ဒယ် ၏မေရှိယသီချင်းသည် ခရစ်စမတ်ရာသီအတွက်စံတစ်ခုဖြစ်လာသည် ဂျဲနင်းစ် သည် သီချင်းစာသားများကို သမ္မာကျမ်းစာထဲမှ တိုက်ရိုက် ရွေးချယ်ခဲ့ပြီး၊ အများစုမှာ ဓမ္မဟောင်းကျမ်း၏ကြာမြင့်စွာစောင့်ဆိုင်းမျှော်လင့်ရသည့် မေရှိယကို ညွှန်ပြသော ကျမ်းပိုဒ်များမှ ရယူထားသည်။
၎င်းတို့အနက် ကျမ်းပိုဒ်တစ်ခုမှာ ပရောဖက် ဟဂ္ဂဲအနာဂတ္တိကျမ်းမှဖြစ်သည်။ “ကာလမကြာမမြင့်မီ ကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်းတို့ကို တစ်ဖန် ငါလှုပ်ဦးမည်”(၂:၆)။ လူတို့သည် မိမိတို့၏ကောင်းကျိုးသုခကို စွဲလမ်းကြပြီး ဘုရားသခင်ကို လျစ်လျူရှုခဲ့ကြသည်။ “…သင်တို့အားလုံးပင် မိမိတို့နေအိမ်များကိုတည်ဆောက်မှုဖြင့် အလုပ်ရှုပ်ကာ၊ ငါ၏ဗိမာန်တော်ကိုမူ ယိုယွင်းပျက်စီးလျက်သာရှိနေစေကြ”သည်ဟု ဘုရားရှင် မိန့်တော်မူသည် (၁:၉ ခေတ်သုံး)။ ဘုရားသခင်၏“အိမ်တော်” – တစ်နည်းအားဖြင့် ဗိမာန်တော်သည် သူ၏လူများနှင့်အတူ ကျိန်းဝပ်မည့်ကိုယ်တော်၏အစီအစဉ်ဟု အရိပ်အမြွက်ပြခဲ့သော်လည်း ၎င်း၏ဆိုလိုရင်းကို သူ့လူတို့ အပြည့်အဝ နားမလည်ခဲ့ကြပါ။ ဘုရားသခင်၏ကိုယ်စား ဟဂ္ဂဲက “အဲဂုတ္တုပြည်မှ ထွက်သောအခါ … ငါသည် သင်တို့နှင့်အတူရှိ၏။ ငါ၏ဝိညာဉ်တော်သည် သင်တို့တွင် နေရာကျ၏” (၂:၅)၊ … “လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာသည် ရောက်၍၊ ဤအိမ်ကိုဘုန်းနှင့် ငါပြည့်စုံစေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏” (:၇)။ဟူ၍ ပြန်လည် သတိပေးခဲ့သည်။
အနှစ်၅၀၀ကြာပြီးနောက် ကောင်းကင်တမန်ဂါဗြေလသည် မာရိထံ ပေါ်လာ ပြီး၊ ထိုလူမျိုးတို့၏ဆန္ဒပြည့်စုံတော့မည်၊ “ကြောက်ရွံ့ခြင်းမရှိနှင့်။… သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်” (လု ၁:၃၀-၃၁) ဟုကြေညာခဲ့သည်။
ဤနှစ်တွင် ဘာပဲကြုံရပါစေ၊ ကြောက်ရွံ့နေစရာ မလိုပါ။ ကျွန်ုပ်တို့၌ ကတိ ထားတော်မူသောလက်ဆောင် သခင်ယေရှုတည်ရှိပါသည်။ – TIM GUSTAFSON
*******************************************************
ခရစ်စမတ်၌ မည်သည့်အရာက သင့်ကို စိတ်ထွေပြားစေပါသနည်း။ ဘုရားသခင် အတူရှိနေခြင်း၏ကတိတော်သည် သင့်အား မည်သို့အားပေးမစနိုင်သနည်း။
*******************************************************
ချစ်လှစွာသောအဘဘုရားသခင်၊ ကိုယ်တော်၏အတူတည်ရှိခြင်း ကတိတော်အတွက်ကျေးဇူးတင်ပါ၏။
ယနေ့ဖတ်ရန်ကျမ်းစာ –
ဟဂ္ဂဲအနာဂတ္တိကျမ်း ၂:၁-၉
