ပထမခြေလှမ်း စတင်ခြင်း

ယေရှုနောက်လိုက်ဖို့ သင်အသင့်ဖြစ်ပြီလား။

         ဖြစ်ပြီဆိုရင် သင့်အတွက် ကားတိုင်ပေါ်မှာ ယေရှုအသေခံခဲ့ပြီး ပြန်လည်ရှင်ပြန်ထမြောက်ခဲ့ကြောင်း၊ သူ့ကို သခင်နဲ့ ကယ်တင်ရှင်အဖြစ် လက်ခံဖို့ အသင့်ဖြစ်နေကြောင်း၊ ဘုရားသခင်ရဲ့သားတော် ယေရှုကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းကို လက်ခံကြောင်း ဘုရားသခင်ကို ကိုယ်တိုင်ပြောပြနိုင်မယ့် ဆိတ်ငြိမ်ရာနေရာကိုရှာပါ။

ဘုရားသခင်က အမြဲတမ်းနားထောင်နေပါတယ်။

သင်လုပ်ရမှာက သင့်ရှေ့မှာ သူရှိနေသလိုမျိုး သူ့ကိုစကားပြောဖို့ ဖြစ်ပါတယ်။

         ဖြစ်နိုင်မယ်ဆိုရင် သင်နဲ့အတူဆုတောင်းဖို့နဲ့ သင့်ရဲ့သက်သေအဖြစ် ခရစ်ယာန်သူငယ်ချင်းတစ်ယောက်ကို ရှာဖွေပါ။

အဓိကအချက်တွေကို သင်သိရအောင် အောက်မှာဆုတောင်းချက်လေးတွေကို ဖော်ပြပေးထားပါတယ်။ စကားလုံးတွေက လမ်းညွှန်ပေးရုံပါပဲ။ အရေးကြီးတာက သင့်စိတ်နှလုံးပါ။ သင်ဘယ်လောက် ရိုးသားပွင့်လင်းရင်းနှီးမှုရှိသလဲ ဆိုတာက ဘုရားသခင်အတွက် ပိုအရေးကြီးပါတယ်။

ဘုရားသခင် ကိုယ်တော့်ကို ကျွန်ုပ် ပြစ်မှားမိခဲ့ပါတယ်။ ယေရှုဟာ ကိုယ်တော့်ရဲ့သားဖြစ်တယ်။ ကျွန်ုပ်အတွက် ကားတိုင်ပေါ်မှာ သူအသေခံခဲ့ပြီး အဲဒါကိုသက်သေပြဖို့အတွက် သူရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတာ ကျွန်ုပ်ယုံကြည်ပါတယ်။ ကိုယ်တော်က ကျွန်ုပ်ကို အပြည့်အဝခွင့်လွှတ်ဖို့နဲ့ ထာဝရအသက်ပေးဖို့ ကမ်းလှမ်းတာကို ကျွန်ုပ် ယခုလက်ခံပါတယ်။ကျွန်ုပ်ရဲ့ကယ်တင်ခြင်းအတွက် ခရစ်တော်ကို ကိုယ်တော့်ထံမှ လက်ဆောင်အဖြစ် လက်ခံပါတယ်။ သူ့နောက်တော်ကို ကျွန်ုပ်လိုက်လိုပါတယ်။

နောက်ဘာဖြစ်မှာလဲ

              ဆုတောင်းချက်ကို သင်ရွတ်ဆိုပြီးနောက် သင်လုပ်နိုင်တဲ့အရာကတော့ သင့်ဘဝသစ်ကို ဘုရားသခင်နဲ့ စတင်နေထိုင်ဖို့၊ သူနဲ့ဆက်ဆံရေး ပိုမိုတိုးတက်လာအောင် နေထိုင်ဖို့ဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကို အကြံပြုခွင့်ပေးပါ။

  ဒါမှမဟုတ် ယေရှုကို သင်ယုံကြည်ချင်ရဲ့လားဆိုတာ စဉ်းစားနေတုန်းပဲဆိုရင်လည်း စိတ်မပူပါနဲ့။ ဘုရားသခင်နဲ့ ယေရှုအကြောင်း ပိုသိအောင် ရှာဖွေလေ့လာဖို့ သင့်ကိုကျွန်ုပ်တို့ တိုက်တွန်းလိုပါတယ်။ ဒါမှ သင်စိတ်သက်သာရှင်းလင်းစွာနဲ့ ဆုံးဖြတ်ချက်ချနိုင်မှာ ဖြစ်ပါတယ်။ ဘုရားသခင်အကြောင်း ပိုမိုသိရှိအောင် အကူအညီဖြစ်စေမယ့် အောက်ပါအချက်တွေကို သင်လုပ်နိုင်ပါတယ်။

စတင်ဆုတောင်းပါ။ “ဘုရားသခင်ရဲ့ သားသမီးဖြစ်တဲ့အတွက် သင်သူနဲ့ အချိန်မရွေး စကားပြောနိုင်ပါတယ်။ သူအမြဲနားထောင်နေပြီး သင်နဲ့စကားပြောရတာကိုလည်း သူ နှစ်သက်ပါတယ်။ သူ့ကို သင်ရဲ့ဒုက္ခများ၊ ကြောက်ရွံ့မှုများ၊ လိုအပ်ချက်များကို ပြောပြနိုင်ပြီး သင့်ရဲ့စိုးရိမ်ပူပန်မှုများနဲ့ ဝမ်းမြောက်မှုများကိုလည်း ဝေမျှနိုင်ပါတယ်။ ဘုရားသခင်နဲ့ နေ့တိုင်းစကားပြောဖို့ အချိန်ပေးပါ။ သင့်ကိုယ်သင် သူနဲ့ပိုမိုနီးစပ်မှု ရှိလာတာကို တွေ့ရပါလိမ့်မယ်။

ကျမ်းစာဖတ်ပါ။“သမ္မာကျမ်းစာက ကမ္ဘာကြီးအတွက် ဘုရားသခင်ရဲ့ တင်းစကားဖြစ်ပါတယ်။ ကျမ်းစာထဲမှာ ကျွန်ုပ်တို့အတွက် သူ့ရဲ့ကယ်တင်ခြင်းအစီအစဉ်နဲ့ သူခွင့်လွှတ်ထားတဲ့ သားသမီးများအနေနဲ့ သင့်ကို သူအသက်ရှင်နေထိုင် စေလိုတဲ့ပုံစံအပါအဝင် ဘုရားသခင်က ကျွန်ုပ်တို့ကိုသိစေလိုတဲ့ အကြောင်းအရာများအားလုံး ပါရှိပါတယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကိုဖတ်ရှုပြီး နားလည်ဖို့အတွက် သင် အကူအညီလိုအပ်နိုင်ပါတယ်။ သင်ဘယ်လို စတင်ရမလဲဆိုတာ ခရစ်ယာန်သူငယ်ချင်းတစ်ယောက် ဒါမှမဟုတ် သင့်အနီးမှာရှိတဲ့ ဘုရားရှိခိုးကျောင်းမှာ သွားမေးပါ။

ဘုရားရှိခိုကျောင်းစတက်ပါ။ခရစ်ယာန်တစ်ယောက်ဖြစ်လာခြင်းအားဖြင့် တူညီတဲ့ယုံကြည်ခြင်း၊ ခရစ်တော်၌ တူညီတဲ့မျှော်လင့်ခြင်းတို့ကို မျှဝေမယ့် ယုံကြည်သူများ အသိုင်းအဝိုင်းနဲ့ သွားပေါင်းနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် အခြားသူများထံမှ သင်ခွန်အားရနိုင်သလို အပြန်အလှန်အားဖြင့် သင်လည်း ဘုရားရှိခိုးရင်း ဘုရားသခင်အကြောင်းပိုသိအောင် လေ့လာရင်းနဲ့ သူတို့ကို ပြန်အားပေးနိုင်ပါတယ်။ ကျွန်ုပ်တို့အားလုံးဟာ ခွင့်လွှတ်ခြင်းခံရတဲ့ အပြစ်သားများ၊ တူညီတဲ့ယုံကြည်ခြင်းလမ်းခရီးမှာ အတူတကွ ခရစ်တော်နဲ့အတူ လျှောက်လှမ်းနေကြသူများဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် ဘုရားရှိခိုးကျောင်းကို ကြိုးစားတက်ပါ။ သင့်ကို ဘုရားရှိခိုးကျောင်းကိုခေါ်သွားဖို့ ခရစ်ယာန်သူငယ်ချင်းတစ်ယောက်ကို ပြောပါ။

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်