ဖေဖေများထံသို့

ပျားနှင့်မြွေများ

ဖတ်ရန်-   ရှင်မဿဲခရစ်ဝင် ၇း၇-၁၁


သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော် မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား ကောင်းသောအရာကို သာ၍ ပေးတော်မူမည် မဟုတ်လောမ ၇:၁၁


ပြဿနာအချို့အတွက် ဖခင်က ဒဏ်ခံယူရန် သတ်မှတ်ထားပြီးသားဖြစ်သည်။ ဥပမာ – ကျွန်တော့်ကလေးများသည် မကြာမီက ပျားများကို တွေ့ပြီး ယူလာကာ အိမ်ရှေ့ဆင်ဝင် အောက်ရှိ နံရံအက်ကွဲကြောင်း ကြားတွင် ထည့်ထားကြသည်။ ထို့ကြောင့် ကျွန်တော် ပိုးသတ်ဆေးဘူးယူ၍ ပျားသတ်ပွဲဆင်နွှဲရပါတော့သည်။

  ကျွန်တော် ငါးချက်မျှ ပျားတုတ် ခံရသည်။

ကျွန်တော် ပျားတုတ်မခံလိုပါ။ သို့သော် ဇနီးနှင့် သားသမီးများအစား ကျွန်တော်ပျားတုတ်ခံရခြင်းက ပိုကောင်းပါသည်။ ထို့ကြောင့် မိသားစုကို ဂရုစိုက်စောင့်ရှောက်ခြင်းက ကျွန်တော်၏အရေးပါးဆုံးအလုပ် ဖြစ်သည်ဟု မှတ်ထားလိုက် တော့သည်။ ထိုအချက်သည် အမှန်တကယ် လိုအပ်ကြောင်း သားသမီးများကလည်း အသိအမှတ်ပြုကြသည်။ သူတို့ ကြောက်ရွံ့သည့်အရာနှင့် ကြုံတွေ့ပါက သူတို့ကို အဖေက အကွယ်အကာပေးမည်ဟု ယုံကြည် စိတ်ချကြသည်။

မဿဲ ၇ တွင်သခင်ယေရှုက ကျွန်ုပ်တို့၏ လိုအပ်ချက် များကို ဘုရားသခင်ထံ တင်ပြတောင်းဆိုရန် (:၇) နှင့် ကိုယ်တော်အား ယုံကြည်မှုရှိရန် သွန်သင်လျက် အဖြစ်အပျက် တစ်ခုကို ဖော်ပြသည်။ “သားသည် မုန့်ကိုတောင်းလျှင် မိမိသားအား ကျောက်ကိုပေးမည့်သူ၊ ငါးကိုတောင်းလျှင် မြွေကိုပေးမည်သူ တစ်စုံတစ်ယောက်မျှ သင်တို့တွင် ရှိသလော” (:၉-၁၀)။

ချစ်တတ်သောမိဘများအတွက် အဖြေက အလွန်ရှင်းပါသည်။ သို့သော် သခင်ယေရှုက အဖြေပေးပြီး အဘဘုရား၏ရက်ရောကောင်းမြတ်ခြင်းနှင့် ပေးကမ်းမှုအပေါ် ယုံကြည်ခြင်း လျော့မသွားစေရန် ကျွနု်ပ်တို့ကို စိန်ခေါ်သည်။“သင်တို့ သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှ မက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား ကောင်းသောအရာကို သာ၍ပေးတော်မူမည် မဟုတ်လော” (:၁၁)။

ကျွန်တော့်သားသမီးများကို ယခုထက်ပိုပြီး မည်ကဲ့သို့ချစ်ရမည်ကို မစဉ်းစား တတ်ပါ။ သို့သော် ဘုရားသခင် ကျွန်ုပ်တို့ကို ချစ်သောမေတ္တာကြောင့် ကမ္ဘာပေါ်ရှိ ဖခင်များ၏အချစ် မှေးမှိန်သွားသည်ဟု သခင်ယေရှု အာမခံသည်။

စဥ်းစားဆင်ခြင်ရန်နှင့် ဆုတောင်းရန်

ကျွန်ုပ်တို့၏လိုအပ်မှုများ ပြည့်ဝစုံလင်စေရေး အဘဘုရားသခင်ကို ယုံကြည်အားကိုး အမှီပြုနိုင်သည်။

အဘဘုရားသခင်၊ ကမ္ဘာပေါ်ရှိ အကောင်းဆုံးဖခင်၏ မေတ္တာထက် သာလွန်သောချစ်ခြင်းဖြင့် ကျွန်ုပ်တို့အား ချစ်သောကြောင့် ကျေးဇူးတင်ပါ၏။ သခင်ယေရှု သွန်သင်သည့်အတိုင်း စိတ်နှလုံးရှိသမျှဖြင့် တောင်း၊ ရှာ၊ ခေါက်လျက် ကိုယ်တော်နှင့်သာ၍နီးစေတော်မူပါ။

Adam R. Holz

နောက်တစ်နေ့စာမူ ဖတ်ရန်>>