ဖေဖေများထံသို့

နှစ်လိုဖွယ်ကောင်းသော ဖခင်

ဖတ်ရန်-  ဆာလံကျမ်း၁၀၃း၇-၁၃


အဘသည်သားတို့ကို သနားစုံမက်သည်နည်းတူ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ ဆာ ၁၀၃:၁၃


လေယာဉ်ပေါ်နှင့် လေဆိပ်ထဲတွင် သွက်လက်တက်ကြွသည့် မူကြိုအရွယ် သား နှစ်ယောက်ကို ထိန်းရင်းဆွဲရင်းဖြင့် မိဘနှစ်ဦးမှာ မောဟိုက်နေကြောင်း သိသာသည်။ တစ်ဖန် ယခုနောက်ဆုံးစီးရမည့်လေယာဉ်က နောက်ကျသည်။ ခရီးသွားများနှင့်ပြည့်ကြပ် နေသည့် ထွက်ခွါဂိတ်တွင် ပြေးလွှားဆော့နေသည့် ချာတိတ်လေး နှစ်ဦးကိုကြည့်ပြီး ဂရန်း ရက်ပစ်သို့ နောက်ထပ် နာရီဝက်စီးရမည့်ခရီးတွင် ကလေးငြိမ်အောင် မိဘများ မည်သို့ ထိန်းမည်နည်းဟု ကျွန်တော်တွေးမိသည်။ လေယာဉ်ပေါ် ရောက်သော် အဖေနှင့်သားတစ်ယောက်က ကျွန်တော့်အနောက်ခုံ၌ နေရာကျသည်။ ခဏအကြာတွင် “သားကို ပုံပြင်စာအုပ်ဖတ်ပြမလို့”ဟု ပြောလိုက်သံကို ကြားရသည်။ သို့နှင့် ခရီးတစ်လျှောက်လုံး နှစ်လိုဖွယ် ကောင်းသည့်ဖခင်က စိတ်ရှည်နူးညံ့စွာဖြင့် ပုံပြင်ဖတ်ပြကာ သား၏အာရုံကို စုစည်းလျက် ငြိမ်သက်စေတော့သည်။

 ဒါဝိဒ်ကလည်း သူရေးသားသည့် ဆာလံသီချင်းတစ်ခုတွင် “အဘသည် သားတိုကို သနားစုံမက်သည့်နည်းတူ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏”(၁၀၃း၁၃)ဟု ကြွေးကြော်ခဲ့သည်။ Pities ဟူသော စကားက မေတ္တာကရုဏာပြခြင်းကို ရည်ညွှန်းသည်။ ဤနူးညံ့သောစကားလုံးက ကောင်းကင်ဘုံရှင် အဘသည် သူ့သားသမီးများကို မည်မျှ နက်နဲစွာချစ်တော်မူကြောင်းပြသည်။ ထို့ပြင် ဘုရားသခင်ထံ မျက်မှောက်ပြုလျက် “အဗ္ဗ၊ အဘ”ဟု ခေါ်ခွင့်ရခြင်းသည် အလွန်ကြီးမြတ်သော ကျေးဇူးတော်ဖြစ်ကြောင်း သတိပေးသည်(ရော ၈:၁၅)။

ဘဝခရီးလမ်း၌ အနားမရ ဂနာမငြိမ်ဖြစ်နေချိန်တွင် ကိုယ်တော်၏မေတ္တာ ဇာတ်လမ်းကို သင်နားထောင်ရန် ဘုရားရှင်အလိုရှိသည်။ အဘဘုရားသခင်သည် သင့်အနီး၌ အစဉ်ရှိပြီး သူ့နှုတ်ထွက်စကားများအားဖြင့် သင့်ကို အားပေးစောင်မရန် အသင့် ရှိနေပါသည်။

စဥ်းစားဆင်ခြင်ရန်နှင့် ဆုတောင်းရန်

ဘုရားမျက်မှောက်တော်နှင့် ကျွန်ုပ်အတွက်ပြင်ဆင်သော မေတ္တာတော်၌ ဝမ်းမြောက်ပါ၏။ မေတ္တာတော်သည် မပြတ်စောင်မပြီး မပြောင်းမလဲ ထာဝရတည်ကြောင်း သိလျက် ယနေ့ ဝမ်းမြောက်ပါ၏။

သားသမီးများအပေါ်ထားသော ဘုရားသခင်၏ ကြီးမားမေတ္တာတော်သည် အကောင်းဆုံးသော ဆုကျေးဇူးတစ်ခုဖြစ်ပါသည်။

Bill Crowder

နောက်တစ်နေ့စာမူ ဖတ်ရန်>>