ဖေဖေများထံသို့

သီချင်းဆိုသောကျွန်ုပ်တို့အဖေ

ဖတ်ရန်-  ဇေဖနိအနာဂတ္တိကျမ်း ၃း၁၄-၂၀


သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အလယ်၌ရှိ၍ တန်ခိုးကြီးသောဘုရားသည် သင့်ကိုကယ်တင်တော်မူလိမ့်မည်။ သင်၌အားရ၍ ဝမ်းမြောက်တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ကျိန်းဝပ်၍ သီချင်းဆိုခြင်းနှင့်တကွ သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်။ ဇေ ၃: ၁၇


ကျွန်တော်တို့ဇနီးမောင်နှံ ကလေးမရမီက သီချင်းဆိုခြင်းသည် အရေးကြီးကြောင်း မည်သူ တစ်ဦးတစ်ယောက်မျှ ကျွန်တော့်ကို မပြောပြခဲ့ပါ။ ကျွန်တော့်ကလေးများမှာ ၆ နှစ်၊ ၈ နှစ်၊ ၁၀ နှစ် ဖြစ်ကြသည်။ သို့သော် သုံးယောက်လုံးသည် ညစောစောမအိပ်တတ်၊ ညတိုင်း ကျွန်တော်နှင့် ဇနီးသည်တို့သည် ကလေးများကို အလှည့်ကျ သိပ်ရင်း ကလေးများ မြန်မြန်အိပ်ပျော်ပါစေဟု ဆုတောင်းမိသည်။ နာရီပေါင်း ရာနှင့်ချီ၍ ကလေးသိပ်ခဲ့ရပြီး ကလေးအမြန်အိပ်ပျော်သွားရန် မျှော်လင့်ချက်ဖြင့် ညအိပ်ရာဝင် တေးပေါင်းများစွာကိုလည်း ညည်းဆိုခဲ့သည်။ တစ်ညပြီးတစ်ည ကလေးသိပ်ရင်း ထူးခြား အံ့သြစရာ အဖြစ်တစ်ခုဖြစ်ခဲ့သည်။ ကျွန်တော့် တစ်ခါမျှ မထင်မှတ်ခဲ့ဖူးသော ကလေးများအပေါ် ကျွန်တော်၏ မြတ်နိုးမှုနှင့် နှစ်သက်မှုများ တိုးလာခြင်းပါ။

သမ္မာကျမ်းစာထဲတွင်လည်း ကောင်းကင်ဘုံရှင် အဘသည်လည်း သူ့သားသမီးများကို သီချင်းဆိုပေးကြောင်း ဖော်ပြသည့်ကျမ်းပိုဒ် ပါရှိကြောင်း သင်သိပါသလား။ ကျွန်တော့်သားသမီးများကို သီချင်းဖြင့် သိပ်သကဲ့သို့ ကောင်းကင်ဘုံရှင်အဘသည် သူ့သားသမီးများကို သီချင်းဆို ပေးကြောင်း ပရောဖက် ဇေဖနိက သရုပ်ပြ ရေးသားထား သည်။ ‘‘သင်၌ အားရ၍ ဝမ်းမြောက်တော်မူလိမ့်မည်။ ချစ်ခြင်းမေတ္တာ၌ ကျိန်းဝပ်၍ သီချင်းဆိုခြင်းနှင့်တကွ သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်” (၃း၁၇)။

ဇေဖနိအနာဂတ္တိကျမ်းတွင် ဘုရားရှင်ကို ငြင်းပယ် သူများကို စီရင်မည့်အချိန် ရောက်လာမည့်အကြောင်း သတိပေးထားသည်။ သို့သော် ထိုမှာတင် မပြီးပါ။ ဇေဖနိအနာဂတ္တိကျမ်းသည် ဒဏ်စီရင်ခြင်းဖြင့် အဆုံးသတ်သွားခြင်း မဟုတ်ဘဲ ဘုရားရှင်သည် လူသားများ၏နာကျင်ခံစားရမှုဝေဒနာမှ ကယ်တင်မည်သာမက (း၁၉-၂၀) ချစ်ခြင်းမေတ္တာနှင့် အားရကျေနပ်လျက် သီချင်းဆိုခြင်းနှင့်တကွ သင်၌ ဝမ်းမြောက်တော်မူ လိမ့်မည်ဟု အဆုံးသတ်ဖော်ပြခဲ့သည် (:၁၇)။

စဥ်းစားဆင်ခြင်ရန်နှင့် ဆုတောင်းရန်

အဘဘုရား၊ ကိုယ်တော်၏နူးညံ့သော မေတ္တာတော်ကို ထွေးပိုက်လျက် ကိုယ်တော်ဆိုပြသောသီချင်းကို ကြားနိုင်စိမ့်ငှာ ကူမတော်မူပါ။

မွေးကင်းစကလေးကို ချော့သိပ်သည့်မိဘများကဲ့သို့ ကောင်းကင်ဘုံရှင် အဘဘုရားသခင်သည် သူသားသမီးများအပေါ် အားရကျေနပ်ဝမ်းမြောက်သည်။

Adam R.Holz

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်