ဘဝ၏အောင်မြင်ခြင်းကိုဖြစ်စေသော ယုံကြည်ကိုးစားမှု
ယောသပ်၏ဘဝအမြင်ကို က ၅၀း၂၀ ၌ တွေ့ရသည်။ “သင်တို့သည် ကျွန်ုပ်ကို ညှဉ်းဆဲမည်ကြံသော်လည်း ဘုရားသခင်သည် ယနေ့ ဖြစ်သည်အတိုင်း လူများအသက်ချမ်းသာစေခြင်းငှာ ကျေးဇူးပြုမည် ကြံတော်မူ၏”ဟု အစ်ကိုကြီးတို့ကို ပြောသော ယောသပ်၏ နောက်ဆုံး စကားက သူ၏ယုံကြည်ခြင်းစိတ်ကိုဖော်ပြသည်။ သူသည် အသက်ရှင် တော်မူသော ဘုရားကို ဖက်တွယ်ခဲ့သည်။ အကြွင်းမဲ့ ယုံကြည် ခဲ့သည်။
ဘုရားသခင်၏အကြံအစည်တော်နှင့် ကောင်းမြတ်ခြင်းကို အကြွင်းမဲ့ ယုံကြည်ကိုးစားခြင်းဖြင့်သာ ဘဝ၏ဒုက္ခအခက်အခဲများကို ကျော်လွန်နိုင်ရာ၏။ မည်သည့် အခြေအနေတွင်မဆို လက်တော်၏ မစခြင်းကို ရှာဖွေမှ ဖျက်လိုဖျက်စီးပြုသောအမှုတို့က တည်ဆောက်စရာ ဖြစ်လိမ့်မည်။ “ဘုရားသခင်၏သားဖြစ်သောသူမည်သည်ကား လောကကို အောင်တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား ငါတို့၏ ယုံကြည်ခြင်းပေတည်း” (၁ ယော ၅း၄)။
ယေရှုခရစ်ကို မိမိ၏ကယ်တင်ရှင်သခင်အဖြစ် လက်ခံလျက် မိမိ၏အပြစ်များဝန်ချခြင်းမပြုက သင်၏လောကီအမှုအရေးတို့သည် သပွတ်အူကဲ့သို့ ရှုပ်ထွေးနေလိမ့်မည်။ သင့်အပြစ်အတွက် အသေခံပြီး လူတို့၏စံချိန်မမီမှုများအတွက် တာဝန်ယူသွားသူ အရှင်တစ်ပါးက သင့် ကို ဘုရားရှေ့ ဖြောင့်မတ်စေ၏၊ အပြစ်လွှတ်စေ၏၊ နွမ်းလျအားငယ်သော ဝိညာဉ်အတွက် ပြည့်စုံသော အဓိပ္ပာယ်ကို ပေးနိုင်သဖြင်၊ သင့်အတွက် လောကသို့ ကြွလာသော ခရစ်တော်က သူ၏မေတ္တာတန်ခိုးအားဖြင့် ဘဝ၏ မပြည့်စုံမှု၊ ခါးသီးမှု၊ အပြစ်ဒုစရိုက်များကို အဆုံးသတ်စေသည်။
အခမဲ့ပေးနေသော ထာဝရအသက်ကို လက်ခံပါ။ အပြစ်လွှတ်ခြင်း ကျေးဇူးကိုခံယူပါ။ သင့်အတွက် ကရာနီကုန်းတွင် အနိုင်ယူ အောင်ခြင်းအခွင့်ကို ယူသွားသူကို လက်ခံမှသာ အခက်အခဲ။ စိတ်ဒုက္ခ များကို ထာဝစဉ် အောင်နိုင်ခွင့်ရလိမ့်မည်။ ဤသည်မှာ စစ်မှန်သော အောင်မြင်ခြင်းတည်း။ “ဘုရားသခင် ပေးတော်မူသောဆုကျေးဇူးတော်ကား ငါတို့သခင်ယေရှုအားဖြင့် ထာဝရ အသက်ပေတည်း” (ရော ၆း၂၃)။
စာရေးသူ Bill Crowder
ဘာသာပြန်သူ- ဆရာဦးထွန်းလှိုင်