ယနေ့ဖတ်ရန်ကျမ်းစာ | ရှင်မဿဲခရစ်ဝင် ၂၇:၄၅-၅၀

သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။ – ရှင်မဿဲခရစ်ဝင် ၂၇:၄၆

နာတာရှည်ရောဂါဖြင့် အဖိုးမကွယ်လွန်မီ အဖိုး၏နောက်ဆုံးချိန်တွင် သူ့ကို နှုတ်ဆက်ရန် သူ့ကိုထားရှိသည့်ဂေဟာသို့ သွားခဲ့သည်။ ခန်းမဆောင်က ရှင်းလင်းလျက်၊ သူ့အခန်းမှာ မီးအလင်းရောင်ဖျော့ဖျော့၊ ဖယောင်းပုဆိုးအခင်း၊ အခန်းတွင်းစိုက် အပင် တစ်အိုး၊ တစ်ပုံတည်းသော မိသားစုဓာတ်ပုံနှင့် သန့်ရှင်းသပ်ရပ်စွာရှိသည်။ ရှလကာနံ့ နှင့် သံပုရာနံ့များက တစ်ခန်းလုံး သင်းပျံ့နေသည်။ လူတစ်ဦးသေဆုံးခြင်းကို ယခင်က ကျွန်ုပ် မတွေ့ဖူးပါ။ သို့သော် အဖိုး၏ အသက်ထွက်ခါနီး ခက်ခဲစွာ အသက်ရှူသံကို ကြားနေရပြီး၊ ချိုင့်ဝင်နေသော သူ့မျက်လုံးအိမ် အနေအထားကိုမြင်ခဲ့ရသည်။ သူ့ကို နှုတ်ဆက်လိုပြီး သူကြားမကြား မသေချာသော်လည်း ဤမှောင်မိုက်သောနေရာတွင် သူသည် တစ်ဦးတည်း မဟုတ်ကြောင်း သူ့အား သိစေလိုခဲ့သည်။

အမှောင်ဆုံးအခိုက်အတန့်တွင် တစ်ဦးတည်းဖြစ်ခြင်းထက် ဆိုးသောအရာမရှိနိုင်။ သို့သော် ယေရှုသည် ဤဝမ်းနည်းမှုကို ခံစားခဲ့ရသည်။ ထာဝရဘုရားအား မျက်နှာမူ၍၊ “ကျွန်ုပ်၏ ဘုရား၊ ကျွန်ုပ်၏ ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။” (မ ၂၇:၄၆) ဟု မေးမြန်းခဲ့သည်။ သခင်ယေရှုသည် သူ၏အထီးကျန် ပစ်ပယ်ခံရမှုကိုသာမက၊ တစ်လောကလုံး၏ ကိုယ်ရောစိတ်ပါ ပြင်းထန်စွာနာကျင်ခံစားနေရမှုကိုလည်း ကြွေးကြော်လျက်၊ ဣသရေလလူမျိုးတို့၏ဆုတောင်းချက်ကိုလည်း (ဆာလံ ၂၂:၁) ‌ရေရွတ်ခဲ့သည်။ ၎င်းသည် ဘုရားသခင် သူတို့ကို မျက်နှာလွှဲစွန့်ပစ်မှာ ဣသရေလလူမျိုးများ၏စိုးရွံ့မှုကို ထင်ဟပ်လျက်၊ ကျွန်ုပ်တို့ စိတ်ပျက်အားလျော့စဥ် ခံစားရသည့် စိုးရွံ့မှုအတွက် သခင် ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းပေးသည်။ ကလေး တစ်ဦးဆုံးပါးသွားချိန်၊ အိမ်ထောင်ရေး ပြိုကွဲသွားချိန်များတွင် ဘုရားသခင်က ကျွန်ုပ်တို့ကို စွန့်ပစ်သွားမှာ ကျွန်ုပ်တို့စိုးကြောက်မိမည်။

သို့သော် ထိုအထီးကျန်သော တိုင်တော်ပေါ်၌ ယေရှုရှင် အမှန်ရှိခဲ့ပြီး၊ မကြာမီ လိုက်ပါလာမည့်ထမြောက်ခြင်းက ကျွန်ုပ်တို့၏ စိုးရိမ်မှုအတွက် အဖြေဖြစ်ပင်။ စွန့်ပစ်ခံရသည့်ပမာ ခံစားရနိုင်သော်လည်း၊ ဘုရားသခင်သည် သေမင်းချိုင့်တွင်ပင် ကျွန်ုပ်တို့နှင့်အတူရှိပြီး၊ ကျွန်ုပ်တို့ မည်သည့်အခါမျှ စွန့်ပစ်မခံရကြောင်း သမ္မာတရားကို သခင်ယေရှုဖွင့်ပြခဲ့သည်။ Winn Collier

 

ဘဝ၏မည်သည့်ကဏ္ဍတွင် စွန့်ပစ်ခံရသည်ဟု ခံစားဖူးသနည်း။ ဘုရားသခင်သည်
ထိုအခြေအနေတွင် သင့်ကို မည်သို့မြင်တွေခဲ့ပါသနည်း။

—————————————————————————-

“ချစ်သော ဘုရားသခင်၊ ကျွန်ုပ်သည် စွန့်ပစ်ခံရသည့်ခံစားမှုကို သိပါ၏။
သို့သော် ကိုယ်တော့်ကြောင့်၊ ကျွန်ုပ်သည် မည်သည့်ခါမျှ တစ်ယောက်တည်း မဖြစ်ပါ။”

………………………………………………………………………………………

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်

နောက်တစ်နေ့စာမူ ဖတ်ရန်>>