မေမေ တစ်ယောက်တည်းမဟုတ်ပါ …
မီဂန်၏နှလုံးသား
ဖတ်ရန်- ရှင်ယာကုပ်ဩဝါဒစာ ၁:၁၉-၂၇
ကိုယ်ကိုကိုယ်လှည့်ဖြား၍ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊
တရားကိုကျင့်သောသူဖြစ်ကြလော့။ ယာ ၁:၂၂
မီဂန်သည် သုံးတန်းအရွယ်တွင် ကျောင်းမှ အိမ်သို့ပြန်လာတိုင်း ဆောင်းရာသီဝတ် လက်အိတ်မပါဘဲဖြစ်နေသည်။ ဤအကြောင်းကြောင့် သူ့မိသားစု ဝယ်ရန်မတတ်နိုင်သည့် လက်အိတ်အသစ်များကို ဆက်တိုက်ဝယ်နေရ၍ သူ့မိခင်ကို စိတ်နောက်စေခဲ့သည်။ တစ်နေ့တွင် သူမ၏မိခင်မှာ စိတ်ဆိုးလာပြီး “မီဂန်၊ သမီးပိုပြီးတာဝန်သိသင့်တယ်။ ဒါမျိုး ဆက်ဖြစ်လို့ မဖြစ်တော့ဘူး”ဟု ပြောလိုက်သည်။
မီဂန်မှာ စပြီးငိုတော့သည်။ လက်အိတ်အသစ်များကို ဆက်ပြီးရနေသည့်အတွက် လက်အိတ်လုံးဝမရှိတဲ့ကလေး များကို သူမ ပေးဝေ၍ရသည့်အကြောင်း မျက်ရည်များကြားမှ သူမ၏အမေကို ပြောပြသည်။
ယခု မီဂန် အသက် (၁၈)နှစ်ရှိပြီးဖြစ်သည်။ သူမ၏ဝါသနာများ၌ ရပ်ထဲရွာထဲစေတနာဝန်ထမ်းခြင်းနှင့် မြို့ထဲရှိ ကလေးများကို ကောင်းရာမွန်ရာ ဦးဆောင်လမ်းပြခြင်းတို့ ပါဝင်သည်။ လူများကိုကူညီလိုသောသူမ၏ဆန္ဒကို ရည်ညွှန်း လျက် “ဒီအရာတွေက ကျွန်မလုပ်နေရမယ့်အရာတွေလို့ ကျွန်မခံစားရတယ်”ဟု သူမပြောခဲ့သည်။
ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့၌ ပေးကမ်းတတ်သောနှလုံးသား ရှိရမည်။ ရှင်ယာကုပ်က မိမိကိုယ်ကို ပေးကမ်းနိုင်ရန် လက်တွေ့ကျသောနည်းလမ်းကို ကျွန်ုပ်တို့အတွက် ပေးထားပါသည်။ “မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့သည် ဆင်းရဲခံရသောအခါ သူတို့ကို ကြည့်ရှုပြုစုခြင်း…ပေတည်း” (:၂၇)။