မေမေ တစ်ယောက်တည်းမဟုတ်ပါ …

ကြီးထွားရန်အချိန်

ဖတ်ရန်-  ဂလာတိဩဝါဒစာ ၆:၁-၁၀


ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။ ဂလာ ၆:၉


    ဒယ်ဘီ၏ အိမ်အသစ်၌ စွန့်ပစ်ထားသည့် သစ်ခွလိပ်ပြာပင်ကို သူမတွေ့ရှိခဲ့သည်။ ရိုးတံများပေါ် အဖူးအပွင့်အသစ် များဖြင့် အဘယ်မျှလှပမည်ကို သူမ စိတ်ကူးမြင်ယောင်ကြည့်မိသည်။ သူမသည် ၎င်းပန်းအိုးကို ပြတင်းပေါက်အနီး နေရာသို့ ‌ရွှေ့ထားလိုက်သည်၊ ညှိုးနွမ်းနေသောအရွက်များကို ညှပ်ပစ်လိုက်ပြီး ရေလောင်း အစာကျွေးလိုက်သည်။ ရက်သတ္တပတ်များကြာပြီးနောက် ပန်းပင်ကိုစစ်ကြည့်ရာ မည်သည့်အစို့အညှောင့်မှထွက်မလာပါ။ “နောက်ထပ်တစ်လ အချိန်ပေးကြည့်မယ်။ အဲဒါမှ ဘာမှဖြစ်မလာသေးဘူးဆိုရင် လွှင့်ပစ်လိုက်တော့မယ်”ဟု သူမ၏ခင်ပွန်းကို ပြောလိုက် သည်။

      ဆုံးဖြတ်ထားသည့်နေ့ရောက်လာသည့်အခါ သူမ၏မျက်လုံးကိုပင် မယုံနိုင်အောင်ဖြစ်သွားသည်။ အရွက်များ ကြားမှ အညှောင့်လေးနှစ်ခုထွက်လာသည်။ သစ်ခွပင်မှာ အသက်ရှိနေဆဲပင်။

      ဝိညာဉ်ရေးကြီးထွားမှုမရှိသည့်ပုံပေါက်နေသည့်အတွက် သင်စိတ်ပျက်အားငယ်ဖူးပါသလား။ သင် မကြာခဏ ဒေါသ မထိန်းနိုင်ဖြစ်ခြင်း၊ အတင်းတုတ်ရခြင်းကို နှစ်သက်ခြင်းတို့ဖြစ်ကောင်းဖြစ်မည်။ သို့တည်းမဟုတ် ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းတို့ကို ခေတ္တခဏလျစ်လျူထားခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သည်။

        ဝိညာဉ်ရေးရာ၌သင်ကြီးထွားလိုသော သင့်အသက်တာနယ်ပယ်များအကြောင်းကို ယုံကြည်စိတ်ချရသည့် သင့်မိတ်ဆွေအား အဘယ်ကြောင့် မပြောသနည်း။ သင့်အတွက် ဆုတောင်းပေးရန်၊ ယုံကြည်အားထားရသူတစ်ဦး ဖြစ်လာအောင် သင့်ကို အားပေးတိုက်တွန်းရန် ထိုမိတ်ဆွေအား တောင်းဆိုပါ။ စိတ်ရှည်ပါ။ သန့်ရှင်းသောဝိညာဉ်တော်ကို သင့်အထဲ၌ အလုပ်လုပ်ခွင့်ပေးပါက သင်ကြီးထွားလာမည်။

– Marion

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်

နောက်တစ်နေ့စာမူ ဖတ်ရန်>>