မေမေ တစ်ယောက်တည်းမဟုတ်ပါ …

နိုဇိုမီ မျှော်လင့်ခြင်း

ဖတ်ရန်-  ကောရိန္သုသြဝါဒစာဒုတိယစောင် ၄:၇-၁၈


သို့သော်လည်း တန်ခိုးတော်၏ဂုဏ်အသရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့်ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာသည် မြေအိုးထဲမှာ ထည့်ထားလျက် ငါတို့၌ရှိ၏၂ ကော ၄:၇


  ၂၀၁၁ ခုနှစ် ငလျင်ကြီးနှင့် စူနာမီလှိုင်းလုံးကြီးကြောင့် ဂျပန်နိုင်ငံ အရှေ့မြောက်အရပ်၌ လူပေါင်း ၁၉၀၀၀ အသက်ဆုံး ခဲ့ပြီး အိမ်ပေါင်း ၂၃၀၀၀၀ ပျက်စီးခဲ့သည်။ ၎င်း၏နောက်ဆက်တွဲအနေနှင့် ရေရှည်တည်မြဲသည့် ဝင်‌ငွေ၊ လူမှု အဖွဲ့အစည်းနှင့် ဂုဏ်သိက္ခာတို့အပြင် ပြင်ဆင်ပံ့ပိုးပေးသည့် ဘုရားသခင်၌ မျှော်လင့်ခြင်းအား ပံ့ပိုးပေးနိုင်ရန် ဂျပန် ဘာသာဖြင့် “မျှော်လင့်ခြင်း” ဟု အဓိပ္ပာယ်ရသည့် နိုဇိုမီ စီမံချက်အကောင်အထည်ဖော်ခဲ့သည်။

    နိုဇိုမီ အမျိုးသမီးများသည် အုတ်အကျိုးအပဲ့အပုံများကြားမှ ကြွေထည်အကွဲအစအနလေးများကို ရှာဖွေကာ ကမ္ဘာတစ်ဝှမ်း ရောင်းဝယ်ခဲ့သည့် ရတနာပစ္စည်းများအဖြစ် ပြောင်းလဲထုတ်လုပ်ခဲ့ကြသည်။ ဤအရာက အမျိုးသမီးများ ၏အသက်မွေးမှုကို အထောက်အကူဖြစ်ခဲ့ပြီး ခရစ်တော်၌သူတို့၏ယုံကြည်ခြင်းအမှတ်သညာကိုလည်း ဝေမျှခဲ့သည်။

    ဓမ္မသစ်ခေတ်အချိန်အခါ၌ လူများသည် တန်ဖိုးရှိသောအရာများကို ရိုးရှင်းသည့် မြေအိုးများထဲ ဝှက်ထားလေ့ ရှိသည်။ အားနည်းသည့်လူသား ခရစ်တော်၏နောက်လိုက်များ၊ တစ်နည်းအားဖြင့် မြေအိုးထဲ၌ ဧဝံဂေလိ ရတနာအား မည်သို့ထည့်ထားသည့်အကြောင်းကို ရှင်ပေါလုက ဖော်ပြထားသည် (၂ ကော ၄:၇)။ ကျွန်ုပ်တို့၏မစုံလင်မှုများနှင့် ဆန့်ကျင်လျက် အားနည်းသော၊ ကျိုးပဲ့၍ပင် ရှိနေသည့် ကျွန်ုပ်တို့၏ဘဝအသက်တာ အိုးသည် ဘုရားသခင်၏ တန်ခိုးတော်ကို ထင်ရှားဖော်ပြနိုင်ကြောင်း သူဖော်ပြထားသည်။

      မပြည့်မစုံနှင့် ကျိုးပဲ့နေသည့် ကျွန်ုပ်တို့အသက်တာထဲ ဘုရား တည်ရှိနေပါက ကိုယ်တော့်တန်ခိုးတော်၏ ကုစားပေးသောမျှော်လင့်ခြင်းအား ရံဖန်ရံခါ တွေ့မြင်နိုင်ပါသည်။ ကျွန်ုပ်တို့၏နှလုံးသားအတွင်းရှိ ကိုယ်တော်၏ ပြုပြင်ခြင်းအမှုက ကျွန်ုပ်တို့၏မစုံလင်ခြင်းများကို ဝှက်မထားပါ။ သို့သော် ကျွန်ုပ်တို့ဖြစ်တည်ခြင်း၌ ထိုသို့သော ရေးနှိပ်ထားခြင်းများက ကိုယ်တော်၏သဘောလက္ခဏာကို အခြားသူများထံ ပို၍မြင်သာစေပါလိမ့်မည်။

– Elisa

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်

နောက်တစ်နေ့စာမူ ဖတ်ရန်>>