မေမေ တစ်ယောက်တည်းမဟုတ်ပါ …

မညှိုးနွမ်းသော ပန်းများ

ဖတ်ရန်-  ဟေရှာယအနာဂတ္တိကျမ်း ၄၀:၁-၈


မြက်ပင်သည်ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်းကြွေတတ်၏။ ထာဝရဘုရား၏ နှုတ်ကပတ်တရားမူကား ကာလအစဥ်အမြဲတည်၏ဟေရှာ ၄၀:၈


ကျွန်မ၏သား ‌ဇေဗီယာ ငယ်စဉ်က တစ်နေ့တွင် ပန်းတုများဖြင့်ပြုလုပ်ထားသော လှပသော ပန်းစည်းတစ်စည်းကို ကျွန်မအတွက် လက်ဆောင်ပေးခဲ့သည်။ သူက ပြုံးဖြီးဖြီးလုပ်ရင်း အဖြူရောင်ပိုးသားနှင်းပန်း၊ အဝါရောင်နေကြာပန်း နှင့် ခရမ်းရောင်ခြောက်လပန်းတို့ကို ဖန်ပန်းအိုးထဲသို့ စီစီရီရီထည့်လိုက်သည်။ ထို့နောက် သားက “မေမေ ကြည့်လိုက်။ ဒီပန်းတွေက ထာဝရခံနေမှာ။ သားလည်း မေမေ့ကိုအဲလိုချစ်တယ်” ဟု ဆိုခဲ့သည်။

    ထိုနောက် ကျွန်မ သားငယ်လေး လူငယ်လေးတစ်ဦးအဖြစ်အရွယ်ရောက်လေပြီ။ ထိုပိုးသားရိုးတံတို့က ဖွာထွက်နေလေပြီ။ အရောင်များလည်း မှိန်သွားလေပြီ။ သို့‌သော် ထိုမညှိုးနွမ်းသည့်ပန်းများက သားငယ်၏ အကြင်နာ များကို အမှတ်ရနေစေမြဲပင်။ ထို့အပြင် အမှားကင်းပြီး အစဥ်တည်မြဲတော်မူသော နှုတ်ကပတ်တော်၌ ဖော်ပြထားသည့် အမှန်ပင် ထာဝရတည်နေသည့်အရာတစ်ခုဖြစ်သည့် ကိုယ်တော်၏ အတိုင်းအဆမဲ့ ထာဝရ မေတ္တာတော်အကြောင်းကို ထိုအရာလေးက ပြန်လည်အမှတ်ရစေပါသည် (‌ဟေရှာ ၄၀:၈)။

  ဣသရလေလူတို့ စုံစမ်းမှုများကို ထပ်တလဲလဲ ကြုံတွေ့ရချိန်တွင် ဘုရားသခင်၏ တည်မြဲသော နှုတ်တော်ထွက် စကားတော်များအပေါ် ယုံကြည်စိတ်ချမှုဖြင့် ဟေရှာယက သူတို့ကို နှစ်သိမ့်သက်သာစေခဲ့ပါသည်။ ဣသရေလလူ တို့သည် ပရောဖက်ကို ယုံကြည်စိတ်ချကြသည်။ အဘယ်‌ကြောင့်ဆို‌သော် ဟေရှာယသည် သူတို့၏ အခြေအနေများ ထက် ဘုရားသခင်အပေါ်သာ အာရုံထားခဲ့ခြင်းကြောင့်ဖြစ်သည်။

    မသေချာမရေရာမှုများ၊ ဒုက္ခဝေဒနာများဖြင့် ပြည့်နှက်နေသော ဤလောကတွင် ကျွန်ုပ်တို့ခံစားချက်များသည် အမြဲပြောင်းလဲနေပြီး ကျွန်ုပ်တို့၏သေခြင်းတရားကဲ့သို့ပင် အကန့်အသတ်ရှိပါသည် (:၆-၇)။ သို့တိုင် သူ၏တည်မြဲ၍ ထာဝစဥ်မှန်ကန်သော နှုတ်ကပတ်တော် ဖော်ပြတော်မူသည့်အတိုင်း ဘုရားသခင်၏ မပြောင်းလဲ‌သော မေတ္တာတော်နှင့် သဘောလက္ခဏာတော်အား ကျွန်မတို့ ယုံကြည်စိတ်ချနိုင်ပါသည်။

Xochitl

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်

နောက်တစ်နေ့စာမူ ဖတ်ရန်>>