မေမေ တစ်ယောက်တည်းမဟုတ်ပါ …

ခြင်္သေ့များနှင့်ရှင်သန်ခြင်း

ဖတ်ရန်-  ဒံယေလအနာဂတ္တိကျမ်း ၆:၁၉-၂၈


ထိုဘုရားသခင်သည် အသက်ရှင်တော်မူသောဘုရား၊ နိစ္စထာဝရတည်တော်မူသော ဘုရားဖြစ်တော်မူ၏။ ဒံ ၆:၂၆


ရှီကာဂိုရှိ ပြတိုက်တစ်ခုတွင် မူလ ဗာဗုလုန်နိုင်ငံ၏ ခြေလှမ်းလှမ်းနေသောခြင်္သေ့များထဲမှ ရက်စက်ကြမ်းကြုတ်သည့် အတောင်ပံရှိသည့်ခြင်္သေ့တစ်ကောင်ပုံ ကြီးမားသည့် နံရံဆေးရေးပန်းချီတစ်ခုကို မြင်တွေ့ခဲ့သည်။ ဗာဗုလုန်နိုင်ငံ၏ အချစ်နှင့် စစ် နတ်ဘုရားမ အိရှစ်ထာ ကို ကိုယ်စားပြုပြီး ထိုခြင်္သေ့သည် ဗာဗုလုန်မြို့ လမ်းမထက် စီတန်းနေသော အလားတူ ခြင်္သေ့ အကောင် ၁၂၀ ၏ စံထားရာ ပြယုဂ်ဖြစ်သည်။

    ယေရုရှလင်ကို ဗာဗုလုန်တို့ အနိုင်ယူခဲ့ပြီးနောက် ဟေဗြဲအကျဥ်းသားများသည် နေဗုခဒ်နေဇာမင်း၏ နိုင်ငံထဲ ရှိနေစဉ်အတောအတွင်း ထိုခြင်္သေ့များကို မြင်တွေ့ခဲ့ရနိုင်သည်ဟု သမိုင်းပညာရှင်များက ဆိုကြသည်။ ဣသရေလူအချို့ တို့ကလည်း အိရှစ်ထာ နတ်ဘုရားမသည် ဣသရေလတို့၏ဘုရားကို အနိုင်ယူခဲ့ပြီဟု လက်ခံခဲ့ဟန်ရှိခဲ့သည်။

ဟေဗြဲအကျဥ်းသားတစ်ဦးဖြစ်သူ ဒံယေလသည် သူ၏မိတ်ဆွေဣသရေလလူတို့ကို သောကရောက်စေမည့် ထိုသို့သော သံသယစကားများကို မျှဝေမှုမပြုခဲ့ပေ။ ဘုရားသခင်အပေါ်ထားသည့် ကတိသစ္စာက ဆက်လက်ခိုင်မာမြဲပင်။ သူ့အိမ်ပြတင်းများကိုဖွင့်ကာ တစ်ရက်သုံးကြိမ်ဆုတောင်းခဲ့ခြင်းက သူ့အားခြင်္သေ့တွင်းထဲသို့ချပစ်နိုင်သောအမှု ဖြစ် ကြောင်း သိလျက်နှင့်ပင် သူပြုခဲ့သည်။ ဆာလောင်နေသော သတ္တဝါများ၏ လက်မှ ဘုရားသခင်သည် ဒံယေလကို ကယ်တင်ခဲ့ပြီ‌နောက် ဒါရိမင်းကြီးက “(ဒံယေလ၏ဘုရားသခင်သည်) အသက်ရှင်တော်မူသောဘုရား… မစကယ်တင် ခြင်းကျေးဇူးကို ပြုတော်မူသည်” ဟု ပြောဆိုခဲ့သည် (ဒံ ၆:၂၆-၂၇)။ ဒံယေလ၏ သစ္စာရှိမှုက ဗာဗုလုန်‌ခေါင်းဆောင်များကို သြဇာလွှမ်းမိုးခဲ့သည်။

  စိတ်ပျက်အားလျော့မှုနှင့် ဖိစီးမှုတို့ရှိစေကာမူ ဘုရားသခင်၌ သစ္စာရှိနေခြင်းက အခြားသူများကို ဘုရား သခင်အား ဂုဏ်ပြုချီးမွမ်းစေရန်လှုံ့ဆော်မှုကို ဖြစ်စေပါသည်။

Jennifer

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်

နောက်တစ်နေ့စာမူ ဖတ်ရန်>>