မေမေ တစ်ယောက်တည်းမဟုတ်ပါ …

သူငယ်ကို ငါ့ထံသို့ ယူခဲ့ကြ

ဖတ်ရန်-  ရှင်မာကုခရစ်ဝင် ၉:၁၄-၂၇


ကိုယ်တော်က ယုံကြည်ခြင်းမရှိသောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သူငယ်ကိုငါ့ထံသို့ယူခဲ့ကြဟု မိန့်တော်မူသည်အတိုင်း…။ မာ ၉:၁၉


“ကျွန်တော်ဘုရားကိုမယုံဘူး။ ပြီးတော့ ကျွန်တော်လည်းမသွားဘူး”ဟု မာ့ခ် ပြောခဲ့သည်။

  အေမီသည် လည်ချောင်းထဲမှ အလုံးကြီးတစ်လုံးကျသွားအောင် ကြိုစားမျိုချနေရသည်။ သူမ၏သားမှာ ပျော်ရွှင် သော သူငယ်လေးအဖြစ်မှ သုန်သုန်မှုန်မှုန်နှင့် ခွတိုက်တတ်သောလူရွယ်တစ်ဦးအဖြစ်သို့ရောက်လာပြီဖြစ်သည်။ ဘဝက စစ်မြေပြင်ဖြစ်ခဲ့သည်၊ မိသားစုနှင့်အတူ ဘုရားကျောင်းသွားရန် မာ့ခ် ငြင်းဆန်နေသည့်အတွက် တနင်္ဂနွေနေ့က ထိတ်လန့် ပူပန်စရာနေ့ဖြစ်လာသည်။ နောက်ဆုံး၌ သူ၏စိတ်ပျက်လက်ပျက်ဖြစ်ရသောမိဘများက အတိုင်ပင်ခံ ဆရာကြီးနှင့် သွားရောက်ဆွေးနွေးခဲ့သည်။ ဆရာကြီးက “မာ့ခ်ကိုယ်တိုင်ရဲ့ယုံကြည်ခြင်းခရီးစဉ်ကို သူ့ဘာသာသူ သွားရမှာဖြစ်တယ်။ မင်းတို့က သူ့ကို ကောင်းကင်နိုင်ငံထဲ အတင်းပို့လို့မရဘူး။ ဘုရားသခင်အလုပ်လုပ်ဖို့ နေရာ ပေးလိုက်ပါ။ ဆက်ပြီး ဆုတောင်းပေးပါ။ ပြီးတော့ စောင့်နေလိုက်ပါ” ဟု ပြောခဲ့သည်။

အေမီက စောင့်ဆိုင်းပြီး ဆုတောင်းနေခဲ့သည်။ တစ်မနက်၌ သူမ ဖတ်ရှုသောနှုတ်ကပတ်တော်မှ သခင်ယေရှု ပြောသောစကားက သူ့စိတ်ထဲပဲ့တင်မြည်ဟီးနေသည်။ သခင်ယေရှု၏တပည့်တော်များသည် နတ်ဆိုးစွဲနေသောသူငယ် လေးကို မကူညီနိုင်ခဲ့သော်လည်း သခင်ယေရှု၌ အဖြေရှိပါသည်။ “သူငယ်ကို ငါ့ထံသို့ယူခဲ့ကြ” ဟု မိန့်တော်မူခဲ့သည် (မာ ၉:၁၉)။ သခင်ယေရှုက ထိုဆိုးဝါးလှသည့်အခြေအနေမျိုးကို ကုသနိုင်ပါက သူမ၏သားကိုလည်း အသေအချာပင် ကူညီ နိုင်ပါသည်။ သူမသည် စိတ်ပိုင်းဆိုင်ရာအရ နောက်ဆုတ်လိုက်ပြီး သူမ၏သားကို တစ်ယောက်တည်း သူမထက်သားကို ပိုချစ်သောသူနှင့် အပ်ထားလိုက်တော့သည်။

နေ့ရက်တိုင်း အေမီသည် မာ့ခ်အား ဘုရားထံ တိတ်တဆိတ် အပ်နှံခဲ့သည်၊ မာ့ခ်၏လိုအပ်ချက်များကို ကိုယ်တော်သိကြောင်း အာမခံချက်အပေါ် ဖက်တွယ်လျက် ကိုယ်တော်၏အချိန်၌ ကိုယ်တော်၏နည်းလမ်းအတိုင်း သူ၏ အသက်တာ၌အလုပ်လုပ်သွားမည်ဖြစ်သည်။

Marion

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်