ယေရှုကြွလာခြင်းကို
စောင့်စားလျက် ကြိုတင်ပြင်ဆင်ခြင်း
ငြိမ်သက်ခြင်း
ကျွန်ုပ်တို့၏လိုအပ်ချက် • ကမ္ဘာဦးကျမ်း ၂၅၊ ၂၇
“သင်၏ဝမ်းအတွင်း၌ လူမျိုးနှစ်မျိုးရှိ၏။ သင်၏ဝမ်းထဲက ခြားနားသော လူစုနှစ်စုကို ဖွားရလိမ့်မည်။ လူတစ်မျိုးသည် တစ်မျိုးထက် အားကြီးလိမ့်မည်။ အကြီးသည် အငယ်၌ ကျွန်ခံရလိမ့်မည်” (က ၂၅:၂၃)။
- “သူငယ်တို့သည် ကြီးပွား၍ ဧသောကား လိမ္မာသော တောသားမုဆိုးဖြစ်လေ၏။ ယာကုပ်ကား တဲ၌ နေတတ်၍ စိတ်ကောင်းသောသူဖြစ်၏။ ဣဇာက်သည် ဧသောပေးသောအမဲသားကို စားလေ့ရှိသောကြောင့် သူ့ကိုချစ်၏။ ရေဗက္က မူကား ယာကုပ်ကိုချစ်၏” (က ၂၅:၂၇-၂၈)။
- “သူငယ်တို့သည် ကြီးပွား၍ ဧသောကား လိမ္မာသော တောသားမုဆိုးဖြစ်လေ၏။ ယာကုပ်ကား တဲ၌ နေတတ်၍ စိတ်ကောင်းသောသူဖြစ်၏။ ဣဇာက်သည် ဧသောပေးသောအမဲသားကို စားလေ့ရှိသောကြောင့် သူ့ကိုချစ်၏။ ရေဗက္က မူကား ယာကုပ်ကိုချစ်၏” (က ၂၅:၂၇-၂၈)။
- “သင်၏ညီသည် လိမ္မာစွာလာ၍ သင်၏ကောင်းချီးမင်္ဂလာကို ယူသွားပြီ။” (က ၂၇:၃၅)
- “အဘသည် ယာကုပ်အားပေးသည့် ကောင်းချီးမင်္ဂလာကြောင့် ဧသောသည် ယာကုပ်ကို အငြိုးထား၍၊ ငါ့အဘကြောင့် ညည်းတွားရသော နေ့ရက်ကာလအချိန် နီးပြီ။ ထိုအခါ ငါ့ညီယာကုပ်ကို ငါသတ်မည်ဟု အကြံနှင့် ပြောလေ၏။” (က၂၇:၄၁)
ညီအစ်ကိုအချင်းချင်း ပြိုင်ဆိုင်မှုသည် အသစ်အဆန်း မဟုတ်ပါ။ ပထမဦးဆုံးသော ညီအစ်ကိုများ ဖြစ်သည့် (ကာဣနနှင့်အာဗေလ)လက်ထက်ကပင် ညီအစ်ကိုချင်းဆက်ဆံရေးတွင် တင်းမာမှု၊ ယှဉ်ပြိုင်မှု၊ မကျေမချမ်းမှုများ ရှိခဲ့ပါသည်။ ကာဣနနှင့်အာဗေလ၊ ဣဇာက်နှင့်ဣရှမေလ၊ ရာခေလနှင့်လေအာ၊ ယောသပ်နှင့် သူ၏အစ်ကိုများ၊ ဒါဝိဒ်နှင့် သူ၏အစ်ကိုများ၊ ဒါဝိဒ်၏ကလေးများ၊ ရှောလမုန်၏ ကလေးများမှအစ ယေရှုနှင့် သူ၏အဖေတူအမေကွဲ မောင်နှမများထိတိုင်အောင် ကျမ်းစာထဲတွင် ဖော်ပြထားသော မောင်နှမများတွင် ပဋိပက္ခမဖြစ်သော မောင်နှမများ မည်သူရှိမည်ကို စဥ်းစား၍ပင်မရပါ။
၎င်းတို့အနက် ယာကုပ်နှင့်ဧသောတို့သည် ညီအစ်ကိုချင်းပြိုင်ဆိုင်မှုအတွက် ကြော်ငြာ အကပ်ခံရသူများကဲ့သို့ ထင်ရှားသူများဖြစ်သည်။ သူတို့ယှဉ်ပြိုင်မှုက အမိဝမ်းတွင်းကတည်းက အစပြုခဲ့ပြီး၊ သားစဉ်မြေးဆက်တိုင်အောင် ဆက်သွားသည် (ဧသော၏အဆက်အနွယ်များကား ဧဒုံအမျိုးသားများ ဖြစ်ကြသည်၊ ဣသရေလ အမျိုးသားများနှင့် သူတို့၏ဆက်နွယ်မှုကိုသိရန်အတွက် ဩဗဒိဗျာဒိတ်ရူပါရုံကို ကြည့်ပါ)။ နေရထိုင်ရခက်လှသည့် ဝမ်းတွင်းမှ ပြိုင်ဆိုင်မှုကြောင့် သူမဝမ်း၌ ဘာဖြစ်နေသည်ကို ထာဝရဘုရားအား မေးမြန်းရသည်အထိ ရေဗက္ကခံစားခဲ့ရသည်။
ဩဗဒိဗျာဒိတ်ရူပါရုံ သည် ဓမ္မဟောင်းကျမ်းတွင် အတိုဆုံးကျမ်းဖြစ်ပြီး၊ ဧဒုံအမျိုးအနွယ်အချို့တို့ “ညီယာကုပ်” တစ်ဘက်၌နေ၍ ယာကုပ်အမျိုးအနွယ်များအပေါ် ကြမ်းကြုတ်ရက်စက်စွာပြုမူပုံ များကို အသေးစိတ် ဖော်ပြထားသည် (: ၁၀)။ ဤကျမ်းသည် ဧဒုံပြည်ကို တရားစီရင်ခြင်း ပြုမည့် ဗျာဒိတ်ရူပါရုံကို ဖော်ပြထားသည်။ “ဧသောအမျိုးသား မကျန်ကြွင်းရ” (:၁၈)။
ကိုယ်ဝန်ရှိခြင်းသည် အမျိုးသမီးတစ်ဦး၏ ခန္ဓာကိုယ်တွင် မချိမဆံ့ဝေဒနာကို ခံစားရစေသည်ဟု ကျွန်ုပ် ကြားဖူးပါသည်။ ကန်ကျောက်ခြင်း၊ မနက်ခင်းတွင် မအီမသာဝေဒနာခံစားရခြင်း၊ ဆီးအိမ်တင်းခြင်းများ ဖြစ်တတ်ပါသည်။ သို့သော် ရေဗက္က၏ဝမ်းတွင်းဝရုန်းသုန်းကားဖြစ်နေမှုက ပြင်းထန်လှသဖြင့် သူမ၌အဘယ်သို့ဖြစ်သည်ကို သိနိုင်ရန် ထာဝရဘုရားကို မေးလျှောက်ခဲ့ပါသည်။ ရေဗက္က၏ “ဘုရားသခင်ကိုမေးလျှောက်ခြင်း”က ယေရှု၏ နောက်တော်လိုက်များစွာတို့ သူတို့၏ကိုယ်ဝန်များနှင့်ပတ်သက်၍ ဘုရားသခင်ထံ ဆုတောင်းခဲ့ကြသလိုမျိုး မဟုတ်ပါ(က ၂၅:၂၂)။
ထာဝရဘုရားက သူမ၏ဝမ်းအတွင်း၌ နောင်သားဆက်များစွာတိုင်အောင် ပဋိပက္ခဖြစ်တိုက်ခိုက်ကြမည့် လူမျိုး နှစ်မျိုး ရှိနေကြောင်း သူမကိုပြောခဲ့ပါသည်။ သူမ၏ဝမ်းအတွင်းရှိကလေးများသည် ပထမနေရာကိုရရှိရန် အလုအယက် တိုးဝှေ့ယှဉ်ပြိုင်နေကြပြီဖြစ်သည်။ ဤသည်က အစသာရှိသေးသည်။
ဣဇာက်၏မိသားစုသည် ခိုက်ရန်ဒေါသဖြစ်လျက် နေထိုင်ခဲ့ကြသည်။ မေတ္တာတရား ကင်းမဲ့ခဲ့ကြသည်။ တစ်ကိုယ်ကောင်းဆန်စွာ လှုပ်ရှားခဲ့ကြသည်။ (အမြွှာညီအစ်ကိုနှစ်ဦးတို့၏ လျှို့ဝှက်ကြံစည်ယှဉ်ပြိုင်ရန် လှုံ့ဆော် အားပေးမှုဖြင့်ပြည့်နေသော) အမှုအရာအားလုံးကို ကူညီထောက်ပံ့ပေးသူများက မိဘနှစ်ပါးဖြစ်နေသည်။ ကလေးနှစ်ဦးက အမြဲတမ်း အချင်းချင်းပဋိပက္ခဖြစ်နေကြပြီး၊ မိဘနှစ်ဦးက ကလေးတစ်ဦးစီကို ကူညီအားပေး နေကြသည့်အခါ မည်သို့ဖြစ်နေမည်ကို စဉ်းစားကြည့်ပါ။ ပဋိပက္ခဖြစ်နေသောအိမ်ဟုပြောခြင်းက လျှော့ပြောခြင်းသာဖြစ်ပြီး ငြိမ်သက်ခြင်းအတိမရှိသော အိမ်ထောင်တစ်ခုပင်ဖြစ်သည်။
အထက်ပါ ညီအစ်ကိုနှစ်ယောက်၏ဇာတ်လမ်းတွင် သားဦးအရိုက်အရာကို လိမ်ညာယူခြင်း၊ ကောင်းချီးမင်္ဂလာများ ခိုးယူခံရခြင်း၊ အကြမ်းဖက် ခြိမ်းခြောက်ခြင်းများဖြင့် ပြည့်နေသည်။ ထိုမိသားစု၌ ငြိမ်သက်ခြင်း လိုအပ်နေပါသည်။ ယာကုပ်နှင့်ဧသောတို့သည် အချင်းချင်း ငြိမ်းချမ်းစွာနေထိုင်ခြင်းဖြင့် အတန်အသင့် ပျော်စရာဖြင့် အဆုံးသတ်သော ဇာတ်လမ်းဖြစ်ခဲ့သော်လည်း ထိုမိသားစုသည် ငြိမ်သက်ခြင်းကို မည်သည့်အခါကမှ မရရှိခဲ့ပါ။ သူတို့၏ အမွေအနှစ်အဖြစ် ဆွေမျိုးတော်သော လူမျိုးနှစ်မျိုးကို နောင်မျိုးဆက်များစွာအထိ ပဋိပက္ခဖြစ်နေမည့် အခြေအနေ အတွင်း ထားခဲ့သည်။ အမွေဆက်ခံရရှိခဲ့သည့် တင်းမာမှုနှင့်ခိုက်ရန်ဒေါသတို့က မျိုးဆက်များစွာ ကျော်လွန်ခဲ့သည့်တိုင် မိမိတို့၏ဆွေမျိုးသားချင်းများနှင့် ငြိမ်းချမ်းစွာ နေထိုင်ခြင်းမရှိသည့် လူမျိုးစုများ ဖြစ်လာရေးသို့ ဦးတည်သွားပါသည်။
ထိုသို့သော ခိုက်ရန်ဒေါသဖြစ်မှုကို ကျွန်ုပ်တို့အားလုံး တွေ့ကြုံရပါသည်။ ကျွန်ုပ်တို့၏ကိုယ်ပိုင်ဆက်ဆံရေးများတွင် ငြိမ်သက်ခြင်းကို ကျွန်ုပ်တို့တောင့်တကြပါသည်။ ကျွန်ုပ်တို့၏ကမ္ဘာကြီးတွင် ငြိမ်သက်ခြင်းကို ကျွန်ုပ်တို့ မြင်လိုသည်။ မိခင်များ၊ ဖခင်များနှင့် သူတို့၏ကလေးများ၊ ညီအစ်ကိုမောင်နှမအချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်များ၊ ဝန်ထမ်းများ၊ အဖွဲ့သားများ၊ ဝယ်ယူသူများ စသည်ဖြင့် ဆက်ဆံရေးမျိုးစုံတို့တွင် ငြိမ်သက်ခြင်းကို လိုအပ်ပါသည်။ နိုင်ငံများအတွင်း၊ နိုင်ငံအချင်းချင်းအကြားတို့တွင် ငြိမ်သက်ခြင်း လိုအပ်ပါသည်။ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများနှင့် မိမိတို့စွဲကိုင်ထားသော သဘောတရားများကြောင့် ကျွန်ုပ်တို့သည် အကွဲကွဲအပြားပြား ဖြစ်ကြ ရသည်။
ကျွန်ုပ်တို့အားလုံး ငြိမ်သက်ခြင်းကို လိုအပ်ကြပါသည်။
ဘုရားသခင်၏ကြိုတင်ပြင်ဆင်မှု • ရှင်မာကုခရစ်ဝင် ၅
-
-
- အိုင်တဘက်၊ ဂါဒရပြည်သို့ရောက်ကြ၍ ယေရှုသည် လှေထဲက ထွက်ကြွတော်မူသည်ခဏခြင်းတွင် ညစ်ညူးသော နတ်စွဲသောသူသည် သင်္ချိုင်းတစပြင်မှထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုလေ၏။ ထိုသူသည် သင်္ချိုင်း တစပြင်၌ နေတတ်၏။ သူ့ကို သံကြိုးနှင့်ပင် အဘယ်သူမျှချည်၍မနိုင်။ ခြေချင်း၊ သံကြိုးနှင့် အဖန်များစွာ ချည်စမ်းသော်လည်း သံကြိုးကိုဆွဲဖြတ်၍ ခြေချင်းကို ဖြဲတတ်၏။ သူ့ကို ယဉ်စေခြင်းငှာ အဘယ်သူမျှ မတတ်နိုင်။ နေ့ ညဉ့်မပြတ် သင်္ချိုင်းတစပြင်၌လည်းကောင်း၊ တောင်ပေါ်၌လည်းကောင်း ဟစ်ကြော်လျက်၊ ကျောက်စောင်းနှင့် ကိုယ်ကိုရှစေလျက် နေတတ်၏။ ယေရှုကို အဝေးကမြင်လျှင် အထံတော်သို့ပြေးလာ၍ ပြပ်ဝပ်လျက် “အမြင့်ဆုံးသောဘုရားသခင်၏သားတော် ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်နှင့် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူမည်အကြောင်း ဘုရားသခင်ကိုအမှီပြု၍ အကျွန်ုပ်တောင်းပန်ပါသည်”ဟု ကြီးသောအသံနှင့် ဟစ်အော်၍ လျှောက်လေ၏။ လျှောက်သည်အကြောင်းကား၊ “ညစ်ညူးသောနတ် ထိုလူမှထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ”။ (မာ ၅:၁-၈)
- ဝက်ကျောင်းသောသူတို့သည်ပြေး၍ မြို့ရွာတို့၌ သိတင်းကြားပြောလျှင်၊ လူများတို့သည် ထိုအမှုအရာတို့ကို ကြည့်ရှု အံ့သောငှာ ထွက်လာကြ၏။ အထံတော်သို့ရောက်သောအခါ နတ်ဆိုးလေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့်ထိုင်နေသည်ကိုမြင်လျှင် ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ (မာ ၅:၁၄-၁၅)
-
အများအားဖြင့် လူတို့သည် စိတ်ရှုပ်ထွေးစရာပြဿနာများကို မေ့ထားကာ နိုးထလာကြသည်ဟု နောက်ပြောင် ပြောတတ်ကြသည်။ သို့သော် တစ်နေ့တွင် ယေရှုသည် လှေဖြင့် အိုင်ကိုဖြတ်သွားပြီး၊ ဝရုန်းသုန်းကား အခြေအနေကြောင့် အိပ်ပျော်ရာမှ နိုးထကာ မုန်တိုင်းကို ငြိမ်သက်စေခဲ့သည်။
အိုင်တစ်ဘက်သို့ရောက်လျှင် ယေရှုသာလျှင်ပေးနိုင်သည့် ငြိမ်သက်ခြင်းကို အလွန်လိုအပ်နေသူတစ်ဦးအား သခင် ဆုံခဲ့ရသည်။ ထိုသူသည် အတွင်းရောအပြင်ပါ ညှဉ်းပန်းမှုဒဏ်ကို ခံစားနေရသည်။ ရံဖန်ရံခါတွင် ကျွန်ုပ်တို့၏ ကိုယ်ပိုင်မကောင်းဆိုးဝါးနတ်ဆိုးများသည် ထိုကဲ့သို့ပင်ထပ်တူဖြစ်သည်။ မကောင်းဆိုးဝါး နတ်ဆိုးများ ။
ထိုသူ၌ အလွန်များပြားသော မကောင်းဆိုးဝါးနတ်ဆိုးစွဲနေပြီး၊ နေ့ရောညပါ သူ့ကို ဒုက္ခပေးနေသည့်အတွက် လူ့အသိုက်အဝန်းအတွင်း သူ မနေနိုင်ဘဲ၊ သူခံစားနေရမှုများအတွက် ဟစ်အော်ခြင်း၊ ကျောက်စောင်းနှင့် ကိုယ်ကို ရှစေခြင်းများ ပြုလုပ်ကာ သင်္ချိုင်းဂူများအကြားတွင် နေနေရသည်။ ငြိမ်သက်ခြင်းဆိုသောစကားလုံးက သနားစရာကောင်းသော ဤလူနှင့် ဆက်စပ်၍ရနိုင်မည့် နောက်ဆုံးသောစကားလုံးသာ ဖြစ်ပေမည်။ သူ့ကိုယ်တိုင်နှင့်သူ တိုက်ခိုက်နေရသည့်၊ သူ့လူများနှင့်သူ တိုက်ခိုက်နေရသည့် သူအဖြစ်က တင်းမာမှုများ၊ ပင်ပန်းမှုများ အတိပြီးသည့် ဖြစ်တည်မှုသာဖြစ်သည်။ တစ်စုံတစ်ဦးက သူ့ထံ မယူဆောင်လာပါက ငြိမ်သက်ခြင်းကို သူ သိလိမ့်မည်မဟုတ်ပါ။
ယေရှု ဝင်ရောက်လာတော်မူသည်။
မကောင်းဆိုးဝါးများ စီးနေသဖြင့် အော်ဟစ်နေသော၊ အဝတ်မကပ်သော ထိုသူ၏ကမ္ဘာတွင်းသို့ တည့်တည့်မတ်မတ်ပင် ယေရှုလျှောက်လှမ်းလာသည်။ ထိုသူကို ယေရှုတွေ့ပြီး သူ့အတွင်း၌ရှိသော မကောင်းဆိုးဝါးနှင့် စကားပြောသည်။ ထိုမကောင်းဆိုးဝါးအမည်ကို သိရှိပြီး ၎င်းကို ထိုသူထဲမှထွက်သွားရန် အမိန့်ပေးသည်။
နတ်ဆိုးများ ဝက်ထဲသို့ဝင်ပြီး တဟုန်တည်းပြေးဆင်းသွားကာ အသက်ဆုံးသွားသည်နှင့်၊ ထိုသူကို နောက်တစ်ကြိမ် ပြန်တွေ့ရသောအခါ ထိုသူသည် “အဝတ်ကိုဝတ်၍ ပကတိစိတ်နှင့်ထိုင်နေသည်ကို” မြင်ကြရပါသည် (မာ ၅:၁၅)။ ငြိမ်သက်ခြင်းအရှင် ယူဆောင်လာပေးသောအရာကြောင့် ထိုသူမှာ ယခင်ကနှင့် တစ်ခြားစီဖြစ်သွားခြင်းကြောင့် လူတို့၏ ထိုသူအား ကြောက်လန့်သည့်စိတ်သည် ယေရှုကို ကြောက်လန့်ခြင်းသို့ ရွေ့သွားသည်အထိ ပြောင်းလဲမှုက သိသာထင်ရှားလှပါသည်။
သံကြိုးနှင့် ချည်နှောင်၍မရနိုင်သောသူကို စကားလုံးရိုးရိုးလေးများဖြင့်ပြောဆိုလျက် ပြောင်းလဲပေးနိုင်သော ဤသူသည် မည်သို့သောအစွမ်းတန်ခိုးကို ပိုင်ဆိုင်ပါသနည်း။
မျှော်လင့်ချက်မရှိဟု ယူဆရသော အနေအထားတွင်းသို့ ငြိမ်သက်ခြင်းကို ယေရှု ယူဆောင်လာခဲ့သည်။ ဒုက္ခရောက်လျက်ရှိသော ထိုသူ၏စိတ်ကို ပကတိပြန်ကောင်းစေခဲ့သည်။ အဝတ်မကပ်၊ ထိခိုက်နာကျင်ခဲ့ရသော သူ၏ခန္ဓာကိုယ်သည် ယခုအခါ အဝတ်ဝတ်ဆင်လျက်ရှိပြီး ဒဏ်ရာများ စတင်သက်သာလာပြီဖြစ်သည်။ ဒဏ်ရာ များနှင့် အနာရွတ်များက သူ့ဘဝအတွင်းသို့ ယေရှုယူဆောင်လာပေးသည့် ငြိမ်သက်ခြင်း၏ ရုပ်ပိုင်းဆိုင်ရာ သတိပေးချက်များဖြစ်သည်။
ဤသူသည် အသက်ပေး၍ ယေရှုနောက်လိုက်လိုခြင်းကို ကျွန်ုပ်တို့ နားလည်နိုင်ပါသည်။ ထိုအချိန်တွင် နောက်ဆုံးသော ပြန်လည်တည်ဆောက်ပေးမှု ဖြစ်ပေါ်
လာသည်။ သခင်က သူ့ကို သူ့အဆွေအမျိုးများထံသို့ ပြန်သွားစေပါသည်။ သူနတ်ဆိုးစွဲစဉ်က သူပိုင်ဆိုင်သည့် ခွန်အားနှင့် ကြမ်းတမ်းမှုများကို ကြောက်သဖြင့် သူ့အား သံကြိုးနှင့်ချည်နှောင်ရန် ကြိုးစားခဲ့သူများသည် ယခုအခါ သူ၏ဘဝတွင်
နေရာယူလျက်ရှိသည့် ကြီးမားသော ပြောင်းလဲမှုကို မြင်ကြရမည်ဖြစ်သည်။ မိသားစုများ၊ မိတ်ဆွေများ၊ ပတ်ဝန်းကျင် အသိုင်းအဝန်းမှလူများနှင့် ပြန်လည်ပေါင်းစည်းခဲ့ရပြီဖြစ်သည်။ ယခင်က နတ်ဆိုးစွဲခဲ့သူသည် ယခုအခါ ဘက်စုံတွင် ငြိမ်သက်ခြင်းနှင့် ထွေးပိုက်လျက်ရှိပါသည်။
ဝေဒနာများပျောက်ကင်းခြင်းကြောင့် ရရှိလာသည့်ငြိမ်သက်ခြင်း။ ပြန်လည်ပြည့်ဝစုံလင်စေခြင်းကြောင့် ရရှိလာသည့် ငြိမ်သက်ခြင်း။ ထိုအရာက ယေရှုယူဆောင်လာပေးသော ငြိမ်သက်ခြင်းဖြစ်သည်။
- J.R. Hudberg