ယေရှုကြွလာခြင်းကို

စောင့်စားလျက် ကြိုတင်ပြင်ဆင်ခြင်း

 

ဝမ်းမြောက်ခြင်း

ကျွန်ုပ်တို့၏လိုအပ်ချက် • ယောဘဝတ္ထု ၁၊၃

 

  • “အခြားသောသူတစ်ယောက်သည်လာ၍၊ ကိုယ်တော်၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကို သောက်လျက် နေကြသောအခါ၊ တောမှလေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့ အပေါ်၌ ပြိုလဲပါ၏။ သူတို့သည် သေ၍ ကျွန်တော်တယောက်တည်းကျန်ရစ်လျက် ကိုယ်တော်အား သိတင်း ကြားပြောရပါ၏ဟု လျှောက်လေ၏။ ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်းရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ် ပြီးလျှင် ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲက ထွက်လာ၏။ အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏နာမတော်သည် မင်္ဂလာ ရှိပါစေသတည်းဟု ဆိုလေ၏”။ (ယောဘ ၁:၁၈-၂၁)။
  • ထိုနောက် ယောဘသည် နှုတ်ကိုဖွင့်၍ မိမိဘွားသောနေ့ရက်ကို ကျိန်ဆဲလျက် မြွက်ဆိုသည် (ယောဘ ၃:၁)။

“အခြားသောသူတစ်ယောက်သည်လာ၍၊ ကိုယ်တော်၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကို သောက်လျက် နေကြသောအခါ၊ တောမှလေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့ အပေါ်၌ ပြိုလဲပါ၏။ သူတို့သည် သေ၍ ကျွန်တော်တယောက်တည်းကျန်ရစ်လျက် ကိုယ်တော်အား သိတင်း ကြားပြောရပါ၏ဟု လျှောက်လေ၏။ ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်းရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ် ပြီးလျှင် ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲက ထွက်လာ၏။ အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏နာမတော်သည် မင်္ဂလာ ရှိပါစေသတည်းဟု ဆိုလေ၏”။ (ယောဘ ၁:၁၈-၂၁)

ယောဘ၏ဘဝဇာတ်လမ်းက ကျွန်ုပ်တို့အားလုံးကို ဒဏ္ဍာရီဆန်သော ဘဝဇာတ်လမ်းတစ်ခုထဲသို့ ခေါ်ဆောင် သွားသည်။ သူ့ဇာတ်လမ်းကို တစ်ခါကြားရပြီး
သို့မဟုတ် ဖတ်ရပြီးပါက ကျွန်ုပ်တို့မမေ့တော့ပါ။ ကြီးကျယ်လှသော လောကစစ်တုရင်ပွဲကြီးတွင် ယောဘသည် သူ၏ဇနီးနှင့် သူ့ဆုံးရှုံးမှုများသတင်းကို ယူဆောင်လာပေးရန် လွတ်မြောက်လာသည့် သူ့အစေခံလေးဦးတို့မှအပ သူပိုင်ဆိုင်သောအရာများအားလုံး ဆုံးရှုံးခဲ့ရသည်။ သူပိုင်ဆိုင်သမျှနှင့် သူ့သားသမီးအားလုံးကို တဒင်္ဂအတွင်း ဆုံးရှုံးသွားခဲ့သည်။ သူ့ကျန်းမာရေးကလည်း နာကျင်ခြင်း၊ အမြဲစိတ်ဆင်းရဲနေရခြင်းအဖြစ်များသို့ ကျဆင်းသွားသည်။ ဒုက္ခဝဲဩဃမှလွတ်မြောက်သည့်အရာများအနက် သူ့ဘဝဖြစ်လာရသည့် ဇနီးသည် သည် သူ၏တစ်ဦးတည်းသော ဖေးမကူညီသူဖြစ်ပြီး သူ့ဆုံးရှုံးမှုများကို အတူမျှဝေ ခံစားပေးသော်လည်း သူ့အပေါ်နှင့် သူတို့၏ဘုရားသခင်အပေါ်တွင် ယုံကြည်မှု ပျောက်ဆုံးသွားခဲ့သည်။

(“ဘုရားသခင်ကိုကျိန်ဆဲပြီးသေရန်”)ဟူသည့် ယောဘ၏ဇနီးသည်၏ တုံ့ပြန်မှုမှာ ယောဘကိုယ်တိုင် ပြောဆိုပစ်မှားရန် စာတန် မျှော်လင့်ခဲ့သည့်အရာဖြစ်သည်။ ဤအတွက် စာတန်သည် စိတ်ပျက်ခဲ့ရသည်။ ယောဘ၏ဇနီးသည်၏ တုံ့ပြန်မှုက နားလည်ပေးနိုင်သောအနေအထား ဖြစ်ပါသည်။ တဒင်္ဂအတွင်း သူမကိုယ်တိုင် မွေးဖွားခဲ့သည့် သားသမီးဆယ်ဦးစလုံးကို ဆုံးရှုံးခဲ့ရသည်။

ယောဘသည် သူမ၏အကြံပေးချက်အတိုင်း မလုပ်ဆောင်ခဲ့သော်လည်း သူခံစားရသည့် နာကျင်မှုနှင့် ဝေဒနာများထဲမှ သူမွေးဖွားလာခဲ့သည့်နေ့ရက်ကို ကျိန်ဆဲမှုပြုပါသည်။

ဝမ်းမြောက်ခြင်း ကင်းမဲ့လျက်ရှိပါသည်။

ယောဘ ခံစားခဲ့ရသည့်ကောင်းချီးမင်္ဂလာအားလုံး နုတ်ယူခံခဲ့ရသည်။ ဘုရားသခင်အပေါ် သူဆက်ပြီး သစ္စာစောင့်သော်လည်း ကျန်သည့်သူ့ဇာတ်လမ်းက သူမွေးဖွားလာခဲ့ခြင်းကို ကျိန်ဆဲသည့်ရှုထောင့်မှ ပြောသောဇာတ်လမ်း ဖြစ်ပါသည်။ ဝမ်းမြောက်ခြင်းဆိုသည့်စကားလုံးက သူ့အတွက် လှောင်ပြောင်သည့်စကားလုံးဖြစ်နေသည်။ ဤအဖြစ်အပျက်က တဒင်္ဂအတွင်း မည်သည့်အချိန်၌မဆို ပြောင်းလဲမှုဖြစ်နိုင်ကြောင်းကို ဖော်ပြသည့် မျက်မြင်ဒိဌဖြစ်ရပ် ဖြစ်ပါသည်။

ကျွန်ုပ်တို့အနက် အချို့သည် ယောဘ၏နာကျင်မှုကို နားလည်ကြပါသည်။ မိမိအတွက် အရေးကြီးသောအရာများနှင့် အလွန်အရေးကြီးသောအရာများ ယူငင်သွားခြင်းခံကြရသည်။ မိမိမွေးဖွားလာသည့်နေ့ရက်က မိမိဘာကို ပိုင်ဆိုင်ခဲ့သည်၊ ဘာကိုဆုံးရှုံးသွားခဲ့ရသည်တို့ကို သတိပေးရန်ဖြစ်တည်နေသကဲ့သို့ ရှိပါသည်။

ယောဘ၏ဇာတ်လမ်းတွင် ပြန်လည်ရွေးနှုတ်ခြင်းရှိနေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ဘုရားသခင်နှင့်သူ ထိပ်တိုက် ရင်ဆိုင်ခြင်းက ဘုရားသခင်၏ဘုန်းတန်ခိုးနှင့် ရည်ရွယ်ချက်အစစ်အမှန်ကို ပို၍လေးနက်စွာမြင်လာနိုင်ရန် သူ့မျက်လုံးများကို ဖွင့်ပေးခဲ့ပါသည်။ သို့သော် ထိုသို့ပိုမိုလေးနက်စွာ သိလာရသည့်အသိက မည်မျှဆိုးဝါးသော ကျေးဇူးတော်ဖြစ်ခဲ့ပါသနည်း။ ထိုအသိကို ရရှိရန်အတွက် ထိုမျှအထိ ပေးဆပ်ခဲ့ရသည်။ ဘုရားသခင်နှင့် ထိပ်တိုက် ရင်ဆိုင်တွေ့ရခြင်းက ယောဘအား သူ့တွင် ရှိသမျှကို ပေးဆပ်မှုပြုစေခဲ့ရပါသည်။

ယောဘထံမှ စာတန်နှုတ်ယူသွားရန် ခွင့်ပြုခဲ့သမျှထက် ဘုရားသခင်က ယောဘကို သားများ၊ သမီးများကိုပါ ပြန်လည်ပေးခဲ့ပါသည်။ သို့သော် ဘဝအသစ်က ဆုံးရှုံးမှုများခံစားခဲ့ရသည့်ဘဝကို ချေဖျက်ပေးနိုင်သည်ဟု မယူဆပါနှင့်။ သိုးများ၊ ကုလားအုတ်များ၊ နွားများ၊ မြည်းများက အဘယ်မျှတန်ဖိုးရှိနေပါသနည်း။ ယောဘသည် သူ၏ ကလေးများကို ဆုံးရှုံးခဲ့ရသည်။ နောက်ထပ် သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရလာခြင်းက ဆုံးရှုံးခဲ့ရသည့် ပထမကလေးများကို မေ့ပျောက်သွားခြင်း မဖြစ်စေနိုင်ပါ။ အခြားဖခင်များကဲ့သို့ပင် ယောဘသည် ကျန်ရှိသည့် သူ့အသက်တာတစ်လျှောက် ထိုကလေးများ ဆုံးရှုံးခဲ့ရခြင်းအပေါ် ပူဆွေးနေလျက်ရှိပါသည်။

ယောဘသိရှိခဲ့သည့် ဝမ်းမြောက်ခြင်းတစ်ခုစီက ဆုံးရှုံးခဲ့ရမှုများနှင့်အတူ ထာဝရပျောက်ကွယ်သွားပြီဖြစ်သည်။ အခြားမည်သည့်အရာ၊ မည်သည့်ဝမ်းမြောက်ခြင်းမှ မရှိသည့်အချိန်မှာပင် ဘုရားသခင်အပေါ် ဆက်လက် သစ္စာစောင့်သိ၍ရနိုင်ကြောင်း ယောဘက သက်သေပြခဲ့ပါသည်။

ဘဝ၏ကြေကွဲစရာများက ကျွန်ုပ်တို့မျှော်လင့်နေသည့် ဝမ်းမြောက်ခြင်းကို ဟန့်တားကာ အဝေးသို့ ယူဆောင်သွားပါသည်။

 

ဘုရားသခင်၏ကြိုတင်ပြင်ဆင်မှု • ရှင်လုကာခရစ်ဝင် ၁

        • [ဇာခရိနှင့်ဧလိရှဗက်]တို့သည် ထာဝရဘုရား၏ ပညတ်တရားတော်အမျိုးမျိုးတို့ကို ကျင့်ဆောင်၍ အပြစ်တင်ခွင့်နှင့် လွတ်သဖြင့် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်ခြင်း ပါရမီရှိကြ၏။ ဧလိရှဗက်သည် မြုံသောကြောင့် သူတို့သည် သားမရှိ။ ထိုသူနှစ်ယောက်တို့သည် အသက်အရွယ်ကြီးရင့်ကြ၏။ (လု ၁:၆-၇)။
        • ကောင်းကင်တမန်ကလည်း၊ ဇာခရိ ကြောက်ရွံ့ခြင်းမရှိနှင့်၊ သင်ပြုသောပတ္ထနာကို နားခံတော်မူပြီ။ သင်၏ခင်ပွန်း ဧလိရှဗက်သည် သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရမည်။ သင်သည် ဝမ်းသာရွှင်မြူးခြင်းရှိလိမ့်မည်။ ထိုသားကို ဘွားမြင်သောကြောင့် လူအများတို့သည်လည်း ဝမ်းမြောက်ခြင်းသို့ ရောက်ကြလိမ့်မည်။ အကြောင်းမူကား ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ စပျစ်ရည်နှင့်ယစ်မျိုးကို မသောက်ဘဲနေ၍ အမိဝမ်းထဲကပင် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလိမ့်မည်။(လု ၁:၁၃-၁၅)
        • ထိုနောက် သူ၏ခင်ပွန်း ဧလိရှဗက်သည် ပဋိသန္ဓေစွဲ၍ ငါသည် လူတို့တွင် ခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်းခြင်းငှာ ငါ့ကို ကြည့်ရှုတော်မူစဉ်တွင် ဤကျေးဇူးတော်ကို ပြုတော်မူပြီဟုဆိုလျက် ငါးလပတ်လုံး အိမ်တွင်း၌ အောင်း၍နေလေ၏။ (လု ၁:၂၄-၂၅)
        • ဧလိရှဗက်သည် ဘွားအံ့သော နေ့လစေ့သောအခါ သားယောက်ျားကို ဘွားမြင်၏။ ထာဝရဘုရားသည် ထူးမြတ်သော သနားခြင်းကျေးဇူးတော်ကို ဧလိရှဗက်အား ပြုတော်မူသည်ကို အိမ်နီးချင်းအဆွေအမျိုးတို့သည် ကြားလတ်သော် သူနှင့်အတူ ဝမ်းမြောက်ဝမ်းသာကြ၏။ (လု ၁:၅၇-၅၈)

 

မည်သည့် ခင်ပွန်းနှင့်ဇနီးသည်မဆို ရင်သွေးငယ်ကို ရရှိရန်မျှော်လင့်နေချိန်တွင် သူတို့မျှော်လင့်သည့်အရာ ဖြစ်လာကြောင်း ပထမဆုံးအဖြစ် အရိပ်အယောင်မြင်ရချိန်တွင် ဖြစ်ပေါ်လာသည့် ဝမ်းမြောက်သည့် ခံစားချက်ကို နားလည်ကြသည်။ အမှန်တကယ် သန္ဓေတည်ရှိနေပြီဖြစ်ကြောင်း အတည်ပြုချက်ကို စောင့်နေရစဉ်တွင် မျှော်လင့်ခြင်း၊ စိတ်လှုပ်ရှားရသော စိုးရိမ်ခြင်းများနှင့် ပြည့်လျက်ရှိကြပါသည်။

ဇာခရိနှင့်ဧလိရှဗက်တို့သည် ဝမ်းမြောက်ခြင်းနှင့် ထိုဝမ်းမြောက်ခြင်းကို ယူဆောင်လာမည့် ကလေးငယ်ကို ပွေ့ပိုက်ခွင့် ရရှိရန် နှစ်များစွာ စောင့်စားခဲ့ရသည်။ နှစ်များ ကုန်လွန်သည်နှင့်အမျှ သူတို့၏မျှော်လင့်ခြင်းများ ညှိုးနွမ်းခဲ့ရသည်။ ဤအတိုင်း ဘဝခရီးဆက်ကြစဉ် ဇာခရိက ဆက်လက်အမှုတော်ဆောင်နေခဲ့သည်။ ဧလိရှဗက် ကလည်း ဆက်လက်စောင့်စားနေခဲ့သည်။ သူတို့မျှော်လင့်တောင့်တနေသော ဝမ်းမြောက်ခြင်းကို သူတို့မရရှိနိုင် တော့ဟု လက်ခံခဲ့ကြသည်။ သားသမီးမရှိသူများအဖြစ် သူတို့ဆက်လက်ရှိနေရတော့မည်။ သူတို့မျိုးဆက်က သူတို့နှင့်အတူ သင်္ချိုင်းတွင် အဆုံးသတ်ရတော့မည်။

သို့သော် ကျွန်ုပ်တို့ရေးဆွဲသောကောက်ကြောင်းများအပြင်တွင် ဆေးရောင်ခြယ်ပြီး ကျွန်ုပ်တို့၏ပန်းချီကားကို ပြောင်းလဲသွား စေသည့်နည်းလမ်း ဘုရားသခင်ထံတွင် ရှိပါသည်။

သစ္စာရှိသောဇာခရိထံ ဧည့်သည်တစ်ဦးရောက်လာပါသည်။ ကောင်းကင်တမန်အား ဇာခရိ၏ဦးဆုံးတုံ့ပြန်မှုက နားလည်ပေး၍ရနိုင်သော သံသယရှိသည့်တုံ့ပြန်မှုဖြစ်သော်လည်း နောက်ဆုံးတွင် သူသည် အမှန်တကယ် သစ္စာရှိသူဖြစ်ကြောင်း သက်သေပြခဲ့ပါသည်။

ဝမ်းမြောက်ခြင်းလာပါပြီ။ ကာလကြာရှည်စောင့်ဆိုင်းခဲ့ပြီးနောက်တွင် အဖြေမပေးဟုထင်ရသောဆုတောင်းများ၊ လိုချင်လွန်းလှသောဝမ်းမြောက်ခြင်း၊ အချိန်အကြာကြီးစောင့်ခဲ့ရသည့်ရင်သွေးငယ်လာတော့မည်ဖြစ်သည်။ အိုမင်းသော ခန္ဓာကိုယ်များသည် ဖန်ဆင်းရှင် အသက်သခင်အတွက် အတားအဆီး မဖြစ်နိုင်ပါ။ အသက်ကြီးမှ မိဘနေရာရောက်လာသောလူနှစ်ဦးသာ ဝမ်းမြောက်ရခြင်းမဟုတ်ပါ။ မိတ်ဆွေများ၊ အိမ်နီးချင်းများသည်လည်း မျှော်လင့်မထားသော၊ မဖြစ်တန်သော ဘုရားသခင်၏သနားကြင်နာမှုတို့အတွက် သူမ၏ဝမ်းမြောက်ခြင်းကို မျှဝေခံစားကြပါသည်။

ယောဟန်မွေးဖွားလာခြင်းသည် ယေရှုမွေးဖွားလာခြင်းအတွက် ရှေ့ပြေးနိမိတ်ဖြစ်သည်။ သူရောက်ရှိလာမည့် ကြေညာချက်တွင် မေရှိယယူဆောင်လာမည့်ဝမ်းမြောက်ခြင်းကို ကျွန်ုပ်တို့လျှပ်တစ်ပြက်မြင်ခဲ့ရပါသည်။ မြုံနေသူများ၊ ကျိုးပဲ့သူများထံ အသက်ကို ယူဆောင်ပေးရန် ယေရှုကြွလာခဲ့သည်။ အပြစ်၏ကျိန်ခြင်းကို ခံစားခဲ့ရသူများ၏ ဝမ်းမြောက်ခြင်းကို ဖြည့်ဆည်းပေးရန်ဖြစ်သည်။ ယေရှု၏ အသက်ရှင်ခြင်း၊ သေခြင်း၊ ရှင်ပြန် ထမြောက်ခြင်း၊ ကောင်းကင်ဘုံသို့ တက်သွားခြင်းအမှုများက တစ်ချိန်က အက်ကွဲညှိုးခြောက်စိတ်ပျက်မှုများသာ ရှိခဲ့သည့် နေရာများသို့ ဝမ်းမြောက်ခြင်းကို ယူဆောင်ပေးလျက် ကျွန်ုပ်တို့ဘဝများ၏ ခြောက်သွေ့ညှိုးနွမ်းမှုများကို ရေလောင်းပေးပါသည်။

သစ္စာရှိသည့် အိုမင်းသော ဇနီးမောင်နှံကိုပေးသည့် ဤကလေးငယ်သည် ပထမဦးဆုံးသော ဝမ်းမြောက်ခြင်း အိုအေစစ်ဖြစ်ပါသည်။ ယေရှုခရစ်ကြောင့် ဤလောကသို့ ဝမ်းမြောက်ခြင်း ရောက်လာသည်။ ဧလိရှဗက်၊ ဇာခရိနှင့် “သူမ၏အိမ်နီးချင်းများနှင့် မိတ်ဆွေများ” အားလုံးတို့သည် ဘုရားသခင်၏သနားကြင်နာခြင်းအပေါ် ဝမ်းမြောက်ခြင်းကို မျှဝေခံစားကြသည်။

အသက်တာအသစ်မှ ဝမ်းမြောက်ခြင်းသည် ယေရှုယူဆောင်လာသော ဝမ်းမြောက်ခြင်းဖြစ်သည်။

- J.R. Hudberg

<<ယခင်နေ့စာမူ ပြန်ဖတ်ရန်

နောက်တစ်နေ့စာမူ ဖတ်ရန်>>