မည်သည့်အကြောင်းကြောင့်
ကောင်းမြတ်တော်မူသောထာဝရဘုရားသခင်သည်
ဒုက္ခဝေဒနာကို ခံစားစေသနည်း
သိရှိရန်ခက်ခဲသောအဖြေများ
ဘဝဟူသည် ရှုပ်ထွေးနက်နဲလှ၍ သိနားလည်ရန် ခက်ခဲလှသည်။ ကျွန်ုပ်တို့၏အသက်ရှင်မှုတွင် အကြင်နာကင်းမဲ့သော ရက်စက်ကြမ်းကြုတ်မှုများသည် သွေးအေးအေးဖြင့် (ပရမတ္တသဘောဖြင့်) အမှန်တကယ်ဖြစ်ပျက်နေ၍ ကျွန်ုပ်တို့ ဝမ်းနည်းစိတ်ပျက် စိတ်ရှုပ်ရသည်။ ဒုက္ခဝေဒနာခံစားရခြင်းပြဿနာကြီး၏အဖြေကို ကျွန်ုပ်တို့ လိုလားတောင့်တကြသည်၊ ဆိုးဝါးသောဖြစ်ရပ်များသည် အဘယ်ကြောင့် လူကောင်းသူကောင်းအပေါ်သို့ ကျရောက်ပါသနည်း။ ကောင်းသောအမှုများက အဘယ်အကြောင်းကြောင့် လူဆိုးလူသွမ်းတို့အား အကျိုးပြုလျက်နေသနည်းဟု ကျွန်ုပ်တို့တွေးမိသည်။ သို့ငြားလည်း အဖြေများသည် ခက်ခဲနက်နဲလျက် ကွယ်ဝှက်နေပြီး နားမလည်နိုင်ပြီ။
အကြမ်းဖက်သမားက အသေခံဗုံးခွဲ သေဆုံးရခြင်း။ အမူးသမားယဉ်မောင်းက ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးခြင်း။ မီးနှင့်ဆော့သူ မီးလောင်ခံရခြင်း၊ ဆေးလိပ်မပြတ်သောက်သုံးသူက အဆုတ်ကင်ဆာရောဂါခြင်း စသည့် ဖြစ်ရပ်များက သဘာဝကျသည်။ ဖြစ်သင့်သည်။
သို့သော် အသေခံဗုံးခွဲသည့် ဒဏ်ကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးရခြင်း၊ အမူးသမားယာဉ်မောင်း၏ အသိမဲ့ယာဉ်တိုက်မှုကြောင့် တစ်ဖက်ကားမှ လူရွယ်ဦးခေါင်း၌ ဒဏ်ရာအပြင်းအထန်ရရှိခြင်း၊ အခြားသူ၏ ပေါ့ ဆမှုကြောင့် မိမိအိမ်မီးလောင်သွားခြင်း။ ၂ နှစ်သားအရွယ် ကလေး သွေးကင်ဆာဝေဒနာခံစားရခြင်း စသည့်ဖြစ်ရပ်များက အဘယ်ကြောင့် ထိုသို့ဖြစ်ရပါသနည်း။ ဘုရားသခင်သည် လူသားများအား ဒုက္ခဝေဒနာကို ခံစားစေသည့် အကြောင်းရင်းအဖြေကို ကျွန်ုပ်တို့က သိသယောင် ဟန်ဆောင်တွက်ဆသည်မှာ မိုက်မဲရာကျပြီး အန္တရာယ်ကြီးလှသည်။ အကြောင်းပြချက်က များပြား ရှုပ်ထွေးလှသည်။ အကြောင်းရင်းကို မိမိနားလည်သင့်သည်ဟု တောင်းဆိုခြင်းကမှားသည်။ ဘုရားသခင်ထံတော်မှ အဖြေတောင်းခံရန် သူ၌အခွင့် မရှိကြောင်း ဓမ္မဟောင်းကျမ်းမှ ဒုက္ခဝေဒနာသည် ယောဘ သိရှိနားလည်ခဲ့သည်တွင် သူက “…အကျွန်ုပ်သည် နားမလည်သောအရာတို့ကိုလည်းကောင်း၊ ကိုယ်တိုင်မသိ၊ အံ့သြ၍မကုန်နိုင်သောအရာတို့ကိုလည်းကောင်း၊ပြောမိပြီ” (ယောဘ ၄၂:၃) ဟူ၍ဝန်ခံခဲ့သည်။
သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့အား အဖြေအချို့ကို ပေးပါသည်။ လူတစ်ဦးဘာကြောင့် ရောဂါခံစားရသည်ကိုမသိနိုင်သော်လည်း ရောဂါဖြစ်ရသည့် အကြောင်းရင်းများကို ဖြင့် ဘုရားသခင်သိခွင့်ပေးသည်။ ဘာကြောင့် အခက်ပြဿနာကြုံရသည်ကို မသိနိုင်သော်လည်း ပြဿနာကို ဘုရားအလိုတော်နှင့်အညီ မည်သို့ကိုင်တွယ် ဖြေရှင်းရမည်ကို ဖော်ပြသိစေသည်။
———————————————————————-
“စိတ်ဆင်းရဲဒုက္ခရောက်ရခြင်းသည် ခရစ်ယာန်ယုံကြည်ချက်အတွက် သေချာပေါက်တစ်ခုတည်းသော အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်သည်။ ၄င်းသည် ဒုက္ခဝေဒနာခံစားရခြင်းနှင့်စပ်လျဉ်း၍ အမှန်တရားဖြစ်သည်” —John Stott
————————————————————————-
လတ်တလော သင်စိတ်ဆင်းရဲနေပါက သင့်ဝေဒနာကို အပြည့်အဝနားလည်ပုံ ကျွန်ုပ်ဟန်မဆောင်ပါ၊ သို့ငြားလည်း လူ့ဘဝ၌ ဆင်းရဲဒုက္ခဟူ သည် ဖြစ်လေ့ဖြစ်ထရှိသောအမှုဖြစ်ပြီး လူတစ်ဦးချင်းစီ၏ ပြဿနာက သပ်သပ်စီဖြစ်သည်။
ဤအခြေအနေ့ ဘာကြောင့် စိတ်ဆင်းရဲရလဲ၊ ဘယ်လိုလုပ်ရမလဲ ဟူ၍ ရှင်းလင်းချက်များထက် သင့် ထွေးပွေ့ နှစ်သိမ့်ခြင်း၊ သင့် စကားနားထောင်ပေးခြင်း၊ သင့်အနီး၌ ငြိမ်ဝပ်စွာထိုင်နေပေးမည့် မိတ်ဆွေ စသည်တို့ကို လိုအပ်သည်။ တစ်ခါတစ်ရံ စိတ်ဆင်းရဲရသည့် ကာလ၌ သင့်ကို နှစ်သိမ့်သက်သာစေမည့် ဘုရား၏နှုတ်ကပတ်တော်၊ သမ္မာတရားများကို သင်လိုအပ်သည်။ ၄င်းတို့က သင်၏ဆင်းရဲခြင်း ဝေဒနာများကို ဘုရား၏အမြင်ရှုထောင့်မှ ကြည့်တတ်အောင် မစ လိမ့်မည်။
လက်တွေ့မကြုံဖူးသေးသည့် အရာများ စာတွေ့ထက်ပိုသောအရာများ ကြုံရနိုင်ပါသည်။ ထို့ကြောင့် ခန္ဓာပိုင်း၊ စိတ်ပိုင်း ဆင်းရဲဒုက္ခရောက်ခဲ့ရသူတို့ အမြင်ကို ဆက်လက်၍ ဖော်ပြပါမည်။ သင့်ကမ္ဘာ တစ်စစီ ပြိုကွဲသွားသည့်တိုင် ထာဝရဘုရား ယုံကြည်ခြင်းစိတ်ခိုင်မာစေသားဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ဒုက္ခဝေသော ဤလောကကြီးတွင် ဘုရားသခင်သည် ဘယ်ရောက်နေသနည်း။ ဘုရားသခင်သည် ကောင်းမြတ်တော်မူ၍ အကြင်နာတရားနှင့် ပြည့်ဝတော်မူ၏ဟုဆိုသော် အဘယ်ကြောင့် အသက်တာတွင် ဝမ်းနည်းကြေကွဲမှုကို ဖြစ်စေရပါသနည်း။ ဘုရားသခင်သည် ထိန်းချုပ်မှုကို မပြုနိုင်တော့ပြီလော။ သို့မဟုတ် ထိန်းချုပ်ထားနိုင်သည်ဆိုက ကျွန်ုပ်တို့နှင့် အခြားသူများအတွက် သူ မည်သည့်အရာကို လုပ်ဆောင်ပေးနေသနည်း။
———————————————————————-
မည်သည့်အကြောင်းကြောင့် ကောင်းမြတ်တော်မူသော ထာဝရဘုရားသခင်သည် ဒုက္ခဝေဒနာကို ခံစားစေသနည်း။
————————————————————————-
အချို့သောသူများက ဤသို့ဒုက္ခဆင်းရဲခြင်းကို ဖြစ်ပေါ်စေသည့် ဘုရားတည်ရှိနေခြင်းကို နားမလည်နိုင်ခြင်းကြောင့် ဘုရားမရှိဟု ဆိုကြသည်။ တစ်ချို့ကလည်း ဘုရားသခင်သည် ရှိတော်မူကြောင်း ယုံကြည်ကြသော်လည်း ဘုရားသခင်နှင့် မပတ်သက်လိုကြ၊ ဘုရားသခင်သည် ကောင်းမြတ်တော်မူကြောင်း သူတို့မယုံကြည်ကြခြင်းကြောင့် ဖြစ်သည်။ တစ်ချို့မှာမူ ဘုရားသခင်သည် သူတို့ကိုချစ်မူ၍ အကြင်နာတရားနှင့် ပြည့်ဝကြောင်း လက်ခံသော်လည်း ကိုယ်တော်သည် ဆန့်ကျင်ပုန်ကန်သောသဘောနှင့် ဆိုးသွမ်းနေသော ဤလောကကို ထိန်းချုပ်နိုင်စွမ်းမရှိဟူ၍ မကျေမနပ်နှင့် လက်ခံကြသည်။ အချို့ကလည်း ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနှင့် ပြည့်ဝတော်မူသော မေတ္တာတော် အရှင်ဘုရားသခင်သည် ကောင်းကျိုးအလို့ငှာ ဆိုးညစ်သောအမှုများကို အသုံးပြုတော်မူသည်ဟူ၍ စွဲမြဲစွာ ယုံကြည်ကြသည်။
သမ္မာကျမ်းစာကို ဆန်းစစ်လေ့လျှင် ဘုရားသခင်သည် သူဖြစ်စေလိုသည့် ဘယ်အမှုကိုမဆို ဖြစ်အောင်လုပ်နိုင်သည့် ပုဂ္ဂိုလ်အဖြစ် ဖော်ကျူးထားသည်ကို တွေ့ရသည်။ တစ်ခါတစ်ရံ ဘုရားသခင်သည် လူသားများအတွက် အကြင်နာကရုဏာပြလျက်၊ အံ့သြဖွယ်နိမိတ်လက္ခဏာများကိုပြသော်လည်း၊ တစ်ခါတစ်ရံ ဝမ်းနည်းကြေကွဲမှုများကို မတားဆီးဘဲ ရှိနေပြန်သည်။ စိတ်ဆင်းရဲရချိန်တွင် ကိုယ်တော်က ဝင်ရောက်လျက် အသက်တာကို စောင်မရမည်ဖြစ်သော်လည်း သခင်က ကျွန်ုပ်တို့၏ဟစ်ခေါ်သံကိုမကြား၊ ထူးတော်မမူ ဟု ထင်ရသည်၊ သမ္မာကျမ်းစာအားဖြင့် ကိုယ်တော်သည် ဖြစ်ပျက်သမျှအရာဟူသမျှကို ထိန်းချုပ်တော်မူကြောင်း အခိုင်အမာ ပြောထားသော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့အား လူဆိုးများ၏ပစ်မှတ်၊ ဆိုးညစ်သောဗီဇပါရှိသူ၊ ကြောက်မက်ဖွယ်ရာကောင်းသော ရောဂါဝေဒနာခံရရာ၊ သဘာဝဘေး အန္တရာယ်ဒဏ်ခံရသူများ ဖြစ်စေသည်။
ကျွန်ုပ်ဆိုလျှင် ဒုက္ခဆင်းရဲဝေဒနာခံစားရခြင်း ပဟေဠိအတွက် အဖြေများကို စုစည်းဖော်ပြပေးလိုသောဆန္ဒရှိပါသည်။ အကြောင်းအခြင်းအရာများကို ပြည့်စုံစွာမသိရသော်လည်း ဆင်ခြင်သုံးသပ်ရန် လုံလောက်သော အချက်အလက်အချို့ကို ဘုရားပေးသနားလျက် သူ့အား တိုး၍ကိုးစားစရာအကြောင်း ဖြစ်စေသည်။ ကောင်းမြတ်တော် မူသော ဘုရာရှင်သည် လူ့လောကတွင် နာကျင်မှုနှင့် ဒုက္ခဝေဒနာကို ဖြစ်ပေါ်စေသော အကြောင်းရင်းများမှာ (၁) အပြစ်ဒုစရိုက်နှင့် ပတ်သက်၍ ကျွန်ုပ်တို့အစဉ် သမ္မာသတိ နိုးကြားမှုရှိရန်၊ (၂) ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းစိတ်ရှိအောင် လမ်းညွှန်ပဲ့ပြင်ရန်၊ (၃) ကျွန်ုပ်တို့ ခရစ်တော်နှင့် ပို၍တူလာအောင် ပုံသွင်းရန်၊ (၄) ကျွန်ုပ်တို့ တစ်ဦးနှင့်တစ်ဦး ကူညီမစနိုင်ရေး ညီညွတ်မှုရှိအောင် စုစည်းရန်ဖြစ်ကြောင်း ကျမ်းစာမှ အခြေခံနည်းလမ်းနှင့် အဖြေများကို ဆက်လက် ဖတ်ရှုအားယူနိုင်ပါစေသား။
