မည်သည့်အကြောင်းကြောင့်

ကောင်းမြတ်တော်မူသောထာဝရဘုရားသခင်သည်

ဒုက္ခဝေဒနာကို ခံစားစေသနည်း


 

ဖြေရှင်းချက်ထက်သာ၍ ကောင်းသည်

အကျိုးအကြောင်းအလုံးစုံကိုသိလိုပြီး အဖ‌ြေရှင်းရှင်းရလိုသည့် ကျွန်ုပ်တို့ကို ဘုရားရှင်က သူ့ကိုယ်သူ ပေးဆပ်ခဲ့သည်။ ၎င်းသည် လုံလောက်ပေပြီ။ ကိုယ်တော်ကို ယုံကြည်နိုင်လျှင် အလုံးစုံရှင်းပြနေရန် မလိုအပ်။ ကျွန်ုပ်တို့၏ နာကျင်မှုနှင့် ဝေဒနာများက အချည်းအနှီး မဟုတ်လောက်ပါဟု သိထားခြင်းက လုံလောက်ပါသည်။ ဘုရားသခင်သည် စကြဝဠာကိုအစိုးရဆဲဖြစ်ကြောင်း၊ ကျွန်ုပ်တို့တစ်ဦးချင်းစီကို ဂရုစိုက်တော်မူကြောင်း သိထားလျှင် လုံလောက်ပါပြီ။

ကျွန်ုပ်တို့အပေါ် ဘုရားရှင်ဂရုစိုက်ကြောင်း၊ စိတ်ပူပေးကြောင်းကအကြီးမားဆုံး သက်သေသာဓကတစ်ခုကို သခင်ယေရှု၌ တွေ့နိုင်၏။ ဝေဒနာခံနေရသည့်လောကကြီးကို ဘုရားရှင် ချစ်မြတ်နိုးလွန်းသောကြောင့် နာကျင်ဝေဒနာခံစားပြီး အသေခံရန် သားတော်ကို စေလွတ်ခဲ့သည်။ ထာဝရငိုကြွေးဝမ်းနည်းခြင်းမှ ကယ်နုတ်လွတ်မြောက်စေခဲ့သည် (ယော ၃:၁၆-၁၈)။ ယေရှုသခင်အားဖြင့် ဘုရားနှင့် ထာဝရကွဲကွာရခြင်း ဟူသော အဆိုးဝါးဆုံးဝေဒနာကို ေရှောင်ကွင်းနိုင်ပေပြီ။ လတ်တလော ရင်ဆိုင်ကြုံရသည့် ဆိုးဝါးသောဝမ်းနည်းကြေကွဲမှု အစုစုကို ခရစ်တော် ပေးသော ခွန်အား၊ ကျွန်ုပ်တို့ မျက်မှောက်၌ ချထားသော မျှော်လင့်ခြင်း ပန်းတုံးတိုင်များအားဖြင့် ခံရပ်နိုင်လိမ့်မည်။

——————————————————————————————

အကျိုးအကြောင်း အလုံးစုံကို သိလိုပြီး အဖြေရှင်းရှင်းရလိုသည့် ကျွန်ုပ်တို့ကို ဘုရားရှင်က သူ့ကိုယ်သူ ပေးဆပ်ခဲ့သည်။

——————————————————————————————

ဒုက္ခဝေဒနာများ ခံစားရခြင်းသည် အပြစ်တရားကြောင့်ဖြစ်ကြောင်း အဖြစ်မှန်ကိုရှေးဦးစွာလက်ခံသဘောပေါက်ရန် လိုအပ်ပါသည်။ အပြစ်၏အဖိုးအခကိုပေးဆပ်ရန် ကားတိုင်ထက်တွင် သခင်ယေရှု မည်မျှ ပေးဆပ်ခဲ့ရသည်ကို သင်နားလည်ပါသလား။ သခင့်ကို ယုံကြည်ကိုးစားပါ။ အခမဲ့ပေးသော ခွင့်လွှတ်ခြင်းလက်ဆောင်ကို လက်ခံရယူပါ။ လောကကမ္ဘာနှင့် သင့်အသက်တာတွင်း ကြုံရသည့်နာကျင်ဝေဒနာ ပြဿနာအတွက်အဖြေကို သခင်ယေရှုတစ်ပါးတည်းထံမှသာ ရရှိလိမ့်မည်။