မည်သည့်အကြောင်းကြောင့်
ကောင်းမြတ်တော်မူသောထာဝရဘုရားသခင်သည်
ဒုက္ခဝေဒနာကို ခံစားစေသနည်း
သင်မည်သို့ မစနိုင်မည်နည်း။
ယခုလတ်တလောအချိန့် သင် ကြေကွဲနာကျင် ခံစားကောင်း ခံစားနေရမည်။ အခြားသူကို ကူညီမစရန် မဖြစ်နိုင်သေးဟုလည်း တွေးမိမည်။ သို့သော် နာကျင်ခံစားရစဉ်မှာပင် အဘဘုရားထံမှ နှစ်သိမ့်မှု ခံစားရခြင်းကြောင့် အခြားသူကို နှစ်သိမ့်သက်သာစေရန် သင် အသင့်ဖြစ်နေနိုင်ကောင်း၏။ ထို့ပြင် တစ်ပါးသူကို ကူညီစောင်မရန် လက်ကမ်းခြေလှမ်းလိုက်ခြင်းသည်ပင် မိမိကိုယ်တိုင်၏ ဝေဒနာခံစားချက်ကို သက်သာစေသော အရေးကြီးသည့် အမှတ်ဖြစ်သည်။ သို့မဟုတ်ပါကလည်း ချစ်ခင်ရသူတစ်ဦးဦး (သို့) မိတ်ဆွေ တစ်ဦးဦးကို စောင်မရန် မျှော်လင့်ချက်ဖြင့် ဤစာအုပ်ကို ဖတ်ရှုခဲ့သူအဖို့ ဤစာအုပ်ငယ်ပါအကြောင်းအရာနှင့် ဆက်လက်ဖော်ပြမည့် အကြံပြုချက်များသည် သင့်အတွက် ပြင်ဆင်ရေးသားခြင်းပင်ဖြစ်တော့သည်။
တစ်ပါးသူကို မစရန်၊ စောင်မရန် ကိစ္စက မလွယ်ပါ။ အန္တရာယ် ရှိသည်။ ကျွန်ုပ်တို့၏ မစမှုကို ကြိုဆိုလက်ခံချင်မှ လက်ခံကြမည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ အမှားမှားအယွင်းယွင်း ပြောဆိုမိမည်။ သို့သော် ကြိုးစားအားထုတ်၍ စောင်မရပါမည်။ သခင်ယေရှုသွန်သင်သည့် ဥပမာများအနက် ‘ကောင်းသောရှမာရိ (လု ၁၀:၂၅-၃၇)’ အကြောင်းက မိမိကြုံဆုံလာရသည့် နာကျင်ကြေကွဲသူများကို စောင်မရန် တာဝန်ရှိကြောင်း သတိပေးနေ၏။ အောက်ပါတို့သည် အကြံပြုချက်အချို့ ဖြစ်ပါသည်။
- အခြားသူတစ်ဦးဦး စတင်လှုပ်ရှားရန် မစောင့်ဆိုင်းပါနှင့်။
- ဖြစ်နိုင်လျှင် လူကိုယ်တိုင်ရှိနေပြီး လက်ကိုကိုင်၍ဖြစ်စေ၊ ပွေ့ဖက်၍ ဖြစ်စေ အားပေးပါ၊
- မိမိစကားက အဆင်မပြေဖြစ်မှာစိုး၍ ကသိကအောက်ဖြစ်နေခြင်းထက် တစ်ဖက်သား လိုအပ်မှုသာ ဂရုပြုအာရုံပြုပါ။
- တစ်ဖက်သားမှ ၎င်း၏ခံစားချက်ကို ထုတ်ဖော်ပါစေ။ သူတို့စိတ်လှုပ်ရှား ခံစားမှုအပေါ် အပြစ်မတင်ပါနှင့်။
- တစ်ဖက်သား၏ ပြဿနာကို လေ့လာပါ။
- သင့်အနေဖြင့်တစ်ခါမှ ပြဿနာနှင့် မရုန်းကန်ရဖူးသကဲ့သို့ ဟန်မဆောင်ပါနှင့်။
- စကားကို လိုရင်းသာပြောပါ။
- “အဲဒီလိုမဖြစ်သင့်ဘူး” “ဘာဖြစ်သင့်လဲဆိုတာ နင်သိပါတယ်” စသည်ဖြင့် မပြောပါနှင့်။
- ဆုတောင်းပေးမည်ဟု သေချာစွာ ပြောပြပါ။
- ဆုတောင်းပါ။ တစ်ဖက်သားနှင့် သင့်ကို ဘုရားသခင် မစပါမည့် အကြောင်း ဆုတောင်းပါ။
- အဆက်အသွယ် မပြတ်ပါစေနှင့်။
- အပြစ်ပြုမိခြင်းနှင့် ဝေဒနာခံစားရခြင်းသည် အစဉ်ဒွန်တွဲနေခြင်း မဟုတ်ကြောင်း သေချာစွာပြောပြပါ။ မိမိကိုယ်ကို တစ်လွဲ အပြစ်တင်နေခြင်းမရှိအောင် မစပါ။ အပြစ်ကြောင့် ဝေဒနာခံစားရသည် ဖြစ်စေ။ ၎င်းတို့၏အသက်တာ၌ မှားယွင်းမိခဲ့သည့် ဒုစရိုက်ကို ပြန်သတိရ၍ဖြစ်စေ၊ ခရစ်တော်ထံမှ ခွင့်လွှတ်ခြင်း တောင်းခံနိုင်အောင် မစပါ။
- ခရစ်တော်ကို စံနမူနာထားလျက် တစ်ဖက်သားကို စောင်မပါ။
- ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်ကြောင်း၊ ဂရုပြုတော်မူကြောင်း၊ အရာရာကို ထိန်းချုပ်ထားကြောင်း သတိပေးပြောပြပါ။
- မိတ်ဆွေ၊ မိသားစု၊ သင်းအုပ်ဆရာ စသည်တို့ထံမှ အမအစ တောင်းခံရယူရန် အားပေးပါ။
- သောကဒုက္ခများကို ရင်ဆိုင်ရာ၌ အချိန်ယူရကြောင်း တစ်ဖက်သား သဘောပေါက်အောင် မစပါ။
- ဘုရားသခင့် သိုးတို့ကိုချစ်သော သိုးထိန်းကြီး၏ မေတ္တာမျိုးရှိကြောင်း ပြောပြသတိပေးပါ၊
- စကြဝဠာကြီး၌သာမက ဘဝပြဿနာကြီးငယ်မဟူကို ဘုရားရှင် ထိန်းချုပ် ကြောင်း သတိပေးပြောပြပါ။
——————————————————————————————
“ဝမ်းမြောက်သောသူတို့နှင့် ဝမ်းမြောက်ခြင်းကိုလည်းကောင်း ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကိုလည်းကောင်း ပြုကြလော့။” (ရောမသြဝါဒစာ ၁၂:၁၅)
——————————————————————————————
-
-
- တစ်ဖက်သား၏ပြဿနာကို လျစ်လျူမရှုလိုက်ပါနှင့်။
- တစ်ဖက်သားအပေါ် ဟန်ဆောင်ပန်ဆောင် မပြုလေနှင့်၊ ပုံမှန်ပြုမူ ဆက်ဆံပါ။
- ကြေကွဲခံစားနေရသည့် အခြေအနေ၌သင့်အပေါ် ပြုမူဆက်ဆံစေလိုသည့်အတိုင်း တစ်ဖက်သားအပေါ်ပြုမူဆက်ဆံပါ။ မေတ္တာပြပါ။
- ပြောစကားများ နားထောင်ပေးသူဖြစ်ပါ။
- တစ်ဖက်သားသည် အလွန်ကြေကွဲနေကြောင်း အသိအမှတ်ပြုပေးပါ။
- တစ်ဖက်သား စိတ်သက်သာရ၊ စိတ်ထိန်းနိုင်သည်အထိ အချိန်ယူပါ။ အလျင်စလို မပြုပါနှင့်။
-
