ရရှင်ယေရှုအကြောင်း ကျွန်ုပ်၏ သားသမီးများအား မည်သည့် အချိန်မှစပြီး ပြောပြသင့်သနည်း။

ရှင်ယေရှုအကြောင်းစကားစမြည်စပြောရန် စောလွန်းသည်ဟူ၍မရှိပါ။

by
Chris Wale

ကျွန်ုပ်တို့၏ဉယျာဉ်အနောက်ဘက်ခြမ်း၌ လက်တစ်ဆုပ်စာ ဟင်းသီး ဟင်းရွက်ပင်များစိုက်ပျိုးနေသည်။ ကျွန်ုပ်၏ ငါးနှစ်အရွယ်သားလေး တိုမို က အပင်လေးများကိုပြုစုရှောက်စောင့်ရန်တာဝန်အချို့ယူသည်ကို တွေ့ရ ၍ ဝမ်းမြောက်ရပါသည်။ (ကျွန်ုပ်တို့၏ နှစ်နှစ်သားလေး လု မှာတော့ မြေကြီး တူးဆွရခြင်းကို နှစ်သက်သောအဆင့်၌သာရှိသေးသည်)။

ယခု နှစ်၌ ရွက်စားမုန်လာအပင်ကို ကျွန်ုပ် စိုက်ပျိုးလိုသည်။ မျိုးစေ့အိတ်၏ ကျောဘက်၌ အပင်လေးများကြီးထွားလာမည်ကို တွေ့ရမည့်လ၊ ၎င်းတို့ကို စိုက်ပျိုးရမည့်လအကြောင်း—(လုပ်ဆောင်ထားပြီးသားအရာ) တို့ကို အသေးစိတ်ရေးသားထားသည်။

ရွက်စားမုန်လာကို အလိုရှိ၍ ၎င်းကိုလက်ဝယ်ရှိထားရုံနှင့်မရပါ။ ကျွန်ုပ်တို့က မျိုးစေ့များကိုချစိုက်ရန်နှင့် ကြိုတင်ရေလောင်းပေးထားရန် လိုအပ်ပါသည်။

ကျွန်ုပ်တို့၏သားသမီးများအား ရှင်ယေရှုအကြောင်း သင်ကြားပေးခြင်း ၌လည်း အလားတူ အခြေခံသဘောတရားကို ကျင့်သုံးရသည်။

ကျွန်ုပ်တို့၏ကလေးများကြီးထွားလာသည်နှင့်အမျှ ရှင်ယေရှုအကြောင်း အောင်အောင်မြင်မြင် စကားစမြည်ပြောလိုလျှင် သူတို့၏နှလုံးသားထဲ ရှင်ယေရှုတည်းဟူသောမျိုးစေ့ကို စိုက်ပျိုးထားရန်၊ ကြီးထွားလာအောင် ပံ့ပိုးပေးရန် ကျွန်ုပ်တို့ ကြိုတင်ပြီးအလုပ်လုပ် ထားရန်လိုအပ်ပါသည်။

ကျွန်ုပ်ဘယ်အချိန် စရမလဲ။

ယခုတွင် တိုမိုလေးသည် ကျမ်းစာပုံပြင်ပြောပြသောအချိန်၌ ရှင်ယေရှု အကြောင်း မေးခွန်းများ မေးတတ်သောအသက်အရွယ်ရောက်နေပါပြီ။ သူကိုယ်တိုင် အလျင်းသင့်စလို ဘုရားသခင်အကြောင်း စပြီးစကားစမြည် ပြောနေပါပြီ။ ဤအမှုက အလိုလိုဖြစ်လာခြင်းမဟုတ်ပါ။ ဤအရာအားလုံး က ဘာကိုဆိုလိုလဲဟု သူနားမလည်ခင်ကတည်းက သူ့ကမ္ဘာထဲ သုံးနှစ်ကျော်မျှ သခင်ယေရှုအား မိတ်ဆက်ပေးခြင်း၏ ရလဒ်ဖြစ်ပါသည်။

ကျွန်ုပ်တို့၏သားသမီးများအဆင်သင့်မဖြစ်မီ သူတို့လေးတွေကို ရှင်ယေရှု နှင့် မိတ်ဆက်ပေးရန် ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်မှာ မိတ်ဆွေအချို့၏ အကြံပေးမှုမှ လာပါသည်။

သူတို့၏ကလေးများသည် ယခုတွင် အသက်နှစ်ဆယ်ကျော်အရွယ်ရှိနေပြီး မိဘများအနက်မှတစ်ဦးက “ကလေးတွေ ငယ်ရွယ်ချိန်မှာ သူတို့နဲ့အတူ ဆုတောင်းဖို့၊ မိသားစုတွေ အတူတကွအချိန်ယူပြီး ကျမ်းစာပုံပြင်တွေ ဖတ်ဖို့ဆိုတာက အမြဲကောင်းတဲ့အရာပဲ။ ထိုထက်မက အများကြီးလုပ်ခဲ့ဖို့ ကျွန်ုပ် တောင့်တတယ်”ဟု ပြောခဲ့သည်။

နောက်မှပဲ သခင်ယေရှုအကြောင်း စပြောမည်ဟု ကျွန်ုပ်တို့ ထားထားလျှင် သူတို့၏ ကိုယ်ကျိုးရှေ့တန်းတင်သော၊ သူတို့ ၏ တစ်ကိုယ်ကောင်းဆန်သော ပင်ကိုစိတ်က အမြစ်တွယ်ဖို့ အလားအလာ ပိုရှိသွားမည်။

သူတို့ကလေးများအတွက် အကောင်းဆုံးလုပ်ဆောင်ပေးသည့်အရာမှာ ဘုရားသခင်အား အဓိကဗဟိုချက်၌ထားရှိသော အလေ့အထကို တည်ဆောက်ပေးခြင်းဖြစ်ကြောင်း သူတို့သိရှိသည်။

၎င်းသည် ကျွန်ုပ်အတွက် မှန်ကန် ယုတ္တိရှိပါသည်။ ထို့အပြင် သမ္မာကျမ်းစာ မှ “ဘုရားသခင်ကိုရှာသောသူ မရှိ” ဟု သတိပေးထားပါသည် (ရော ၃း၁၁)။ ကျွန်ုပ်တို့၏အပြစ်နှင့်ပြည့်နေသောလောကကြီးထဲ၌ လူတိုင်း၏နှလုံးသား —ကလေးများ၏နှလုံးသားသည်ပင်လျှင် ထိုနည်းအတိုင်း ပုံသေ တစ်ပုံစံ တည်း ရှိနေသည်။

ဤသည်မှာ သူတို့၏အသားကျပြီးပုံစံဖြစ်၍ ကောင်းသောလမ်းကို စောနိုင်သမျှစောစော စတင်ညွှန်ပြရန်၊ ဘုရား သခင်၏ချစ်ခြင်းနှင့် ကောင်းမြတ်ခြင်းကို ရှင်းလင်းစွာ ဖော်ပြထားသော အလေ့အထကို ပြုစု ပျိုးထောင်ရန်နှင့် ရှင်ယေရှုအားသိရှိရန်အခွင့်အလမ်း မကြာခဏဖန်တီးရန် အရေးကြီးပါသည်။

ကိုယ်ကျိုးရှေ့တန်းတင်သောမျိုးစေ့မှာ ကျွန်ုပ်တို့ကလေးများအထဲ၌ မွေးစကပင် စိုက်ပျိုးပြီးသားဖြစ်သည်။ ဘုရားသခင်ကိုဦးထိပ်ထားသော မျိုးစေ့ကိုစတင်စိုက်ပျိုးရန်နှင့် ပြုစုပျိုးထောင်ရန် စောလွန်းသည်ဟူ၍ ဘယ်ခါမှမရှိပါ။ နောက်မှပဲ သခင်ယေရှုအကြောင်း စပြောမည်ဟု ကျွန်ုပ်တို့ ထားထားလျှင် သူတို့၏ ကိုယ်ကျိုးရှေ့တန်းတင်သော၊ သူတို့ ၏ တစ်ကိုယ်ကောင်းဆန်သော ပင်ကိုစိတ်က အမြစ်တွယ်ဖို့ အလားအလာ ပိုရှိသွားမည်။

သို့ဖြစ်၍ နုငယ်စဉ်ကတည်းက ရှင်ယေရှုအကြောင်းပြောဆိုခြင်းက မည်သို့ မည်ပုံရှိသနည်း။

ဆုတောင်းခြင်း

စဉ်ဆက်မပြတ်ဆုတောင်းခြင်းသည် ခရစ်ယာန်အသက်ရှင်ခြင်း၏ ဝိသေသ လက္ခဏာဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏သားသမီးများ ၎င်းကိုတွေ့မြင်ရန် အခွင့်ပေးကြပါစို့။

သူတို့၏ စိတ်ကူး သဘောထားထက်အရင် “အဲဒါအတွက် ဆုတောင်းကြရ အောင်”ဟူသော စကားစုကို နေ့တိုင်း ပြောဆိုကြကြောင်း

ကလေးများ ကြီးကုန်ပြီဖြစ်သော ကျွန်ုပ်တို့၏မိတ်ဆွေများက ကျွန်ုပ်တို့ကို ပြောပြပါသည်။

ဆုတောင်းခြင်း၌ ကျွန်ုပ်တို့အားကြီးခြင်းက ကျွန်ုပ်တို့၏ သားသမီးများကို ဘုရားသခင်ထံ ယုံကြည်အပ်နှံခြင်းဖြစ်ပြီး ကျွန်ုပ်တို့၏ကလေးများလည်း ၎င်းကိုတွေ့မြင်ကာ ဘုရား သခင်အပေါ်မှီခိုအားကိုးခြင်း၏ အဓိပ္ပာယ်ကို သတိပြုမိမည် ဖြစ်သည်။

တိုမိုလေး အသက် လေးနှစ်အရွယ် ကျောင်းစတက်ချိန်၌ သူ၏ စိတ်ဖိစီးမှု အတွက် ကျွန်ုပ်တို့သူနှင့်အတူ ဆုတောင်းခဲ့သည်။ ထိုအချိန်၌ မည်သည့် အကျိုးသက်ရောက်မှုရှိသည်ကို ကျွန်ုပ်အတိအကျ မသိခဲ့ရပါ။ ဆုတောင်း သည့်အခါ၌လည်း သူအသံထွက်ပြီး ဆုမတောင်းခဲ့ပါ။ သို့သော် လွန်ခဲ့သောအပတ်က ဖွားဖွားနေမကောင်းကြောင်း ကျွန်ုပ်တို့ကြားသိရ သောအခါ “အခု ဖွားဖွားအတွက် သားတို့ ဆုတောင်းပေးဖို့လိုတယ်” ဟု ညအိပ်ရာဝင် ဆုတောင်းချိန်မှာ သူကစပြီးပြောလာကြောင်း ကျွန်ုပ် အမှန် သိပါသည်။

ကျွန်ုပ်ကလေးများကို ကျမ်းစာပုံပြင် ဖတ်ပြခါနီးတိုင်း၊ သို့မဟုတ် တိုမိုလေး မေးခွန်းမေးတိုင်း “ကျေးဇူးပြု၍ဤအချိန်ကို အသုံးပြုပြီး ကိုယ်တော်ကိုယ်ကို ထင်ရှားပြပါ။ ကျွန်ုပ်ကလေးများ၏ နှလုံးသားမှာ ကိုယ်တော့်လက်ထဲရှိပါ၏” ဟု ကျွန်ုပ် ဘုရားထံ တိတ်တိတ်လေး ဆုတောင်းပါသည်။

ဆုတောင်းခြင်း၌ ကျွန်ုပ်တို့အားကြီးခြင်းက ကျွန်ုပ်တို့၏ သားသမီးများကို ဘုရားသခင်ထံ ယုံကြည်အပ်နှံခြင်းဖြစ်ပြီး ကျွန်ုပ်တို့၏ကလေးများလည်း ၎င်းကိုတွေ့မြင်ကာ ဘုရား သခင်အပေါ်မှီခိုအားကိုးခြင်း၏ အဓိပ္ပာယ်ကို သတိပြုမိမည် ဖြစ်သည်။

ကျမ်းစာဖတ်ခြင်း

သူတို့နှစ်ဦးမှာ အသက် သုံးနှစ်နီးပါးကွာသော်လည်း နှစ်ဦးလုံးက ပုံသွင်း လွယ်သောအသက်အရွယ်၌ရှိ၍ ကျွန်ုပ်တို့၏သားများကို ကျမ်းစာပုံပြင် များ ဖတ်ပြပါသည်။

ကျမ်းစာပုံပြင်စာအုပ်ကို တိုမိုအား ကျွန်ုပ်တို့ဖတ်ပြသည်။ လု ကိုမူ ပို၍ တိုသော၊ ရိုးရှင်းသော၊ တစ်ခါတစ်ရံ ကာရံနဘေလေးများပါသော ကျမ်းစာ ပုံပြင်ကို ဖတ်ပြပါသည်။

ကျွန်ုပ်သည် အဘယ်ကြောင့် လုကို သခင်ယေရှုအကြောင်း ပုံပြင်များ ဖတ်ပြရသနည်း။ နွားတွေက “မူး”လို့အော်တဲ့ သတ္တဝါတွေပဲဟု ကျွန်ုပ် သူ့ကို အမြဲပြောပြသည့် အကြောင်းရင်းနှင့် အတူတူပင် ဖြစ်သည်။

“ဘာကြောင့် နှစ်နှစ်သားလေးကို ကျမ်းစာပုံပြင်ဖတ်ပြဖို့ ဒုက္ခခံရတာလဲ” ဟု လူအချို့ မေးကောင်းမေးမည်။ သူတို့ဘာကိုဆိုလိုသည်ကို ကျွန်ုပ် နားလည်ပါသည်။ လု က မြင်းကို “မူး”ဟု အော်သည်ဟု ပြောဆဲဖြစ်သည်။ ကျွန်ုပ်က အခြားမတူညီသည့်အရာတစ်ခုကို ပြောပြသည့်အခါ သူက ရှုံ့မဲ့သည့်အကြည့်ဖြင့် ကျွန်ုပ်ကိုကြည့်ပါသည်။

ကျွန်ုပ်သည် အဘယ်ကြောင့် လုကို သခင်ယေရှုအကြောင်း ပုံပြင်များ ဖတ်ပြရသနည်း။ နွားတွေက “မူး”လို့အော်တဲ့ သတ္တဝါတွေပဲဟု ကျွန်ုပ် သူ့ကို အမြဲပြောပြသည့် အကြောင်းရင်းနှင့် အတူတူပင် ဖြစ်သည်။ ဤအရာများသည် မှန်ကန်ပြီး တစ်နေ့တွင် ၎င်းကိုနားလည်သည့်အရွယ် ရောက်လာမည်ဖြစ်သည်။ အမှန်တွင် နွားများ “မူး”ဟုအော်သည်ကို သူလျင်လျင်မြန်မြန် သိရှိနားလည်လာမည်။ အကြောင်းမှာ ဤအမှန်တရား ကို ကျွန်ုပ်က အဆက်မပြတ် ပြောပေးနေသည့်အတွက်ဖြစ်သည်။

သခင်ယေရှုနှင့်ပတ်သက်ပြီး သူ၏သဘောပေါက်နားလည်မှုမှာလည်း အလားတူ မှန်ပါသည်။ ကျွန်ုပ်က သူ့ကို ကျမ်းစာပုံပြင်များကို ဆက်ဖတ်ပြ မည်—ကယ်တင်ခြင်းပုံပြင်ကို အခြားမည်သို့မည်ပုံ သူစတင်ပြီး ဖမ်းဆုပ်လာမည့်အကြောင်းကြောင့်တည်း။

အချိန်သီးသန့်ထားပါ

တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် မိသားစုဝင်များ ဝိုင်းထိုင်ပြီး အတူတကွ ကျမ်းစာဖတ်ဆုတောင်း (သာမန် အားဖြင့် ညစာစားပြီးချိန်) သည့်အချိန်ရဖို့ ကျွန်ုပ်တို့ကြိုးစားကြသည်။

ရည်ရွယ်ချက်မှာ လိုအပ်ချက်များကို “ဖြည့်ဆည်းပေး”ပြီး ကျွန်ုပ်တို့၏ခရစ်ယာန်တာဝန်ကို ဆောက်ရွက် လိုက်ရပြီဟု ခံစားလိုက်ခြင်းမျိုး မဟုတ်ပါ။ ယင်းအစား စဉ်ဆက်မပြတ်၊ ပွင့်ပွင့်လင်းလင်းနှင့် နောက်ဆက်လက် ရှိနေဦးမည့် ဘုရား သခင့်အကြောင်း စကားစမြည်ပြောခြင်းကို ပြုစု ပျိုးထောင် ရန် ဖြစ်သည်။

တစ်ကြိမ်လျှင် ၅ မိနစ်၊ ၁၀ မိနစ်မျှလောက်သာ ကြာသည်။ ကျမ်းစာမှ ကျမ်းပိုဒ်တစ်ပိုက်ကို ဖတ်သည်၊ မေးခွန်းတစ်ခုအပေါ် ပြောဆိုဆွေးနွေး သည်၊ ပြီးနောက် ဆုတောင်းကြသည်။

ရည်ရွယ်ချက်မှာ လိုအပ်ချက်များကို “ဖြည့်ဆည်းပေး”ပြီး ကျွန်ုပ်တို့၏ခရစ်ယာန်တာဝန်ကို ဆောက်ရွက်လိုက်ရပြီဟု ခံစားလိုက်ခြင်းမျိုး မဟုတ်ပါ။ ယင်းအစား စဉ်ဆက်မပြတ်၊ ပွင့်ပွင့်လင်းလင်းနှင့် နောက်ဆက်လက် ရှိနေဦးမည့် ဘုရားသခင့်အကြောင်း စကားစမြည်ပြောခြင်းကို ပြုစုပျိုးထောင်ရန် ဖြစ်သည်။

၎င်းသည်ရိုးရှင်းသည့် သဘာဝကျပြီး သက်သောင့်သက်သာရှိသော ဘုရားသခင့်အကြောင်း စကားဝိုင်းလေး ကြီးထွားလာနိုင်သော စင်မြင့် စင်္ကြံတစ်ခုဖြစ်သည်။

ကျွန်ုပ်တို့ကလေးများ၏ ပုံသွင်းလွယ်သော အသက်အရွယ်များကို အခွင့်အရေးယူခြင်း

ဤလုပ်ရိုးလုပ်စဉ်များနှင့် အလေ့အထများအားလုံး၌ ကျွန်ုပ်တို့၏ရည်မှန်း ချက်မှာ ရှင်ယေရှုနှင့် စစ်မှန်သောခရီးအစပြုနိုင်ရန် ကျွန်ုပ်တို့၏ကလေး များအတွက် နေရာတစ်ခု ပြင်ဆင်ပံ့ပိုးပေးရန်ဖြစ်သည်။

ပညာရေး၌ စွန့်ဦး တီထွင်သူတစ်ဦးက (ကလေးများ၏အစောပိုင်းနှစ်များကို အထူးအာရုံစိုက် ထားသူ) “အရွယ်ရောက်သူများအဖြစ် ကျွန်ုပ်တို့၏စွမ်းရည်ကို ကလေး၏ စွမ်းရည်နှင့် နှိုင်းယှဉ်ပါက၊ ကလေးများ၏အစောပိုင်းကာလ (၃) နှစ်တာ အတွင်း ရရှိသွားသောအရာများကို ရရှိနိုင်ရန် နှစ်ပေါင်း ခြောက်ဆယ် အားသွန်ခွန်စိုက် ကြိုးစားအားထုတ်မှု လိုအပ်လိမ့်မည်” ဟု ပြောခဲ့ပါသည်။

ပုံသွင်းလွယ်သောအသက်အရွယ်အတွင်းရှိကလေးများသည် ရေမြှုပ်နှင့်တူ၏—တစ်ခါတစ်ရံ ကျွန်ုပ်တို့ပင် မသိလိုက်ဘဲ သူတို့၏ပတ်ဝန်းကျင်၌ဖြစ်ပျက်သမျှ အရာအားလုံးကို သူတို့က စုပ်ယူထားတတ်သည်။

အဓိကအချက်မှာ ပုံသွင်းလွယ်သောအသက်အရွယ်အတွင်းရှိ ကလေးများသည် ရေမြှုပ်နှင့်တူ၏—တစ်ခါတစ်ရံ ကျွန်ုပ်တို့ ပင် မသိလိုက်ဘဲ သူတို့၏ပတ်ဝန်းကျင်၌ဖြစ်ပျက်သမျှ အရာအားလုံးကို သူတို့က စုပ်ယူထားတတ်သည်။

သို့ဖြစ်၍ ဤအစောပိုင်းနှစ်များအတွင်း၌ သခင်ယေရှုအကြောင်း စပြီး စကားစမြည်ပြောပြီး ထိုမျိုးစေ့များ မဆိုင်းမတွ စတင်ကြီးထွားနိုင်ဖို့ ခွင့်ပြုပေးရန် အကြောင်းရင်းများပင်ဖြစ်ပါသည်။

 

Chris Wale သည် နေ့စဉ်ခွန်အားသာသနာလုပ်ငန်း ယူကေ၏ စာတည်းတစ်ဦးဖြစ်သည်။ ဟောပြောခြင်း၊ ကျမ်းစာလေ့လာသည့်အဖွဲ့များကိုဦးဆောင်ခြင်း သို့မဟုတ် ဆောင်းပါး ရေးသားခြင်းတို့အားဖြင့် သမ္မာကျမ်းသင်ကြားရန်အတွက် ဆုကျေးဇူးရှိသူဖြစ်သည်။ သူ၏ ဇနီးသည်နှင့် သားလေးနှစ်ဦးတို့နှင့် အတူနေထိုင်သည်။ မိသားစုနှင့်အတူအချိန်ကုန်ရခြင်း၊ သူတို့နှင့်အတူစွန့်စားမှုလုပ်ဆောင်ရခြင်း၊ သူကလေးများနှင့် စနောက် ဆော့ကစားရခြင်းကို နှစ်သက်သည့် ‘လက်တွေ့’ ဖခင်တစ်ဦးဖြစ်သည်။

ဤဆောင်းပါးကို မျှဝေပါ