စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Ade Chandra

သင်ဘယ်ရောက်နေလဲ

ဧဝေံဂလိဆရာ အဲဂါတန် ရေးဆန် ယန်း သည် ၁၇၀၀ ခုနှစ်ခန့်က ကနေဒါ နိုင်ငံရှိ Salteaux လူမျိုးစုအကြားတွင် အစေခံခဲ့ သည်။ လူမျိုးစုခေါင်းဆောင်က သခင်ယေရှု၏ သတင်းကောင်းကို ယူဆောင်ပေးခဲ့၍ ကျေးဇူးတင် ကြောင်း၊ ယခုလို ကြားရခြင်းသည် သူအသက်ကြီး မှ ပထမဦးဆုံးအကြိမ်အဖြစ် ကြားရခြင်းဖြစ်ကြောင်း သူ့ကို ပြောပြသည်။ ဘုရားသခင်က သူ၏ ကောင်းကင်ဘုံရှင်အဖဖြစ်ကြောင်း သိရပြီးနောက် ထိုခေါင်းဆောင်က “ဘုရားသခင်က ကျုပ်ရဲ့ အဖေလည်းဖြစ်သွားလား” ဟုမေးရာ ယန်း က “ဟုတ်ပါတယ်” ဟု ပြန်ဖြေလိုက်သောအခါ ဝိုင်းအုံ နေသည့် လူစုကြီး ဝမ်းမြောက်သွားပါတော့သည်။
ခေါင်းဆောင်ကြီး၏စကားက မပြီးသေးဘဲ “ရိုင်းသွားရင် ခွင့်လွှတ်ပါ။ ဒီတော ထဲမှာရှိတဲ့ ခင်ဗျားရဲ့ညီအစ်ကိုတွေကို ဒီအကြောင်းကို ပြောပြဖို့အချိန်အများကြီးကုန်ခဲ့ တယ်နော်” ဟု ပြောခဲ့သည်။ ဤစကားကို ယန်း မမေ့နိုင်ပြီ။…

ဝန်ချိန်လိုင်း

၁၉ ရာစုနှစ်က သင်္ဘောများသည် ဝန်ပိုတင်ဆောင်မှုကြောင့် သင်္ဘောများနစ်မြုပ်ပြီး သင်္ဘောသားများ ပင်လယ်ပြင်ထဲတွင် ပျောက်ရှ သေဆုံးခဲ့ရသည်။ ၁၈၇၅ ခုနှစ်တွင် ဤပေါ့ဆသော လုပ်ရပ်များအတွက် ဗြိတိန်နိုင်ငံရေးခေါင်းဆောင် စယ်မြူရယ် ပလင်းဆိုး သည် သင်္ဘောပေါ်တွင် ကုန်စည်များကို လိုသည်ထက် ပိုတင်ထားခြင်း ရှိ၊ မရှိကို ဖော်ထုတ်ရန် ဥပဒေသစ်တစ်ခုကို တင်ပြခဲ့သည်။ ၎င်းကို ဝန်စည်စလယ်များ  ချိန်တွယ်သည့် ပလင်းဆိုးမျဉ်းအဖြစ် လူသိများ ခဲ့ပြီး ယနေ့ထိတိုင် သင်္ဘောကိုယ်ထည်တိုင်းသော အမှတ် (သို့) မျဉ်းအဖြစ် ဆက်လက်အသုံးပြု ခဲ့သည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့ အသက်တာ များသည် ထိုဝန်ပိုတင်ထားသော သင်္ဘောများ ကဲ့သို့ ကြောက်ရွံ့ခြင်းများ၊ ရုန်းကန်ရမှုများ၊   စိတ်နှလုံး ထိခိုက်နာကျင်မှုများနှင့် ပြည့်နှက်နေ သည်။ လုံးဝကျရှုံးသွားတော့မည့် အန္တရာယ်အထိပင် ခံစားရတတ်သည်။ သို့သော် ဤ အခြေအနေတွင် ကျွန်ုပ်တို့၌ ထူးခြားအံ့ဖွယ်သော…

ကောက်ရိုးမပေး အုတ်တိုးပေး

ပစ္စည်းကိရိယာ မပြည့်မစုံ ရှိသမျှ လေးနှင့် လုပ်ကိုင်ရသော စိန်ခေါ်မှုများနှင့် ကျွန်ုပ်တို့ ရင်ဆိုင်ရတတ်ပါသည်။ ဥပမာ — လစာနည်းခြင်း၊ အချိန်နည်းခြင်း၊ စွမ်းအင်များတစ်စတစ်စကုန်ခန်း လာပြီး ကူညီမည့်သူနည်းသော်လည်း လုပ်ရမည့် အလုပ်များက မလျော့၊ တစ်ခါတစ်ရံ ပို၍ပင် များလာသည်။ ထို့ကြောင့် “ကောက်ရိုးမပေး၊ အုတ်တိုးပေး” ဟူ၍ပင် စကားပုံတွင်ခဲ့သည်။
ဤ စကားပုံလေးက အီဂျစ်ပြည်တွင်  ပင်ပန်းစွာ ကျွန်ခံသည့် ဣသရေလလူမျိုးများအား ဖော်ညွှန်းသည်။ ဖာရောမင်းသည် အုတ်လုပ်စရာဘို့ ကောက်ရိုးကို လူတို့အား အရင်ပေးသကဲ့သို့ မပေးဘဲ နေ၏။ သူတို့သည် အရပ်ရပ်သို့ကွဲပြား၍ ကောက်ရိုးကိုရှာနေစဉ် အုပ်ချုပ်သောသူတို့သည် ရိုက်နှက်ပြီး အလုပ်ပြီးအောင် ဖိအားပေးနှိုးဆော်ခဲ့ သည် (ထွ ၅း၁၃)။ ဣသရေလလူမျိုးများသည် စိတ်ဓာတ်ကျလာပြီး မောရှေအားဖြင့် ဘုရားသခင်မိန့်ကြားသည့် “ငါသည်လည်း သင်တို့ကို အဲဂုတ္တုလူတို့လက်မှလွှတ်၍...ငါ ရွေးမည်” (၆း၆)ဟူသော စကားကိုတောင်…

သဟဇာတဖြစ်ခြင်း

ကျွန်တော် ကြိုး (၅) ချောင်းတပ် ဘင်ဂျို တီးခတ်ရခြင်းကို နှစ်သက်လှသည်။ သို့ပေမယ့် ပြဿနာတစ်ခုမှာ (၅)ချောင်းမြောက်ကြိုးသည် သတ်မှတ်ထားသော ကော့ဒ်နှင့်သာ အသံညီညာမှုရှိ သည်။ အခြား ဂီတပညာရှင်များက ပို၍ခက်ခဲသော သီချင်းများကိုတီးလိုလျှင် ဘင်ဂျိုတီးသူအနေနှင့် အခက်ကြုံပြီ။ သူသည် မှန်ကန်စွာချိန်ဆညှိနိုင် မှသာလျှင် သာယာငြိမ့်ညောင်းသည့် တေးသွားကို ဖော်ကျူးနိုင်မည်။
ဂီတပညာရှင်က တူရိယာများကို ကိုက်ညှိရသကဲ့သို့ ကျွန်ုပ်တို့ ယုံကြည်သူများသည် လည်း ဘုရားသခင်ကို အစေခံရန် မိမိ၏ဝိညာဉ် ဆုကျေးဇူးများကို ပြင်ဆင်လျက် အခြားသူများနှင့် သဟဇာတဖြစ်အောင်နေရမည်။ ဥပမာအားဖြင့် သင်ကြားမှုပိုင်းမှာ ဆုကျေးဇူးရှိသူသည် အစီအစဉ် ရေးဆွဲသူ၊ အစီအစဉ်အတွက်နေရာထိုင်ခင်း ပြင်ဆင်ပေးသူ သန့်ရှင်းရေးလုပ်ပေးသူများနှင့် ညှိနှိုင်းတိုင်ပင်သင့်သည်။ ကျွန်ုပ်တို့ အယောက်ချင်းစီတိုင်းတွင် ဆုကျေးဇူးအသီးသီးရှိကြသည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုတော်ပြီးပြည့်စုံရန် ကျွန်ုပ်တို့အတူတကွ လုပ်ဆောင်သင့်သည်။
တမန်တော်ရှင်ပေါလုက “သင်တို့သည် ဆုကျေးဇူးအချင်းချင်းဝေငှပေးကမ်း ကြလော့”…

ကြီးမြတ်ခြင်းအစစ်အမှန်

အချို့သောသူများက ၎င်းတို့ကိုယ်ကို အရေးမပါသည့် ကျောက်ခဲလေးပမာ ခံစားရသည်။ မိမိကိုယ်ကို စိုးစဉ်းမျှအရေးမပါဟု မည်သို့ပင် ဆုံးဖြတ်သတ်မှတ်လည်း ဘုရားသခင်က ကျွန်ုပ် တို့ကို အံ့မခန်း အသုံးပြုနိုင်ပါသည်။
၁၉၆၈ ခုနှစ် နှစ်ဦးပိုင်းအချိန်က မာတင်လူသာ ကင်း ဂျူနီယာသည် မာကု ၁၀ မှ အစေခံခြင်းနှင့်ဆိုင်သည့် သခင်ယေရှု၏စကားကို ကိုးကားပြီး “လူတိုင်းက အစေခံတဲ့အလုပ် လုပ်နိုင်တာမို့လို့ လူတိုင်းဟာ ကြီးမြတ်သူတွေ ဖြစ်နိုင်ပါတယ်။ အစေခံနိုင်ဖို့ ဒီဂရီတွေ၊ ဘွဲ့တွေ မလိုပါဘူး။ ပလေတိုတို့၊ အရစ်စတိုတယ်တို့ကို သိစရာမလိုပါဘူး။ ... ကျေးဇူးပြုချင်တဲ့သဘောနဲ့ပြည့်ပြီး မေတ္တာစိတ်က စေ့ဆော်တဲ့ စိတ်ဝိညာဉ်ရှိဖို့ပဲ လိုတယ်” ဟုဟောပြောခဲ့သည်။
ကောင်းကင်၌ မည်သူကကြီးမြတ်ပြီး ချီးမြှောက်ခံရမည်နည်းဟု ငြင်းခုံကြသည့်  တပည့်တော်များအား သခင်ယေရှုက “သင်တို့တွင် အကဲအမှူးပြုလိုသောသူသည် သင်တို့ အစေခံဖြစ်ရမည်။ သင်တို့တွင် အထွတ်အမြတ် လုပ်ချင်သောသူသည်လည်း အလုံးစုံတို့၏…

လူနှစ်ဦး

ကျွန်မတို့မြို့၌ တစ်ရက်တည်းမှာ လူနှစ်ဦး အသတ်ခံရသည်။ တစ်ဦးက ရဲအရာရှိ ဖြစ်ပြီး မိသားစုတစ်စုကို ကာကွယ်ရန် ကြိုးစားရင်း သေနတ်မှန်သွားသည်။ ကျန်တစ်ဦးက အခြေမဲ့ အိမ်မဲ့သူဖြစ်ပြီး သူ့အပေါင်းအသင်းများနှင့် သောက်စားရမ်းကားစဉ် ပစ်သတ်ခံရသည်။ ထို ရဲအရာရှိအတွက် တစ်မြို့လုံးက ကြေကွဲဝမ်းနည်း ကြသည်။ သူက လူကောင်းတစ်ဦးဖြစ်ပြီး သူတစ်ပါးကို စောင်မကူညီသူဖြစ်သည်။ သူ့ အိမ်နီးချင်းများကလည်း သူ့ကို နှစ်သက်သည်။ အခြေမဲ့သူအတွက်မူ မိတ်ဆွေ မဆိုစလောက်က ဝမ်းနည်းကြသည်။ ဘုရားသခင်က သူတို့အားလုံး နှင့်အတူ ဝမ်းနည်းလိမ့်မည်။
မာရိ၊ မာသနှင့် မိတ်ဆွေများက လာဇရုအတွက် ဝမ်းနည်းကြစဉ် ယေရှုလည်း  အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်း ရှိခဲ့သည် (ယော ၁၁း၃၃)။ သခင်က လာဇရုတို့ မောင်နှမသုံးယောက်ကို ချစ်သည်။ မကြာမီမှာပင် လာဇရုကို သူထမြောက်စေမည်ကို သိသော်ငြားလည်း သူတို့နှင့်အတူ ယေရှုမျက်ရည်ကျခဲ့သည် (း၃၅)။…

သန့်စင်ပြီး

ဘုရားကျောင်းသွားမည့် သားသမီးများ လူရှေ့သူရှေ့ တင့်တယ်၍ ကြည့်ကောင်းအောင် ပြင်ဆင်ပေးရခြင်းက တကယ့် စိန်ခေါ်မှုပါ။ ဘုရားကျောင်းရောက်ပြီး ၁၀ မိနစ်အတွင်း ကျွန်တော့်သား မက်သျူးမှာ မိမဲ့ဘမဲ့ကလေးနှင့်သာ တူတော့သည်။ ခန်းမအောက်သို့ သူပြေးဆင်း သွားစဉ် လှမ်းကြည့်လိုက်ရာ အင်္ကျီကြယ်သီးများ လည်းပြုတ်၊ မျက်မှန်လည်းရွဲ့စောင်း၊ ရှူးဖိနပ် ၌လည်း ပွန်းရာခြစ်ရာများနှင်၊့ အင်္ကျီ၌ မုန့်အစအန များ ပေပွလျက်၊ တကယ့် ကြောင်ချေးရုပ်။
တစ်ခါတစ်ရံ ကျွန်တော်တို့လည်း ထိုပုံပေါက်နေမလားဟု ကျွန်တော်တွေးမိသည်။ ခရစ်တော်က သူ၏ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ အား ဝတ်ဆင်ပေးပြီးနောက် ကျွန်ုပ်တို့၏ အသက်ရှင်မှုက ဘုရားသခင်နှင့် မဆိုင်၊ မပတ်သက်သည့်ပုံပေါက်နေသည်။
ထို့ကြောင့် ရှင်ယုဒက “ထိမိ၍လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှာ၎င်း၊ အပြစ်မရှိဘဲ၊ သင်တို့ကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှာ” သခင်ယေရှု တတ်နိုင်တော်မူကြောင်း ဆိုခဲ့သည် (ယု ၁း၂၄)။…

ကောင်းကင် အမြင်ရှုထောင့်

ဖင်းနီ ခရော့စ်ဘီသည် မွေးကင်းစ အရွယ်မှာပင် အမြင်ကွယ်ခဲ့သော်လည်း သူသည် အံသြစရာကောင်းလောက်အောင် ကျော်ကြား သော ခရစ်ယာန်ဓမ္မတေးရေးစပ်သူတစ်ဦး ဖြစ်လာသည်။ သူအသက်ရှင်သမျှကာလပတ်လုံး ဓမ္မတေးပေါင်း ၉၀၀၀ ကျော်ရေးသားခဲ့သည်။ သူရေးခဲ့သည့် သီချင်းများအနက် Blessed Assurance နှင့် “ဘုရားသခင်အား ဘုန်းကြီးစေ သောကျူး” သီချင်းနှစ်ပုဒ်မှာ အထူးထင်ရှားလှ သည်။
အချို့က ဖင်းနီကို သနားကြသည်။ ဆရာတစ်ပါးက “မင်းကို ဘုရားသခင်က ဆုကျေးဇူးများစွာ ပေးသနားပြီးမှ မျက်လုံးမြင်ခွင့် မပေးတာ သိပ်ဝမ်းနည်းဖို့ကောင်းတာပဲ” ဟု ပြောသည်။ ပြောရက်လေခြင်း၊ ယုံပင် မယုံနိုင် ပါ။ သို့သော် ဖင်းနီက “မွေးစမှာ ဆုတစ်ခုပန်ခွင့်ရမယ်ဆိုရင် မွေးရာပါ မျက်စိမမြင်ဖို့ပဲ ကျွန်မတောင်းမှာဆရာ၊ ... ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်နိုင်ငံရောက်တဲ့အခါ ပထမဆုံး ကျွန်မအမြင်မှာ ကယ်တင်ရှင်ကိုသာ မြင်လိုပါတယ်” ဟု ပြန်ဖြေခဲ့သည်။
ဖင်းနီသည်…

ရုံငယ်

နံမည်ကျော် ဧဝံဂေလိ ဆရာကြီး ဘီလီ ဂရေဟမ်၏ ၁၉၄၉ ခုနှစ် လော့စ် အိန်းဂျလိစ်မြို့ ဟောပြောပွဲ၌ လူ ၆၀၀၀ ဆန့်သည့် ရွက်ဖျင်တဲ ရုံကြီးအတွင်း ညစဉ်ရုံပြည့်လျှံခဲ့သည်။ ၎င်းအနီးရှိ  ဖျင်တဲ ရုံငယ်လေးတွင်မူ အကြံပေးဆွေးနွေးခြင်း၊ ဆုတောင်းခြင်းများပြုလုပ်သည်။ တေးဂီတပိုင်း ဦးဆောင်ညွှန်ကြားသူ ဆရာ ဂရေဟမ်၏မိတ်ဆွေ ရင်းချာနှင့် လက်ထောက်ဖြစ်သည့် ဆရာ ခလစ်ဖ် လားရိုးစ် က “ထိုရုံကလေး”တွင်မှ တကယ် အလုပ် ဖြစ်သည်ဟု မကြာခဏပြောလေ့ရှိသည်။ ဧဝံဂေလိ ဟောပြောပွဲမစမီနှင့် အစီအစဉ်တစ်လျှောက်လူတို့ ရောက်ရှိလာကြပြီး ဆုတောင်းကြကြောင်း၊  လော့စ် အိန်းဂျလိစ်မြို့ခံ  ပုလဲဂူဒ် အမည်ရှိအမျိုးသမီးက ဆုတောင်းခြင်းအပိုင်းကို ဦးဆောင်ခဲ့သည်။
ကောလောသဲမြို့ရှိ ခရစ်တော်နောက်လိုက်များထံ ရှင်ပေါလု စာရေးသားခဲ့ရာ၊ သူနှင့်အပေါင်းအပါမိတ်ဆွေများက ၎င်းတို့အတွက် မပြတ်ဆုတောင်းပေးနေကြောင်း ပြော ကြားခဲ့သည် (ကော ၁း၃၊ ၉)။ စာအဆုံးတွင်…

အစားအသောက်များ

ဂျမေးကားနိုင်ငံ နားမကြားသူများ ခရစ်ယာန်ကျောင်း၏ တာဝန်ခံ၊ ကျွန်တော့်မိတ်ဆွေ ဆရာမ မားရှာက တစ်စုံတစ်ရာကို ကျွန်ုပ်တို့ ရှုမြင်ပုံသည် အရေးကြီးကြောင်း မကြာမီက သရုပ်ပြ ခဲ့သည်။ သူက သတင်းလွှာ၌ “မင်္ဂလာရှိသော အစပြုမှု” ဟူသည့်ခေါင်းစဉ်ဖြင့် စာမူတစ်ပုဒ် ရေး  ခဲ့သည်။ ထိုစာမူ၌ သူက ၎င်းတို့၏ကျောင်းသည် ၇ နှစ်အတွင်း ပထမဆုံးအကြိမ် နှစ်သစ်ကို ပိုလျှံ သော ကောင်းချီးများဖြင့် အစပြုသည်ဟု ရေးသား ခဲ့သည်။ ပိုလျှံသော ကောင်းချီးက ဘာများဘာလိမ့်။ ဘဏ်စာရင်း၌ ဒေါ်လာတစ်ထောင်ရရှိခြင်းလား၊ ကျောင်းအတွက် လိုအပ်သောပစ္စည်းများတစ်နှစ်စာ ရရှိခြင်းလား။ တစ်ခုမှ မဟုတ်ပါ။ ကျောင်းအတွက် တစ်လစာ အစားအသောက်များ ရရှိခြင်းသာဖြစ်သည်။
ဆာလောင်နေသည့် ကလေးအယောက် ၃၀ ကို တာဝန်ယူကျွေးမွေးရသည့် တာဝန်ခံအတွက် ၎င်းသည် မဟာကောင်းချီးဖြစ်သည်။ မားရှာက သူ့စာမူတွင် (၅ရာ…