စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Ade Chandra

အကြောက်ကင်းသော ချန်ပီယံ

ကျွန်တော် ကလေးဘဝက နှစ်ခြိုက်စွာ အိပ်ပျော်ရန်မှာ ခက်ခဲသောကိစ္စဖြစ်သည်။ မိဘ များက မီးပိတ်လိုက်သောအခါ ကုလားထိုင်ပေါ်၌ ကျွန်တော်လုံးထွေးတင်ထားသည့် အဝတ်များက ကြောက်စရာ မီးနဂါးအသွင် ပြောင်းသွားမလား၊ အိပ်ရာအောက်မှ တစ်စုံတစ်ရာက ကျွန်တော် အိပ်မရအောင် ခြောက်လှန့်နေမလား စသည့် အတွေးများကြောင့် အိပ်မရနိုင်ပါ။
သို့သော် မလှုပ်နိုင်အောင် ချုပ်ထား သည့် ကြောက်ရွံ့စိုးစိတ်သည် ကလေးဘဝ၌ ကြုံရသော ကိစ္စမဟုတ်ကြောင်း ကျွန်တော် နားလည် သဘောပေါက်လာသည်။ ကြောက်စိတ် ကြောင့် ခွင့်မလွှတ်နိုင်၊ အလုပ်၌ ကြံ့ကြံ့ခံ မရပ် တည်နိုင်၊ ဘုရား၏နိုင်ငံတော်အတွက် မိမိ၌ရှိသမျှကို မပေးနိုင်၊ အားလုံးက တစ်စိတ် တစ်သဘောတည်း ဖြစ်ချိန်၌ မိမိက ဆန့်ကျင်သည်။ အသက်တာရှိ စိုးကြောက်စိတ်များနှင့် မိမိဖာသာတစ်ဦးတည်းရုန်းကန်နေသည်။
မုန်တိုင်းမိနေသည့် လှေပေါ်တွင် ကြောက်စိတ်မရှိသူမှာ ယေရှုတစ်ဦးတည်း ဖြစ်ကြောင်းအချက်က ကျွန်တော့်စိတ်ကို ဖမ်းစားသည်။ သခင်က…

အခြားသူများကို ကူညီသည့်အခါ

နှင်းမုန်တိုင်းကျပြီး စားကျက်များ၌ နှင်းဖုံးနေချိန်တွင် ပိုင်ရှင်များက ကျွဲနွားများကို ကိုယ်တိုင် အစာကျွေးရသည်။ လှည်းနှင့်ထရပ် ကားပေါ်မှကောက်ရိုးများ ချလိုက်သော်အသန်ဆုံး တိရစ္ဆာန်များက ရှေ့သို့ထွက်လာပြီး အစာစား သည်။ အားနည်းသော၊ ဖျားနာသော အကောင်များက ပိုင်ရှင်ကိုယ်တိုင် မကျွေးလျှင် လုံးဝမစား၊ အချို့က အနည်းငယ်သာစားသည်။
ဒုက္ခသည်စခန်းမှ လုပ်သားများနှင့် မုန့်ဖိုမှလုပ်သားများကလည်း အလားတူပုံစံမျိုး တင်ပြကြသည်။ ဆင်းရဲသားများအတွက် အစာ သိုလှောင်စတိုခန်းကို ဖွင့်လိုက်သည်နှင့် အမှန် တကယ် အစာရေစာလိုအပ်သူများ၊ အားနည်း သူများနှင့် မဝံ့မရဲဖြစ်သူများက ရှေ့သို့တက်မလာ ကြပါ။ တိရစ္ဆာန်ပိုင်ရှင်များကဲ့သို့ လူသားချင်း ကူညီရိုင်းပင်းသူများက ရှေ့သို့တိုးကာ သူတို့၏အစေခံဝန်ဆောင်မှုသည် အားနည်းပင်ပန်း ၍ ဖျားနာသူများထံ တကယ်ရောက်အောင် လူမှုရေးဂရုပြုမှုကို အစွန်းတိုင် ပြကြရသည်။
၎င်းတို့သည် ရှေးက ဘုရားသခင်ချမှတ်ခဲ့သည့်ပညတ်ကို ဖော်ဆောင်နာခံခြင်း ဖြစ်သည်။ ဝတ်ပြုရာကျမ်း (၁၉) တွင် မောရှေက…

ဂျစ်စောအရုပ်ဆက် အပိုင်းတစ်စ

မွေးနေ့လက်ဆောင်ပေးသည့် ထုံးစံကို ပြောင်းပြီး မွေးနေ့ရှင် ခရစ္စတီးက ဧည့်ပရိတ်သတ် တိုင်းကို လက်ဆောင်ပေးသည်။ ကျွန်ုပ်တို့သည် သူ့အတွက် မည်သို့သောမိတ်ဆွေဖြစ်ကြောင်း ဖော်ပြလျက် ဘုရားသခင်အလိုရှိသောသူဖြစ်ရန် တိုက်တွန်းအားပေးသော စာတိုလေးကို ကျွန်ုပ်တို့ တစ်ယောက်ချင်းစီကို သူပေးသည်။ ထို့ပြင် ကျွန်ုပ်တို့တစ်ဦးချင်းစီသည် ဘုရားသခင်၏ အကြံ အစည်၌ သူမတူအောင် အရေးကြီးကြောင်း သတိ ပေးသည့်အနေဖြင့် အရုပ်ဆက်ကစားသည့်
ဂျစ်စော အပိုင်းတစ်စကိုလည်း စာအိတ်၌ ထည့်ထားပေးသည်။
ထိုအတွေ့အကြုံက ၁ ကော ၁၂ ကို အမြင်သစ်ဖြင့် ကျွန်တော်ဖတ်မိသည်။ ရှင်ပေါလုက ခရစ်တော်၏ကိုယ်တည်းဟူသော အသင်းတော်ကို လူ့ခန္ဓာကိုယ်နှင့်နှိုင်းယှဉ်ပြသည်။ ကျွန်ုပ်တို့၏ ရုပ်ခန္ဓာ၌ လက်၊ ခြေ၊ မျက်စိ၊ နားများရှိပြီး အားလုံးမှာစုပေါင်းထားသော ခန္ဓာကိုယ်ဖြစ်သည်။
ခရစ်တော်နောက်လိုက် မည်သူမဆိုသည် ခန္ဓာကိုယ်နှင့် ကွာပြီးသူ့ဖာသာသူ သီးခြားနေ၍ မရသကဲ့သို့ အင်္ဂါအစိတ်အပိုင်းတစ်ခုက အခြားတစ်ခုကို မလိုအပ်ဟုပြော၍…

ရှက်ဖွယ်အချိန်များ

ယာဉ်ထိန်းရဲကားမှ မီးထိုးထားသဖြင့် စည်းကမ်းမဲ့ ယာဉ်မောင်းထံသို့ ကျွန်တော့်အာရုံ ရောက်သွားသည်။ ရဲအရာရှိက စာအုပ်၌ ရေးမှတ် ပြီး ပြန်လှည့်လာသည်။ အရေးယူခံရသည့် အမျိုးသမီးမှာ ရှက်ရှက်နှင့် အကူအညီမဲ့ဖြစ်နေပုံ ကို အထင်းသားမြင်နေရသည်။ အနီးမှ ဖြတ်သွား သူများ မမြင်အောင်၊ သူ့ကို မမှတ်မိအောင် သူ့မျက်နှာကိုလက်ဖြင့် ကာထားသည်။ မိမိ၏ ရွေးချယ်မှုနှင့် အကျိုးအပြစ်ကို ကျွန်ုပ်တို့အား ပြန်ပြလျှင် အလွန်ရှက်စရာကောင်းကြောင်း သူမ၏ အပြုအမူအားဖြင့် ကျွန်တော် သင်ခန်းစာရ နားလည်ခဲ့သည်။
အမျိုးသမီးတစ်ဦးကို ယေရှု ရှေ့မှောက်ခေါ်လာပြီး သူ့အပြစ်ကို လူအများ ရှေ့တွင် ဖော်ထုတ်ရာ လူအုပ်ကြီးက ကြည့်နေ ရုံမက သူ့ကိုစီရင်ရန်ပြောသည်။ သို့သော် ယေရှုက ကရုဏာပြသည်။ တရားစီရင် ပိုင်ခွင့်ရှိသည့် တစ်ဦးတည်းသောပုဂ္ဂိုလ်က သူ့အားနည်းချက်ကို ကရုဏာဖြင့် တုံ့ပြန် သည်။ သူမကို အပြစ်တင်သူများဆုတ်သွားမှ ယေရှုက…

အနိဋ္ဌာရုံမှတ်တမ်း

ပထမကမ္ဘာစစ်ကြီး စတင်စဉ်က ယိစ် ကွန်ဂါသည် ဆယ်နှစ်အရွယ်သာရှိပြီး၊ သူနေထိုင် သည့် ပြင်သစ်မြို့ငယ်လေးကို ဂျာမန်စစ်တပ်က ဝင်ရောက်သိမ်းပိုက်သည်။ သူ့မိခင်က သူ့အား နေ့စဉ်မှတ်တမ်း ဒိုင်ယာရီရေးရန် အားပေးခဲ့ သဖြင့် သူက စစ်တပ်မှဝင်ရောက်သိမ်းပိုက်ခြင်း အကြောင်းကို ရေးမှတ်ပြီး ပုံလေးများဆွဲ အရောင် ခြယ်ကာ ရှင်းလင်းစွာ မှတ်တမ်းတင်ခဲ့သည်။ သူ့ ဒိုင်ယာရီက စစ်အနိဋ္ဌာရုံကို ကလေးအမြင်ဖြင့် ရေးမှတ်ထားခြင်းပါ။
စစ်မြင်ကွင်းကို မျက်မြင်ကြုံခဲ့ရသည့် ရလဒ်အကျိုးကား အခြားသူများထံ ခရစ်တော်၏ မျှော်လင့်ခြင်းကို ဆောင်ကြဉ်းပေးရန် စေစားခံရ သည်ဟု သူခံစားခဲ့ရသည်။
ရှေးရာစုနှစ်အစောပိုင်းက ပရောဖက် ယေရမိသည်လည်း ယေရုရှလင်မြို့ကို နေဗုခဒ်နေဇာ မင်းကြီး ဝင်ရောက်သိမ်းပိုက်ခြင်းကို ကိုယ်တွေ့မြင်ခဲ့ရသည်။ သူမြင်တွေ့ခံစားခဲ့ရသမျှကို ယေရမိမြည်တမ်းစကားအဖြစ် ဒိုင်ယာရီမှတ်တမ်းရေးခဲ့သည်။ ဤသို့စိတ်ပျက်စရာများ ရှိသည့်တိုင် ဘုရားသခင်၏ထံမှမျှော်လင့်ခြင်းကို သူမြင်ခဲ့သည်။ “ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည်…

အဖ၏ စကားများကို သတိရခြင်း

ရိန်းနီးယားတောင်မှ ဆင်းလာစဉ် ဂျင်း ဒေးဗစ်ဆန်သည် နှင်းထူထပ်သောတံတားပေါ်မှ မှောင်ပိန်းနေသော ရေခဲမြစ်အက်ကြောင်းဂလိုင် ထဲသို့ ကျသွားသည်။ ဂျင်း သည် သွေးစွန်းနေ သော ဒဏ်ရာဒဏ်ချက်များနှင့် မဲမှောင်နေသော ရေခဲဂလိုင်ထဲတွင် ရပ်လျက် သူ၏ငယ်စဉ်ကလေး ဘဝကို ပြန်မြင်ယောင်သည်။ ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရင်ဆိုင်ပါက ကြီးမားသော အောင်မြင်မှု ကို ရရှိနိုင်သည်ဟူသော သူ့ဖခင်၏ထပ်တလဲလဲ သတိပေးစကားကို ပြန်လည်သတိရမိသည်။ ထိုစကားများက ဂျင်း ဆက်ပြီး အသက်ရှင်နိုင် အောင် အမအစဖြစ်ခဲ့ပြီး နောက် ၅ နာရီ အကြာတွင် မဲမှောင်နေသော ရေခဲဂလိုင်ထဲမှ အလွန်အမင်းခက်ခဲပြင်းထန်သော အခြေအနေမှ ဘေးလွတ်ရာသို့ တဖြည်းဖြည်း ထွက်လာနိုင်ခဲ့သည်။
ဆာလံဆရာသည်လည်း ကောင်းကင်ဘုံရှင်အဖ၏ စကားတော်များကို ပြန်လည်ဆင်ခြင်ခြင်းအားဖြင့် ဒုက္ခနှင့်နာကျင်မှုအက်ကြောင်းမှ ရုန်းထွက်ခဲ့ပုံရသည်။ “အကျွန်ုပ်သည် ကိုယ်တော်၏တရား၌ မွေ့လျော်ခြင်းမရှိလျှင် အထက်က ဆင်းရဲခံစဉ် ပျက်စီးပါပြီ” ဟု သူဝန်ခံခဲ့သည်…

အကောင်းနှင့် အဆိုး

မနာခံသော ပရောဖက်ယောနဝတ္ထု တွင် ကျွန်ုပ်တို့ ပိုကောင်းလာရေး ကျွန်ုပ်တို့ကို စိန်ခေါ်ရန်နှင့် ပြောင်းလဲရန် ဘုရားသခင်သည် ကောင်းချီးမင်္ဂလာနှင့် စုံစမ်းခြင်းနှစ်မျိုးလုံးကို အသုံးပြုကြောင်း ဖော်ပြထားသည်။ ယောနဝတ္ထု၌ ဘုရားသခင် အကောင်းနှင့်အဆိုး — အခြေအနေ နှစ်မျိုးလုံးကို ယောနအတွက် ပြင်ဆင်ထားကြောင်း ဖော်ပြထားသည်။
ယောန ၁း၎ တွင် ဘုရားသခင်သည် မုန်တိုင်းတစ်ခုကို စေလွှတ်လိုက်သည်။ ကိုယ်တော် သည် “ပြင်းစွာသောလေကို ပင်လယ်အပေါ်သို့ စေလွှတ်တော်မူသဖြင့်၊ ပင်လယ်၌ ကြီးစွာသော မိုးသက်မုန်တိုင်းဖြစ်၏။”  ယောနသည် မုန်တိုင်း ကျစေသည့် တရားခံဖြစ်ကြောင်း သင်္ဘောသားတို့ သိရှိသွားသောအခါ သူ့အား ပင်လယ် ထဲသို့ ပစ်ချကြသည် (၁း၁၅)။ ထို့နောက် ရေနစ်ခြင်းဘေးမှ သူ့ကို ကယ်ရန်အတွက် ဘုရားသခင်သည် “ယောနကို မျိုစေခြင်းငှာ ငါးကြီးကို ခန့်ထားတော်မူခဲ့သည်” (၁း၁၇)။
ယောနဝတ္ထု၏နောက်ပိုင်းတွင် ယောနအရိပ်ရရန်အတွက် “ကြက်ဆူပင်ကို…

ကျောက်

မန်ဆာချူးဆက်ပြည်နယ်သို့ ကျွန်မတို့ ဇနီးမောင်နှံခရီးသွားရာ ခရစ်တော်၏ရုပ်ပုံ ထွင်းထု ထားသည့် ပလိုင်းမောက် ကျောက်တောင်သို့ သွားရောက်လည်ပတ်ခဲ့သည်။ ထိုနေရာသည် ၁၆၂၀ ခုနှစ်က မေဖလားဝါးသင်္ဘောဖြင့် အမေရိကသို့ ရောက်လာသူများ ပထမဆုံးခြေချခဲ့ သည့် နေရာဟု ယူဆကြသည်။ ၎င်း၏ထူးခြားချက် များကို လေ့လာရင်း ၎င်း၏အရွယ်အစား အလွန် သေးငယ်ခြင်းကြောင့် အံ့သြစိတ်ပျက်မိသည်။ ရေမြေသဘာဝ၏ တိုက်စားခြင်းနှင့် လူတို့က ကျောက်တုံး ကျောက်ခဲလေးများကို ဖဲ့ယူကြ ခြင်းကြောင့် ၎င်းသည် နဂိုမူလအရွယ်အစား၏ သုံးပုံတစ်ပုံသာ ကျန်တော့သည်။
သမ္မာကျမ်းစာက သခင်ယေရှုအား အစဉ်အမြဲ မပြောင်းလဲသော ကျောက် (ဟေဗြဲ ၁၃း၈၊ ၁ ကော ၁၀း၎) ဟု ဖော်ပြထားသည်။ ခိုင်မြဲသော ကျောက်ဖြစ်သည့် ကိုယ်တော်၌ ကျွန်ုပ်တို့၏ ဘဝများကို တည်ဆောက်နိုင်သည်။ “ယုံကြည်သူအစုအဝေး” ဟူသည့် အသင်းတော်သည် တိုက်ထောင့်အမြစ်ကျောက်ဖြစ်သော ယေရှုခရစ်၌…

ပေးကမ်းခြင်းမင်္ဂလာ

“မုဆိုးမအိမ်ကို လုယူသိမ်းစားသည့်” ကျမ်းတတ်ပုဂ္ဂိုလ်များ ကြီးစိုးသော၊ ဘာသာရေး စီရင်ထုံးဓလေ့များယိုယွင်းနေသော ယေရုရှလင် ဗိမ္မာန်တော်သို့ ပေးလှူသည့် မုဆိုးမတစ်ဦး၏ ဒင်္ဂါးလေးက ဘာမှအရာမရောက်ပါ။ သို့သော် ထို မိန်းမ၏ အပြုအမူတွင် ငွေကြေးနှင့်ပတ်သက်၍ မှန်ကန်သော သဘောထား ထင်ဟပ်နေသည်ကို သခင်ယေရှုမြင်တွေ့ခဲ့သည် (း၄၁-၄၄)။
ဝါရှင်တန်ဒီစီရှိ Church of the Saviour အသင်းတော်၌ သင်းအုပ်အဖြစ် အမှုတော် ဆောင်သည့် ဆရာ ဂေါဒန် ခရောစ့်ဘီ က မုဆိုးမ တစ်ဦးအကြောင်း ပြောပြသည်။ သူမ၌ ပြုစု ကျွေးမွေးပြီး အဝတ်ဆင်ပေးရမည့် ကလေး ၆ ယောက်ရှိပြီး သူ့ဝင်ငွေက လောက်ငရုံသာရှိ သည်။ သို့သော် အပတ်တိုင်း အလှူငွေပုံးထဲသို့ အလှူငွေ ၄ဒေါ်လာကို သစ္စာရှိစွာ ပေးလှူ သည်။ ထိုငွေကို သူ့မိသားစုအတွက်သုံးရန် သွားပြောပါဟု သင်းထောက်တစ်ဦးက…

အောင်မြင်မှုနှစ်ခု

ဒါဝိဒ်မင်းသည် ရန်သူနှင့် ရင်ဆိုင်ရာ၌ အနိုင်ရခဲ့သည်။ ငယ်ရွယ်သော သိုးကျောင်းသား ဘဝက သူသည် ထိပ်တန်းဖိလိတ္တိစစ်သူရဲ ဂေါလျတ်နှင့် ရင်ဆိုင်ရာတွင် ကျောက်ခဲတစ်လုံး တည်းဖြင့် အောင်ပွဲခံခဲ့သည် (၁ရာ ၁၇)။ ယခုတွင် ဒါဝိဒ်က ဣသရေလဘုရင်ဖြစ်နေပြီး၊ ဖိလိတ္တိလူတို့ နောက်တစ်ကြိမ် လာပြန်သည်။ ဒါဝိဒ် ရှင်ဘုရင်ဖြစ်ကြောင်း သူတို့ကြားသောအခါ တိုက်ခိုက်ရန် ဆုံးဖြတ်ကြသည် (၂ ရာ ၅း၁၇)။
အကြပ်အတည်းနှင့် ရင်ဆိုင်ရသော် ကျွန်ုပ်တို့ ပထမဆုံး ဘာလုပ်သနည်း။ အထိတ်တလန့်ဖြစ်ပြီး စီစဉ် ပြင်ဆင်ကြမည်။ သို့မဟုတ်ပါက ဒါဝိဒ် ပထမဆုံးဆုတောင်းသကဲ့သို့ ကျွန်ုပ်တို့ ဆုတောင်းနိုင်ပါသည်။ “ဒါဝိဒ်သည် ထာဝရဘုရားကို မေးလျှောက်ခဲ့ပြီး” (း၁၉) ဘုရားသခင်က သူ့ကို လမ်းပြခဲ့သည်။
ဒါဝိဒ်သည် ဖိလိတ္တိလူတို့နှင့် တိုက်ပွဲနှစ်ပွဲ ဆင်နွှဲရမည်။ ပထမစစ်ပွဲမှာ ဗာလ ပေရဇိမ် အရပ်တွင်ဖြစ်ပြီး၊ နောက်တစ်ခုမှာ ရေဖိမ်ချိုင့်တွင်ဖြစ်သည်။…