စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Ade Chandra

၀င်ရန်

[rbc_profiles_login]

ယူကရိန်း ခရစ်စမတ်

ယူကရိန်းနိုင်ငံတွင် ခရစ်စမတ်ပွဲ ကျင်းပသည့် ဓလေ့ထုံးစံသည် အခြားနိုင်ငံများနှင့် မတူ၊ အံ့ဩဖွယ် အလေ့အထများ၊ အခင်းအကျင်း များဖြင့် တမူထူးခြားလှသည်။ တစ်ခါတစ်ရံ ယေရှု မွေးဖွားသည့် နွားစားခွက်ကို သတိရစေရန် ထမင်းစားပွဲပေါ်တွင် ကောက်ရိုးမျှင်အချို့ တင်ထား
လေ့ရှိသည်။ ကယ်တင်ရှင်ဘုရား လောကသို့ ကြွဆင်းလာသည့်ညက အဖြစ်အပျက် အကြောင်း
ကို ထပ်တလဲလဲ ထင်ဟပ်ဖော်ပြခြင်းကလည်း ခရစ်စမတ်ပွဲကျင်းပရာ၌ မပါမပြီးသောအပိုင်းဖြစ် သည်။ အိမ်ထောင်တွင် ခရစ်စမတ်ဆုတောင်း ၀တ်ပြုခြင်းအပြီး၌ အိမ်ထောင်ဦးစီးဖခင်မှ “ခရစ်တော် မွေးဖွားပြီ”ဟု စတင်နှုတ်ခွန်းဆက်ရာ၊ မိသားစုများ ကလည်း “ကိုယ်တော်၏ ဘုန်းတော်ကို ချီးမွမ်းကြစို့” ဟု ပြန်လည် တုန့်ပြန်ရသည်။
ထိုသို့ ချီးမွမ်းမြွက်ဆိုခြင်းများက ခရစ်တော်မွေးဖွားသည့်ညတွင် ဗက်လင်မြို့ကောင်းကင်ယံ၌ ကောင်းကင်တမန်များ ပေါ်လာပုံကို ကျွန်တော့်စိတ်ထဲမြင်ယောင်မိစေသည်။ “ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင် ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလို့ငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ” (လု ၂း၁၁)…

ဘယ်မောင်း

အမေရိကန်နိုင်ငံ၌ ကြီးပြင်းလာသူ အနေဖြင့် အချို့သော နိုင်ငံများတွင် ယာဉ်ကြောမှာ ညာမောင်းမဟုတ်ဘဲ ဘယ်မောင်းဖြစ်နေခြင်းက ကျွန်တော့်အတွက် စိတ်ဝင်စားစရာပါ။ အင်္ဂလန် နိုင်ငံသို့ ကျွန်တော်ရောက်ခဲ့စဉ်က ဧည့်လမ်းညွှန် တစ်ဦးက ဤဥပဒေနှင့် ပတ်သက်၍ ဖြစ်နိုင်ချေ အကြောင်းပြချက်တစ်ခုကို ရှင်းပြပါသည်။ “၁၈၀၀ ခုနှစ်များအတွင်းက လမ်းလျှောက်သူများ၊ မြင်းစီး သူများ၊ လှည်းများမှာ အတူတကွ တစ်လမ်းထဲ သွား ကြသဖြင့် လှည်းတစ်စီးက လမ်း၏ညာဖက်တွင်ရှိ နေပါလျှင် လှည်းမောင်းသူ၏ ကြာပွတ်က တစ်ခါ တစ်ရံ ဘေးမှဖြတ်သွားသူကို ထိမိလေ့ရှိသည်။ ဤအဖြစ်မျိုးကို ရှောင်ရှားရန်အတွက် ခြေလျင် လျှောက်သူများ မထိခိုက်စေရေး လှည်းများကို လမ်း၏ ဘယ်ဖက်မှကပ်၍သွားရန် ဥပဒေ ထုတ်ပြန်ခဲ့သည်။
လမ်းစည်းကမ်းသည် ကျွန်ုပ်တို့၏အကျိုး၊ ကျွန်ုပ်တို့ကို ကာကွယ်ရန်ဖြစ် သကဲ့သို့ ဘုရားသခင်၏ ပညတ်တော်သည်လည်း ထိုနည်းအတိုင်းဖြစ်သည်။ ကိုယ်တော် က ကျွန်ုပ်တို့ကို…

သူတစ်ထူးကို ချစ်ရန် အချစ်ခံရခြင်း

ဟစ်တလာ အာဏာလွှမ်းသော ဂျာမနီပြည်၌ ဆရာ ဒေးထြစ် ဘွန်ဟော့ဖာ၏ ဘဝမှာ နေ့စဉ်နှင့်အမျှ အန္တရာယ်ကြီးလှလည်း သူနေခဲ့သည်။တမန်တော်ရှင်ပေါလု ခံယူသကဲ့သို့ သေလျှင်မူကား သာ၍ အကျိုးရှိမည့် ကောင်းကင် နိုင်ငံတွင် သူနေလိုပါသည်။ သို့သော် သူ့ကို လိုအပ် သည့် နေရာတွင် ရှိနေရခြင်းသည် လတ်တလော ဘုရား၏အကြံအစည်ဖြစ်ခြင်းကြောင့် (ဖိ ၁း၂၁)၊ သူက သင်းအုပ်အဖြစ်နေထိုင်ကာ လျှို့ဝှက်ဝတ်ပြု စည်းဝေးများ ပြုလုပ်ပြီး ဟစ်တလာ၏ ဆိုးဝါးသော စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့သည်။
နေ့စဉ်အန္တရာယ်ကြားထဲ အသက်ရှင်ရ လည်း ဆရာဘွန်ဟော့ဖာသည် Life Together ဟူသည့် ဧည့်သည်ဝတ်ပြုခြင်း သာသနာ အကြောင်း စာအုပ်ထုတ်ဝေရေးသားခဲ့သည်။ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်လုပ်ကိုင်စဉ်၊ ထောင်တွင်းအကျဉ်းကျခံရစဉ်အတွင်း သူ့ရေးသားချက်အတိုင်း စမ်းသပ်စစ်ကြောခံရလျက် နေထိုင်အသက်ရှင်ခဲ့သည်။ စိတ်ပျက်စရာ၊ စိတ်ဖိစီးပင်ပန်း ရသည့် အခြေအနေဖြစ်လင့်ကစား စားသောက်ရာ၌ဖြစ်စေ၊ ခိုင်းစေသောအလုပ်များ လုပ်ဆောင်ရာ၌ဖြစ်စေ၊…

မိမိ၏ပကတိဖြစ်တည်မှုထက် သာလွန်၍ …

ကျွန်တော့်မှာ သူငယ်ချင်းတစ်ဦးရှိပြီး အဖက်ဖက်မှာ သူက ကျွန်တော့်ထက်သာသည်ဟု ခံစားရသည်။ သူက ပိုစမတ်ကျသည်။ ပိုပြီးနက်နဲ စွာ စဉ်းစားတတ်သည်။ ဘယ်နေရာမှာ ဖတ်စရာ စာအုပ်ကောင်းများရှိလဲ၊ သူသိသည်။  ဂေါက်ရိုက် လည်း ပိုတော်သည်။ သူနှင့်အတူရှိနေလျှင် ပို တော်သူ၊ ပိုစဉ်းစားတတ်သူဖြစ်လာရန် ကျွန်တော့် အတွက် စိန်ခေါ်မှုဖြစ်သည်။ တော်သော၊ ကောင်း သော သူ့စံချိန်က ကျွန်တော့်ကို ပိုကြီးမြတ်သော အရာများကို ရယူရန် တွန်းအားပေးသည်။
ထိုအဖြစ်က ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် အချိန်ယူရန်အရေးကြီးကြောင်း၊ သို့မှသာ ခရစ်တော်တည်းဟူသော ပုဂ္ဂိုလ်နှင့် ချိတ်ဆက်နေမည်ဟူသည့် ဝိညာဉ်ရေးရာနိယာမတစ်ရပ်ကိုလည်းမီးမောင်းထိုးပြနေသည်။ ယေရှု၏ တစ်ဖက်သတ်မေတ္တာ၊ တုနှိုင်းမရသောမေတ္တာ၏ ရိုက်ခတ်မှုကြောင့် ကျွန်တော်လည်း ပြောစရာမလို ဘဲ ချစ်တတ်သွားသည်။ မထိုက်တန်ဆုံးသော သူများအတွက်ဖြစ်သော ကရုဏာတော်နှင့်ကျေးဇူးတော်က ခွင့်လွှတ်ခြင်းမရှိဘဲ ကလဲ့စားချေရန် ရှာကြံသော မိမိကိုယ်ကို မိမိရှက်မိစေ၏။
ရှက်ဖွယ်အရှုံးများသည့်တိုင် ကိုယ်တော်က…

စတော်ဘယ်ရီအမှိုက်

ကျွန်မတို့ဇနီးမောင်နှံ အိမ်ပြောင်းလာ သည်မှာ မကြာသေးပါ။ တစ်နေ့က ကျွန်မတို့၏ အိမ်ရှေ့လျှောက်လမ်းပေါ်တွင် လူတစ်ဦးက စတော်ဘယ်ရီ သေတ္တာကြီးတစ်လုံးချခဲ့ပြီး အိမ်နီး ချင်းများနှင့်လည်း ဝေမျှစားပါဟု စာရေးခဲ့သည်။ သူ့စေတနာကောင်းသော်လည်း ကလေးအချို့က အရင်ဦးအောင်တွေ့ပြီး ကျွန်မတို့အိမ်ဖြူဖြူလေးကို စတော်ဘယ်ရီ ပစ်တမ်းကစားကြတော့သည်။ ကျွန်မတို့ ပြန်ရောက်လာသောအခါ ခြံစည်းရိုး နောက်ကွယ်မှ သူတို့ချောင်းနေကြကြောင်း ကျွန်မတို့ သိသည်။ သူတို့ “အပြစ်လုပ်ထားသည့် နေရာသို့ပြန်လာကာ” စတော်ဘယ်ရီ အရှုပ်ထုတ် ကို ကျွန်မတို့ မည်သို့ရှင်းမည်ကို သူတို့ သိချင် ကြသည်။ ကျွန်မတို့ဖာသာ အမှိုက်များရှင်းလိုက်လျှင်ရသော်လည်း ဆက်ဆံရေး မပျက်အောင် သူတို့နှင့် စကားပြောရန်လိုကြောင်း၊ အရေးကြီးကြောင်း ခံစားရသဖြင့် ပေကျံနေသော အိမ်ကို အတူကူညီ၍ သန့်ရှင်းရေးလုပ်ပေးရန် တောင်းဆိုလိုက်သည်။
ဆက်ဆံရေးမပျက်အောင် ကြိုးစားသည်းခံ ရုန်းကန်ရင်းမှ ဘဝရှင်သန်မှုက ဗြောင်းဆန်နေတတ်သည်။ ဖိလိပ္ပိအသင်းတော်၌ ထိုသို့ဖြစ်ခဲ့သည်။ ဧဝေါဒိနှင့် သုန္တုတ်တည်းဟူသော…

အသက်ကိုရွေးချယ်ပါ

ကျွန်မအသက်တာအတွက် ဘုရား၏ အလိုတော် မည်သို့ရှိသနည်း။ ထိုမေးခွန်းက ကျွန်မ ကြီးပြင်းလာသည့် ဘဝတစ်လျှောက် ခြောက်လှန့် ခဲ့သည်။ အလိုတော်ကိုမသိပါက ဘာဖြစ်မည်နည်း။ သိပြီး မဝန်ခံနိုင်ပါက ဘာဖြစ်မည်နည်း။ ဘုရား အလိုတော်ကိုရှာရန်မှာ ကောက်ရိုးပုံထဲ အပ်ရှာ သကဲ့သို့ ခက်ပါဘိ၊ ဟိုဟာလိုလို ဒီဟာလိုလိုနှင့် မသဲကွဲ၊ အတုအယောင်ကလည်း များမှများ။
သို့သော် ဘုရားသခင်အပေါ် ကျွန်မ၏ အမြင်မှားနေခြင်းကြောင့် ဘုရားအလိုတော်နှင့် ပတ်သက်၍ ကျွန်မ၏အမြင် မှားယွင်းခဲ့ခြင်းပါ။ ကျွန်မတို့ လမ်းပျောက်၍ စမ်းတဝါးဝါးရှာဖွေနေခြင်း ကို ကိုယ်တော် မမြင်လိုပါ။ သူ့အလိုတော်ကို သိစေလိုသည်။ သိအောင်လည်း ရိုးစင်းရှင်းလင်းစွာ ချပြသည်။ ရွေးစရာအများထဲမှ ရွေးချယ်စေခြင်းမျိုး မဟုတ်ဘဲ နှစ်ခုထဲမှတစ်ခုကိုသာ ရွေးစေသည်။ “အသက်ရှင်ခြင်းချမ်းသာ” နှင့် “သေခြင်းဆင်းရဲ” နှစ်မျိုးသာရှိသည် (၃၀း၁၅)။ သည့်တိုင် အကောင်းဆုံးကို မရွေးတတ်ခဲ့သော် “အသက် တရားကို…

လုပ်အားခတွက်ခြင်းမဟုတ်ပါ။

“အမားဒီးယာစ်” ပြဇာတ်သည် ၁၈ ရာစုနှစ်က ဘုရားသခင်၏ စိတ်နှလုံးသဘောကို နားလည်ရန် ကြိုးစားသော ပြဇာတ်ဆရာတစ်ဦး အကြောင်း ဖြစ်သည်။ ဘုရားတရား ကြည်ညိုသူ ‘အန်တိုနီယို စလေရယ်’သည် ဓမ္မတေးသွားများ ဖန်တီးလိုသောဆန္ဒ ပြင်းပြသူ ဖြစ်သော်လည်း သူ၌ ဂီတပါရမီအထုံ မရှိပါ။ သို့သော် ဘုရားသခင်က ဘာမဟုတ်သည့် “ဝုဖ်ဂိုင်း အမားဒီးယာစ် မိုဇတ်” အား အကောင်းဆုံးသော ဂီတစွမ်းရည်ပါရမီကို ကြွယ်ဝစွာပေးသနား၍ သူအလွန် စိတ်ဆိုးခဲ့သည်။
ယောဘဝတ္ထုရေးသားသူက ဘုရား သခင်သည် “ကမ္ဘာပေါ်၌ အဖြောင့်မတ်ဆုံးသူကို အဘယ်ကြောင့် ဒဏ်ခတ်သနည်း”ဟု မေးသည်။ “အမားဒီးယာစ်” ပြဇာတ်တွင် ဘုရားက  လုံးဝ မထိုက်တန်သူကို ဘာကြောင့် ဆုချသနည်းဟု မေးသည်။ မေးခွန်းပြောင်းပြန် ဖြစ်ငြား လည်း တစ်သဘောတည်း ဖြစ်သည်။
သခင်ယေရှုမိန့်ကြားသည့် လုပ်အားခ မမျှမတရရှိသည့် အလုပ်သမားများ အကြောင်း…