စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Ade Chandra

ကျွမ်းဝင်သောနေ့ရက်များ၌ ဘုရားကိုတွေ့ရှိခြင်း

ကျွန်တော်နေထိုင်သော ဒေသတွင် ဘုရားသခင်၏ ဖန်တီးနိုင်စွမ်းနှင့် ချီးကျူးဖွယ် အံ့မခန်း နှစ်သက်ဖွယ်ရှုခင်းများကို ကြည်နူးခံစား ခွင့်ရပါသည်။ မကြာမီက တောအုပ်တွင်း ကား ဖြတ်မောင်းလာစဉ် ကောင်းကင်ပြာနောက်ခံတွင် ဆောင်းဦးရာသီချိန် သစ်ပင်များမှ အနီရင့်ရင့်နှင့် အဝါရောင် သစ်ရွက်မျိုးစုံအလှက အသက်ရှူ မှားမတတ် မှင်သက်သွားခဲ့ရသည်။
ထိုနောက်ပိုင်းတွင် အပူချိန်ကျဆင်း လာပြီး ဆောင်းရာသီဝင်လာသည်။ မြေပြင်အနှံ့ ဖုံးလွှမ်းသော နှင်းထုကြီးကို ဖြစ်ပေါ်စေသည့် နှင်းပွင့်လေးများသည် တစ်ခုနှင့်တစ်ခု သဏ္ဍာန် မတူကြောင်း အမှတ်ရဆင်ခြင်မိသည်။ တစ်ဖန် အံ့သြဖွယ်နွေဦးကာလ ရောက်လာမည်။ မျှော်လင့်ချက်မဲ့လျက် ရှင်စရာအကြောင်းမရှိ၊ သေကုန်ပြီးဟု ထင်ရသောအပင်များက အဖူးအပွင့်များနှင့် ဖူးငုံပွင့်လန်းလာပြီး အရောင် အသွေးစုံလင်စွာနှင့် မြက်ခင်းပြင်ကြီးကို အလှဆင်ဦးမည်။
ဝန်းကျင်ရှိ ကမ္ဘာလောကကြီးကို ကြည့်မျှော်လိုက်တိုင်း “မြေကြီးလုံးသည် ဘုန်းတော်နှင့်ပြည့်လေ၏” (ဟေရှာ ၆း၃) ဟုဆိုနေသော အထောက်အထားကို ကျွန်ုပ်တို့မြင်တွေ့ရသည်။ အံ့သြဖို့ကောင်းသည်မှာ ကျွန်ုပ်တို့ကို…

ဘုရား၏အလိုတော်

ကျွန်ုပ်တို့သည် အထူးသဖြင့် အကျဉ်း အကျပ်ထဲ ရောက်ချိန်တွင် ဘုရား၏အလိုတော် ကို ရှာဖွေတတ်ကြသည်။ ဘာ ကြုံရမလဲ။ ဆက်ပြီး နေရမလား၊ ဘုရားက အခြားတစ်နေရာရာမှာ ရှိနေစေချင်တာလားဟု ကျွန်ုပ်တို့ တွေးမိသည်။ အလိုတော်ကို အသေအချာသိနိုင်သော တစ်ခု တည်းသော နည်းလမ်းမှာ ဘုရားခိုင်းသည့်အမှု၊ လတ်တလောပြုရမည့် အလုပ်ကို ယခု ချက်ချင်း ဆောင်ရွက်ပြီး နောက်တစ်ဆင့်တွင် ဘုရားသခင် ဖွင့်ပြမည့် အရာကို စောင့်ဆိုင်းရန် ဖြစ်သည်။
မိမိသိထားသည့် အရာကို နာခံလုပ်ဆောင် ပါက နောက်ထပ် တစ်လှမ်းပြီးတစ်လှမ်း ဆက် သွားရန် ခွန်အားရရှိမည်။ တစ်ကြိမ်တွင် တစ်လှမ်းနှုန်းဖြင့် - ဤနည်းဖြင့် ဘုရားသခင်နှင့် အတူ မည်သို့လျှောက်လှမ်းရမည်ကို သင်ယူရသည်။
သို့ငြားလည်း “ပထမခြေလှမ်း လှမ်းလိုက်ပါပြီတဲ့၊ နောက် ဘာဖြစ်လာမှာလဲ” ဟု သင်မေးကောင်းမေးမည်။ ယင်းသည် ဘုရားအပိုင်းဖြစ်ပြီး…

ထွန်းလင်းသောအသက်တာ

နိုင်ငံတကာ ဘတ်စကတ်ဘော ဖယ်ဒရေးရှင်း၏အဆိုအရ ဘတ်စကတ်ဘော သည် ဒုတိယလူကြိုက်အများဆုံး အားကစား ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း၌ ဘတ်စကတ်ဘော ဝါသနာအိုး သန်း ၄၅၀ ခန့်ရှိသည်။ အမေရိကန်၏ NCAA ဘတ်စကတ်ဘော ပြိုင်ပွဲတွင် နာမည်ကြီး အားကစားနည်းပြ ဂျွန် ဝူးဒန်း အကြောင်းကို မကြာခဏ ရေးသားကြသည်။ နည်းပြသက်တမ်း ၂၇ နှစ် တစ်လျှောက်တွင် ဝူးဒန်း၏အသင်းမှာ မကြုံစဖူး အမျိုးသား ချန်ပီယံဖလားကို ၁၀ ကြိမ်တိုင် ဆွတ်ခူးခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ဂျွန်ဝူးဒန်း ကွယ်လွန်သွားပြီး သူ၏ စွမ်းဆောင်နိုင်မှုများကိုသာမက သူသည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်သည်ကိုလည်း အမှတ်ရ ကြသည်။
ဝူးဒန်းသည် ခရစ်ယာန်ယုံကြည်ချက် အတိုင်း အသက်ရှင်သည်။ ပြိုင်ပွဲအောင်နိုင်ရေးက သူ့စိတ်၌ အစဉ်စိုးမိုးနေသလို ဝန်းကျင် ရှိ တစ်ပါးသူများအတွက် စိတ်ရင်းမှန်နှင့်ဂရုစိုက်ရန်ကိုလည်း သူအလေးထားသည်။ သူ့အတ္ထုပ္ပတ္တိစာအုပ်…

မပြယ်သော ကရုဏာ

ရှီကာဂို အိုဟဲယား လေဆိပ်၌ ကျွန်တော် အေးအေးလူလူ လျှောက်ကြည့်နေစဉ် လေဆိပ်ခန်းမဆောင်၌ ခပ်သုတ်သုတ်သွားသူ
တစ်ဦး၏ ဦးထုပ်ကို သတိပြုမိသည်။ ဦးထုပ်ပေါ်မှ “Deny Everything” အားလုံးကို ငြင်းပယ်လိုက်ပါ၊ ဟူသည့် စာလုံးက အာရုံ၌ လာငြိသည်။ ဘာကို ဆိုလိုချင်သနည်း။ အပြစ်ကို မဝန်ခံ ငြင်းပယ်ခြင်း လား၊ ဘဝ၏ ကြည်နူးသာယာဖွယ် စည်းစိမ်များကို စွန့်ပယ်ခြင်းလား၊ ရိုးစင်းလှသည့် ထိုစကားလုံး နှစ်လုံး၏ နားလည်ရခက်သော အဓိပ္ပာယ်ကြောင့် ကျွန်တော် ခေါင်းကုတ်မိလိုက်သည်။
သခင်ယေရှု၏ နောက်လိုက်တစ်ဦး ဖြစ်သည့် ရှိမုန်ပေတရုသည် ငြင်းဆန်မှုအချို့ကို ပြုခဲ့ဖူးသည်။ အလွန်အရေးကြီးချိန်တွင်မှ သခင် ယေရှုကို သိကျွမ်းသော်လည်း မသိကြောင်း သုံးကြိမ်တိုင် ငြင်းပယ်ခဲ့သည် (လု၂၂း၅၇၊ ၅၈၊ ၆၀)။ စိုးရိမ်ကြောက်ရွံ့ခြင်းကြောင့် ယင်းသို့ ငြင်းဆန်ခဲ့ပြီး ထိုကိစ္စကြောင့် အပြစ်ရှိကြောင်း ခံစားရသည်။ စိတ်နာကျင်ခဲ့ရသည်။…

စံထားအတုယူရမည့် ဖခင်

အဖေ့အကြောင်းစဉ်းစားတိုင်း ‘‘မည်ကဲ့သို့ အသက်ရှင်ရမည်ကို သူမပြောခဲ့ပါ။ သူအသက်ရှင် ပြခဲ့သည်။ သူ့အသက်ရှင်ပုံကို ကြည့်စေသည်’’ ဟူသည့် စကားကို သတိရမိသည်။ အဖေ၏ ဘုရား သခင်နှင့်အတူ လျှောက်လှမ်းပုံ အသက်တာကို ကျွန်မငယ်စဉ်က ကြည့်ခဲ့သည်။ တနင်္ဂနွေနေ့ နံနက်ဝတ်ပြုစည်းဝေးတက်သည်။ သက်ကြီးတန်း ကျမ်းစာလေ့လာခြင်း၌ သင်ကြားပေးသည်။ အလှူငွေရေတွက်ရာ၌ ကူညီပြီး သင်းထောက် အဖြစ် အစေခံသည်။ အသင်းတော်ပြင်ပတွင် လည်း ဧဝံဂေလိတရားကို သစ္စာရှိစွာ ထောက်ပံ့ ကာကွယ် ပြောဆိုပြီး သမ္မာကျမ်းစာကို ဖတ်ရှု လေ့လာသည်။ ဘုရားသခင်ကို ချစ်မြတ်နိုး ကြောင်း သူ့အပြုအမူ လုပ်ရပ်များအားဖြင့် ဖော်ပြ ခဲ့ကြောင်း ကျွန်မမြင်တွေ့ခဲ့ရသည်။
ယုဒရှင်ဘုရင် အာသမင်းသည် သူအသက်ရှင်စဉ်ကာလအတွင်း ဘုရား
သခင်အား ဝတ်ပြုစိတ်ထက်သန်ပုံက စံပြဖြစ်ခဲ့သည် (၆ ရာ ၁၄း၂)။ နိုင်ငံတွင်းရှိ
ရုပ်တုဆင်းတုများကို ဖယ်ရှားပစ်သည်။ ဘုရားသခင်အား…

ကျေးဇူးပြုသောတန်ခိုးတော်

လက်ဝှေ့နှင့်လူသန်များ၏ပြိုင်ပွဲများ၌ ယှဉ်ပြိုင်ကြသော အားကစားသမား တစ်ဦးချင်းစီ ၏ ရည်ရွယ်ချက်၊ ခံယူချက် တစ်ခုတည်းသာ ရှိသည်။ သူတို့၏ စူပါစွမ်းရည်ခွန်အားကို ပြသရန် ဖြစ်သည်။ လက်မောင်းလှဲချိုး ပြိုင်သကဲ့သို့ မိမိ သည် အသန်မာဆုံးသူ ဖြစ်ကြောင်းကို သက်သေ ပြသည်။
ဘုရားသခင်၏ ဘုန်းတော်သည် သူ၏ အနန္တတန်ခိုးတော်ကို ဖော်ပြသည်။ သို့သော် သူ၏ စွမ်းအားကို မည့်သို့ဖော်ပြသနည်း။ နဂါးငွေ့တန်းကြယ်စုကို မျက်စိရှေ့တွင်ဖြတ်ကနဲ ပြန်လည်နေရာချခြင်း၊ ဥုံဖွဟုဆိုပြီး နေ၏ အရောင်အဆင်းကို ပြောင်းပစ်လိုက်ခြင်း၊ မိုးကြိုး လျှပ်စီးကို အေးခဲသွားစေခြင်းမျိုးလည်း မလုပ်ပါ။ ထိုသို့ပြုမည့်အစား ကျွန်ုပ်တို့ကဲ့သို့သော သနားဖွယ် လူသားများကို မေတ္တာထား ကရုဏာသက်ပြီး ‘‘ထာဝရဘုရားသည် စုံလင်သော စေတနာစိတ်ရှိသောသူတို့ဘက်၌ ခိုင်ခံ့စွာနေခြင်းငှာ’’ ရွေးချယ်တော်မူသည်။
ဤပုံစံကို သမ္မာကျမ်းစာတစ်အုပ်လုံးတွင် ညီညွတ်ဆီလျော်စွာ တွေ့ရသည်။ ပင်လယ်နီကို နှစ်ခြမ်းခွဲခြင်းမှစ၍ ကန္တာရထဲတွင် အံ့သြဖွယ်မန္နမုန့်…

ချစ်မေတ္တာအကြောင်းချည်းသာ

“မေတ္တာကို လက်ခံရယူပါ။ ပေးကမ်း မျှဝေပါ။ ထပ်ခါထပ်ခါ ကျင့်သုံးပါ” ဟူသော ဆိုင်းဘုတ်ကို ဘုရားကျောင်းတစ်ခုရှေ့တွင် တွေ့လိုက်ရရာ၊ ထိုဆောင်ပုဒ်က ပေါင်းသင်း ဆက်ဆံရေးနှင့်စပ်လျဉ်း၍ အလွန်ကောင်းသော ဆောင်ပုဒ် ဖြစ်သည်။ ကျွန်မတို့ရရှိပိုင်ဆိုင်ထားသည့် အမြတ်ဆုံး သောမေတ္တာမှာ ဘုရားသခင်၏မေတ္တာဖြစ်သည်။ ကိုယ်တော်သည် ကျွန်မတို့ကို ချစ်လွန်း၍ သားတော်ယေရှုကို လောကသို့စေလွှတ်အသေခံ စေ၏။ ထို့နောက် ကျွန်မတို့ကို ကယ်တင်ရန် သေခြင်းမှ ရှင်ပြန်ထမြောက်စေသည် (၁ယော ၄း၉)။ သခင်ယေရှုကို မိမိ၏ကယ်တင်ပိုင်ရှင် သခင်အဖြစ်လက်ခံချိန်တွင် ကိုယ်တော်၏မေတ္တာကိုလည်း ရရှိသည်။ “ထိုသူကိုလက်ခံ သမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သူတို့အား ဘုရားသခင်၏သား ဖြစ်ရသောအခွင့်ကို ပေးတော်မူ၏” (ယော ၁း၁၂)။
ဘုရားသခင်၏မေတ္တာကိုလက်တွေ့ခံစားရပြီးနောက် ထိုမေတ္တာကို ပေးကမ်း မျှဝေရန် သင်ယူရမည်။ “ချစ်သူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့။ အကြောင်း မူကား ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့်စပ်ဆိုင်၏”(၁ ယော…

ထောက်ခံချီးမွမ်း အားပေးခြင်းအစွမ်း

မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့လာချက် တစ်ခုတွင် လုပ်သားများ၏ ထုတ်လုပ်မှု စွမ်းဆောင်ရည် တိုးတက်ကောင်းလာ စေရေး လိုအပ်ချက်ကို ရှာဖွေဖော်ထုတ်ရန် အလုပ်သမား၂သိန်းကို ခေါ်ယူမေးမြန်းခဲ့သည်။ လေ့လာချက်တွင် အထက်လူကြီး၏ အသိအမှတ် ပြုချီးမွမ်းခြင်း၊ ထောက်ခံအားပေးခြင်းတို့ရရှိရန် လိုအပ်ကြောင်းအချက်က ထိပ်ဆုံးမှ ဦးဆောင် ခဲ့သည်။ ဤတွေ့ရှိချက်အရ အသိမှတ်ပြု အားပေးမှုကိုရရှိရန်မှာ လူသား၏ အရေးကြီးသော အခြေခံလိုအပ်ချက် ဖြစ်ကြောင်း ဖော်ပြနေသည်။
ကောရိန်သု ယုံကြည်သူများလည်း ထိုအချက်ကို လိုအပ်ကြောင်း ရှင်ပေါလုသိသည်။ သူတို့အား စည်းကမ်းကျင့်ဝတ်များနှင့် နေထိုင် ကျင့်ကြံရန် မကြပ်မတ်၊ မပြောမီ ၎င်းတို့အား အရင် အသိအမှတ်ပြု ချီးမွမ်းအားပေးခဲ့သည်။ ၎င်းတို့၏ ဝိညာဉ်ရေးဦးဆောင်သူ ရှင်ပေါလုက ၎င်းတို့၏အသက်တာ၌ ထင်ရှားပေါ်လွင်နေသည့် ဘုရားသခင်၏ကျေးဇူးတော်အတွက် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ကောရိန်သုသြဝါဒစာကို အစပြုခဲ့သည်။
တစ်ချိန်က ဘုရားနှင့် ဝေးကွာခဲ့သည့် ကောရိန်သု ယုံကြည်သူများသည် ယခု…

အချိန်နာရီတိုင်း

Big Ben ဟုလူသိများသည့် လန်ဒန်မြို့ ဝက်စ်မင်န်စကာဒေသရှိ ဧရာမနာရီစင်ကြီး၏ ခေါင်းလောင်းသံကို လူတိုင်း အကျွမ်းဝင်သိကြ သည်။ ထိုသို့ အချိန်မှန်ထိုးသည့် ခေါင်းလောင်း ထိုးသံနှင့် နာရီမျိုးကို အချို့အိမ်များတွင် တွေ့ရ တတ်သည်။ ထိုနာရီသံကို Handel's Messiah မှ ထုတ်နုတ်ထားသည်ဟု သာမန် ယူဆကြသည်။ Big Ben နာရီစင်အတွင်းခန်း၌ ကမ္ဗည်းထိုး ထားသောစာသားက အချိန်၏အရေးပါမှုကိုရေးဖွဲ့ ထားသည်။
အချိန်နာရီတိုင်း လမ်းပြမူပါဘုရား။
တန်ခိုးတော်ကြောင့်
ကျွန်ုပ်၏ခြေတစ်လှမ်းမျှပင် မချော်ရပါ။
ထိုစာသားများက ကျွန်ုပ်တို့သည် ဘုရား၏လမ်းပြညွှန်မှုကို အစဉ်လိုအပ်ကြောင်း သတိပေးနေသည်။ ဒါဝိဒ်မင်းကြီးသည်လည်း ဘဝစိန်ခေါ်မှုပြဿနာများ ရင်ဆိုင်နေရချိန် တစ်လျှောက်လုံးတွင် ဘုရားသခင်၏ကူညီလမ်းပြမှုလိုအပ်ကြောင်း သဘောပေါက် ခဲ့သည်။ ဆာလံ ၂၅ တွင် “ကိုယ်တော်၏သမ္မာတရားကိုပြ၍ အကျွန်ုပ်ကို သွန်သင်တော် မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို ကယ်တင်သော…

မှောင်မိုက်ညများ ထွန်းလင်းစေ

ဆောင်းဦးပေါက်ချိန် လပြည့်ညတွင် ကောင်းကင်တစ်ခွင်လုံး အမှောင်ထုကြီး စိုးမိုးနေ သည်။ ကျွန်မမြို့မှ ထောင်နှင့်ချီသောလူများ မီးပုံးလွှတ်တင်ရန် မြစ်ကမ်းနဖူးသို့ စုရုံးရောက်ရှိ နေကြသည်။ မှောင်မိုက်ချိန်၌ မီးပုံးများ လမင်းကြီး ဆီသို့ ပျံတက်သွားရာ၊ ကောင်းကင်ကြီးမှာ ပြိုးပြက်တောက်ပသော အလှတရားအဖြစ်သို့ ပြောင်းလဲသွားသည့် မြင်ကွင်းကို လူတို့ ခံစား ကြည့်ရှုကြသည်။
အထက်ပါ မြင်ကွင်းဓာတ်ပုံများကို ကျွန်မပြန်ကြည့်ရသည့်အခါ ထိုအချိန်က ကျွန်မ ခရီးသွားနေ၍ ထိုပွဲကိုလွတ်သွားသဖြင့် ကျွန်မ စိတ်မကောင်းဖြစ်မိသည်။ သို့သော် ရက်အတန် ကြာတွင် နယူးယော့မြို့၌ အစည်းအဝေးကြီး တစ်ခုတက်ရောက်ခဲ့ရရာ ကျွန်မမြို့မှ မီးပုံးလွှတ် ပွဲက ထိုအစည်းအဝေးကြီးကို ပုံဆောင်ကြောင်း ကျွန်မနားလည်ခဲ့ရသည်။ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း (၁၀၀) ကျော်မှ လူ(၁၀၀၀) ကျော်တို့သည် စုရုံး၍ လောကအလင်းဖြစ်သော ခရစ်တော်၏သတင်းကောင်းကို လူထောင်ပေါင်းများစွာတို့ထံသို့ ပျံ့နှံ့ရောက်ရှိရေးနှင့် အသင်းတော် တည်ထောင်ပြုစုခြင်းဖြင့် မိမိနိုင်ငံ၏ဝိညာဉ်အမှောင်ကို…