အစဉ်ခေတ်မီ အဆင့်မြင့်စေရေး
တစ်ခါတစ်ရံ အိမ်မှထွက်ခါနီးတွင် ကျွန်တော့်ဇနီးမာတီ က “ဒီလို အဝတ်အစားနဲ့ အလုပ်သွားလို့ ဘယ်ဖြစ်မလဲ” ဟုပြောတတ် သည်။ အဘယ်ကြောင့်ဆိုသော် အပေါ်ခံအင်္ကျီနှင့် နက်တိုင်အရောင် မလိုက်ဖက်ခြင်း၊ ဘောင်းဘီ နှင့် အင်္ကျီအရောင် မလိုက်ဖက်ခြင်းကြောင့်ပါ။ ကိုယ့်အကြိုက်နှင့်ကိုယ် ဝတ်စားထားခြင်းကို ဝေဖန်ခံရ၍ အောင့်သက်သက် ဖြစ်ရသော်လည်း၊ မိန်းမ ပြန်ပြင်ပေးသည့်ပုံစံက အမြဲတမ်း ခေတ်မှီ အဆင့်မြင့်ကြောင်း ကျွန်တော် ဝန်ခံပါသည်။
ဝိညာဉ်ရေးရာ၌လည်း ခရစ်တော်၏ ပုံသဏ္ဍာန်နှင့် လိုက်ဖက်သည့် အပြုအမူ၊ စိတ်ထားများကို ယူတင်ဝတ်ဆောင်ရန် ကျွန်ုပ် တို့ကို နှိုးဆော်နေသည်။ တစ်ခါတစ်ရံ၌ မိမိ၏ဝတ်စားဆင်ယင်မှုအားဖြင့် ကျွန်ုပ်တို့ကို လူသိသည်။ သို့သော် မိမိအသက်တာ၌ ခရစ်တော်ရှိနေကြောင်း မိမိ၏စိတ်သဘောထားနှင့် အပြုအမူများအားဖြင့် ကျွန်ုပ်တို့ သခင်ယေရှုကို ထင်ရှားစေရမည်။ တမန်တော် ရှင်ပေါလုက သခင်ယေရှု၏ အနစ်နာခံခြင်း၊ သနားကြင်နာခြင်း၊ စာနာခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း၊…
လျော့ရဲနေသော ဒီရေလှိုင်း
လ၏ဆွဲငင်မှုကြောင့် ဖြစ်ပေါ်လာသော ဒီရေအတက်အကျအကြောင်း စဉ်းစားမိရာ အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ဤသို့ ဒီရေအတက်အကျ ပြောင်းနေချိန်၌ “ရေ အရမ်းမတတ်၊ အရမ်းမကျ၊ မတက်မကျဖြစ်ချိန် - လျော့ရဲသောအချိန်ရှိသည်။ သိပ္ပံပညာရှင်များ၏ အဆိုအရ ဤအချိန်၌ ရေဖိအားမရှိသောအချိန်
ဖြစ်ပြီး ဒီရေတစ်ဟုန်ထိုးမတက်မီ ငြိမ်သက် နေသော ခဏတာအချိန်ဖြစ်သည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ မအားလပ်
သော အချိန်ဇယားထဲတွင် လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင်လုပ်နေရင်း လားရာမျိုးစုံမှ
ဖိအားများ၏ ဒဏ်ကို ခံရကောင်းခံရနိုင်သည်။ သခင်ယေရှု၏အမှုတော်တွင်မူ တပည့်တော်များ
အပေါ်တွင်ရှိသည့် ဖိအားများနှင့် သူတို့အနားယူရန်လိုအပ်ကြောင်းကို သခင်နားလည်ခဲ့
သည်။ တပည့်တော်များကို နှစ်ယောက်တစ်ဖွဲ့စေလွှတ်ပြီး သူတို့ပြန်လာချိန်တွင် တပည့်တော်တို့သည် သူတို့အားဖြင့် ဘုရားသခင်ပြုတော်မူသော အံ့သြဖွယ်ရာများကို လျှောက်ထားသည် (မာ ၆း၇-၁၃၊ ၃၀)။ သို့သော် သခင်ယေရှုက “... တော၌ ဆိတ်ကွယ်ရာ
အရပ်သို့…
ထိန်းချုပ်နိုင်ပြီ၊ သို့သော် မငြိမ်းသေး
၂၀၁၂ ခုနှစ် ဇွန်လက ကိုလိုရာဒို၌ ဖြစ်ပွားခဲ့သော Waldo Canyon မီးက အိမ်ခြေပေါင်း ၃၄၆ အိမ်၊ သစ်တော ဧက ၁၈၀၀၀ ကျော်ကို ဝါးမြို ဖျက်ဆီးခဲ့သည်။ မီးလောင်နေသောဧရိယာ၏ အနားစွန်း၌ မီးတား
လိုင်းဆောက်ပြီးချိန်တွင် ရာနှုန်းပြည့် မီးတောက်
ကို ထိန်းချုပ်နိုင်ပြီဟု ကြေငြာခဲ့သည်။ လုံးဝ
မီးမငြိမ်းသေးလည်း မီးမပျံ့အောင် ထိန်းချုပ်နိုင်
ခဲ့ပြီး မီးသတ်ဌာနမှလည်း ဒေသခံများအား မီးခိုးများ ဆက်မြင်ကောင်း မြင်နေရမည်။ မီးကို
လုံးဝထိန်းနိုင်ခဲ့သော်လည်း အပြီးသတ် မငြိမ်း သေးကြောင်း တရားဝင်သတိပေးခဲ့သည်။
ကမ္ဘာကြီး၌ ဝမ်းနည်းဖွယ် အဖြစ်များ နှင့် မကောင်းမှုများ ရိုက်ခတ်သောအခါ ဤမကောင်းမှုများ ဘယ်တော့မှပျောက်မလဲ၊ သမိုင်းကိုအဆုံးသတ်ပြီး ဘယ်အချိန်မှ
ခရစ်တော်က သူ့နိုင်ငံတော်ကို တည်ထောင်မလဲဟု မျှော်လင့်စောင့်စားတတ်ကြသည်။ သို့သော်လည်း၊ ထိုအချိန်မတိုင်မီတွင် ရည်ရွယ်ချက်ရှိရှိဖြင့် ဒုတိယအကြိမ်ပြန်ကြွလာမည့်အချိန်ကို…
မျှော်လင့်ခြင်း ကျောက်ဆူး
ဖရန့်၊ တက်ဒ် နဲ့ ကျွန်ုပ်တို့သုံးဦးသည် ကနေဒါနိုင်ငံ၊ အွန်တာရီယိုမြို့ရှိ 'ရိုက်စ်' ရေကန်
၌ သမ္ဗာန်ပေါ်မှ ငါးမျှားနေကြစဉ်၊ ငါးများက အစာကို တရစပ်လာတွတ်သည်။ ငါးစာတပ်ရင်း
ကျွန်ုပ်တို့အလုပ်ရှုပ်နေ၍ အတော်ကြာမှ ငါးများ
အစာလာတွတ်မှု နည်းသွားကြောင်း သတိပြု
မိသည်။ ထိုအချိန်တွင်မှ လှေသည် ကျွန်ုပ်တို့ မူလရပ်ထားသည့် နေရာတွင် မရှိတော့ကြောင်း သဘောပေါက်လိုက်သည်။ လေပြင်းကြောင့် လှေမှာ ရေစီးကြောင်းတစ်လျှောက် မျောပါခဲ့ခြင်း ဖြစ်သည်။ ကျောက်ဆူးလည်း လှေကို မြဲအောင်
မထိန်းထားနိုင်ပဲ ရေအောက်တွင် တရွတ်တိုက်ပါ
သွားသည်။ ထို့ကြောင့် ကျောက်ဆူးကို ဆွဲတင်
ကာ၊ အရင်နေရာသို့ ပြန်ရွှေ့ပြီးမှ ကျောက်ပြန်ချခဲ့သည်။ သို့သော်လည်း ထပ်ရွှေ့ပါသွား ပြန်သည်။ တတိယအကြိမ်မြောက်ကြိုးစားပြီးနောက် ကျွန်တော်တို့ ကမ်းပြန်ကပ်ခဲ့သည်။ ကျောက်ဆူးက မမြဲတော့သောကြောင့်ပါ။
ကယ်တင်ခြင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏မျှော်လင့်ခြင်းသည် ဘုရား၏ ကတိတော်နှင့်…
စိတ်ပျက်စရာမှ ဝမ်းမြောက်စရာ
ကျွန်တော်ကျမ်းစာကျောင်းတက်စဉ်
က ကျောင်း၏နယ်လှည့်တေးဂီတအဖွဲ့ ဖွဲ့ရန် စမ်းသပ်ပြင်ဆင်ခဲ့သည်။ ထိုအဖွဲ့၌ ပါဝင်နိုင်မည် ဟု အတွေးနှင့်ပင် ကျွန်တော်အလွန် စိတ်လှုပ်ရှား ခဲ့ရသည်။ သို့သော် ထိုအဖွဲ့ဖြစ်မလာသောအခါ ကျွန်တော် အလွန်ခံစားခဲ့ရပြီး၊ စိတ်ပျက်
အားလျော့လျက် ဘုရား၏ အကြံအစည်သည် ကျွန်တော့် အကြံထက်သာ၍ ကောင်းပါကြောင်း သာ မှတ်လိုက်သည်။
လအတန်ကြာပြီးနောက် အခြားအဖွဲ့ တစ်ဖွဲ့၌ ကျမ်းစာသင်ပေးသူဆရာအဖြစ် ပါဝင်ခွင့်
ရခဲ့သည်။ အဖြေရလဒ်က ကျွန်တော် မျှော်လင့်
ထားသည်ထက် ပိုများနေသည်။ ကျွန်တော့်ဇနီးဖြစ်လာမည့် မိန်းမပျိုနှင့်အတူ ခရစ်တော်ကို အစေခံခွင့်ရခဲ့သည်သာမက (၃)နှစ်တာ တရားဟောခွင့်ရရှိခြင်းသည် ကျမ်းစာသင်ကြားပို့ချသည့် အမှုတော်လုပ်ငန်းအတွက် တန်ဖိုးမဖြတ်နိုင်သော ပြင်ဆင်ပေးခြင်းပေတည်း။
အဖဘုရားသည် အကောင်းဆုံးကိုသိတော်မူကြောင်း ဤအမှန်တရားကို လက်ခံရန် ကျွန်ုပ်တို့ အကြိမ်များစွာကြိုးစားရသည်။ မိမိရွေးချယ်ထားသည့် လမ်းက မှန်သည်ဟု ကျွန်ုပ်တို့ထင်တတ်သည်။ သို့သော် ကိုယ်တော့်ထံ ခိုလှုံမည်ဆိုလျှင် ကိုယ်တော်၏…
အထင်အမြင်သေးခြင်း
မျက်လုံးခွဲပြီးနောက် သူနာပြုဆရာမ
က “နောက် (၂) ပတ်အထိ အောက်ကိုမကြည့်
ပါနဲ့။ ထမင်းလည်းမချက်ရဘူး။ သန့်ရှင်းရေး
လည်း မလုပ်ရဘူးနော်” ဟု ပြောသည်။ ညွှန်ကြား
ချက် (၃) ခု အနက် ပထမအချက်ထက် ကျန် (၂)
ချက်ကို နာခံရန် ပိုလွယ်သည်။ အောက်သို့
ကြည့်လျှင် မလိုအပ်သောဖိအားများ မျက်လုံးများ
ပေါ်သို့ သက်ရောက်မည်ဖြစ်၍ ခွဲစိတ်အနာ ကျက်ရန် ခက်လိမ့်မည်။
အောက်သို့ ကြည့်နည်း နောက်တစ်မျိုး
ရှိပြီး ၎င်းသည် ကျွန်မတို့အတွက် ပြဿနာပါ။ ဆရာကြီး စီအက်စ်လူးဝစ် က “ကျွန်ုပ်တို့သည် ပြော
မပြနိုင်လောက်အောင် မိမိကိုယ်ကို အထင်ကြီးမှု၊
မာန်မာနများနှင့် ဘုရားသခင်၏ရှေ့တော်မှောက်
သို့ တိုးဝင်တတ်သည်။ ...မာန်မာနကြီးနေသရွေ့ ဘုရားသခင်အကြောင်း သိလာမည်
မဟုတ်ပါ။ မာန်မာနထောင်လွှားသူတစ်ဦးသည် အခြားသူများနှင့်အခြားအရာများကို အထင်သေး…
မင်္ဂလာရှိသော မျှော်လင့်ခြင်း
ကမ္ဘာကြီးပျက်တော့မည် ဆိုသော ခန့်မှန်းချက်များ ဟိုးလေးတကြော်ပေါ်လာပြီး
ပျောက်သွားပြန်သည်။ ဤခန့်မှန်းချက်များ ကြောင့် နေမထိထိုင်မသာဖြစ်ရပြီး စိုးကြောက် မိသည်။ ကျမ်းစာ၌လည်း ခရစ်တော်ပြန်လာ မည့်အချိန်ကို သခင်ဘုရား၏နေ့ဟု ဖော်ပြသည်။ မြေကြီးလက်ခပ်မလွဲ သခင်ပြန်လာမည်။သို့သော် ထိုအချိန်ကို ဘုရားသာသိသည်။
ထိုနေ့သည် ခရစ်တော်နောက်လိုက် ယုံကြည်သူများ မျှော်လင့်နေရမည့်နေ့ ဖြစ်သည်။
ထိုအချိန်ကို ယုံကြည်သူများ ဝမ်းမြောက်ခြင်း
အပြည့်နှင့် မည်သို့ မျှော်လင့်ရမည်ကို တမန်တော်
ရှင်ပေါလုက (၂ပေ ၃း၁၀-၁၈) တွင် ဖော်ပြထား သည်။ ကျွန်ုပ်တို့သည် ခရစ်တော်ကို ဂုဏ်ပြု၊ ဘုန်းထင်ရှားစေသော အသက်တာဖြင့် အသက်ရှင်ရမည် (း၁၁)။ အညစ်အကြေးနှင့်ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ၊
ရှေ့တော်သို့ ငြိမ်ဝပ်စွာရောက်ရန်အလို့ငှာ ကြိုးစားအားထုတ်ရန်လည်း လိုအပ်သည် (း၁၄)။ ထို့အပြင် မတရားသောသူတို့က ပရိယာယ်ဖြင့် သွေးဆောင်ရာသို့ မလိုက်မိရန် ကိုယ်ကိုကိုယ် စောင့်ရှောက်ရပါမည် (း၁၇)။
ထိုအရာများကို…
“ကျ..ကျွန်ုပ်.. တောင်းပန်ပါတယ်"
နာမည်ကြီးသူများ၏ အမှားနှင့်  ၎င်းတို့ပြန် တောင်းပန်ခြင်းသတင်း အသေးစိတ်က အလွန် ပျံ့လွယ်သည်။ အားကစားသမားတစ်ဦးက မူးပြီး ကားမောင်းသဖြင့် အဖမ်းခံရသည့် သတင်း၊
နိုင်ငံရေးသမားတစ်ဦး၏ အဆင်အခြင်မဲ့သော အပြုအမူကြောင့် အဖမ်းခံရခြင်းသတင်း စသည်
ဖြင့် ၎င်းတို့၏ “ကျ... ကျွန်တော် .......
မှားသွားပါတယ်” ဟူသည့် စကားသံကို ကြားရစဉ်
သူတို့ တကယ်ဘဲ နောင်တရတာလား၊ ဒါမှမဟုတ် အဖမ်းခံရလို့ တောင်းပန်နေတာလား
ဟု တွေးမိကြသည်။ ဘုရားသခင်တစ်ပါးတည်း
သာလျှင် သူတို့၏ စိတ်နှလုံးအမှန်ကို သိသည်။
ဒါဝိဒ်မင်းကြီး ဗာသရှေဘနှင့် မှားယွင်း
ပြီး နောင်တရကာ ရေးစပ်ထားသည့် ဆာလံ
၅၁ တွင် စစ်မှန်သည့်နောင်တရခြင်းကိုသိနိုင်ပါသည်။ သူ့အပြစ်များကို ထုတ်ဖော်
ပြောဆိုသည့် ဆာလံ ၅၁ တွင် ထင်ရှားနေသည့်အပြစ်ကို ဝှက်ထားပြီး ရှက်ဖွယ်
မှတ်တမ်းတင်ခံရကာ…
ကရုဏာမေတ္တာစွမ်းအား
စာရေးဆရာနှင့် ခရစ်ယာန်ဘာသာ
ဖက်မှ ရပ်တည်သူ 'ဖရန့်စစ် ရှဲဖာ' သည် ဦးနှောက် မမှန်၍ စာဖတ်ခက်ရောဂါကြောင့် သတ်ပုံ မှန်အောင် မပေါင်းနိုင်။ တက္ကသိုလ်တက်စဉ်က စာတမ်းတင်ရသော ဘာသာရပ်များ၌ သတ်ပုံများ မှားသဖြင့် အဆင့်ကျလေ့ရှိသည်။ ပထမစာသင်
နှစ်တွင် ပါမောက္ခမှ ရှဲဖာအား “ကျုပ်ဖတ်ဘူးသမျှ ဒဿနိကဗေဒ စာတမ်းတွေထဲမှာ ဒီစာတမ်းက
အကောင်းဆုံးပေမယ့် သတ်ပုံကတော့ အဆိုးဆုံး
ပဲ။ ငါမင်းကိုဘယ်လို လုပ်ရမလဲ။ မင်းကို အအောင်
မပေးနိုင်ဘူး” ဟု ပြောရာ၊ ဖရန့်စစ်က“ဆရာ...
ကျွန်တော်က ဘယ်တော့မှ သတ်ပုံမှန်အောင်
ရေးနိုင်မှာ မဟုတ်တဲ့အတွက် ကျေးဇူးပြုပြီး ကျွန်တော် ဘာဆိုလိုတာလဲဆိုတာကိုပဲ ဖတ်ပေး
ပါ။ သတ်ပုံကိုတော့ မကြည့်ပါနဲ့” ဟု ပြန်လည်ဖြေကြားခဲ့သည်။
ပါမောက္ခကြီးမှာ အတော်အတန်ကြာ စဉ်းစားပြီးနောက် “အင်း...မစ္စတာ ရှဲဖာ၊ ဒီလိုပဲလုပ်ရမယ်ထင်တယ်” ဟု…
သက်ဆိုင်ပတ်သက်မှု
ကျွန်ုပ်ဖခင်တွင် သူ၏ဇာတိချက်မြုပ်
နှင့် ပတ်သက်သော အမှတ်တရများစွာရှိသည်။ နှစ်စဉ် နွေရာသီရောက်တိုင်း မိသားစုကို သူ့ ဇာတိမြို့သို့ ခေါ်သွားလေ့ရှိရာ ကလေးတစ်ဦး အနေဖြင့် အလွန် စိတ်လှုပ်ရှားပျော်ရွှင်ခဲ့မည်ကို
သင် မှန်းဆနိုင်ပါသည်။ စိန့်ဂျိုးဇက်မြစ်၌ အတူတူ ငါးဖမ်းခဲ့ပြီး၊ သူ့ဘဝအကြောင်းများ ပြန်လည် သက်ဝင်လာစေသည့် စိုက်ပျိုးမွေးမြူရေးခြံသို့ အလည်အပတ် သွားခဲ့သည်။ ထိုနေရာသည် ကျွန်ုပ်၏ဇာတိ မဟုတ်သော်လည်း ကျွန်တော်၏
သားသမီး၊ မြေးများနှင့် ထိုမြို့သို့ လက်ရှိအချိန်၌
သွားတိုင်း ထိုမြို့နှင့်သက်ဆိုင်ပတ်သက်မှု တစ်စုံတစ်ရပ် အတိတ်ကို တသသ သတိရမိ သည်။
ယေရှုသည် ကျွန်ုပ်တို့နှင့်အတူရှိရန် သူစွန့်ခွာခဲ့သည့် ကောင်းကင်အိမ်
အကြောင်းကို တပည့်တော်များအား ပြောကြားခဲ့သည်။ တပည့်တော်များအား “ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းအများရှိ၏။….သင်တို့နေစရာအရပ်ကိုပြင်ဆင် ခြင်းငှာ ငါသွားရ၏။ …ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့သိမ်းဆည်း မည်” ဟုပြောစဉ် ယေရှုရှင်အလွန်ဝမ်းမြောက်ခဲ့လိမ့်မည်…