စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Ade Chandra

ဆီကိုစစ်ဆေးပါ

ကျွန်တော့်သမီးများကို ကားမောင်း သင်ပေးစဉ်က အခြေခံကားပြုပြင်ထိန်းသိမ်းနည်း ကိုလည်း အနည်းအကျဉ်း သင်ပေးသည်။ ရပ်ကွက် ဓာတ်ဆီဆိုင်၌ ဆီသွားဖြည့်တိုင်း သူတို့ကို ဆီစစ် ခိုင်းသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ယခု တွင် သူတို့က ကျွန်တော်ပြောခဲ့သည့် စကား ဆောင်ပုဒ်ကို ပြန်၍သတိပေးပြောကြသည်။ “ဆီ က ဈေးသက်သာတယ်၊ အင်ဂျင်က ဈေးကြီးတယ်။ ဆီတစ်ပိုင်းလောက် ဖြည့်လိုက်ရတာဟာ အင်ဂျင် လဲလိုက်ရတာနဲ့စာရင် ဘာမှမဖြစ်စလောက်ပါ။”
ကျွန်တော်တို့၏ ဝိညာဉ်အသက်တာ တွင်လည်း ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ခြင်း သဘောကအရေးကြီးပါသည်။ နေ့ရက်အစဉ် သမ္မာကျမ်းစာဖတ်ရန် အချိန်ယူခြင်း၊ ဆုတောင်းခြင်းနှင့် ဘုရားသခင်၏ အသံတော်ကို နားထောင်ခြင်းသည် အရှုံးများကို ရှောင်ရှားနိုင်သော အဓိကသော့ချက် ဖြစ်သည်။ ဆာလံ (၅) တွင် ဒါဝိဒ် က “အိုထာဝရဘုရား၊ နံနက်အခါ အကျွန်ုပ်စကားသံကို ကြားတော်မူရပါ၏။ နံနက်အခါ ကိုယ်တော်ကို မျက်မှောက်ပြု၍…

နာမည်တစ်ခု၌ ပါရှိသော

ကျွန်မ မိတ်ဆွေတစ်ဦးက မွေးကင်းစ သူ့သားငယ်လေးထံ စာရေးသည်။ သူကြီးလာလျှင် ဖတ်ဖို့ဖြစ်သည်။ “သားငယ်လေး၊ ဖေဖေနဲ့မေမေက  မင်းကို အလင်းသို့ဦးတည်နေစေချင်ပါတယ်။ မင်းရဲ့တရုတ်နာမည်က `ရှင့်ရွှမ်း´ဖြစ်တယ်။  ရှင့်
ရဲ့အဓိပ္ပာယ်က သစ္စာရှိခြင်း၊ ရောင့်ရဲခြင်းနဲ့ ရိုးသား ခြင်း ဖြစ်တယ်။ ရွှမ်း ကတော့ နွေးထွေးခြင်းနဲ့ အလင်းကို ပုံဆောင်တယ်။” သားငယ်၌ ထားသော ၎င်းတို့၏ မျှော်လင့်ချက်အပေါ်အခြေပြုပြီး နာမည်ကို သေချာစွာ ရွေးချယ်မှည့်ခေါ်သည်။
ယေရှုက ရှိမုန်ကို ပေတရု/ကေဖ (ယော ၁း၄၂)ဟု အမည်ပေးသောအခါ အဓိပ္ပာယ်မဲ့ ရွေးချယ်ပေးခြင်း မဟုတ်ပါ။ ပေတရု၏အဓိပ္ပာယ်မှာ `ကျောက်´ဖြစ်သည်။ သို့သော် သူ၏အမည်အတိုင်း ဖြစ်တည်လာအောင် သူအချိန်ယူ ခဲ့ရသည်။ သူ့ဘဝမှတ်တမ်းများအရ သူသည် တံငါသည်ဖြစ်ပြီး၊ စိတ်မြန်ကိုယ်မြန် ကြမ်းတမ်းသူ၊ သဲကဲ့သို့ ရေစီး၌ပါသွားတတ်သည့် မတည်ငြိမ်သည့်လူစားဖြစ်သည်။ ယေရှုနှင့်လည်း အတိုက်အခံလုပ်သည် (မ ၁၆း၂၂-၂၃)။…

မိတ်ဆွေရပြီ

လူမှုရေးမီဒီယာ ကြီးထွားလွှမ်းမိုးလာမှု ၏ ဖြစ်ရိုးဖြစ်စဉ်ရလဒ်မှာ အများအားဖြင့် မိမိ ကိုယ်တိုင် အထီးကျန်ခံစားရခြင်းဖြစ်သည်။ အွန်လိုင်းဆောင်းပါး တစ်ခုတွင် “အွန်လိုင်းကို
အဓိကသီးသန့်သုံးပြီး (အွန်လိုင်းမှ မိတ်ဆွေနီးပါး ရင်းချာသော်လည်း) မိတ်ဆွေမဟုတ်သော မိတ်ဆွေများနှင့် ဘဝရှင်သန်မှုကို အစားထိုးရန် မဖြစ်နိုင်၊ ထိုသို့အစားထိုးသူများသည် ပို၍ အထီးကျန်ဆန်လာပြီး၊ ယခင်ကထက်ပို၍ စိတ် ဖိစီးမှု ခံစားရသည်”ဟု သတိပေးရေးသားခဲ့သည်။
နည်းပညာများကို အသာထားဦး၊ ကျွန်ုပ်တို့အသီးသီးသည် အချိန်အခါလိုက်၍ အထီးကျန်ဝေဒနာ ခံစားရတတ်သည်။ မိမိ၏ လေးလံသော ဝန်ဖိစီးမှု၊ ရုန်းကန်ရမှုများကို မည်သူသိပါသနည်း။ မည်သူနားလည် ပါသနည်းဟု တွေးမိသည်။ သို့သော် ခရစ်တော်နောက်လိုက်များ၏ နွမ်းလျနှလုံးသား အတွက် နှစ်သိမ့်မှုခံစားရရန် သေချာသည်။ ကယ်တင်ရှင်အတူရှိနေခြင်းက နှစ်သိမ့်မှုကို ဖြစ်စေကြောင်း ကတိစကားကို မည်သူမျှ မငြင်းနိုင်ပါ။ ဆာလံဆရာ ဒါဝိဒ်က “အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ လျှောက်သွားရသော်လည်း…

လက်ဆောင်ရသည့် ခရမ်းချဉ်သီး

ကျွန်မ၏ ကားနောက်ခန်းထဲသို့ ကုန်စိမ်း၊ ကုန်ခြောက်များထည့်ပြီးမှ   ဘေးမှကားကို လှမ်းကြည့်လိုက်မိရာ၊ နီရဲတောက်ပနေသော ခရမ်းချဉ်သီးများကို တောင်းနှင့်အပြည့်တွေ့လိုက်ရ သည်။ စတိုးဆိုင်၌တွေ့ခဲ့သည့် အသီးများထက် အရောင်စိုအလုံးလှ အလုံးကြီးသည်။ စက္ကန့် အနည်းငယ်အတွင်း ကားပိုင်ရှင်ရောက်လာ၍ ကျွန်မက `ခရမ်းချဉ်သီးတွေက လှလိုက်တာ´ဟု ပြောရာ၊ သူက “ဒီနှစ် ကျွန်မအသီးအောင်တယ်၊ ရှင်လည်း နည်းနည်းယူပါလား”ဟု ပြန်ပြောသဖြင့် မျှဝေပေးလိုသောသူ့ဆန္ဒကို ကျွန်မ အံ့သြလျက်၊ ဝမ်းမြောက်စွာ လက်ခံလိုက်ပါသည်။သူကကျွန်မကို ခရမ်းချဉ်သီးလက်ဆောင် (အခမဲ့) ပေးခဲ့ပါသည်။ အသီးလှသလို အရသာလည်း ကောင်းသည်။
ဘုရားသခင်၏ တဲတော်ဆောက်လုပ် သည့်အခါ ဣသရေလလူတို့၏ ရက်ရောသောစေတနာစိတ်ကို တွေ့ရသည်။ တဲတော် အတွက် လိုအပ်သောပစ္စည်းများ တောင်းခံသောအခါ “မိမိစိတ်နှလုံးနှိုးဆော်သောသူ၊ ကြည်ညိုသော စေတနာစိတ်သဘောရှိသူအပေါင်းတို့သည် ပရိသတ်စုဝေးရာတဲတော်လုပ် ဖို့ရာ ... လှူသောအလှူကို ဆောင်လျက်လာကြသည်” (ထွက် ၃၅း၂၁)။ သူတို့၏ ရွှေငွေ…

သောက်ရေသန့်ဗူး

အမေရိကန် ပြည်ထောင်စုနိုင်ငံတွင် သောက်ရေသန့်ဗူးများကို အသုံးပြုသည်မှာ နှစ်ပေါင်း အတော်ကြာပြီဖြစ်သည်။ လူအများစုမှာ ပိုက်ခေါင်းများနှင့် သောက်ရေသန့်စင်များမှ ရေကို အခမဲ့ လွယ်ကူစွာရရှိနိုင်သော်လည်း ရေဗူးများကို ဝယ်ယူအသုံးပြုဆဲဖြစ်သည်။ ကုန်ကျမှုမရှိဘဲ ရယူ နိုင်သောအရာတခုအတွက် ပိုက်ဆံပေးချေရခြင်းက ကျွန်မအတွက် အဓိပ္ပာယ်မရှိပါ။ သို့သော်လည်း လူအချို့က ပိုက်ဆံပေးဝယ်ရသောပစ္စည်းသည် အခမဲ့ရသောအရာထက်ပို၍ ကောင်းမွန်သည်ဟု ထင်မှတ်ယူကြသည်။
ဤအချက်ကို ဝိညာဉ်ရေးရာအသက် တာတွင်လည်း တခါတရံ တွေ့ရှိရသည်။ ကယ်တင် ခြင်းသည် လက်ဆောင်ဖြစ်သည်ကို အချို့က ငြင်း ဆန်ကြသည်။ ကယ်တင်ခြင်းရရှိရန် သူတို့ တခုခု လုပ်ချင်ကြသည်။ ပြဿနာမှာ ကြိုးစားအားထုတ် ခြင်းဖြင့် မည်သူမျှ မရရှိနိုင်ကြခြင်းဖြစ်သည်။ ကယ်တင်ခြင်း၏ အဖိုးအခမှာ စုံလင်ခြင်းဖြစ်ပြီး (မဿဲ ၁၉း၂၁)၊ သခင်ယေရှုတပါးတည်း သာလျှင် အဖိုးအခကို ပေးနိုင်သည် (ရော ၅း၁၈)။ ရေငတ်သောသူအား “အသက်စမ်းရေ ကို…

နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိ၏

အင်္ဂလိပ်စကားလုံး (meek) (စိတ်နူးညံ့ သိမ်မွေ့ခြင်း) သည် (week) အားနည်းခြင်းဟူသည့် စကားလုံးနှင့် ကာရန်ညီပြီး လူများက ထိုစကားလုံး နှစ်လုံးကို နှစ်ပေါင်းများစွာ ယှဉ်တွဲသုံးခဲ့ကြသည်။ ကျော်ကြားသောအဘိဓာန်တစ်ခုက (meek) စိတ်နူးညံ့သိမ်မွေ့ခြင်း၏ အနက်ပွားကို `ကျိုးနွံ နှိမ့်ချ ဝန်ခံခြင်း၊ အာဏာပြခြင်းကို အလွယ်တကူနာခံခြင်း၊ စိတ်ပျော့ခြင်း၊ စိတ်အားငယ်ခြင်း´ဟု ဖွင့်ဆိုထား သည်။ ထို့ကြောင့် “စိတ်နူးညံ့သိမ်မွေ့သောသူတို့ သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့ သည် ပြည်တော်ကို အမွေခံရကြလတ္တံ”  (မဿဲ ၅း၅) ဟူသောစကားကို သခင်ယေရှု ဘာကြောင့် ပြောသနည်းဟု လူတို့ မေးခွန်းထုတ်ကြသည်။
ဂရိပညာရှင် W. E. Vine က သမ္မာကျမ်းစာမှ ဖော်ပြထားသော စိတ်နူးညံ့ သိမ်မွေ့ခြင်းဆိုသည်မှာ “ဘုရား၏ဆုံးမခြင်းကို ငြင်းခုံခြင်း၊ ငြင်းဆန်ခြင်းမရှိဘဲ ကောင်း သည်ဟု လက်ခံသည့်” ဘုရားသခင်အပေါ်…

ပို၍ ကောင်းသောကမ္ဘာ

ချာလီဘရောင်း သရုပ်ဆောင်ထား သော ကျွန်ုပ်အနှစ်သက်ဆုံး Peanuts ကာတွန်း တစ်ခုတွင် မိမိကိုယ်ကို ယုံကြည်မှု အမြဲရှိသော လူစီ က “ကျွန်မရှိနေတဲ့အတွက် ကမ္ဘာကြီးက ဘယ်လိုလုပ် ပိုဆိုးလာနိုင်ပါမလဲ။ ကျွန်မမွေးလာပြီး ကတည်းက ကမ္ဘာကြီးက သိသိသာသာ တိုးတက် လာတယ်”ဟု ကြွေးကြော်သည်။
သူ့ကိုယ်သူအထင်ကြီးမြှောက်စား သည့် လူစီ၏ ယူဆချက်က မဖြစ်နိုင်သော်လည်း စိတ်ဝင်စားစရာကောင်းသောအချက်တစ်ချက်ကို သူမထောက် ပြနေသည်။ ဘုရားသခင် ကျွန်ုပ်တို့ကို ထားရှိသော ဤလောကတွင် သခင်ယေရှု၏မေတ္တာ ကို ဖော်ပြခြင်းဖြင့် ကမ္ဘာကြီးကိုပို၍ ကောင်းသော နေရာဖြစ်သွားအောင် ကျွန်ုပ်တို့ ကြိုးစားပါက မည်ကဲ့သို့ ဖြစ်သွားမည်နည်း။
ညှင်းပန်းခြင်းခံရသော ယုံကြည်သူများ ထံ ရှင်ပေတရု စာရေးသားရာ၌ သင်တို့၏ ကောင်း သော အကျင့်ကို သူတို့သည်ထောက်ရှု၍ ဘုရားသခင်ကို ချီးမွမ်းမည်အကြောင်း “သူတို့ ရှေ့၌ တင့်တယ်လျောက်ပတ်စွာကျင့်နေကြရန်”…

စောင့်ခြင်း

ဘုရားသခင်ကို ကျောခိုင်း စွန့်သွား သော သားမက် ဂျွန်အတွက် ပူပန်လျက်  ဟယ်ရီသည် နှစ်ပေါင်းအတော်ကြာမျှ တစ်နေ့ပြီးတစ်နေ့ ဘုရား သခင်ထံ ဆုတောင်းခဲ့သည်။ သို့သော် ဟယ်ရီ သေဆုံးသွားပြီး လအနည်းငယ်အကြာမှ ဂျွန် ဘုရားသခင်ထံ ပြန်လည်ဦးလှည့်လာခဲ့သည်။ သူ့ယောက္ခမ မားရှာ က ဟယ်ရီ သူ့အတွက် နေ့တိုင်း ဆုတောင်းပေးခဲ့ကြောင်းပြောပြရာ ဂျွန်က “ကျွန်တော် စောင့်တာကြာသွားတယ်”ဟု ပြော သည်။ သို့သော်  မားရှာ က “ဟယ်ရီ လောကမှာ အသက်ရှင်တုံးက တောင်းခဲ့တဲ့ ဆုတောင်းချက်ကို ဘုရားသခင် အဖြေပေးဆဲပဲ”ဟု ဝမ်းမြောက် ဝမ်းသာစွာဖြင့် ဝေငှခဲ့သည်။
ဟယ်ရီ၏ အဖြစ်အပျက်က ဆုတောင်း ၍ စောင့်နေရသူများအတွက် အားတက်စရာဖြစ်သည်။ “ဆုတောင်းပဌာနာပြုခြင်းအမှုကို အမြဲပြုရန်”နှင့် သည်းခံရန် သမ္မာကျမ်းစာက ပြောထားသည် (ရောမ ၁၂း၁၂)။
ဆာလံ ၁၃၀…

အသက်ဆက်စေသောအရာ

အသက် ၁၆ နှစ် အရွယ်တွင် မောရစ် ဖရန့် (၁၉၀၈-၁၉၈၀) သည် မျက်စိ နှစ်ဖက်လုံး အမြင်အာရုံဆုံးရှုံးခဲ့သည်။ နှစ်ပေါင်း အတော်ကြာပြီးနောက်တွင် သူဆွစ်ဇာလန်သို့ ခရီးသွားခဲ့ပြီး ထိုနေရာတွင် ‘ခွေးကြီး ဘတ်ဒီ’ နှင့် စတင်တွေ့ဆုံခဲ့သည်။ သို့နှင့် လမ်းပြခွေး သင်တန်းကျောင်း ပေါ်ပေါက်လာအောင် သူပါဝင် လုပ်ဆောင်ရန် ‘ဘတ်ဒီကြီး’ သူ့ကိုလှုံ့ဆော်ခဲ့သည်။
ဘတ်ဒီ၏ လမ်းပြဦးဆောင်ခြင်းဖြင့် လူသွားလူလာများသော လမ်းဘေးစင်္ကြများနှင့် လမ်းဆုံလမ်းခွများကို ဖရန့် အလွယ်တကူသိရှိပြီး သွားလာနိုင်သည်။ သူ့လမ်းပြခွေး၏ အကူအညီ အကြောင်း ဖော်ပြရာ၌ ဖရန့် က “ဂုဏ်ပြုထိုက်ပါ တယ်။ ဘတ်ဒီနဲ့သူ့ကိုချည်ထားတဲ့သားရေကြိုး လေးတစ်ချောင်းက ကျွန်တော့်ကို အသက်ဆက်စေ တယ်” ဟု ပြောသည်။ ဘတ်ဒီသည် မောရစ် ဖရန့် အား သူ့အနီးဝန်းကျင်လောကထဲသို့ ဝင်ရောက်ရန် အခွင့်အရေးသစ်ကို ပေးခဲ့သည်။
ဘုရားသခင်၏…

ပရမ်းပတာမဖြစ်ဘဲ

ကျွန်မ လေ့လာတွေ့ရှိသမျှ၌ အစီအစဉ် တကျဖြစ်ခြင်းသည် အလိုအလျောက်ဖြစ်မလာ ကြောင်း လက်မခံ၍မရ၊ လက်ခံရသည်။  ရုံးအလုပ် အကြောင်းစဉ်းစားလိုက်လျှင် ပရမ်းပတာဖြစ်မှုက လျင်မြန်စွာဖြစ်ပျက်ပြီး ၎င်းကို အစီအစဉ်တကျပြန် ဖြစ်အောင် အချိန်များစွာ ယူရသည်ကို သြချမိပါ၏။ အစီအစဉ်တကျဖြစ်ရန်အတွက် ကြားဝင်ဖြေရှင်း ရန်လိုပြီး ၎င်းက အလိုအလျောက်ဖြစ်မလာပါ။
ပရမ်းပတာမဖြစ်စေဘဲ အစီအစဉ် တကျဖြစ်စေသော ဘုရားသခင်၏အခန်းကဏ္ဍမှာ ကျမ်းစာမှ ထင်ရှားသောအဓိကအချက် ဖြစ်နေ ခြင်းကို ကျွန်မ မအံ့သြပြီ။ ဣသရေလနိုင်ငံ တည် ထောင်ရာ၌ ကိုယ်တော်က အစီအစဉ်တကျပြုလုပ် ခဲ့သည် (ထွး၇-၁၄)။ ဘုရားသခင်က ဟေဗြဲလူ တို့အား အီဂျစ်ပြည်မှကယ်ထုတ်ရန် အချိန်ကျရောက်ကြောင်း မိန့်ကြားရာ၊ ဖာရော ဘုရင်က ကန့်ကွက်ခဲ့သည်။ နိုင်ငံ့စီးပွားရေးမှာ ဟေဗြဲအလုပ်သမားများအပေါ် မူတည် နေသဖြင့် သူတို့ကို လက်မလွတ်ချင်ပါ။ ဖာရောဘုရင်၏သဘောထားပြောင်းလဲရန် အတွက် အံ့ဖွယ်နိမိတ်လက္ခဏာ ၁၀…