လောဘကြီးသောငှက်များ
နှစ်စဉ်နှစ်တိုင်း ငှက်စာခွက်ကို ကျွန်မ ထုတ်လာတိုင်း ဝတ်ရည်စုပ်ငှက်များသည် ပျားပန်းခတ်လျက် နေရာလုကြသည်။ နေရာ (၄)
နေရာရှိပြီး အစာက အတူတူပင် ဖြစ်သော်လည်း
အရင်ရှိနေသည့် ငှက်၏နေရာကို လုသည်။
တိုက်ခိုက်ကြသည်။ ငှက်များ၏ လောဘကြီးမှု ကိုကြည့်ပြီး ကျွန်မခေါင်းခါယမ်းမိသည်။
သို့သော် မိမိ၏လောဘထက် ငှက် များ၏ လောဘကိုဘာကြောင့် ပို၍ မြင်လွယ် သနည်းဟု စဉ်းစားမိသည်။ ဘုရားသခင်တည်း ဟူသောတူညီသောအရင်းအမြစ်မှ ကောင်းသော အရာများကို ရရှိခံစားပြီး ကိုယ်တော်၏ အထောက်အမက ဘယ်တော့မှ မကုန်ဆုံး ကြောင်းကို ကျွန်မသိသော်လည်း “ဘုရားသခင်
၏ စားပွဲ” တွင် အခြားသူတစ်ဦး ရှိနေသည့်
နေရာကို ကျွန်မလိုချင်ခဲ့သည်။ ဘုရားသခင်သည် ရန်သူများရှေ့မှာပင် စားပွဲကိုခင်းပေးနိုင်ပါလျက် (ဆာ ၂၃း၅) မိမိလိုချင်သောနေရာကို အခြားသူက ရယူသွားမည်ကို အဘယ်ကြောင့် စိုးရိမ်နေပါသနည်း။
သခင်ဘုရားသည်…
ကယ်တင်ရာကျောက်
တစ်နှစ်က အပန်းဖြေခရီးထွက်ခဲ့စဉ် ရေကန်ကြီးတစ်ခု၏ ကမ်းစပ်တစ်လျှောက် လမ်းလျှောက်ထွက်ရင်း ကျောက်တုံးအပုံကြီး အနား ရောက်လာသော် ကျောက်တုံးကြီးများကြား ကွာဟနေသော နေရာလေးကို သတိပြုမိပြီး သေချာကြည့်လိုက်ရာ အပင်ငယ်လေး တစ်ပင်က အမြစ်တွယ်လျက် ပေါက်နေသည်ကို တွေ့ရ
သည်။ အပင်ငယ်လေးက နေရောင်ခြည်နှင့် ရေအလုံအလောက် ရရှိပုံပေါ်သည်။ အကာ
အကွယ်လည်းရှိသည်။ မိုးဘယ်လောက်ရွာရွာ၊
မုန်တိုင်းဘယ်လိုတိုက်တိုက် ယင်း၏ နူးညံ့သော
အရွက်လေးများကို ထိခိုက်မည် မဟုတ်ပေ။
အပင်ငယ်လေး၏ လုံခြုံစိတ်ချရသော
တည်နေရာလေးက “မြဲတည်ကျောက် ကျွန်ုပ်ဖို့ကွဲ၊ ခိုပါစေ ကိုယ်တော်အထဲ” ဟူသည့်
ဓမ္မတေးစာသားလေးများကို အမှတ်ရစေခဲ့သည်။ လူများ၏ မာန်မာနထောင်လွှား
မောက်မာမှု၊ ရက်စက်မှု၊ ဘုရားသခင်ကို မရိုမသေပြုမှု (ဆာ ၉၄း ၄-၇) စသည့် လူတို့၏ မကောင်းကြံ၊ အကောက်ကြံမှု ခံရချိန်တွင် ဤစာသားများအတိုင်း ခိုလှုံရာနေရာကို လိုချင်ကြသည်။ တစ်စုံတစ်ဦး၏…
နာကျင်နေသော်လည်းကစားသည်
ဘေ့စ်ဘောအားကစားတွင် ဘောလုံး ဖမ်းကျွမ်းကျင်သူ 'ဂရေးကာတာ' သည် ခရစ်တော် နောက်လိုက်တစ်ဦးဖြစ်သည်။ ကစားသမား သက်တမ်း ၁၉ နှစ်တာ ကာလအတွင်း ဘုရား သခင်အပေါ် ယုံကြည်စိတ်မှ ခွန်အားနှင့်ခံနိုင်ရည် များရယူပြီး ပြိုင်ပွဲဝင်ခဲ့သည်။ အသက် ၅၇ နှစ်
အရွယ်တွင် ဦးနှောက်ကင်ဆာဖြင့် 'ကာတာ'
ကွယ်လွန်ပြီး မကြာမီမှာ ဝေါလ်စထရိဂျာနယ် ဆောင်းပါးတစ်ပုဒ်၌ စာရေးဆရာ 'အင်ဒရူး ကလာဗင်' က သူ့ဘဝ၌ 'ကာတာ'၏ လွှမ်းမိုးမှု ရှိခဲ့ကြောင်း ပြောပြခဲ့သည်။
၁၉၈၀ ပြည့်နှစ်များတွင် 'ကလာဗင်'
သည် ဘဝ၏ အဆိုးဆုံးအခြေအနေ၌ နစ်မြုပ်ခဲ့ပြီး မိမိကိုယ်ကိုသတ်သေရန်သာ တွေးနေသည်။ ထိုအချိန်တွင် 'ကာတာ'၏ အသင်း နယူးယော့ မက်ထ်စ် အနိုင်ရရှိခဲ့ပြီး၊ အရွယ်ရနေပြီဖြစ်သော ဘောလုံးဖမ်းသမားကြီး 'ကာတာ'က အားသွန်ခွန်စိုက်ပြေးကာ အဆုံးအဖြတ်ပေးမည့် အရေးကြီးလှသည့် အမှတ်ရအောင်ယူပေးခဲ့သည်။ ဒူးများနာကျင်နေသော်လည်းမည်သို့…
စကားလုံးတိုင်းက အရေးကြီး၏
'ကင်း ပိခ်' သည် သာမန်ထက်ပို၍
မှတ်ဥာဏ်ကောင်းသော ဥာဏ်ကြီးရှင် ဖြစ်ပြီး ရှိတ်စပီးယား ပြဇာတ်အားလုံးကို သူအလွတ် ကျက်မှတ်သည်။ တစ်ခါက Twelfth Night ပြဇာတ်ကနေစဉ် မင်းသားက စာသားတစ်
ကြောင်း ကျော်ပြောမိခြင်းကို သူ သတိပြုမိပြီး ရုတ်တရက် 'ရပ်လိုက်' ဟု အော်ပြောလိုက်သည်။ မင်းသားက ဝန်ခံတောင်းပန်ရင်း “ဘယ်သူမှ
စိတ်အနှောင့်အယှက်ဖြစ်မှာမဟုတ်ဘူးထင်လို့ပါ” ဟုဆိုရာ၊ “ရှိတ်စပီးယား ကတော့ ဖြစ်မှာပေါ့” ဟု သူတုံ့ပြန်ခဲ့သည်။
စကားလုံးများက အရေးကြီးသည်။ အထူးသဖြင့် ဘုရား၏နှုတ်ထွက်စကားဆိုလျှင် အတိုင်းထက်အလွန်ပါ။ “ငါမှာထားသောစကား၌ သင်တို့သည် အသစ်မသွင်းရ။ အလျှင်း မနုတ်
မပယ်ရ။ ငါမှာထားသည်အတိုင်း သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော် တို့ကို စောင့်ရှောက်ရကြမည်” (တရား ၄း ၂) ဟု မောရှေက ဣသရေလလူတို့ကို သတိပေးသည်။ အတိတ်က…