စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Ade Chandra

ပညာပေးခြင်းအပြင် ...

အမူအကျင့်ကို မည်သို့ပြောင်းလဲနိုင်
မည်နည်း။ ဒေးဗစ် ဘရွတ်စ် ရေးသားသည့် The Social Animal စာအုပ်တွင် ကျွမ်းကျင်သူအချို့၏ အဆိုအရ လူတို့အား ရေရှည်တွင်ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် အကျင့်ဆိုးများ အကြောင်းကို ဂဃနဏ ပညာပေးရန်လိုကြောင်း မှတ်ချက် ပေးသည်။ “ဆေးလိပ်သောက်လျှင် ကင်ဆာဖြစ် မည်။ အိမ်ထောင်ရေးဖောက်ပြန်လျှင် မိသားစု ဘဝပျက်မည်။ မုသာသုံးလျှင် ယုံကြည်မှု ပျက်စေသည်။ လူ၏မိုက်မဲသည့် အပြုအမူကို သတိပေးလိုက်သည်နှင့် ဆက်မလုပ်တော့ရန် လှုံ့ဆော်ခံရနိုင်သည်ဟုဆို၏။ ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များချရာ၌၊ မိမိကိုယ်ကိုချုပ်တည်းရန် လေ့ကျင့်ရာ၌၊ ဆင်ခြင်တုံတရားနှင့် ကိုယ်ပိုင်စိတ်ဆန္ဒ(reason and will) နှစ်ခုစလုံးက အရေးပါကြောင်း ထင်ရှားသည်။ သို့သော် ထိုအချက် နှစ်ချက်က အလွန်ထိရောက်မှု ရှိပါသည်ဟု သက်သေမပြနိုင်သေးကြောင်း” ရေးသားထားသည်။ တစ်နည်းအားဖြင့် ပညာပေးခြင်းတစ်မျိုးတည်းက အပြုအမူပြောင်းလဲစေသည်အထိ လွှမ်းမိုးသောသြဇာ မရှိပါ။
သခင်ယေရှု၏နောက်လိုက်များအနေဖြင့် ကျွန်ုပ်တို့သည်…

ရှေ့ဆက်တိုး၍ လုပ်ဆောင်ရာ၌

ခရစ်ယာန်အမျိုးသားအဖွဲ့ ညီလာခံ
တစ်ခု၌ ကျွန်တော်နှင့် ယခင်ကပင် သိကျွမ်း
ပြီး၊ နှစ်ပေါင်းများစွာတိုင် ကျွန်တော့်ကို အားပေး
သွန်သင်ပဲ့ပြင်သူ မိတ်ဆွေကြီး 'ကလိုက်ဒ်' နှင့်
ပြန်တွေ့သည်။ သူနှင့်အတူ တရုတ်နိုင်ငံမှ ယုံကြည်ကာစ လူရွယ်နှစ်ဦးလည်းရှိနေပြီး ထိုသူ
တို့က 'ကလိုက်ဒ်' ၏ သစ္စာရှိရှိမိတ်ဖွဲ့မှုနှင့်
ဝိညာဉ်ရေးရာ ကူညီမစမှုများအတွက် အလွန်ပင်
ကျေးဇူးတင်ကြ၏။ အသက် (၈၀) နီးပါးရှိ
မိတ်ဆွေ 'ကလိုက်ဒ်' က “ခရစ်တော်ကိုသိကျွမ်း ရင်းနှီးရတာနဲ့ပတ်သက်ပြီး ဒီနေ့လောက် စိတ်လှုပ် ရှားရတာမျိုး အရင်က တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး” ဟု ကျွန်တော့်ကို အားတက်သရောပြောပြသည်။
ဖိလိပ္ပိအသင်းသားတို့ထံ ရေးသော
စာတွင် ရှင်ပေါလုက ကာလအချိန်ကြာညောင်း လည်း မည်သည့်အခါမျှ လျော့ပါးသွားခြင်းမရှိသောသူ့နှလုံးသားဆန္ဒမှာ “ထိုသခင်ကို လည်းကောင်း၊ ထမြောက်တော်မူခြင်း၏တန်ခိုးကိုလည်းကောင်း သိကျွမ်းရန်၊ သခင်၏ ဆင်းရဲခံတော်မူခြင်းကို မျှဝေခံယူပြီး၊…

ရဲန်ဒီခဲလ်ဂေါ

ရဲန်ဒီခဲလ်ဂေါ သည် ကျမ်းစာကျောင်းသို့ မပြန်လာမီ သူ၏ အသက် (၂၀) ကျော် လူငယ်နှစ်ကာလများကို အကြီးတန်း လူသားအရင်းအမြစ် မန်နေဂျာအဖြစ် စီးပွားရေးလုပ်ငန်းတွင် အများစု အသုံးပြုခဲ့သည်။ ၂၀၀၀ ခုနှစ် Master of Divinity ဘွဲ့ရအပြီးမှစ၍ စာရေးသူနှင့် ဘုရားတရားရေးမှူး (Chaplain) အဖြစ် အမှုဆောင်ခဲ့သည်။ အပတ်စဉ် အင်တာနက် ဝတ်ပြုဆင်ခြင်ခြင်းအတွက် ရေးသားပြီး၊ ထိုရေးသားမှုကောက်နုတ် ချက်များသည် Made to Matter : Devotions for Working Christians ဒစ္စကာဗရီ တိုက်ထုတ်စာအုပ်တွင်ပါရှိသည်။ ရဲန်ဒီနှင့် ဇနီး Cheryl တို့်သည် Haven Ministries ကို ၂၀၀၇ တွင် ထူထောင်ပြီး၊ မက်ဆက်ချူးဆက်ပြည်နယ်၌ အတူအလုပ်လုပ်ကာ၊ ကလေးနှစ်ဦးနှင့် နေထိုင်လျက်ရှိပါသည်။

ပညာနှင့်ပြည့်စုံသော စကားများ

ကျွန်တော်အသက် ၆၀ ပြည့်ပြီး
နောက်ပိုင်းတွင် ဘဝတစ်လျှောက်ကျွန်တော့်ကို အကျိုးပြုတည်ဆောက် ကောင်းချီးပေးသည့် ဥာဏ်ပညာနှင့်ပြည့်စုံသော ဝိညာဉ်ရေးဆိုင်ရာ ခေါင်းဆောင်များအကြောင်းကို အလေးထား ဆင်ခြင်မိသည်။ ကျွန်တော်ကျမ်းစာကျောင်း တက်စဉ်က ဘုရားသခင်သည် ဓမ္မဟောင်းကျမ်း ပို့ချသည့် ပါမောက္ခအားဖြင့် နှုတ်ကပတ်တော်ကို သက်ဝင်ရှင်သန်စေခဲ့သည်။ ဂရိဘာသာပြဆရာ ကလည်း ဓမ္မသစ်ကျမ်းကို အဆင့်အတန်း မြင့်မြင့်
လေ့လာနိုင်ရေး မဆုတ်မနစ်ဝန်ဆောင်ခဲ့သည်။ သင်းအုပ်တာဝန်ကို ဦးဆုံးစတင်ထမ်းဆောင်
စဉ်က အခြားသူများ၏ဝိညာဉ်ရေး ကြီးထွားလာ
ရေးကို မစရန် အရေးကြီးသာသနာ လုပ်ငန်းများ အကောင်အထည်ဖော်ရာ၌ ဝါရင့်သင်းအုပ်ဆရာတော်မှ ကြီးကြပ်လမ်းပြခဲ့သည်။ ဤဆရာတစ်ဦးချင်းစီသည် ကျွန်တော့်ကို နည်းအမျိုးမျိုးဖြင့် အားပေးခဲ့၏။
ကျွန်တော်တို့ ရင့်ကျက်လာရေးအတွက် ဝိညာဉ်ရေးရာခေါင်းဆောင်များက မစသည့်နည်းလမ်းအချို့ကို ရှောလမုန်မင်းကြီးက အမြော်အမြင်နှင့် လေ့လာထားသည်။ “ပညာရှိသောသူ၏စကားများသည် တစ်ပါးတည်းသောသိုးထိန်းကြီးပေးအပ်၍ သိုးထိန်း လက်၌ရှိသည့် တုတ်ချွန်ကဲ့သို့အသုံးဝင်ပြီး၊ ခံယူကြားနာသူအတွက် သံမှိုနှင့် နှက်ထားသကဲ့သို့ စွဲမြဲစေ၏ (ဒေ…

အပြောနှင့်တကွ သရုပ်ပြ

စာရေးနည်းသင်တန်း (သို့) စာပေ ဆွေးနွေးပွဲများတွင် “(ဇာတ်လမ်း) ပြောပြနေ တာမျိုးမဟုတ်ဘဲ မျက်စိထဲမြင်လာအောင်၊ တင်
ပြပါ” ဆိုသည့်အချက်ကို ကြားကောင်းကြားရ
မည်။ ထို့ပြင် စာဖတ်သူများကို စကားနှင့်ပြောပြ
ခြင်းမဟုတ်ဘဲ အဖြစ်အပျက်ကို “မြင်သာအောင်
ပြ” ရန်၊ စာဖတ်ပရိသတ်ကို ဘာလုပ်ခဲ့သည်ဟု ပြောပြမနေဘဲ လုပ်ခဲ့သည့် အရာများကို သရုပ်ဖော် ရေးသားရမည်။
တစ်စုံတစ်ရာကို ပြောပြခြင်းက လုပ်ပြ
ခြင်းထက် ပိုလွယ်ခြင်းကြောင့် ပြောခြင်းကို ကျွန်ုပ်တို့ ပိုအားသန်ခြင်းဖြစ်မည်။ တစ်စုံတစ်ရာကိုလုပ်ပြရန်အချိန်ပေးရ၊ ခွန်အားစိုက်ရသည်။ စာသင်ရာတွင်လည်း ကျောင်းသားများ၏အမှားကို ထောက်ပြပြောပြခြင်းက ထိုအမှားကို မည်သို့မှန်အောင်ပြင်ရမည်ကို ပဲ့ပြင်ရခြင်းထက် ပို၍ လွယ်ကူသည်။ သို့ရာတွင် အမှားကိုမှန်အောင်ပြင်ရန်ပြသခြင်းက ပို၍ထိရောက်မှုရှိသည်။
ဂျူးလူမျိုးများသည် ပညတ်တရားပါ ဆောင်ရန်၊ ရှောင်ရန် ဥပဒေသများကို နှစ်ပေါင်းထောင်နှင့်ချီ၍ အပြောနှင့်သာ ကြားခဲ့ရသည်။ သို့သော် ယေရှုခရစ်တော် ကြွလာချိန်တွင်မှသာ…

ကျွန်တော်ပျင်းနေလို့

သားများဆယ်ကျော်သက်အရွယ်က အသင်းတော်လူငယ် မိတ်သဟာယအစီအစဉ် ပြီးတိုင်း “ညတုန်းက လူငယ်အစီအစဉ် ဘယ်လို
လဲ” ဟု ကျွန်တော်မေးကြည့်ရာ၊ သားများက
“ပျင်းစရာကြီးပါ” ဟု ပြန်ဖြေကြ၏။ ဤအဖြေမျိုး
ကို ရက်သတ္တပတ်အတန်ကြာ ကြားရပြီးနောက် ကျွန်တော် ကိုယ်တိုင်သွားစုံစမ်းကြည့်ရန် ဆုံး
ဖြတ်လိုက်သည်။ သူတို့တွေ့ဆုံကြသည့် အားက
စားရုံထဲသို့ အသာလေးဝင်သွားပြီး စောင့်ကြည့် သည်။ သူတို့ပါဝင်ရင်း ရယ်မောရင်း နားထောင်
ရင်း အလွန်ပျော်ရွှင်ကြသည်။ ထိုည အိမ်အပြန် လမ်းတွင် သားများကို မေးရာ “ပျင်းစရာကြီး” ဟု ထပ်ပြောလာပြန်၏။ “အဖေအဲဒီမှာ ရှိနေ ခဲ့တယ်။ မင်းတို့ကို စောင့်ကြည့်နေတာ၊ မင်းတို့တကယ်ပျော်နေတာ” ဟုပြောရာ သူတို့က “ခါတိုင်းလောက် အခြေအနေ မဆိုးလို့နေမှာပါ” ဟု တုံ့ပြန်ပါသည်။
ရွယ်တူချင်း၏ ဖိအားပေးလွှမ်းမိုးမှု၊ အခြေအနေကောင်းသည့်ပုံ မပေါ်မှာ
ကို စိုးရွံ့မှု…

နိဒါန်း

အာရ်ဘီစီသာသနာလုပ်ငန်း၏သမိုင်းကြောင်းတစ်လျှောက်တွင် နိုင်ငံအသီးသီးရှိ လူအပေါင်း တို့သည် ခရစ်တော်ကို ကိုယ်ပိုင်ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံပြီး ခရစ်တော်၌ ကြီးပွား ရင့်ကျက်သူများဖြစ်လာစေရေး ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်ကြားပေးလျက်ရှိပါ သည်။ ကျွန်ုပ်တို့၏ရည်မှန်းချက်ပေါက်ရောက်စေရေး နည်းလမ်းပေါင်းစုံဖြင့် ရနိုင်သမျှမီဒီယာ ပေါင်းစုံကို အသုံးပြုလျက် လုပ်ဆောင်လျက်ရှိကြောင်း ဤ၀က်ဘ်ဆိုက်၏စာမျက်နှာများ၌ မြင်ရပါမည်။ ကျွန်ုပ်တို့လုပ်ဆောင်သောနည်းလမ်းစုံလင်သကဲ့သို့ ကျွန်ုပ်တို့၏ပရိသတ်များ မှာလည်း လူအမျိုးမျိုးပါဝင်သည်။ သင်းအုပ်ဆရာ၊ အကြံပေးပညာရှင်များ၊ သာမန်အရပ်သား စသည်ဖြင့် လူအသီးသီးမှတဆင့်၊ အကျဉ်းထောင်၊ ကျောင်း၊ စီးပွားရေးလုပ်ငန်းစသည့် အဖွဲ့ အစည်းများမှတဆင့် မိသားစု၊ မိတ်ဆွေနှင့်အသင်းတော်များကို ဆက်သွယ်ထိတွေ့လုပ် ဆောင်နေပါသည်။
ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့ ဆက်သွယ်ထိတွေ့လိုက်သောသူများသည် သခင်ယေရှု၏ အမိန့်တော်နှင့်အညီ ဧ၀ံဂေလိသတင်းကောင်းဖြန့်ဝေရန် စွမ်းရည်အလင်းရှိသူများဟု မှတ်ယူပါ သည်။ ကျွန်ုပ်၏အဖိုး ဒေါက်တာ အမ်. အာရ်. ဒီဟန်းမှ အာရ်ဘီစီ သာသနာလုပ်ငန်းကြီးကို စတင်ခဲ့သည့်အချိန်မှစ၍ ဘုရားသခင်သည် တိုင်းတာမရနိုင်လောက်အောင် ကောင်းကြီးပေးခဲ့ ပါသည်။ အဖိုးချမှတ်ခဲ့သည့်…

ဟက်ဒေါ်န်ဒဗလျူ ရော်ဘင်ဆင်

ဟက်ဒေါ်န်ဒဗလျူ ရော်ဘင်ဆင် သည် အာဘီစီအမှုတော် Discover the Word ရေဒီယိုအစီအစဉ်၏ စိတ်ဝင်စားဖွယ် ကောင်းသော ဆွေးနွေးမှုခေါင်းဆောင်ဖြစ်သည်။ များပြားသော အတွေ့အကြုံ၊ ဥာဏ်ပညာအမြော်အမြင်၊ ဘဝဆိုင်ရာ ထိုးထွင်းအမြင်များ ဖြင့် သူ၏ ဘဝနှင့် အမှုတော်လုပ်ငန်းကို ပျော်မွေ့ရန် အရေးကြီးကြောင်း ဟက်ဒေါ်န်သိသည်။ သူသည် သမ္မာကျမ်းစာမှ ဒါဝိဒ်အကြောင်း မဖတ်ရှုမှီ၊ Gordon - Conwell ဓမ္မတက္ကသိုလ်တွင် စာသင်ခဲ့သည်။
နယူးယောက်မြို့ကြီးဇာတိဖြစ်သော ဒေါက်တာရော်ဘင်ဆင်သည် Dallas ဓမ္မတက္ကသိုက်မှ Th.M ဘွဲ့ကို ၁၉၅၅၊ တောင်ပိုင်းမက်သဒစ် တက္ကသိုလ်မှ MA ဘွဲ့ကို ၁၉၆၀၊ အီလီနွိုက်တက္ကသိုလ်မှ Ph.D ဘွဲ့ကို ၁၉၆၄ တွင်ရရှိခဲ့သည်။
Gordon - Conwell သို့မသွားမှီ၊ ဒဲန်ဗာကျမ်းစာကျောင်းတွင် ဥက္ကဌအဖြစ် ၁၉၇၉ မှ စတင်အမှုထမ်းခဲ့သည်။ ဒဲလက်စ် ဓမ္မတက္ကသိုလ်…

ဒေးလ်ဘီမာ

ဒေးလ်ဘီမာ သည် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်၊ အီဗန်းစ်ဗေးလ်ရှိ ခရစ်ယာန်မိတ်သဟာယအသင်းတော်တွင် လက်ရှိသင်းအုပ်ဖြစ်ပြီး၊ မကြာခင် Motor Racing Outreach အတွက် (၆)နှစ် ဘုရား၊တရားရေးရာ တာဝန်ခံ (Chaplain) အဖြစ်
အမှုထမ်းခဲ့သည်။ ဒေးလ်သည် အမေရိကန်ပြည်ထောင်စုတဝှမ်း ကားပြိုင်ပွဲပရိတ်သတ်များထံ ဖြန့်ဝေခဲ့သော အထူးနေ့စဉ်ခွန်အားအတွက် ဆောင်းပါးအတော် အတန်ကို ရေးသားခဲ့သည်။ သူ၏ ရေးသားမှုများသည် ပုံမှန်နေ့စဉ်ခွန်အားစာအုပ်တွင်လည်း ပါတတ်သည်။

 

ဂျွန်နီ ယိုဒါ

ဂျွန်နီ ယိုဒါ သည် နေ့စဉ်ခွန်အား ဖတ်သူများအကြား နှစ်သက်ခံရသူဖြစ်ပြီး၊ ၂၀၀၄ ခုနှစ်က ဘုန်းတော်ဝင်စားခဲ့သည်။ သူမနှင့် သူမ၏ ခင်ပွန်းတို့ လွန်ခဲ့သော နှစ်များစွာက အင်္ဂလန်နိုင်ငံတွင် မူးယစ်ဆေးစွဲသူများအား ပြန်ထူထောင်ခြင်း ခရစ်ယာန်လုပ်ငန်းကို ထူထောင်ခဲ့သည်။ ၁၉၈၂ မှစ၍ မုဆိုးမဘဝနှင့် သခင်ဘုရား၏ မစမှုနှင့်စွမ်းအားအပေါ်မှီခိုရန် သင်ယူခဲ့ရသည်။ ဘုရားရှင်အပေါ် စစ်မှန်စွာ မှီခိုသော မျှော်လင့်ခြင်းနှင့် ဘုရား၏ ဘ၀ပြောင်းလဲစေသော တန်ခိုးတော်အကြောင်းရေးသားခဲ့ကာ၊ Finding the God-Dependent Life စာအုပ်ကို ရေးသားခဲ့သည်။