စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Ade Chandra

ဂၽြန္နီ ယုိဒါ

ဂျွန်နီ ယိုဒါ သည် နေ့စဉ်ခွန်အား ဖတ်သူများအကြား နှစ်သက်ခံရသူဖြစ်ပြီး၊ ၂၀၀၄ ခုနှစ်က ဘုန်းတော်ဝင်စားခဲ့သည်။ သူမနှင့် သူမ၏ ခင်ပွန်းတို့ လွန်ခဲ့သော နှစ်များစွာက အင်္ဂလန်နိုင်ငံတွင် မူးယစ်ဆေးစွဲသူများအား ပြန်ထူထောင်ခြင်း ခရစ်ယာန်လုပ်ငန်းကို ထူထောင်ခဲ့သည်။ ၁၉၈၂ မှစ၍ မုဆိုးမဘဝနှင့် သခင်ဘုရား၏ မစမှုနှင့်စွမ်းအားအပေါ်မှီခိုရန် သင်ယူခဲ့ရသည်။ ဘုရားရှင်အပေါ် စစ်မှန်စွာ မှီခိုသော မျှော်လင့်ခြင်းနှင့် ဘုရား၏ ဘ၀ပြောင်းလဲစေသော တန်ခိုးတော်အကြောင်းရေးသားခဲ့ကာ၊ Finding the God-Dependent Life စာအုပ်ကို ရေးသားခဲ့သည်။

ဟားဘတ် ဗဲန်ဒါလပ်(ဂ)(ထ)

ဟားဘတ် ဗဲန်ဒါလပ်(ဂ)(ထ) သည် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ ဘုန်းတော်ဝင်စားသည် အထိ “နေ့စဉ်ခွန်အား” ၏ အလွန်အရေးပါသော ပံ့ပိုးသူ ဖြစ်ခဲ့သည်။ အာဘီစီအမှုတော်အတွက် အကြီးတန်းသုတေသန အယ်ဒီတာအဖြစ် အမှုထမ်းခဲ့ ပြီး၊ ၁၉၆၆ ခုနှစ် ကတည်းက ပါဝင်ခဲ့သည်။ နေ့စဉ်ခွန်အားသို့ တတိယ မြောက်ဝင်ရောက်လာသော ရေးသားသူဖြစ်သည်။ ထို့အပြင် ဒစ္စကာဗရီစာအုပ် များကိုလည်း ရေးသားခဲ့ပြီး၊ ဝတ်ပြုဆင်ခြင်ခြင်း စာပေမီဒယာ နှင့်လေ့လာခြင်းအားလုံးကို ပြန်လည်ဆန်းစစ်ခဲ့သည်။ သူသည် အသင်းတော် (၆)ပါးတွင် သင်းအုပ်လုပ်ခဲ့ပြီး၊ ၁၉၈၉ ခုနှစ် သင်းအုပ်တာဝန်မှ အနားယူပြီးနောက် ကြားကာလ အမှုတော် ဆောင်ရာထူး (၃)ခုကို ထမ်းဆောင်ခဲ့သည်။

ဒဲနစ္စ်ဂျေ ဒီးဟန်း

ဒဲနစ္စ်ဂျေ ဒီးဟန်း သည် အာဘီစီ အမှုတော်ကို အစပြုတည်ထောင်သူ ဒေါက်တာ အမ်အာ ဒီဟန်း၏ တူဖြစ်သည်။ သူသည် ၁၉၇၁ ခုနှစ် အာဘီစီသို့မဝင်မှီ အမေရိကန်ပြည်ထောင်စု အိုင်ဝိုဝါးနှင့်မီရှီဂန်ရှိအသင်းတော် (၂)ပါးတွင် သင်းအုပ်လုပ်ခဲ့သည်။ ၁၉၇၃ မှ ၁၉၈၂ အထိ နေ့စဉ်ခွန်အားစာအုပ်၏ တွဲဖက် အယ်ဒီတာအဖြစ်အမှုဆောင်ခဲ့ပြီး၊ ၁၉၉၅ ယနေ့အထိ အယ်ဒီတာအဖြစ်အမှုဆောင်လျက်ရှိသည်။

 

ဟဲန်နရီ ဂျီ ဘော့ရှခ်ျ

ဟဲန်နရီ ဂျီ ဘော့ရှခ်ျ (၁၉၁၄-၁၉၉၅) သည် နေ့စဉ်ခွန်အား စာအုပ် (Our Daily Bread) ကို တည်ထောင်သူဖြစ်ပြီး၊ စာရေးသားပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။ သူ၏ ဘဝတလျှောက်၊ ကျန်းမာရေးအားနည်းမှုနှင့် တိုက်ခိုက်တွန်းလှန်ခဲ့ရသော်လည်း၊ သူ၏ အားနည်းချက်မှ ဝိညာဉ် ရေးရာအားပေးမှုအဖြစ်ပြောင်းလဲလျက်၊ ဝတ်ပြုခြင်းစာများအားဖြင့် သူတပါးကို အလုပ်အကျွေးပြုခဲ့သည်။

ဘရဲန့်ဟက်ကက်

ဘရဲန့်ဟက်ကက် သည် ကနေဒါ အာဘီစီအမှုတော်လုပ်ငန်း၏ တာဝန်ခံဖြစ်ပြီး၊ ၀င်စယ်၊ အော်ထဲရီယို၊ ထရိုအစ်စ်ရဲဗီးရက်စ်၊ ခယူဘစ်၊ ဗဲန်းကူးဗား၊ ဗြိတိသျှကိုလံဘီယာရှိ ရုံးများကို ကြီးကြပ်သည်။ သတင်းစာပုံနှိပ်ထုတ်ဝေခြင်း၊ ရေဒီယို အသံလွှင့်ခြင်း၊ ခရစ်ယာန် အရောင်းရဆုံးစာအုပ်များလုပ်ငန်းဆိုင်ရာ သူ၏ နောက်ခံအတွေ့အကြုံများဖြင့်၊ ယခုအခါ ကနေဒါနိုင်ငံ အာဘီစီလုပ်ငန်းတိုးချဲ့ပြန့်နှံ့တိုး တက်ခြင်းအပေါ် အာရုံစူးစိုက်ဆောင်ရွက်နေသည်။ ဇနီးမှာ အဲန်ဂျီဖြစ်ပြီး၊ သားသမီး (၄)ဦးနှင့်မြေး(၂)ဦးရှိသည်။

ဒဲနစ္စ်ဖစ်ရှာ

ဒဲနစ္စ်ဖစ်ရှာ သည် သခင်ယေရှုကို သူ၏ ကယ်တင်ပိုင်ရှင်အဖြစ် တောင်ပိုင်းကယ်လီဖိုးနီးယား အသင်းတော်ဝတ်ပြုခြင်းတစ်ခုတွင် လက်ခံခဲ့သည်။ သူက “ကျွန်တော်ဟာ ဆိုးဝါးတဲ့ အပြစ်တွေကျူးလွန်မှုအောက်မှာ ရှိခဲ့တယ်။ သခင်ယေရှုကို လက်ခံပြီးတဲ့နောက်မှာတော့ ကျွန်တော်ဟာ အတွင်းထဲမှာ ရေချိုးချလိုက်ရသလို ခံစားရပါတယ်” ဟုပြောသည်။ သူဟာ “မူဒီဓမ္မကောလိပ်”မှာ ဧဝံဂေလိနှင့်တပည့်တော်စစ် ဖြစ်ခြင်းပါမောက္ခ(၈)နှစ်ဖြစ်ခဲ့ပြီး၊ ၁၉၉၈ မှာ အာဘီစီအမှုတော်သို့ဝင်ရောက်ခဲ့သည်။ Christian Courses.com ၏ စီမံအယ်ဒီတာအဖြစ် လက်ရှိအမှုဆောင်နေပြီး၊ အရွယ်ရောက်ကလေး (၂) ဦးနှင့် မြေးသားလေးတစ်ဦးရှိကာ၊ ဇနီးဂျဲနက်နှင့် မီရှီဂန်ပြည်နယ် “ဒီဝတ်” တွင်နေ ထိုင်လျက်ရှိသည်။

 

ဒေးဗစ်မက်ကက်စ်လဲန်

ဒေးဗစ်မက်ကက်စ်လဲန် သည် ၁၉၉၅ ခုနှစ်မှ စတင်၍ “နေ့စဉ်ခွန်အား” စာအုပ်အတွက် ရေးသားခဲ့သည်။ ထို့အပြင် လူအများအပေါ် လွှမ်းမိုးစေ့ဆော်မှုရှိသော ယုံကြည်သူများ၏ ဘဝဇာတ်လမ်း ဗီဒီယိုများကို ထုတ်လုပ်သော Day of Discovery ရုပ်/သံ၌လည်း၊ အလုပ် လုပ်သည်။ သူရေးသားသော Oswald Chambers: Abandoned to God နှင့် Eric Liddell: Pure Gold တို့ကို Discovery House Publishers မှ ပုံနှိပ်ထုတ်ဝေပြီးဖြစ်သည်။ သူနှင့်သူ၏ ဇနီး လူအဲန် Luann တို့ ကိုလိုရာဒို စပရင်းစ်တွင် နေထိုင်ပြီး၊ ၄င်းတို့တွင် သမီး (၄)ဦး နှင့် မြေး (၆)ဦးရှိသည်။

 

ဒေးဗစ်စီ အဂ္ဂနဲာ

ဒေးဗစ်စီ အဂ္ဂနဲာ သည် အာဘီစီအမှုတော်မှ အနားယူပြီးဖြစ်သည်။ အမှုဆောင်စဉ်က သူသည် Discovery Digest နှင့် Compus Journal (ယခု Our Daily Journey) ၏ အယ်ဒီတာဖြစ်သည်။ ဒစ္စကာဗရီ စာစဉ်များစွာကို ရေးသားခဲ့ပြီး အာဘီစီအမှုတော်မြတ် ပုံနှိပ်ထုတ် ဝေခြင်းမျိုးစုံတွင် သူ၏ လုပ်ဆောင်ချက်များကို တွေ့မြင်နိုင်သည်။ သူသည် နှစ်ပေါင်းများစွာ စာရေးသားသော ကောလိပ်ပါမောက္ခဖြစ်ခဲ့ပြီး၊ ရုရှားနိုင်ငံ ဓမ္မကောလိပ်များတွင် အခါအားလျော်စွာ ဧည့်ပါမောက္ခတာဝန်ကို ထမ်းဆောင်ပျော်မွေ့ခဲ့သည်။ သူနှင့် သူ၏ဇနီးရှာလီတို့သည် အမေရိကန်ပြည်ထောင်စု မီရှီဂန် ဂရဲန်းရဲဖစ်စ်တွင် နေထိုင်သည်။

 

ဒေ့ဘရဲနွန်

ဒေ့ဘရဲနွန် အမည်ဖော်ပြထားသော ဆောင်းပါးများကို သင်ဖတ်ဖူးလျှင်၊ သူ၏မိသားစုအကြောင်း၊ သူ့ဖခင်ထံမှရသော သင်ခန်း စာများအကြောင်း သင်သိမည်ဖြစ်သည်။ Sports Spectrum ဟုအမည်တွင်သော မဂ္ဂဇင်းအတွက် စီမံအယ်ဒီတာ အဖြစ် (၁၈)နှစ်လုပ် ဆောင်အပြီး၊ Discovery House ထုတ်ဝေမှုများ၊ DHP အတွက် အယ်ဒီတာတစ်ဦးအဖြစ် ယခုအမှုထမ်းနေသည်။ အလွတ်စာရေးသူအဖြစ် နှစ်အတော်ကြာရှိခဲ့ပြီး စာအုပ် (၁၅)အုပ်ကို ရေးသားခဲ့သည်။ ဇနီးမှာ Sue စူး ဖြစ်ပြီး၊ ၄င်းတို့နှစ်ဦး သားသမီး၊မြေးများနှင့် အတူရှိခြင်း၊
rollerblading ကို နှစ်ခြိုက်သည်။ ဒေ့သည် ကျောင်းသူ/သားများနှင့် ပင်လယ်ရပ်ခြား သာသနာ့ခရီးထွက်ခြင်းကိုပျော်မွေ့သည်။