စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Ade Chandra

ဒေးဗစ် အိတ်ခ်ျ ရော့ပါ

ဒေးဗစ် အိတ်ခ်ျ ရော့ပါ သည် နှစ် ၃၀ ကျော် သင်းအုပ်ဖြစ်ခဲ့ပြီး၊ ယခု သင်းအုပ်ဇနီး မောင်နှံများကို အားပေးရန် ရည်စူးသော Idaho Mountain Ministries ကို ဦးဆောင်နေသည်။ ငါးဖမ်းခြင်း၊ တောင်တက်ခြင်းတို့ကို သူဝါသနာပါပြီး သူ၏ဇနီးကယ်ရိုလင်းနှင့်အတူ စမ်းချောင်းနံဘေးအတူရှိခြင်းကို ပျော်မွေ့သည်။ သူ့၏ အနှစ်သက်ဆုံး စိတ်ကူးယဉ်ဇာတ်ကောင်မှာ C.S Lewis ရေးသော Chronicles of Narnia မှ ရဲစွမ်းသတ္တိ၏ ဝိညာဉ်ဖြစ်သော ခိုင်မာသည့်ကြွက်ငယ်လေး Reepicheep ရီးပိချိ(ပ) ဖြစ်သည်။ သူ၏ အကြိုက်ဆုံးသမ္မာကျမ်း ဇာတ်ကောင်မှာ ဘယ်သောအခါမျှ အငြိမ်းစားမယူ သော်လည်း တက်လှမ်းရင်းအသက်ပေးသွားသော ကျားကျားလျားလျား သူတော်စင် ဟောင်း “ကာလက်” ဖြစ်သည်။

ဒေ့စဖဲာ

ဒေ့စဖဲာ သည် ၁၉၈၅ တွင် ဒစ္စကာဗရီစာစဉ်များ စီမံအယ်ဒီတာအဖြစ် အာဘီစီအမှုတော်အတွက် စတင်အမှုထမ်းသည်။ သူသည် ၁၉၈၉ တွင် နေ့စဉ်ခွန်အားစာအုပ် အယ်ဒီတာအဖွဲ့၌ ပါဝင်ချိန်မှစ၍ ကဗျာများကိုစတင်ရေးသားခဲ့သည်။ ယနေ့အထိ သူရေးသားသော ကဗျာ အပုဒ် (၈၀၀)ကို ၀တ်ပြုဆင်ခြင်ခြင်းစာအုပ်ငယ်တွင် အသုံးပြုပြီးဖြစ်သည်။

ဂျိုးစတိုဝဲလ်

ဂျိုးစတိုဝဲလ် ကို Moody ကျမ်းစာကျောင်း၏ ကျောင်းအုပ်ဟောင်းအဖြစ် သင်သိကောင်းသိမည်။ လက်ရှိအနေဖြင့် အမေရိကန် ပြည်ထောင်စု မီရှီဂန်ပြည်နယ်၊ Grand Rapids ရှိ Cornerstone တက္ကသိုလ်၏ ဥက္ကဌအဖြစ် အမှုဆောင်နေသည်။ ဒေါက်တာ စတိုဝဲလ်သည် ဘီလီဂရေဟမ် ဧဝံဂေလိအသင်း၏ ဘုတ်အဖွဲ့ဝင်အဖြစ်လည်း အမှုဆောင်နေသည်။ နိုင်ငံတကာ အသိအမှတ်ပြုခံရသောဟောပြောသူ ဂျိုး၏ ပထမ မေတ္တာမျှသူမှာ သခင်ယေရှုဖြစ်ပြီး၊ ထိုအရှင်၏ နုတ်ကပတ်တော်ကို ဟောပြောခြင်းဖြစ်သည်။ Strength for the Journey, The Upside of Down နှင့် Jesus Nation အပါအဝင် စာအုပ် အချို့ကို ရေးသားထုတ်ဝေခဲ့သည်။ ဇနီးမှာ မာတီ၊ သားသမီး (၃) ဦးနှင့် မြေး (၁၀) ဦးရှိသည်။